သုရွင္March 22, 20141min2173
အဲ့ဒီနေ့က အဲ့ဒီနေ့က မီးမလာဘူး မေမေ။ သားဖယောင်းတိုင်လေးနဲ့… စာကျက်ပြီးစာမေးပွဲ ဖြေခဲ့ရပါတယ်။ အဲ့ဒီနေ့က သိပ်အေးတယ် မေမေ။ သားအင်္ကျီအနွမ်းလေးနဲ့ အစောကြီးထပြီး ကျောင်းသွားခဲ့ရတာ။ အဲ့ဒီနေ့က သားအိမ် ကျ ပျောက်ခဲ့တယ် မေမေ။ ကျောင်းကအပြန်မှာ သား အိမ်ကို ရှာမတွေ့ခဲ့ဘူးလေ။ အဲ့ဒီနေ့က သား ငို ခဲ့တယ် မေမေ။ အသံသာကြားဖူးပြီး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ သယံဇာတ ကျိန်စာတွေ ထွေးပွေ့ သိမ်းပိုက်ရင်းနဲ့လေ။ သုရှင် ၂၂-၃-၁


ko sixMarch 20, 20141min21710
ကြက်မတိုက်ဖူးဘဲနဲ့ ​​ကြွေတစ်​လှည့်အ​ကြောင်း ​ကောင်း​ကောင်းမသိပါဘူး လူတိုင်း ကိုယ်​့အပူနဲ့ကိုယ်​​ချွေးဒီးဒီးကျ​နေကြချိန်​မှာ သူက တစ်​ပါးသူအပူကို ရယ်​ရယ်​​မော​မော နဲ့ ​ဆေး​ပေါ့လိပ်​မှာ တို့ဖွာနိုင်​ပြီး ကိုယ်​့အပူကျ အရစ်​လိုက်ပြာကျပစ် ရဲတဲ့ ခြင်​ဆေး​ခွေလိုမျိုး သတ္တိမရှိဘူး။ တစ်​ရွာလုံး မဲမဲမြင် ရာလိုက်​ခတ်​ချင်​တဲ့ ချိုလိမ်​နဲ့ အိုမာခရမ်​၊ ယက်​တူရှင်​ကို သူမသိတာ တစ်​ခုမှ မရှိဘူး။ သူက အချစ်​နဲ့ပတ်​သက်​လာရင်​ စပျစ်​သီးမြင့်လို့ ချဉ်​ပစ်​တဲ့ ပုံပြင် ထဲက ​မြေ​ခွေးရဲ့လျှာလို သူနဲ့အတူ ပွင်​့ကြည့်သူတိုင်းက​တော့ လစ်​တမစ်​စက္ကူ​တွေလို စိတ်​ဓာတ်​​တွေ ပြာနှမ်​းကုန်​ရတာချည်​းပဲ သူကို ​ပေါင်းသင်း​နေလည်​း ကိုယ်​အမည်ကိုယ်​ အဆင်းဘီးတပ်​​ပေးသလိုပဲ​နေမှာ​ပေါ့ သူက တကယ်​့ကိုမှ ဖွတ်​​တောင်​မှ မထွက်​နိုင်​တဲ့​တောင် ပို့ ဒါကိုမှ မှားယွင်းစွာ ဆက်ကိုးကွယ်​နေဦးဆိုရင်​တော့ မင်​းနဲ့ ငါ လမ်​း​ပြောင်းပြန်​​မောင်​းနှင်​ပြီး အန္တရာယ်​ကင်းဂါထာရွတ်​ဖတ်​​ပေးရုံမှတစ်​ပါး


ko sixMarch 19, 20141min23013
ဂျင်း​ဘောင်​းဘီဝတ်​တဲ့မြို့ကလာခဲ့တာပါ လည်​းပင်းနဲ့ခါးဆိုဒ်​တိုင်းတဲ့ အကျင့်နဲ့ပလက်​ဖောင်း​ပေါ်မှာ မီးခြစ်​ဆံလို ​ခေါင်​းချင်းဆိုင် ထိုင် ခဲ့ကြတယ်​ နယ်​သားဆိုတာ နယ်​ချဲ့မဟုတ်​​ကြောင်​း ရန်​ကုန်​သားက ဆိုတယ်​ ရန်​ကုန်​သားဆိုတာ ရန်​ကိုကုန်​​အောင်တိုက်​ခိုက်​​ကြောင်​း နယ်​သားက ကပြတယ်​ သူဟာနဲ့သူ စည်​းဝါးကိုကိုက်​လို့ အနုပညာချစ်​ကြသူ​တွေအဖြစ်​ကို​ပြောတာပါ။ အလျားအနံပဲဖြစ်​ဖြစ်​ အသွားအပြန်​ပဲဖြစ်​ဖြစ်​ ဓားလှံ​တွေမပါတဲ့ ချစ်​ခြင်​းဟာ ကဗျာတစ်​ပုဒ်​​ပေါ်မှာပဲရှိတယ်​။ ကဲ ရယ်​စရာနဲ့စခဲ့တဲ့ဇာတ်​လမ်​းမှာ ကိုင်​​ပေါက်​လိုက်​ပြန်​​ကောက်​လိုက်​ အနုပညာခရီးက ငတ်​တစ်​လှည်​့ပြတ်​တစ်​လှည်​့ကို မိတ်​​ကောင်​း​ဆွေ​ကောင်​းလို ​ပေါင်​းဖက်​လို့ ရန်​ကုန်​​ဖျော်​လက်ဘက် ရည်​ကို အမှုမဲ့အမှတ်​မဲ့ ပါဆယ်​ထုပ်​လို့ သမိုင်းမှာချန်​ခဲ့လို့မရတာ​တွေချည်းပဲ ရန်​ကုန်​မှာ ပြန်​ဆုံကြမယ်​လို့ ​ ​လေထန်​ကုန်​းက ငါ့ကို​ပြောတာလား မီးရထားက ဂျမဒါကို​ပြောတာလား ​သေ​သေချာချာမမှတ်​မိ​တော့​ပေမယ်​့ ၂၃ ပိုပို​စောင်​း​နေတဲ့​ကော်​ဖီခွက်​မှာ ကဗျာတစ်​ပုဒ်​က အ​ငွေ့ထွက်​​နေတုန်​း။ ကိုစစ်​ ၇


ဇီဇီMarch 19, 20141min33924
အလွမ်းတွေ ပေါ့….. ရင်ဘတ်ထဲမှာ…….. ဘောင်ဘင်တောင် မခတ်နိုုင်တော့….. by KZ             And those longing! My life is full of that, couldn’t slosh even in my heart. by ကိုဘလှိုင်                                                   […]


ပြခန်း (၁၆) က ကျွန်မအလှည့်လို့ သဂျားက အသိပေးလာတော့ နည်းနည်းတောင် ရင်ခုန်သွားသေးတယ်။ ကျွန်မ မွေးရက်ကလည်း (၁၆) ဆိုတော့ (၁၆ = ၇) နဲ့ ပတ်သက်ရင် အစွဲလေးကလည်း နည်းနည်းရှိတာကိုး။ တစ်ဆက်တည်းမှာပဲ ကဗျာပြခန်းကိုတောင် နှမ်းဝင်မဖြူးဖြစ်တာ အတော်ကြာပေါ့လို့ တွေးမိသွားတယ်။ တကယ်တော့ ကဗျာပြခန်းနဲ့ပတ်သက်ရင် အစအဆုံးလုပ်ရတာ အလင်းဆက် နဲ့ သဂျားမင်း ပါ။ ကျွန်မကတော့ နှမ်းဖြူးရုံသက်သက်။ တစ်ခါတစ်လေတော့ သတ်ပုံတွေဘာတွေ ကြည့်ပေးပါတယ်။ ဒါတောင် သဂျားက သူအားရင် သူပဲ သတ်ပုံကြည့်တာ။ ပုံလုပ်ဖို့ကျတော့လည်း ဒီဇိုင်းအမြင်မရှိတဲ့ ကိုယ့်အကြောင်းကိုယ် သိတာနဲ့ ပထမပြခန်းပြီးကတည်းက မသိချင်ယောင်ဆောင်နေလိုက်တယ်။ သူတို့ကလည်း အကြောင်းသိပုံရပါတယ်။ ထပ်မခိုင်းကြတော့ဘူး။ ဒီလိုနဲ့ ကိုယ့်တင်ရမယ့်ပြခန်းဆို ပို့စ်လေးဘာလေး အသေအချာရေး၊ သူများပြခန်းတွေဆို […]


naywoon niMarch 13, 20141min1154
ညဟာ ထုံးစံအတိုင်​း သူမရဲ့ အနက်​​ရောင်​ ခြုံလွှာကို လွှမ်​းခြုံလို့ မြို့ပြ ဓာတ်​မီးတိုင်​ ​အောက်​​ခြေမှာ ​အေး​ဆေးငြိမ်​သက်​စွာ ​လျှောက်​လာ​နေတုန်​း မြို့ပြမီးဆိုင်​​ပေါ်က ဒုစရိုက်​ပြုမဲ့ ပိုးမွှား​ကောင်​​လေး​တွေ ညရဲ့ အနက်​​ရောင်​ခြုံလွှာ​အောက်​ထဲတိုးဝင်​လို့ တစ်​စီစီ ​အောင်​ဟစ်​​နေကြ​ပေါ့ ။ ညဟာ လူမြင်​မတင်​့တယ်​မဲ့ အမူအယာနဲ့ လှုပ်​ရှားမှုအခ​ျို့ကို သူ့ခြုံလွှာနဲ့ ကွယ်​ဝှက်​​ပေးထားတယ်​ ။ ည ဟာ မာ​ယာ​ကောင်​းတဲ့ မိန်​းမလှတစ်​​ယောက်​လို မုသာဝါဒ ကိုကျုးလွန်​​နေ​ပေမဲ့ ဘယ်​သူမှ အပြစ်​မ​ပြောရှာဘူး အ´ ကာလ ညအခါတဲ့ အဲ့ဒါ​ကြောင်​့ ညဟာ နာမယ်​ပျက်​မရှိ ရပ်​တည်​​နေနိုင်​တာ​ပေါ့ ။ ိတစ်​ခါတစ်​ခါ လ သာတတ်​တဲ့ည​တွေဆို သာ​နေတဲ့ လ ကို မြူ​တွေ တိမ်​​တွေနဲ့ ဖုန်​းကွယ်​ပစ်​ ည စနစ်​ကိုကျင်​့သုံး​နေပြန်​တယ်​ ။ အဲ့ […]


ခင္ခMarch 13, 20142min33511
” ဝဋ်ဆင်းရဲခြင်းမှ လွတ်ကင်းရပါစေ”   ခေတ်အဆက်ဆက် ရက်စက်ယုတ်မာ အာဏာရှင်ဆန် အကောက်ကြံလို့ ပြည်သူကိုနှိပ်စက် သူတို့ချမ်းသာဖို့အတွက် တိုင်းပြည်ရောင်းစား သံယံဇာတများ ချွတ်ခြုံကျမှ ဒီမိုကရေစီပြ အသွင်းကူးပြောင်း လုပ်ဆောင်သော်လည်း လူလည်းမပြောင်း မူလည်းမပြင် စကားတွေပင် ပြောင်းကာပြောလည်း ထိရောက်စွမ်းအား အကြွင်းသုညမယုံရ။   ဝဋ်ကြွေးတော်ပြေ မြတ်ဘုရားရှေ့ဝယ် ဆုတောင်းမိတယ် အခါခါရယ် လူမှု့ဒုက္ခ ဒီပြည်သူများဘဝ လွတ်မြောက်စေကြောင်း ဆုမွန်တောင်းသည် နောင်သံသရာဘဝ လူဖြစ်လှလျှင် မြန်မာပြည်သား မြန်မာများအဖြစ် ပြန်လည်ဝင်စား မြန်မာပြည်နေ ပြည်သူဘဝ မရောက်ရစေ ဝဋ်ကြွေးရှိလျှင် ဒီဘဝနဲ့ဘဲကျေပါစေ။     ခင်ခ။  


johnnydeerMarch 13, 20141min1243
နတ်မောက်…. မင်းဘာမှ ထပ်မပေးနဲ့တော့… အောင်ဆန်းတစ်ယောက်နဲ့တင်… လုံလောက်တယ်ဆိုတာထက်… ပက်ပက်စက်စက် ပိုလျှံခဲ့ပြီးသား… ကျောက်ဆည်… မင်းဘာမှ ထပ်မပေးနဲ့တော့… (….) တစ်ယောက်နဲ့တင်… လုံလောက်တယ်ဆိုတာထက်… ပက်ပက်စက်စက် ပိုလျှံခဲ့ပြီးသား…


Maung Tar TeeMarch 11, 20141min1195
  အမှိုက်တွေ အမှိုက်တွေ… နှလုံးသားထဲထိ လာလာပစ်ကြတယ်… တကယ်ပဲ… ယဉ်ကျေးမှုဆိုတာက စကားအဖြစ်နဲ့သာ ကြားပဲကြားဖူးတော့တယ် မယဉ်ကျေးမှုတွေ အစီအရီနဲ့.. မလိမ္မာမှုတွေ.. တစ်သီတစ်တန်းနဲ့.. လောကကြီးကတော့..ထောက်တိုင်စောင်းနေလေရဲ့ စဝင်လာကတည်းက ကန့်လန့်တိုက်ပြီးဝင်လာတာ… ဘာအကြောင်းနဲ့မှ.. ပြန်တည့်စရာမရှိဘူး.. အလင်းတွေ အမှောင်တွေ .. သေချာတယ်… ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံပြီး… ဘယ်သူ့ကိုမှတော့ အလင်းမပေးဖူးဘူး.. ငါ့လှေငါထိုး ပဲခူးပဲရောက်ရောက်.. ဘယ်ပဲရောက်ရောက်…ပေါ့…. ထင်ရာစိုင်း ရိုင်း ဖို့လည်းလွယ်တယ်.. အဲ့တော့ ကိုယ့်အတွက် ကောင်းဖို့.. သူများအတွက်… မကောင်းတာကို သက်တောင့်သက်တာလေးပဲ လုပ်တယ်.. တကယ်တော့…. လောကီစည်းစိမ်ဆိုတာ.. သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပဲ.. အဲ့တော့.. ဆေးဖြစ်အောင်ပဲ သုံးမလား.. ဘေးဖြစ်အောင်ပဲ သုံးမလား.. ကိုယ်တွေအတွက်ကတော့ တကယ့်ကို..ပါးပါးလေးပါပဲ..။ ။  


ကာရံMarch 10, 20141min1123
အခြေတစ်ခုခိုင်မြဲဖို့ ခွန်အားတွေနဲ့ ထုစစ်ဖူးခဲ့တယ် လောကဓံကတော့ အငို အပြုံးရယ် ဆန်နေတုန်းလား အတုံ့အလှည့်ဆိုတာ အားငယ်သူအဖို့တော့ အရုံးပေးမိဖူးသော စိတ်ဓါတ်ခွန်အားလေလား မာနကိုရွက်လွှင့်ဖူးခဲ့ လောဘကိုလှော်တက်သဖွယ် ဦးနှောက်နှင့် ဆန်တက်သောလမ်း အတ္တခရီးကြမ်းတစ်ကွေ့မှာ ရှုံးနိမ့်ဖူးခဲ့တယ် သောကတွေကတော့ ဗလပွပေါ့ လွမ်းသစ်ပင် ငြိုးကာနွမ်း အကျည်းတန်ဌက် အော်သံတစ်ချို့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်အနားမှာ ခတ္တနားခိုနေကြတယ် ဒီညကြယ်တစ်ပွင့်မှ မလာဖူးလေ အရာရာ ဖြစ်ပျက်သဘောမို့ အနှစ်မဲ့ ညအခါ ဘဝတစ်ကွေ့မှာ ရေးမိခဲ့သော အလင်္ကာ


ကာရံMarch 10, 20141min891
တစ်ပွင့်ပန်းမို့ မွှေးပျံနေစဲ နံဘေးမှာ ပျားပိတုန်းခိုတွဲလို့ အဝေးကလိပ်ပြာငယ်လေး မျှော်ကာတွေးမိပါတယ် ပန်းကလေးရယ် အလှမ်းဝေးရသူမို့ စိတ်အားရယ်ငယ်နေတုန်းပါ ရနံ့ကြွယ်ပန်းလေးမို့ တော်ဝင်ထိုက်ပါတယ် လိပ်ပြာငယ်လေးကတော့ တစ်ဝဲလည်လည်ပေါ့ ပန်းကလေးရယ် မငြိုးနွမ်းပါနဲ့နော် မိုးစက်ကလေးခြွေမကျအောင် အဝေးက ဆုတောင်းနေမယ့်သူပါ နွမ်းလို့ပဲကြွေကြွေ ရနံ့ကြွယ်လို့ပဲ ဝေဝေ ဆောင်းလေပြေလေးတစ်ကွေ့မှာ မျှော်ငေးရင်းရင်ခုန်ရသူမို့ ထာဝရပိုင်ဆိုင်ခွင့်လေး မရရင်လည်း ရနံ့လေးတော့ မွှေးပိုင်ခွင့် ရှိချင်ပါသေးတယ်     ကာရံ  ၉.၃.၂၀၁၄


ကာရံMarch 8, 20141min1013
မေမေအားငယ်စိတ်နဲ့ သားငယ်ကိုလွမ်းနေရောပေါ့ အနေဝေးတဲ့ တိုင်းတစ်ပါးမှာ အမေပေးတဲ့ခွန်အားတွေနဲ့ ရှင်သန်စဲပါမေမေ မေမေ အာရုံဦး တရားသံတွေရဲ့အောက်မှာ သားမရှိခဲ့ပါဘူးလေ မေမေအမျှဝေတဲ့ အသံကိုလေ အဝေးရောက်သား နေ့တိုင်း ကြားယောင်နေစဲပါပဲ မေမေချက်ကျွေးဖူးတဲ့ဟင်းလျှာတွေက သားအတွက်လေ နတ်သုဒ္ဒါအလား သားမေ့မရပေမယ့် တိုင်းတစ်ပါးမှာတော့ ဝမ်းဝအောင်စားရင်း မေမေ့ရင်ခွင်အနား ပြေးမြင်မိပါတယ် ခါးသက်လှတဲ့လောကအလည်မှာ အားငယ်စိတ်ထားနဲ့ ကြိုးစားနေတယ်ဆိုတာ မေမေသိရင်လေ မျက်ရည်မခြွေလိုက်ပါနဲ့နော် သားလေ တိုက်တာတွေနဲ့ ထားချင်သူမို့ပါ အချောအလှတွေပေါများပေမယ့် မေတ္တာစစ်ဆိုတာလေ မေမေ့ရင်ခွင်အလည်မှာ သားခိုဝင်နားချင်သူမို့ မေမေရယ် ကျမျက်ရည်ခြွေမိသူသား အပြစ်မရပါစေသား     ကာရံ ၆.၃.၂၀၁၄


ကာရံMarch 8, 20141min1563
သခင့်အနားခစားဝင်ဖို့ ရင်မှာထာဝရပိုင်ချင်သူ မာယာတစ်ခန်းတစ်နားနဲ့ နှလုံးသားကိုပန်းလိုခြွေဖို့ ဘဝကိုဖန်ဆင်းလေသူ မုသားကိုရေလိုသုံး အမုန်းကိုအဖော်ပြု သစ္စာတရားကို အနှစ်သာရမဲ့စွာပြောသည့် သခင်ကိုမှ ရင်ထဲကမြတ်နိုးစွာ ချစ်မိလေသူ အချစ်ကိုကျိန်စာမိခဲ့သူဘဝ နှလုံးသားတစ်ခုပျက်သုံးသွားပါစေ ပေးဆပ်ချစ်ရသူမို့ အမိန့်တွေကြားမှာ ခစားခဲ့ရသူ သခင်ရယ် ကြင်နာမှုဆိုတာ ရင်မှာဖြစ်တည်ရင်လေ ချစ်ကြီးသူဘဝမို့ စာနာလှည့်ပါ အိုပြည့်ရှင်       ကာရံ ၈.၃.၂၀၁၄