“တကတည်း၊ သူ့မြေးမှ သူ့မြေးဖြစ်နေလိုက်တာ။ ကျွန်မသားလည်း ရှင့် မြေးပါပဲ၊ အဘွားကြီးရဲ့” “နိုင်နိုင်လည်းငါ့မြေးပဲ၊ မောင်မောင်လည်း ငါ့မြေးပဲ။ ဒါပေမယ့် နင့်သားလုပ်ထားတာလည်း ကြည့်ပါဦးဟယ်” မောင်မောင်နဲ့ပတ်သက်ပြီး ဘွားအေကြီး ချွေးမဖြစ်သူ ”မယ်အုန်း” ကိုု လေပျော့လေးဖြင့်ဖြေရှင်းနေခြင်းပါ။ ဟုတ်တော့လည်းဟုတ်သည်။ မြေးချင်းတူတူပေမယ့် သမီးလတ် ကမွေးထားတဲ့ “နို့ညှာကောင်” မောင်မောင် သည်ဘွားအေကြီး၏ အချစ်ဆုံး။ အသည်းနှလုံး။ ဒီကလေးအခါလည်လောက်ကတည်းက ကံဆိုးသူ “သမီး” က မီးတွင်းထဲ ဆုံးသွားခဲ့သည်။ မောင့်မောင့်ထက် အကြီး “မလေးငယ်“ ကအိမ်ထောင်ခွဲသွားခဲ့ပြီ။ အဖေလုုပ်သူက ဝေးလံခေါင်ဖျားသော “ကြံခင်းမြို့၊ ဘိလပ်မြေစက်ရုံ” တွင် နေ့စားဝန်ထမ်း။ ခေတ်အခါကလည်း ဘာတွေဖြစ်နေမှန်းဘွားအေကြီးမသိ။ ရှစ်လေးလုံးဆိုလား၊ ရှစ်သုံးလုံးဆိုလား သူများတွေပြောနေတာကိုတော့ ကြားသည်။ ဒို့အရေး၊ ဒို့အရေးဟု အော်နေသံတွေက သူနေထိုင်ရာ “ရေကျော်” […]