” ကျွန်ုပ်အတွက်တော့ ကဗျာတစ်ပုဒ် ရခဲ့သည် “ တစ်ရံရောအခါ ပြည်ဗာရာဝယ် သဌေကြွယ်သား သူဌေးသားသည် အစချီလို့ ကျက်မှတ်ဖူးခဲ့ ကဗျာဇာတ်တွင် မိဘငွေကြေး ထိုင်ခါသုံးလို့ စီးပွားမရှာ နေသည့်အခါဝယ် ရွာမှထွက်ကာ တောမှာသေသည် ကောင်သေလင်းဒ စားလေသည်။ ဟိုအရင်ငယ်စဉ် ကလေးဘဝရွယ်က ကျောင်းစာမှာကျက် အာဂုံဖက်လို့ နုတ်တိုက်ရွက်ဆို မှတ်ခဲ့ထိုကြောင့် ယခုအမတ်များ ချမ်းသာများတော့ သူတို့သားသမီး တောမှမသေဖို့ ရှေ့ကိုမျှော်တွေး ထောက်ပံပေးမည် နိုင်ငံလုပ်ငန်း လုပ်ကွက်များကို သူ့သားသမီးစံ အမည်ခံလို့ ကုမ္မဏီများစွာ ပိုင်ဆိုင်ကြရှာ ငယ်ကကျက်စာ ကြေလှစွာနဲ့ လိုက်နာကျင့်သုံး ကြပေသည်။ ဒါကိုမြင်၏ ကြားလေမိသော် အဖွားအိုတစ်ယောက် ဆိုလှရွတ်သည် သူကုသိုလ်ကံနဲ့သူ ဖြစ်လေသည်။ ဒါကိုမြင်၏ ကြားလေမိသော် ပြည်သူတစ်ယောက် […]