နရံကအသံကိုလက်မခံဘူး ဆတိုးပြန်အော်တယ် မီးတောက်ဟာ ဘဝကူးတဲ့အခါ အခိုးအငွေ့ခပ်ထားတဲ့ပြာပုံ ၂၅ ရာခိုင်နှုန်းဆိုတာ လူမကြိုက်တော့တဲ့ကစားကွက်ပါ အပြောင်းအလဲတွေလုပ်နေခြင်းက အရပ်သားဝတ်စုံကိုဆိုလိုသလား ရေစီးရေလာမကောင်းကြောင်း နိုင်ငံပိုင်ရုပ်သံက မဆိုင်သလိုနေပါတယ် သတင်းနဲ့အတင်းဟာ ကန်သင်းတစ်ခုခြားတာပဲအဖတ်တင်တယ် ခုခေတ်စားနေတဲ့ သီချင်းက ယုန်မမြင်ဘဲ ချုံထွင်နေကြတဲ့ ဘရာဗိုတွေတဲ့။ ကိုစစ်