ခင္ခJuly 23, 20141min1365
” လဘက်ရည်ဆိုင် မြင်ကွင်း “   အဖွားအိုတစ်ယောက် လမ်းဘေးထိုင်လို့ မသန်လှတဲ့ဒီခန္ဓာ ဟန်မကျတော့တောင်းရရှာ ကလေးများအရွယ်တူ ပြေးလွှားကာကူ ကျောင်းနေအရွယ်လေးပေမယ့် ဝမ်းရေးအတွက်စားပွဲထိုးလျှက် ဆူညံပွက်ထ လူသံများက ပြောကြဆိုကြ ငြင်းခုံကြနဲ့ တစ်ချို့ကလဲ ဆေးလိပ်ဖွာစဲ တစ်ဦးတည်းကွယ် ဂျာနယ်ဖတ်တယ် ပါဆယ်ဝယ်သူ အဒေါ်ကြီးကမူ သူမှာထားတာ မရသေးလို့ ထပ်တလဲလဲ ပြောဆိုနေစဲ ဆေးလိပ်ကြော်ငြာ စမ်းသောက်ပါဗျာ ကုမ္မဏီကလေး လိုက်ကာပေး သူသူငါငါ လူတကာအချို့ ဟိုကြည့်ဒီကြည့် လူရှာတယ်ဗျို့ ဆိုင်ထိပ်က ဂျာနယ်သယ် ဝယ်သူရပ်တော့ မေးရှာတယ် မြင်ကွင်းတွေစီ မျောလွင့်နေစဲ ဘေးမှဖြတ်သွား စားပွဲထိုးက အော်လို့ကာ မှာလိုက်တယ် ပုံမှန်စိမ့်နှစ်ခွက် ဟုဆိုလေသည်။   ခင်ခ။  


ခင္ခJuly 23, 20141min20510
” ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့ “   တစ်ညလုံး သဲလိုက်တဲ့မိုး ခုထိတိုင်လည်း မတိတ်သေးဘဲ စောစီးစွာ ခရီးထွက်ရမှာမို့ ညအမှောင်သန်း လရောက်မလွမ်း မှိတ်တုတ်မျှ မလာတဲ့မီး ဝိုးတဝါးပင် မမြင်ရလေတော့ မှန်းကာသာ ခြေကြွရပါသတဲ့ အောက်ဆင်းခဲ့ လှေကားထစ်ဝယ် အေးကနဲအထိ ခြေဖဝါးဆီသို့ လန့်ကာသာ အော်မည်သံနဲ့အတူ အမြန်သာဆင်းလိုက်လေတော့ ပလုံ ဗွမ်း လို့သာ မြည်သံဟီးကာ ကိုယ်တစ်ခြမ်းက ရေမျိုခံရပေါ့ ဪ ဒါလားဟဲ့ ရန်ကုန်မြို့ကိုမှ စင်္ကာပူလိုဖြစ်အောင်လုပ်မယ်လို့ ကြွေးကြော်ကာခွန်းခြွေသူရေ အခုနေတိုးတက်လှပုံကို လမ်းကြုံရင်ဝင်လာကြည့်ပါလို့ ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့။   ခင်ခ။


ခင္ခJuly 22, 20141min1344
“သနပ်ခါး နဲ့ ပါးကွက်ကြား”   မေ့ပါးပြင်ပေါ် သနပ်ခါး လိမ်းကာချယ်သ ပါးကွက်ကြား မရိုးနိုင်တဲ့ ဟန်ပန်ကြွယ် ရနံကလည်း သင်းပျံလွယ် ယဉ်သကိုမယ်နဲ့ ဂုဏ်ယူဖွယ် ပါးကွက်ကြားနဲ့ လိုက်ဖက်တယ် မြန်မာဆန်လှ အဝတ်အထည် ကျက်သရေလှ ကြည်နူးမယ် ဒို့မြန်မာရဲ့ ဂုဏ်တင့်တယ်။   မြို့ကြီးပြကြီး မိန်းခလေးများ မိတ်ကပ်နှုတ်ခမ်းနီ ချယ်သထား လွန်ကျုးပြင်ဆင် အလှဘုရင် မယ်စင်္ကြာများ ရွေးသည့်ထင် အပြိုင်အဆိုင် အလှပဂေး မြင်သူငေးလောက် လှရာရွေး ငေးရလောက်တဲ့ မြင်ကွင်းကျယ် မြို့ပြတစ်ခုရဲ့ ပြယုဒ်ကွယ်။   ခေတ်နဲ့လျှော်ညီ ပြောင်းလဲပြီ မြို့ပြတို့ရဲ့ ဆင်ထုံးသည် မေ့ပါးသနပ်ခါး ပါးကွက်ကြားကို နောင်များမှာကွယ် ကြည့်လှချင်မယ် တောနေလူထုထဲ ရှာကြဟယ် ပါးကွက်ကြားဘဲ မှေးမှိန်လွယ် မြန်မာစရိုက် မပျောက်စေချင်တယ်။   […]


အာဂJuly 16, 20141min21710
အလွမ်းဆိုတဲ့ စကားလုံးကို ဘယ်သူတီထွင်လိုက်တာလဲလို့ စဉ်းစားမိတုန်း….။ အလွမ်းတွေ ခန္ဓာအနှံ့ တစ်ဘုန်းဘုန်းရွာချ…။ ခဏ ခဏ ဖြစ်ဖြစ်…တစ်စ စ ပဲဖြစ်ဖြစ်…။ ရင်ခွင်တံခါးဝ.ထဲ…လာလာ မချိတ်ဆွဲနဲ့…။ ညရေး ညတာ….ဘဝတွေထဲ အလွမ်းကြောင့်…ငါ ဘယ်တော့မှ တစ်ရေးမနိုးရပါစေနဲ့…။ အလွမ်းဆိုတာ ထမ်းထားရတာထက်လေးတယ်။ လွမ်းဆွေး…. (ပျင်းလို့ရေးမိတာပါ။(အာဂ)


ခင္ခJuly 16, 20141min1364
” အလေးပြုတာဘဲ အဖတ်တင်”   ဇူလိုင်တစ်ဆယ့်ကိုး တစ်ပတ်လည်လို့ ခနနေတိုး ဟွန်းတီးကြဖို့ ဆိုသူဆို ဩဥဆွဲသင့် ပြောသူပြော အလေးပြုကွယ် လုပ်သူလုပ် ချီတက်ကြမယ် စုသူစု ဒီတစ်ရက်အတွက် တပ်လှန့်တာလား ဒီတစ်ရက်အတွက် တော်လဲတာလား ဒီတစ်ရက်ဘဲ လုပ်ကြမှာလား ဒီတိုင်းပြည်အတွက် နေ့စဉ်ရက်ဆက် ဘာတွေပြုပြင် ဘာလုပ်သင့်ထင် ဒါတွေစဉ်စား တိုးတက်သွားဖို့ လုပ်သင့်တာတွေ အများကြီးမို့ တစ်ရက် တစ်မနက် လေးပြုနုတ်ဆက် နောက်ရက်ဒုံရင်း ပြန်နေဖြစ်ရင် အလေးပြုတာဘဲ အဖတ်တင်။   ခင်ခ။  


naywoon niJuly 16, 20141min2188
ဖြစ်​မလာဘူးဆိုတာ ​သေချာသိ​နေရက်​နဲ့ တစ်​ကယ်​လို့များဆိုပြီး ရာခိုင်​နှုန်​းနဲနဲ​လေးကိုဖက်​တွယ်​ ​မျှော်​လင်​့​နေခဲ့ကြရတာကြာ​ပေါ့ ။ တစ်​ကယ်​ဖြစ်​မလာ​တော့လည်​း ​ကြေကွဲစရာမရှိတဲ့ နှလုံးသားမဲ့သူများလို အရယ်​အပြုံးနဲနဲ နဲ့ပဲ ​နေ့စဉ်​ဘဝ ဆိုတာကြီးကို သမရိုးကျဆိုတဲ့ စကားလုံးထက်​ ပို​လေးနက်​တဲ့ စကားလုံးရှာမ​တွေ့တဲ့ အတိုင်​း သမရိုးကျ ဖြတ်​သန်​း ဒီလမ်​း ဒီစခမ်​းနဲ့ပဲ ပြီးပါပြီ လို့ စာတမ်​းမထိုးခင်​​လေး ဖြစ်​ချင်​တာ​လေး​တွေမြည်​းတမ်​း ​မျှော်​လင်​့လိုက်​စမ်​းပါဦး ။ ဒီလိုနဲ့ပဲ မ​ပေါက်​မှန်​းသိရက်​နဲ့ထိုးခဲ့တဲ့ထီလက်​မှတ်​​တွေ များများလာ​ပေါ့ ။ ​နေဝန်​းနီ ၁၃း၁၅ ဇူလိုင်​ ၁၆ , ၂၀၁၄


ခင္ခJuly 15, 20141min1889
” ဟာ “   အရှေ့ရပ်က မှိုင်းလို့ပါဆို အနောက်တောင်က တိမ်မဲလွှမ်းသကိုး မှောင်ပြလာ ပတ်ဝန်းကျင်သခို ပြိုတော့မယ် မိုးရိပ်ကယ်ညို ရွာမယ့်ဟန် ကြောက်လှသကို ဆိုင်ကယ်ကို တအားမောင်းထို အလုအယက် ပြန်ကြအိမ်ဆီကို မိုးရွာချ စိုလှမှာမို့ ခဏကြာတော့ ပေါ်လှအသံစုံ ကျိ ဝုန်း ဂျိုင်း ဒိုင်း ကနဲမြည်သံ ထွက်ပါပေါ့ အာမေဋိတ်……………. ” ဟာ ” ။     ခင်ခ။


ခင္ခJuly 14, 20141min23116
” လုပ်သင့်တာလေး လုပ်ကြပါစို့ “   ဘဝနိဂုံး အဆုံးသတ်တော့ အသက်ကယ်ကြီး အရွယ်အိုလို့ ချိနဲ့ရုပ်ခန္ဓာ အနာရောဂါ ဖြစ်ပေါ်လာလို့ ဓမ္မတာအရ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   နေမယ်ဆိုရင် နေလို့ရသေး သေလွန်လှတာ နှမျှောစရာလေး အရွယ်ကငယ်ငယ် သေရရှာတယ် ဓမ္မာအရ မဟုတ်လှဘဲ မတော်တဆ ဖြစ်ခဲ့ကြလို့ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   ရောဂါစဖြစ် နွံနစ်သည့်ဘဝ တစ်နေ့လုပ် တစ်နေ့စား ထိုလူများက ဆေးကုစရာ ငွေမရှိရှာလို့ ကြိတ်မှိတ်ခံစား ဝေဒနာများကို သေသော်မှသည် ဪကောင်း၏မို့ သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။   သူဌေးကြီးလည်း ရောဂါစွဲတော့ ကောင်းပေ့ဆေးရုံ ပါရဂူစုံနဲ့ ကုသကြလို့ ပျောက်သည်လည်းရှိ မပျောက်သည်လည်းရှိ ဆရာဝန်ကခေါင်းခါပြကာ လက်လွှတ်ပါပြီ […]


ခင္ခJuly 14, 20141min2186
” ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့ “   မိုးလေးက တဖွဲဖွဲ ဇူလိုင်လမှာ မသဲဘဲ ဝန်ကြီးတွေက စုဝေးကာ ဂျူပလီဟောရဲ့ အခန်းမှာ အကြံပက်စက် လူတစ်စု ခေါင်းဆောင်အမိန့်နဲ့ ရမ်းကားပြု အစည်းဝေးခန်းထိ ဝင်ရောက်ကာ ပစ်ကြခက်ကြ လုပ်ကြံတာ ကျဆုံးခဲ့တဲ့ အာဇာနည် ဒို့ဗိုလ်ချုပ်လည်း ပါလေပြီ မမေ့နိုင်စရာ ထိုရက်ဟာ ဇူလိုင်တစ်ဆယ့်ကိုး ထိုနေ့ပါ တစ်ပတ်လည်လို့ ရောက်ပြန်ပေါ့ မေ့ကောင်းစရာလို့ မမှတ်နဲ့နော့ တိုင်းပြည်ကျွန်တွင်း ကယ်တင်ခြင်း ဗိုလ်ချုပ်လုပ်ဆောင် အသက်သွင်း လွတ်လပ်ရေးကြီး ရခဲ့ပြီ ပေးခဲ့ရပြီ ကိုလိုနီတို့ တရားမျှတ လွတ်လပ်ခြင်း ရနေပြီလား မြန်မာပြည်အတွင်း မရသေးရင် ရအောင်ယူစို့ ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့။   ခင်ခ။  


Maung ThuJuly 9, 20141min1976
ငါတို့​ကျောင်​း ___________   မ​ပြောင်​းလဲပါဘူး အရင်​ကလိုပဲ ​ခေါင်​း​လောင်​းသံ​တွေ ညံ​နေတုန်​း ။   ​ပြောင်​းလဲလာတာက အဖြူအစိမ်​း​တွေ မီးခိုး​ငွေ့ကို စားသုံး​နေကြပြီ ။   သူတို့လက်​ကြားမှာ အနာဂတ်​​တွေ တ​ငွေ့​ငွေ့​လောင်​လို့ ။ ။   ​မောင်​သူ    


Maung ThuJuly 8, 20141min25910
မြြဲမြံ​စေ ______​ တိုင်​းပြည်​ကနုနု မုန်​တိုင်​းကထန်​ထန်​ ဒီမို​က​ရေစီ​လျှောက်​လမ်​းမှာ ဆူး​တွေကခြံရံ ။ ဖြည​်​းဖြည်​းနဲ့မှန်​မှန်​ ရည်​သန်​ကာအ​ရောက်​သွား တို့လက်​​တွေခိုင်​ခိုင်​တွဲမယ် ​ ​မြဲမြံ​စေသား ။       ။   ​မောင်​သူ        


naywoon niJuly 7, 20141min24514
စိုက်​ခင်​း​တွေမှာလည်​း ထွက်​သမျှကိုသာသိမ်​းထုတ်​ ​မြေဩဇာမထည်​့ ​ပေါင်​းမသင်​ပဲ ဒီအတိုင်​းပစ်​ထားလိုက်​တာကြာ​တော့ သီးနှံ​တွေက အရင်​လိုမချိုမြိန်​​တော့ဘူး ။ ​ဈေးလည်​း​ကောင်​း​ကောင်​းမရ​တော့ဘူး ။ ရဖို့တစ်​ခုသာကြည်​့ပြီး ထုတ်​ကုန်​အရည်​အ​သွေးမြှင်​့တင်​ဖို့ ထည်​့မတွက်​တဲ့ လူ​တွေချည်​့​နေတဲ့ အိမ်​​ဂေဟာမှာ မိုးလင်​းတာနဲ့ တစ်​​ယောက်​ကို တစ်​​ယောက်​ကမာန်​မဲ ဆူဆူပူပူနဲ့ ဟိုး ……အရင်​လို​အေး​အေးလူလူ မရှိ​တော့ဘူး ။ အရင်​က​တော့ မရှိ​အေး​အေး ရှိ​အေး​အေးနဲ့ ထမင်​းကြမ်​း​တောင်​ ယပ်​ခတ်​စားကြတယ်​ဆိုတဲ့အိမ်​မှာ ခု​တော့ …………. မြင်​မြင်​သမျှ ကိုယ်​့အိတ်​ထဲထည်​့ ခိုးတန်​တာခိုး ဝှက်​တန်​တာဝှက်​နဲ့ စရိုက်​​တွေ တစ်​​နေ့တစ်​ခြားပျက်​စီးပြီး တစ်​​နေ့က​တောင်​ ကိုယ်​​နေတဲ့ အိမ်​ မီးနဲ့ပြန်​ရှို့မလို့တဲ့ ​ကြောက်​စရာ လူ​တွေရဲ့ ရူးသွပ်​ပုံ​ပြောပါတယ်​ ။ အပြင်​ပ​ယောဂ ​တွေကလည်​း ဝင်​ဝင်​ပူး တစ်​​ယောက်​နဲ့မှမသ်​ိတဲ့ တစိမ်​း​တွေလည်​း အိမ်​​ပေါ်​ရောက်​လို​ရောက်​နဲ့ ငါတို့ရဲ့ အိမ်​​ဂေဟာ​လေးဟာ တစ်​​နေ့ထက်​တစ်​​နေ့ အို အိုလာ​နေ […]


ကာရံJuly 3, 20141min1043
 သံသယအတွေးနဲ့ ချိန်နာရီကြား ဖြတ်သန်းဖူးတယ် အမှန်တရားမဲ့မို့ ခံစားရတာ လူသားတိုင်းပါ အကြောင်းရယ်မတူလို့ လောကကမ္ဘာကြီးက ဗျောင်းဆန်ကုန်ပြီလား တစ်ခါတစ်ရံမှာ လူသားတိုင်း အေးချမ်းခြင်းကို တန်ဖိုးထား လိုလားသူတွေပါ ဘယ်သူကရော ငိုချင်ပါ့မလဲလေ ရာသီတွေ တစ်ရွှေ့ရွှေ့ဖြတ်သန်းစဲမို့ ငါလည်းတစ်နေ့ ရောက်ရမယ့်လမ်းမှာ အခက်အခဲကြမ်းကြီးကို ဖြတ်သန်းနေရသေးတယ် အတ္တတွေ ရေပန်းစားနေပြီလား မာနတွေ ထွေခင်းကစားနေရော့သလား ကလေးသူငယ်တွေရဲ့အတွေးမှာ တစ်ယောက်ထဲရပ်တည်ဖို့ ရိုက်သွင်းနေရော့သလားလေ အချိန်ဆိုတာ ရပ်တန့်မနေသရွှေ့တော့ ခါးသောမျက်ရည်စက်များ တစ်သွင်သွင် စီးဆင်းနေရဦးမယ်ပေါ့ ကာရံ 3.7.2014