သီဟိုဋ္ဌ်စေ့ ကို တော့ တော်တော်များများ မြင်ဖူး ၊ စားဖူးမယ် ထင်ပါတယ် ။ ဒါပေမယ့် သီဟိုဋ္ဌ်ပင် ၊ သီဟိုဋ္ဌ်သီး ကိုတော့ သိပ်ပြီး သိကြမယ်မထင်ဘူး ။ ငယ်ငယ်တုန်းက မှော်ဘီမှာနေတော့လေ အိမ်ရှေ့မှာ သီဟိုဋ္ဌ်တောကြီးရှိတာ ။ သီဟိုပင်တွေက အမြင့်ကြီး မတ်ပြီးထောင်တက်မသွားကြဘူး ။ များသောအားဖြင့် ဘေးဘက်ကို ဖြာထွက်ပြီး နေတော့ ကလေးအရွယ်ပေမယ့် တက်ရလွယ်တယ် ။ ကိုယ်သီဟိုပင်တွေကိုချစ်တဲ့ ထဲမှာ အဲ့တာလည်းပါတယ်။ သီဟိုဋ္ဌ်သီးပေါ်တဲ့အချိန်ဆို သိပ်ပျော်တာပဲ ။ အပင်ပေါ်တက် သီဟိုဋ္ဌ်သီးတွေခူးပြီး အပင်ပေါ်တင်ထိုင်စား ။ အစေ့ကို သိမ်းထား ပြီး မီးဖုတ်စားရတာ။ မှတ်မှတ်ရရ ဆောင်းတွင်းမှာ သီဟိုဋ္ဌ်သီးတွေ သီးတယ် ။ ဆောင်းတွင်းမနက်ခင်းတွေမှာ သစ်ရွက်ခြောက်မီးဖိုနဲ့မီးလှုံရင်း သီဟိုဋ္ဌ်စေ့တွေကို […]


alinsettApril 25, 20141min68630
မောင်နဲ ့ မေတို ့အချစ်ကို လူကြီးတွေ သဘောမတူဘူးတဲ့. . . .ဆိုသည့် သီချင်းစာသားလိုပင်ဖြစ်နေသည် ။   ကျွန်တော်ချစ်သော မေ နှင့် ကျွန်တော့်ကို မိဘများက သဘောမတူကြ ။ ကျွန်တော်က သူမကို မေ ဟု ခေါ်သည်။ သူမက ကျွန်တော့်ကို မောင် ဟုခေါ်သည်။ တကယ်တော့ ရိုးရိုးကလေးသာ ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်၏ ချစ်ခြင်းက ပစ်ခွင်းဖြိုဖျက်ပစ်ချင်စရာ ပစ်မှတ်တစ်ခုလို့များ ထင်ကြလေသလား မသိ ။   မိဘများက သဘောမတူ ။ အူတူတူဖြစ်ရပါသည် ။ မေ့ မှာ ဘာအပြစ်ရှိသနည်း ။ မေ့ဘက်မှ အသိုင်းအဝိုင်းက ကျွန်တော့်ကို လက်ခံသဘောတူနိုင်ပါလျက်နှင့် . . […]


  ကျနော့်ရဲ ့ခရောင်းလမ်း ပို ့စ်ထဲမှာ မီးနင်းပြီး လှုတဲ့ အကြောင်းလေး ကြုံလို ့ထည့်ရေးပြရင်း မီးနင်းတဲ့ အကြောင်းကို ရေးပါ့မယ်လို ့ ပြောပြထားပါတယ်…။ ဒါပေမယ့် တစ်ကယ် ပြန်တွေးတော့ ဒါက စိတ်နယ်လွန်ဖြစ်ရပ်တွေနဲ ့ ဆက်နွယ်နေတော့ ဒေါင့်ပေါင်းစုံကိုစဉ်းစားရပါတယ်… ကျနော့်ရဲ ့မြှုပ်ကွက်တွေ ပါလာမယ်..မြှုပ်ကွက်ဆိုတာ လိမ်တာကို ပြောတာ မဟုတ်ဘူးနော်..လျှိ ့ဝှက်သင့်ရင် လျှို ့ဝှက်ရမယ့် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွေပါ.. ရေးရမှာတော့ မကြောက်ပါဘူး.. အင်္ဂလန်က ဘွဲ ့လွန်ယူပြီးနောက် သူငယ်တန်းက ဆရာကို မေ့သွားနိုင်သူ ရှိပေမယ့် ကျနော့်အတွက်ကတော့ ဘာသာရေး သူငယ်တန်းအဆင့်မှာ သင်ကြားပေးခဲ့သော လမ်းမမှားအောင် ထိမ်းပေးခဲ့သော မိဘဆရာတွေကို ခုချိန်အထိ မမေ့နိုင်ပါဘူး… ကျနော် ငယ်တုန်းက ဆရာမြို ့တော် […]


သူ့ကိုသတိရတိုင်း သစ်ပင်တစ်ပင်စိုက်တယ်။ ဒါဟာ သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့စိတ်ထွက်ပေါက်တစ်ခုပဲ။ ကိုယ်စိုက်တဲ့ အပင်လေးတွေရှင်သန်လာတိုင်း သူ့အပေါ်ထားတဲ့ ကိုယ့်သံယောဇဉ်တွေဟာ ပိုမိုခိုင်မာလာ တယ်လို့ ထင်ရတယ်။ ကိုယ့်အတွက် ကိုယ်စိုက်တဲ့သစ်ပင်တွေဟာ သူ့ကိုယ်ပွားတွေပေါ့။ သူဟာသစ်ပင်တစ်ပင်ဆို ကိုယ်ဟာသူ့ရဲ့ဥယျာဉ်မှူးလည်းမဟုတ် သူ့ကိုအလှဆင်ပေးတဲ့ သစ်သီး ၊ ပန်းပွင့်တွေလည်းမဟုတ်ိုယ်ဟာ သူအားမာန်အပြည့်နဲ့ ရှင်သန်နိုင်အောင် ပံ့ပိုးပေးတဲ့ မြေဆီမြေနှစ်သာ ဖြစ်ချင်တာ။သူ့မျက်နှာပေါ်က မှဲ့လေးတစ်စက်နဲ့ သူ့အပြုံးတွေဟာ ကိုယ့်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်သညာတွေပေါ့။ သူအမြဲတမ်းပြုံးနိုင်ပါစေ ကိုယ်ဆုတောင်းတယ်။ သူ့ချစ်သူနဲ့ အဆင်ပြေပါစေကိုယ်ဆုတောင်းတယ်။ သည်ဆုတောင်းတွေ သူမသိလည်း သူ့အပေါ်အကျိုးသက်ရောက်ပါစေ။ သူ……ရေ အချစ်ဆိုတာ ပွင့်လန်းတော့မယ် ပန်းပွင့်လေးလိုပဲ။ မိုးစက်မိုးပေါက်လေးတွေ အငွေ့အသက်ရမှ ပွင့်လန်းလာတတ်တာလေ။ မိုးစက်မိုးပေါက်တွေ များလာရင်တာ့ ပွင့်လန်းမယ့်ပန်းပွင့်လေးဟာ ဖူးငုံသွားတတ်တယ်။ ကိုယ့်အချစ်တွေဟာ သူ့အပေါ်မှာ သည်းခဲ့တယ်ထင်တယ် သူ။ သူဟာ ကိုယ့်လက်ထဲက ပြဒါးလုံးလေးလား။ […]


padonmarMarch 31, 20142min58915
ဒီနှစ် ဇာတိမြေ အပြန် ချစ်စဖွယ်ကလေးလေးတွေအတွက် ဝါးခယ်မသားလေးရဲစည်၊ချင်ကျားပူက မမဂျီးခိုင်ဇာ၊ဆိုက်ကားသမီးဘခက် မနှင်းပြုံးတို့ ကူညီအားဖြည့်တဲ့ စာရေးကိရိယာအစုံကြောင့် ကလေးတွေကိုယ်စား အပျော်ကြီးပျော်နေမိပါတယ်။ ကလေးတွေကို ဘယ်လိုပေးရင်ကောင်းမလဲလို့ အမျိုးမျိုးစိတ်ကူးနေခဲ့ပါတယ်။ ၂ရရက်နေ့ နံနက်အစောကြီး ၂နာရီ ၃ဝ ကတည်းက အိမ်က ကားမောင်းထွက်ခဲ့ကြပါတယ်။ လမ်းတလျှောက်ကတ္တရာနဲ့ ကောင်းကောင်းမောင်းလို့ရပေမယ့် ရွှေလောင်းအလွန်ကစပြီး လမ်းကြမ်းလာတာကြောင့် ဖြည်းဖြည်းမောင်းရတာ ၁၄မိုင်ခရီးကို မိနစ် ၄ဝ မောင်းရပါတယ်။ ကျမတို့ မြို့ကိုရောက်တော့ နံနက် ရနာရီထိုးပါပြီ၊နာမည်ကျော် စာတိုက်လမ်းမုန့်ဟင်းခါးကို အမီပြေး၊ တယောက် ၂ပွဲစီစားလိုက်ကြပြီးတော့ မောင်နှစ်မတသိုက် သုသာန်ကို ချီတက်ကြပါတယ်။ နှစ်စဉ် မိဘ ဘိုးဘွားတွေရဲ့ အုတ်ဂူကို သန့်ရှင်းရေးလုပ်ပြီး ကန်တော့ကြရတာ ထုံးစံပါ။ ကျမတို့လိုပဲ အခြားမိသားစုတွေလည်း မြို့ကိုပြန်လာပြီး သူတို့ဘိုးဘွားမိဘတွေကို ကန်တော့ကြတာကြောင့် သုသာန်မှာ စည်ကားနေပါတယ်။အနီးတဝိုက်က […]


johnnydeerMarch 22, 20141min3067
ကျွန်တော်တို့ မြို့တစ်မြို့လုံးလဲ ဖိုင်ဘာကြိုးမြုပ်ဖို့ဆိုလား…အိမ်ရှေ့တွေမှာ တူးဆွသွားလိုက်တာ တစ်မြို့လုံး ဗွက်ထသွားတာပါပဲ… မြို့လူထုလဲ စိတ်တွေကိုညစ်လို့… တကယ်လို့များပေါ့… ဆက်သွယ်ရေးက စည်ပင်သာယာနဲ့ပေါင်းပြီး… ဖိုင်ဘာ မြုပ်ဖို့ တူးဖို့လုပ်ရင်း တခါထဲတွဲပြီး ရေစီးရေလာကောင်းအောင် ရေနှုတ်မြောင်းတွေ တူးဖော်ပေးသွားရင် မြို့လူထု ဘယ်လောက်များ ကျေးဇူးတင်လိုက်ကြမလဲဆိုတာ… ………………………………… စဉ်းစားမိတာလေး ပြောပြတာပါ….. ………………………………… ဒီလိုပါပဲ…. ဟိုတနေ့ ရန်ကုန်ကနေ အမြန်လမ်းအတိုင်း ပြန်လာတော့…. လမ်းမြေသားဖို့ ရန်အတွက် လမ်းဘေးမြေကြီးတွေ ဖြစ်သလို တူးထားတာတွေ တွေ့တော့လဲ စဉ်းစားမိသေးတယ်… ဪ… လမ်းအတွက် မြေသား တူးတာများ ဒီလို ပစ်စလက်ခတ် မတူးပဲ…ရွာတွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ စနစ်တကျ ရေကန်လိုမျိုးတူးပြီး ထွက်တဲ့ မြေသားကိုမှ လမ်းခင်းလိုက်ရင်…. ရွာသူရွာသားတွေလဲ တစ်နှစ်ပတ်လုံး မဟုတ်တောင် ထိုက်သင့်သလောက်တော့ […]


ရာမညMarch 19, 20141min2878
  ပူပြင်းခြောက်သွေ့သော နွေရာသီနေ့လည်ခင်း၌…… ကျွန်ုပ်သည် မယ်မယ်ရရ အလုပ်မရှိသည့်အားလျော်စွာ ရှေးဟောင်းနှောင်းဖြစ်များကိုတွေးတောနေခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့လေသည် ။ ကျွန်ုပ်အား မည်သည့်အခါတွင်မျှ မမေ့စေသောဖြစ်ရပ်တစ်ခုသည်ကား အဆိုပါ ပူလောင်လှသောနွေဥတုတစ်ခုတွင် ဖြစ်ခဲ့ဖူးလေသည် ။     ထို အကြောင်းများကို ပြန်လည်ပြောရမည်ဆိုပါက စိန်ကြီး ဟူသောဓားပြတစ်ဦးအား လိုက်လံဖမ်းဆီးခဲ့စဉ်က အစပြုရပေမည် ။ တချိန်က စိန်ကြီး ဟုအမည်ရသည် ့ဓားပြ တစ်ဦးရှိခဲ့ဖူးလေ၏ ။ ထို စိန်ကြီးသည် အလွန်မိုက်၏ ။ အထူးထူးသော အတတ်တို့ကိုလည်း တတ်ကျွမ်း၏ ။ တခါတရံတွင် လွန်စွာမှ သနားညှာတာတတ်၏ ။ ထို့အတူ ကတိသစ္စာ လည်းလွန်စွာတည်၏ ။ သို့သော် ပြိုင်ဘက်ရန်သူအား လွန်စွာရက်စက်တတ်သူဖြစ်သည် ။     သူနှင့် […]


ခြေဖဝါးကိုထိတွေ့တဲ့အထိအတွေ့က သဲမှုန်တို့နဲ့ ရောယှက်နေတယ်။ ချနင်းလိုက်တဲ့ခံစားမှုတိုင်းက တစ်ယှက် ယှက်။ ဒီခံစားမှုဟာ သာမာန်ခံစားမှုမျိုးရှိတဲ့ မြေသားမဟုတ်ဘူး မောင်။ အရှိန်နဲ့ ခြေချမိလိုက်တိုင်း နစ်ဝင်နေ တယ် မောင်။ မောင် ကျွန်မကို ကြောက်နေတာလား။ ကျွန်မကပဲ မောင့်ကို ကြောက်နေတာလား။ ကျွန်မ သိချင်တယ် မောင်။ သိချင်လို့လည်း ကျွန်မဒီနေရာကို ရောက်လာခဲ့တာပေါ့။ မောင်ဒီနေရာကို ဘာကြောင့် ရောက်နေခဲ့ရသလဲ။ ထားဝယ်မြို့ဆိုတဲ့ နေရာက ကျယ်ဝန်းလွန်းတာမို့ မောင့်ကိုတွေ့မလားဆိုတဲ့ စိတ်တစ်ခု နဲ့ လာရတာဟာ ကျွန်မပဲမိုက်မဲလွန်းရာကျမလား။ အရှိန်နဲ့သွားနေတဲ့ ရထားက တစ်ရိပ်ရိပ်နဲ့ အတားအဆီး မဲ့စွာ တိုးဝင်လာတယ်။ ဘယ်လောက်အရှိန်များများ တစ်နေ့တော့ ရပ်တန့်ရမယ်မဟုတ်လား။ မောင်ဟာ အရှိန်ပြင်းပြင်းနဲ့ပြေးနေတဲ့ ရထားတစ်စင်းသာ ဖြစ်ပါစေလို့ ကျွန်မဆုတောင်းနေမိတယ်။ ကျွန်မရဲ့ ချစ်သူဟာ ကျွန်မရှေ့ကနေ […]


alinsettMarch 18, 20142min33412
  ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၅)…သို ့…         ဝတ္ထုတိုအမည်. . . ”စွမ်းအင် ” ဝတ္ထုဖန်တီးသူ. . . ”တာရာမင်းဝေ ”   ပြန်လည်ခံစားတင်ပြသူ. . .”အလင်းဆက်(Gazette)”   ——————–   ” စွမ်းအင် ” ” မင်းက စောင်းကြိုးမှ မဟုတ်ပဲ။ ဖိနပ်ချည်တဲ့ကြိုးပဲ ” စောင်းသမားက ကြိုးလေးကို ပြော၏ ။ ” ဘာကိစ္စ မင်းက ငါ့ဆီလာရတာလဲ. . . ဖိနပ်ချည်တဲ့ကြိုးက စောင်းကြိုးဖြစ်လာနိုင်တယ်လို ့. . . မင်း ထင်လို့လား . . . ” […]


    ဆင်းရမည့်အချိန် ( ရွှေကူမေနှင်း ) နံနက်ခင်းစောစောက နှင်းတွေဝေနေခဲ့သည်။ အမြဲဖွင့်ထားသော ပြတင်းဝသို့လှမ်းကြည့်ရာက ဟယ် နှင်းတွေဝေနေလိုက်တာဟု ဝမ်းသာအားရပြောခဲ့မိသေးတယ်။ အိပ်ရာထဲကွေးနေသူများထဲမှတစ်ယောက်က ထကြည့်၏။ ဟုတ်ပါရဲ့။ နှင်းတွေ နှင်းတွေဟုပြောပြီး ပြန်အိပ်သွားသည်။ နှင်းချစ်တတ်သူ ကျွန်မတစ်ယောက်သာ ရေနွေးပြေးတည်လိုက်၊ ပြတင်းနားကပ်လိုက်။ ကော်ဖီဖျော်လိုက် လုပ်ပြီး ကော်ဖီခွက်ကိုကိုင်လျက်၊ ပြတင်းပေါက်ပေါင်တွင် မှီရင်း၊ ကော်ဖီပူပူမွှေးမွှေးကို အရသာခံသောက်နေခဲ့ပါသည်။ ကြာကြာကြီးအရသာခံခွင့်တော့ မရခဲ့ပေ။ နှင်းတို့ကြားမှာ တိုက်တာအိမ်ခေါင်မိုးတွေကို တဖြည်းဖြည်း မြင်လာရ၏။ နောက်တော့ ခပ်ဝေးဝေးရှိ လှိုင်သာယာစက်မှုဇုန်ခေါင်မိုးနီများ၊ တွံတေးဘက်မှ လယ်ကွင်းစိမ်းစိမ်းများသည် နှင်းတွေကြားမှ ပေါ်ထွက်လာကြ၏။ နှင်းတွေဘယ်လိုကြောင့် ပျောက်သွားကြသနည်း။ နေရောင်ရောက်က ဆီးနှင်းပ၏ဟု ကြားဖူးသည်။ ယခုနေရောင်မရောက်ပါဘဲလျက် နှင်းတွေဝေ့ဝဲပျောက်ကွယ်သွားကြပြီ။ နှင်းကိုချစ်သော ကျွန်မသည် နှင်းကို ပျောက်မသွားပါနှင့်ဟု မတားနိုင်ခဲ့ချေ။ […]


alinsettMarch 15, 20142min2224
  ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၄) သို ့….         ဝတ္ထုတိုအမည် . . .” မိတ်ဆွေ ” ဖန်တီးသူ . . . ”တာရာမင်းဝေ ”   ပြန်လည် ခံစား တင်ပြသူ . . . အလင်းဆက်(Gazette)     ———————————   ကိုယ်ကတော့ ရိုးရိုးပဲ မေးမိခြင်းဖြစ်သည် ။   ” အဲဒီတုန်းက အမှောင်ထဲမှာဆိုတော့ ခင်ဗျား ဘာကိုမှ မမြင်လိုက်ရဘူးပေါ့ ဟုတ်လား ”   သူက. . .နဖူးကြောကြီးရှုံ့ကာ. . .အတော်ကြာအောင် စဉ်းစားသည် ။   […]


ဟီး ဟီး  ဘာရယ်မဟုတ်ပါဘူး ၊ ဟိုးတလောက ဖဲဇာတ်လမ်းပို့စ်လေးကို သတိရပြီး ရေးလိုက်တာပါ ၊ လူ့စိက်ကို သိစေတဲ့အထဲမှာ ဖဲရိုက်ကြည့်တာလည်း ပါတယ်လို့ ကျနော် ဆိုလိုချင်တာပါ ၊ ကျနော် ဖဲဆရာကြီး ဟုတ်ရပါဘူးဗျာ ၊ ဖဲကို စတတ်တာ အဖွား နာရေးတုန်းကပါ ၊ အဖွားက မန္တလေးက အဒေါ်အိမ်မှာဆုံးတော့ ရန်ကုန်ကနေ အမေ နဲ့ ကျနော်က သွားရတာပေါ့ ၊ ၈ တန်းအရွယ်ဆိုတော့ ခရီးသွားရတာကိုပဲ ပျော်နေတာ ၊ အဒေါ့်အိမ်က ၇၄ လမ်း ၃၁ နဲ့ ၃၂ ကြား ၊ ဆေးကျောင်းအနောက်ဘက် မောရဂီဝါရပ်တဲ့ ၊ ဆွေမျိုးတွေစုံ ၊ ကလေးတွေလည်းဆုံ ၊ အဲသည်မှာ […]


alinsettMarch 14, 20141min59040
  ဤကောင်လေး ဤရွာထဲမှာ နေထိုင်ပျော်ပါးခဲ့တာ သုံးနှစ်သုံးမိုး ရှိခဲ့ပြီ ။ မပျော်လျှင် သုံးရက်တောင် နေမည့်ကောင်လေးမဟုတ် ။ ပျော်၍ နေခဲ့သည် ။ နေ၍ ပျော်ခဲ့သည်။   ကြွယ်ဝသော ပတ်ဝန်းကျင်တစ်ခုဟု ကောင်လေးက သတ်မှတ်ပြီး ကျနော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် ကောင်လေးက ချစ်ခဲ့သည် ။   ရိုးရိုးသားသားပြောရလျှင် ကောင်လေး ဤ ရွာ ဤစာ ဤလူ ဤမူတွေကို ချစ်သည် ။ ဤရွာကို ဘယ်လောက်တောင်များချစ်သလဲ. . .ဟု မေးလာခဲ့လျှင် ကောင်လေးက ရိုးစင်းစွာ ပြန်ဖြေပါ့မည် ။   ဤ ရွာ ကို ဤ ကောင်လေး က ပင်လယ်ကြီးလောက်ချစ်သည် ။   […]