ဤကောင်လေး ဤရွာထဲမှာ နေထိုင်ပျော်ပါးခဲ့တာ သုံးနှစ်သုံးမိုး ရှိခဲ့ပြီ ။ မပျော်လျှင် သုံးရက်တောင် နေမည့်ကောင်လေးမဟုတ် ။ ပျော်၍ နေခဲ့သည် ။ နေ၍ ပျော်ခဲ့သည်။ ကြွယ်ဝသော ပတ်ဝန်းကျင်တစ်ခုဟု ကောင်လေးက သတ်မှတ်ပြီး ကျနော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် ကောင်လေးက ချစ်ခဲ့သည် ။ ရိုးရိုးသားသားပြောရလျှင် ကောင်လေး ဤ ရွာ ဤစာ ဤလူ ဤမူတွေကို ချစ်သည် ။ ဤရွာကို ဘယ်လောက်တောင်များချစ်သလဲ. . .ဟု မေးလာခဲ့လျှင် ကောင်လေးက ရိုးစင်းစွာ ပြန်ဖြေပါ့မည် ။ ဤ ရွာ ကို ဤ ကောင်လေး က ပင်လယ်ကြီးလောက်ချစ်သည် ။ […]