ကာရံJune 8, 20141min2035
အ​ကြောင်​းအမျိုးမျိုး​ကြောင်​့ ​နှောင်​းခဲ့တဲ့အတိတ်​​လေးမှာ ငါ​လေရပ်​တည်​ဖူးတယ်​ အ​တွေးက​တော့ ​မျှော်​​ငေးရင်​း​ပေါ့ ​ခြွေကျ​နေတဲ့ အပင်​အိုအနားမှာ ခိုနားရင်​း နွမ်​လို့​ဝေ​နေတဲ့ ပန်​းက​လေး​တွေ​မြေခ​နေတယ်​ ငါ့ပါးပြင်​မှာ​တော့ မျက်​ရည်​စ​တွေနဲ့ပါ   အလွမ်​းဆိုတာ စမ်​း​ရေလို​အေးမြ​စေသလား အချစ်​ဆိုတာ ပန်​းခ​ရေလို ​မွှေးပျံ့​စေသလား   ဖြူပါတယ်​ဆိုတဲ့စံပယ်​​တောင်​ မှိုင်​းလို့​နေခဲ့​သေးတယ်​ ယုယစွာ​ထွေးပိုက်​မိလို့​ပေါ့   ဆူးများမှန်​းသိ​ပေမယ်​့ နှင်​းဆီ​လေးတစ်​ပွင်​့ ရင်​ထဲပျိုးမိဖူးတယ်​ ရူးရမှန်​းသိ​ပေမယ်​့ တက်​မက်​စွာရှိုက်​နမ်​းဖူးတယ်​ ပန်​းက​လေးက​တော့ အလှမ်​းကွာ​ဝေးခဲ့ပါပြီ   ​ကြွေမှာစိုးလို့ တိုးတိုး​လေးခိုးအနမ်​းမှာ ရိုးရိုး​လေး​ပြောခဲ့ပြန်​တယ်​ ငါမင်​းကို သိပ်​ချစ်​တယ်​​ပေါ့   ကြာခဲ့ပါပြီ​လေ အတိတ်​ဆိုတာ တစ်​ခန်​းရပ်​မို့ အနမ်​း​လေးအိပ်​မက်​အ​ပေးမှာ ရနံ့​လေး သင်​းပါ​စေသား   ကာရံ  ၈  ့၈  ့၂၀၁၄​


marblecommetJune 7, 20141min43012
ကိုယ့်ရေဒါမှာ နန္ဒာဟာ မြောက်ဘက်စူးစူးကနေ ညှို့နေတယ် အလင်းပြန်တဲ့ နိယာမဟာ မင်းနှလုံးသားကို မရိုက်ခတ်ဘူးလားကွယ် ရိုက်ခတ်သမျှ လှိုင်းတိုင်း နန္ဒာ့ဆီကိုပဲ ရောက်တယ် ကျော်ကြားနေတဲ့ ဘာသာစကားဟာလည်း နန္ဒာ ပါပဲ တင်းထားတဲ့ လေးကိုင်းရဲ့ အားမာန်လို နှုတ်ခမ်းလေးကို ဖူး ထားပါ နန္ဒာ နန္ဒာ့ အနမ်းဆီကို ကိုယ် ဖြတ်လမ်းက မလာပါဘူး တိုးတိုးလေး ကြွေသွားတဲ့ သက်ပြင်းကအစ နန္ဒာ့ ဆီက မခွာပါဘူး ထိ၊ သိ၊ သတိလေးမှာ နန္ဒာ့ လှိုင်းတွေပဲ မိနေတယ် အရေးပေါ် အကြောင်းပြချက်တစ်ခု မြန်မြန်ထုတ်ပြန်ပါတော့ နန္ဒာ D Day ရဲ့ နော်မန်ဒီမှာ နန္ဒာ့ ဆံပင်လေးဖြစ်ဖြစ် ဟူးကောင်းလီဒိုလမ်းမကြီးမှာ နန္ဒာ့ နားသယ်စက သနပ်ခါးမှုန်လေး ဖြစ်ဖြစ် […]


naywoon niJune 7, 20141min2507
ငါ​တော့ စင်​​ပေါ်မှာမဟုတ်​ပဲ စင်​​အောက်​မှာပါ ကြိုးဆွဲရာက​နေတဲ့ အရုပ်​​တွေကိုကြည်​့ရင်​းနဲ့ တစ်​ခါတစ်​ခါ သနားမိ ။ တစ်​ခါတစ်​ခါ ​ဒေါသထွက်​မိ ။ တစ်​ခါတစ်​ခါ ကျပြန်​​တော့ မြင်​ပြင်​းကပ်​မိပြန်​​လေ​ရော ။ ဟုတ်​တယ်​ ……. မက်​​လောက်​စရာ ​မျှော်​လင်​့ချက်​​လေးပြပြ ပြီး ကိုယ်​့ကိုလိုသလိုကြိုးဆွဲ ​ခွေး​ပေါက်​စန ​လေး​တွေ အစာနဲ့မြူဆွယ်​ပြီး ပဒပ်​ရပ်​သင်​​နေတာနဲ့တူစွ ။ ကြည်​့​နေရင်​းနဲ့ ရုပ်​​သေးစင်​ တစ်​စင်​က နှစ်​စင်​ဖြစ်​လာ တစ်​စင်​နဲ့ တစ်​စင်​ ကြိုးအဆွဲပြိုင်​ အက လည်​းမြိုင်​လာ​ပေါ့ ။ က​နေတဲ့ အရုပ်​​တွေက ကြိုးဆွဲတဲ့ လက်​ကိုမမြင်​ လက်​ချိုးသင်​​နေရတာနဲ့ ကြိုးဆွဲတယ်​မထင်​ ။ တစ်​စင်​နဲ့ တစ်​စင်​ က ကွက်​​တွေ အပြိုင်​ကျဲ​နေရတာနဲ့ ကြိုး​တွေကိုမမြင်​ အို ….. အသင်​ အရုပ်​များ ကြိုး​တွေ ​ထွေလီရှုပ်​သနဲ့ […]


ကာရံJune 6, 20141min1534
အဖိုးမထိုက်တန်လေရော့သလား ပိုးကိုက်တဲ့ပန်းတဲ့လေ ပြောရက်တယ်နော် အခြေမလှပေမယ့် မြေခတော့မယ်ပေါ့ကွယ် ရှိပါစေတော့လေ အခြေကြီးသူအမိဘဝက ပန်းခရေမဖြစ်ဖို့ မောင်တွေးမိပါတယ် ခရေဆိုတာလေ လေပွေပြင်းပြင်းလေမတိုက်တောင်မှ ဆင်းသက်ခြွေလေသူမို့ပါကွယ် ပက္ကာသဏတွေ စီးကာခြားသူမို့ သဘာဝအခြေမလှသူမောင့်အဖို့ကတော့ ပိုးကိုက်တဲ့ပန်းပမာ မလန်းတာတော့သေချာပြီပေါ့ ဆုတောင်းမှားလေရော့သလား ကံခေသူဘဝမို့ ပေးဆပ်နေရသူလား မေရယ် ဘဝတွေဘယ်လိုပဲပြောင်းပြောင်း အမိကိုချစ်တဲ့စိတ်ကလေ ဟောင်းမသွား ရိုးမသွားပါဘူးကွယ် အမြင့်ကိုမှမှန်းတက်တဲ့ အမိကိုလေ ပြောလှည့်ချင်ပါတယ် အချစ်ဆိုတာ ရင်ထဲကမပါပဲ ပြောတက်ရင်လေ အစဉ်သာလမ်းမှားလိုက်တက်တယ်ဆိုတာ နားလည်တဲ့တစ်နေ့ မောင့်မေတ္တာပန်းလေး လှမ်းဖို့လာခဲ့ပါနော်  ပိုးကိုက်တဲ့ပန်း ပိုးကိုက်တဲ့ပန်း ပိုးကိုက်တဲ့ပန်း ပါကွယ် ကာရံ (၆.၆.၂၀၁၄)


alinsettJune 5, 20143min34015
ရွာထဲမှာ.. … ချစ်တတ်တဲ့သူတွေရှိသလို… လွမ်းတတ်တဲ ့ ကျနော်လည်း.. ရှိပါတယ်.. ။ ကျနော့်အလွမ်းတွေကတော့.. …အစုံအစုံပေါ့… အဲဒီ အလွမ်းတကာအလွမ်းတွေထဲမှာ…. ကျနော်ချစ်သော ကဗျာတွေကို ဖန်တီးရေးသား..ချန်ထားရစ်ခဲ့သူကြီး… ဆရာတာရာမင်းဝေ  ကို လွမ်းတဲ ့ …အလွမ်း… အခု..လွမ်းနေတယ်.. ။ လွမ်းနေတော့လည်း..သူ ရေးခဲ့တာလေးတွေ ပြန်ဖတ်.. ဖတ်ရင်းနဲ ့ ထပ်လွမ်း…. အလွမ်းဟာ..တဖြည်းဖြည်း..ထုထည်ကြီးမား… ရင်ထဲမှာ..ဆို ့နင် ့…ကြေကွဲ…. သူ ့နာမည်သာ..အခါခါ..အော်ဟစ်…. သူသာရှိသေးရင်…ဆိုတဲ ့အတွေးနဲ ့… သွေးရူးသွေးတန်း…သူ ့ကို လိုအပ်… သူ ့ကဗျာတွေ.. သူ ့စာတွေ… သူဖန်တီးမယ့် အနုပညာတွေ… ထပ် ခံစားချင်သေးတယ်..လို ့….. ပဲ့တင်ထပ်မျှ…အော်ဟစ်နေမိတဲ ့… ကျနော့် ရင်ထဲက…အသံကို… သူကြားနိုင်မလား….. ကြားနိုင်ပါ့မလား… […]


ကာရံJune 5, 20141min2105
ပန်းတစ်ခင်းပျိုးဖို့  ငါလည်းအားအင်အပြည့်ရှိပါတယ် အမိမြေပေါ်မှာ ကြီးပြင်းသူမို့ စိတ်မနောလည်းဖြူစင်လှသူပါ ရိုးရာအမွေမပြတ်စေဖို့ အသိစိတ်နဲ့ ကြိုးစားဖူးတယ် တိုင်းရင်းသားစိတ်ထားအလှ ကမ္ဘာကလည်းသိပါတယ်လေ ရွှေရောင်လွမ်းတဲ့တိုင်းပြည်မို့ မေတ္တာတရား ကြီးမြတ်သူပါ အတ္တဆိုဘေးမှာထား မာနကိုအဝေးပို့ ရိုင်းပင်းကူညီသူမို့ တစ်မျိုးချစ်စရာ့အသွင် အားငယ်သူဖေးမလို့ အကြင်နာတရား ရင်မှာထားသူပါ ငါမှာလက်နက်မရှိ ငါ့မှာအမုန်းမရှိ ငါ့မှာလောဘမရှိ ပြောသမျှသည် ရိုးသားဖြူစင်ခဲ့ရင် ငါပျိူးသည့်ပန်း လန်းပါစေသား အကြင်ဘယ်သို့သွားမည်နည်း အကြင်ဘာကြောင့်အတ္တဆန်နေသနည်း အကြင်ဘာ့ကြောင့် မအေးချမ်းပါသနည်း မေးခွန်းပေါင်းအဖြေရှာကြည့်လျှင် လောကကြီး တရားမျှတမှုအဘယ်ကြောင့် အဝေးကိုရောက်နေပြီနည်း ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမည် နောက်လိုက်ကောင်းမှ လောက အေးချမ်းမည် တရားသောလောကကြီးမှာ အသင်ဘာကြောင့် ဇောတက တက်နေရပါသလဲလေ တွေးကြည့်ပါလေ ပြေးကြည့်ပါလေ မေးသိပါစေကွယ် တစ်ခဏလေးဘဝမို့ လောဘမီး ငြိမ်းပါစေသား ပန်းဆိုတာ နေရောင်ဖြန်းမှပွင့်လန်းသလို အချိန်တန်မှ ငြိုးပါစေသား ကလေးသူငယ်အတွေးမှာ […]


အာဂJune 4, 20141min37915
ဆယ်နှစ်အရွယ်မိန်းကလေးအပျိုစင်(တစ်ယောက်) သူကျေးဇူးသိတတ်ခြင်း(ကြောင့်) သဘောတူညီချက်။ပြောသည့်အတိုင်းလုပ်ပါမည်ဟု အာမခံချက် (များကြား) ဆင်းရဲပင်ပန်းစွာ အချိန်မရှိတော့သဖြင့် ဆောလျင်စွာ ကတိုက်ကရိုက်(ဖြင့်) ဂုဏ်ရှိသူ၏မယား(ဖြစ်လေ၏) မသင့်မတင့်။ စိတ်သဘောမညီမညွတ်(သောကြောင့်) စိတ်မတည်မတံ၊မငြိမ်မသက် စိတ်တုန်လှုပ်ချောက်ချားလျက် ရန်သူပစ်ခတ်ရန်နှင့် ရန်သူ၏ ပစ်ခတ်မှုကို ကာကွယ်ရန်ပြုလုပ်သော အကာအကွယ်(တို့မရှိသောကြောင့်) နှစ်ဦး နှစ်ဖက်ကြား ကုန်းတိုက်၍ လယ်ကွင်းတွင်ပေါက်လေ့ရှိသည့် အတို့အမြှုပ် အဖြစ်စားရသော ရိုးတံနီ ပင်ငယ်တစ်မျိုး(လို) ဒီရေရှိသော ချောင်းများတွင်နေသောအဆိပ်မဲ့မြွေ(လို) မှားယွင်းချွတ်ချော်လျက် ကွန်လွန်ခြင်းသို့ရောက်သည်။ ကတညုတ အဓိပ္ပာယ် = သူ့ကျေးဇူးကိုသိတတ်ခြင်း (…)ထဲမှစာများမှလွဲ၍ အခြားစကားလုံးများသည်။ မြန်မာအဘိဓာန် ဒုတိယအကြိမ် ပြင်ဆင်ဖြည်စွက်ပုံနိုပ်ခြင်း စာမျက်နှာ ၂ နှင့် ၃ မှ စကားစုများဖြစ်သည်။ မှတ်ချက်။ ။ဆရာဇေယျာလင်း ရေးသလိုမျိုးကလိကြည့်ခြင်း


alinsettJune 4, 20141min27315
          သူမ၏ အနာဂတ်ကို မှန်းဆကြည့်ခြင်း *လေတိုက်တိုင်းသာ သစ်ရွက်ကြွေရရင်. . .   သစ်ပင်ကြီး သိက္ခာကျတာပေါ့. . *အရှုံးမပေးပါဘူးရယ်လို့. . . ခေါင်းမော့ ရင်ကော့ပြီး . . . တရှဲရှဲအော်မြည်နေတုန်းမှာ. . . လှိုင်းလေတို့ရဲ့ ဟားတိုက်လာသံကို ကြားတော့မှ. . . * တွယ်ငြိစရာတွေ သိမ်းထုပ်ပြီး. . .  မျောဖို့. . .အသင့်ပြင်လိုက်ရတယ် ။ ။  ————————————————————– အလင်းဆက်(Gazette) 2 / 6 / 2014 / 12 : 20 pm   […]


“လမ်းဆုံး “   ဘဝရဲ့ကစားပွဲ အပွဲပွဲ နွှဲသမျှ အလဲလဲ အကွဲကွဲ အရှုံးတွေဘဲ အမြဲရနေပြီ ဆိုရင် အဆုံးဘဝ မရောက်ကြသေးခင် ကစား မလား နား မလား ပြန်စဉ်းစားဘို့တော့ လို နေပြီ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 3-6-2014


ကာရံJune 3, 20141min31410
အားမငယ်ပါနဲ့ကွာ ဘဝဆိုတာ တမာလို မခါးသက်တာတော့ သေချာတာပေါ့ မာယာတွေ ဘယ်လောက်ပေါပေါ မင်းလေးပြုံးကြည့်လိုက်ပါ အရှုံးဆိုတာလေ ယူတက်ရင် အသုံးကျလာမယ့် လှေကားထစ်လေးများပါ သူငယ်ချင်း   ဘယ်တော့မှ ကျော်မတက်ပါနဲ့နော် မတော်လို့ ချော်လှဲခဲ့ရင်လေ မထိနာမိမှာစိုးလို့ပါ သူငယ်ချင်း   လောဘဆိုတာ သောကရဲ့လှည့်ကွက်တစ်ခုပါ မောဟချင်းမပြိုင်ချင်းပါနဲ့ ပြောသမျှတွေ သဘောမကျခဲ့ရင်လဲ မင်းဇောတက မတက်လိုက်ပါနဲ့နော် သူတို့ရဲ့သောကတွေက မင်းလောက်မလျှော့ဆိုတာ မမေ့ပါနဲ့ သူငယ်ချင်း   မချစ်လို့ပြစ်သွားသူတွေအတွက် မင်းဝမ်းမနည်းလိုက်ပါနဲ့ သက်ဆင်းလာမယ့် မျက်ရည်စက်တွေက အသွေးအသားတို့ရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင် မင်းနားလည်ပေးလိုက်ပါ မင်းနောက်မှာ ကြင်နာမယ့်သူတွေ လက်ကမ်းကြိုနေလိမ့်မယ်လေ   သူငယ်ချင်းသိပါစေ တိုတောင်းတဲ့ ဘဝခရီး ဘယ်လောက်ကြမ်းကြမ်း ဇွဲဆိုတာကို လက်ကိုင်ထားရင်လေ မျှော်လင့်ချက် ပန်းတိုင်ဆိုတာ ငါတို့အတွက်ပါ သူငယ်ချင်း   […]


ko sixJune 1, 20141min2046
ငှက်​က မပြန်​နိုင်​ဘဲ ​လှောင်​အိမ်​ထဲမှာ ​သေလို့ ဆို​တော့ကာ ဖြစ်​နိုင်​​ချေသီအိုရီအရ ပင်​လယ်​လို ငန်​သွားတယ်​ အ​မေဇုံသစ်​လို သတင်​းစာဖြစ်​ခဲ့တယ်​ ကျူးဘားလို သတ္တိရှိပစ်​လိုက်​တယ်​ လွတ်​လပ်​တယ်​ဆိုတာ ကိုယ်​့ကိုယ်​ကိို စီးနင်​း​နေရတာပါ အသားပါတဲ့စာအုပ်​​တွေနဲ့​ ​ထောင်​တံခါးကိုပိတ်​ပြီး ​တွေးကြည်​့ခဲ့တယ်​ ငါ…. အပြင်​ကလား အတွင်​းကျ​နေလား လူပီပီ ကြံဆရင်​း​ပေါ့။ ကိုစစ်​


ရွှေ ကြည်June 1, 20141min3367
ဤသို့ ဤနှယ် ဤနယ်ပယ်ဝယ် အတ္တကဲကဲ ပျော်ပွဲကျကြ ငါ့လူ ငါ့သား ငါ့စကား နဲ့ ဝင့်ကြွားမာန ရှိကြရာဝယ် စေတနာကား ဘယ်နားမထင် သွင်သွင်ခါးကျိုး မုန်းမာန်ပျိုးသည် ကိုယ့်ကိုယ်ကိုသာ ဆန်းစစ်ပါသည် ငါသည် အတ္တကဲနေပါတကားးးး။ …………………………………… ရွာရောက်တုန်းမှာ ပို့စ်တင်လိုရာ ရေးမိရေးရာရေးခြစ်ပါသည် မကြည်၏သို့ ကြည်၏သို့ (ဘာမှန်းတော့မသိ ရေးလိုက်တာ ဟီးးးးး) ရွာသူားအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင့် ဟုတ်ကဲ့ ကျွန်မ မိရွှေကြည်ပါ (ဖဘဆယ်လီတယောက်အားကျလို့ :harr: )  


naywoon niMay 31, 20141min2597
ဒီမှာကိုယ်​့လူ ရာသီစာ ​တွေချည်​့ စွပ်​စွပ်​စားမ​နေနဲ့ အဆင်​မသင်​့ရင်​ ​ချောင်​းဆိုးမယ်​ ရင်​ကြပ်​မယ်​ ပြီး​တော့ အသံ​တွေဝင်​သွားမယ်​ ။ ဒီမှာကိုယ်​့လူ ရာသီစာ ​တွေချည်​့ နင်​းကန်​ဖတ်​မ​နေနဲ့ အဆင်​မသင်​့ရင်​ ​ဒေါသထွက်​မယ်​ စိတ်​တိုလာမယ်​ ဒိထက်​ပိုလာရင်​ သူတို့နဲ့အတူ ဆဲမိတတ်​တယ်​ ။ ဒီမှာကိုယ်​့လူ ရာသီစာ​တွေချည်​့ ​ရေးမ​နေနဲ့ အခပ်​မသင်​့ရင်​ ရန်​​တွေ့ခံရမယ်​ အ,မနာပ အ​ပြောခံရမယ်​ ​နောက်​ဆုံး အဆဲခံရတတ်​တယ်​ ။ ​နေဝန်​းနီ ၂၃း၅၄ ၃၁ ​မေ ၂၀၁၄