ဟိုးတုန်းကပေါ့…ကျနော့်ဆရာနဲ ့အတူ ပျဉ်းမနား နှစ်ကျိတ်ရှစ်ဆူ တပေါင်းပွဲကပြီးတော့ ကျနော်တို ့ဇာတ်အဖွဲ ့ပျဉ်းမနားတောင်ညိုဘက်မှာ ရုံပွဲတွေ လှည့်ကခဲ့ဘူးပါရဲ ့…။ ကျနော့်ဆရာက BSC ဘွဲ ့ရပြီးသား၊ ဝါသနာပါလွန်းလို ့ဇာတ်ကနေတာ…။ စိတ်ထားကောင်းတယ်…ယဉ်ကျေးတယ်…။ ဆရာတပည့်အတွဲလဲညီခဲ ့ကြတယ်…ဘယ်လောက်အတွဲညီလဲဆို ဆရာ နှစ်ပါးကနေရင်း အရက်ခိုးမော့တာကအစ သူ ့အဖေမမြင်အောင် ကျနော်က တောင်ရှည်ပုဆိုး ဝတ်သလိုလိုနဲ ့ကာပေးတတ်တယ်…။ နေ ့ခင်းအိပ်ယာကနိုးရင် ထန်းတောထဲမှာ ထန်းရည် သွားသောက်ပြီး…ဇာတ်ရုံရှိရာကို လေးဘက်ထောက်ပြီး လာခဲ ့ကြတာလဲ အတူတူ…။ အဲ…နောက်ပိုင်းမကချင်တာလဲတူတယ်… ဆရာက ခွန်းထောက်တောင်မဆိုနိုင်အောင်ကို အသံအားနည်းတယ်…။ ကျနော့်ကို တော်တော်ချစ်တယ်…ခေါ်ရင် သားလို ့ခေါ်တတ်တယ်…ဆရာနဲ ့ကျနော်ကြားမှာ ထူးထူးခြားခြားဆိုလို ့သူနဲ ့အတူကဘို ့စာချုပ်တုန်းကတော့ နှစ်ပါးသွား့ရင် ဂျွမ်းမထိုးရလို ့စာချုပ်ထဲမှာ ထည့်ရေးဘူးတယ်…။ […]


ကျနော်ရေးခဲ ့တဲ ့ ပို ့စ်လေးတွေက စိတ်မကောင်းစရာလေးတွေ များနေတာဆိုတော့…တခါတလေ အပြောင်းအလဲလေး ဖြစ်စေချင်တာရယ်…ပြန်တွေးလိုက်တိုင်း ကိုယ်တိုင်တောင် ပြုံးရယ်မိတာလေးတွေ ရေးရင်ကောင်းမလားလို ့…။ တစ်ခြားလောက ပါတ်ဝန်းကျင်ကမဟုတ်ပါဘူး…အခုချိန်မှာ ဇာတ်သဘင်ကို ဆက်မလုပ်တော့ပေမယ့်….ပြန်တွေးရင်.. မနေ ့တစ်နေ ့ကလိုဘဲ စိတ်ထဲမှာ ဖြစ်နေတာ..။ က,ခဲ ့စဉ်တုန်းကပါ…။ ကျနော်တို ့ဇာတ်သဘင်တွေမှာ ကြည့်နေတဲ ့ပရိတ်သတ် သိလိုက်တဲ ့အမှား၊ လုံးဝ မသိလိုက်တဲ ့အမှားလေးတွေ ရှိပါတယ်…။ ပရိတ်သတ်က အမှားကို မသိလိုက်ရဘူးဆိုတာက စင်ပေါ်မှာ ကနေတဲ ့သူချင်းဘဲ သိပြီး ၊ ပညာသားနဲ ့ဖုံးဖိလိုက်တာပါ…။ ဒါတောင် ဖုံးလို ့ရတဲ ့အခါ ရှိသလို ၊ ဘယ်လိုမှ ဖုံးလို ့မရတာ ရှိပါတယ်…။ ဒီလို….။ […]


ကျနော် အင်တာနက်မှာ စာလိုက်ဖတ်ရင်း အင်းတို ့ လက်ဖွဲ ့တို ့ အဆောင်တို ့ အကြောင်းဖတ်ရင်း ကျနော်သုံးခဲ ့ရတဲ ့ ပန်းကလေးကို အမှတ်တမဲ ့ သတိရသွားတာပါ….။ လက်ဝှေ ့ထိုးတာတို ့မျက်နှာပွင့်တို ့မှာ.ဆရာက အဆောင်တွေ ဘာတွေ ပေးရင် တစ်ပွဲတိုး လက်ဖွဲ ့လေးတွေ၊ ပန်းလေးတွေ၊ ဆေးလိပ်တွေ ပေးတာတော့ အရင်က ကြားဘူးပါတယ်…။ ကျနော့်ရဲ ့တစ်ပွဲတိုးပန်းက ဘယ်ဆရာကမှ စီရင်ပေးတာလဲ မဟုတ်သလို ….ဘာအဆောင်မှလည်းမဟုတ်ပါဘူးဗျာ…။ ကျနော့်ဘဝမှာလည်း ရံခါဖန်ခါ ကပ်သီးကပ်သတ် ကြုံရတာလေးတွေ အများကြီး ရှိပါတယ်…။ အဲဒါတွေ ထဲက တစ်ခုပေါ့ဗျာ…။ဖြစ်ပုံက ဒီလို….။ ကျနော်တို ့ဇာတ်ပွဲ ကမယ့်ရက် ၃/၄ရက်လောက် အားနေတော့ ဘာရယ်မဟုတ် […]


သူကေလးOctober 31, 20132min3059
အပိုင်း (၃)   သူ့ရဲ့ visiting card ကိုရခဲ့ပေမယ့် သူ့ဆီ ကျွန်မ မဆက်သွယ်ဖြစ်ခဲ့ဘူး။   ဘယ်လောက်ပဲ ယောကျာ်းလေးဆန်ဆန် ဘယ်လောက်ပဲ ခေတ်ရှေ့ပြေးနေတဲ့   မိန်းကလေးဖြစ်နေပါစေ ကျွန်မရှင့်ကိုစပြီး မဆက်သွယ်ရဲခဲ့ဘူး ဦးသားမောင်ရယ်။ ပြီးတော့ ကံတရားဆိုတဲ့အရာကိုလည်း   ကျွန်မ ခပ်ရေးရေးလေးမျှော်လင့်နေမိသေးတယ်။ ကျွန်မတို့ပြန်ဆုံကြအုံးမှာပါလို့ပေ့ါ။   တကယ်ပဲ မြားနတ်မောင်က ကျွန်မကိုပစ်မထားတာလား။ ဒါမှမဟုတ် ကျွန်မဆုတောင်းတို့ပဲပြည့်ခဲ့သလားမသိ။   နောက်နှစ်ပတ်အကြာမှာ ကျွန်မတို့ ဒုတိယအကြိမ်ထပ်ဆုံတွေ့ခဲ့ပါသည်။ အဲဒီနေ့က တွေ့ဆုံပုံကျတော့ တစ်မျိုး။   သူကတစ်ပြန် ကျွန်မကိုအကူအညီကိုတောင်းခံရတာဖြစ်လေသည်။ သူလိုသူဌေးတစ်ယောက်က   ကျွန်မလိုငချွတ်မလေးဆီမှာ အကူအညီတောင်းရတယ်ဆိုတာ သူများတွေကြားရင် ရယ်ချင်ရယ်လိမ့်မယ်။   ဒါမှမဟုတ် လုပ်ဇာတ်ကြီးလို့ထင်ချင်လည်းထင်ကြမယ်။   ဒါပေမယ့် ဒီအဖြစ်အပျက်ကတကယ်ကိုဖြစ်ခဲ့တာပင်။ အဲဒီနေ့က […]


                                                        ၂၀၀၅ ခုနှစ်က နိုင်င်္ငစုံ ယဉ်ကျေးမှု ကပွဲမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။ တောင်စဉ်တောင်တန်းမှိုင်းပျပျတွေနဲ ့တောင်တွေရဲ ့အလယ်ချိုင့်ထဲမှာ လှပတဲ့ မြို ့လေးက ကျနော့်ဘဝ လမ်းကြောင်းတွေ ပြောင်းသွားအောင်…၊ အောင်မြင်မှုတွေ လမ်းခင်းပေးလိမ့်မယ်လို ့ တစ်ခါမှ မတွေးမိခဲ့ပါဘူး..။ လူတစ်ယောက်က ကိုယ်ဖြစ်ချင်တဲ့ဘဝလမ်းကို ဦးတည်ပြီး လျှောက်နေပေမယ့်…..။ လူဟာ ကံဇာတ်ဆရာ စီမံမှုအတိုင်း […]


ဆိုင်ရှင် သူ ့ကို အမေ…ဟုခေါ်ရမယ်လို ့ ပြောလာသည်..။ မထင်မှတ်ခဲ ့သောစကားကိုကြားရတော့ အရမ်းဝမ်းသာမိသည်….။ အားလုံးပြောဆိုပြီးမှ ခင်မက ပန်းချီဆုရမယ့်အကြောင်းပြောပြတော့ အမားကရယ်နေသည်…။ မသိမသာနဲ ့အမားကိုစိုက်ကြည့်မိတော့ အသက်၅ဝကျော်အရွယ်ဆိုပေမယ့် အပြုံးများနှင့် ကြည်လင် အေးမြလှသည်…။ နဖူးဆံစပနှင့် နားသယ်စဘေးဘက်တွေမှာဆံပင်ဖြူလေးများနှင့် ခန် ့သည်..။ နောက်တော့ အမား၏ သားသမီးတွေ ရောက်လာပြီး အမားက မိတ်ဆက်ပေးသည်…။ ကိုဘာဘူ၊ ကိုဝင်းနိုင်၊ မိုးမိုး(ရွယ်တူ) ၊နှင့်အငယ်မလေးတိုးတိုး အားလုံးက မောင်နှမ အရင်းလို ဆက်ဆံကြပါတယ်…. ကိုဝင်းနိုင်ဆို တခါထဲ အိမ်ပြန်သွားပြီး သူ ့အဝတ်အစားတွေ ယူလာပြီး ရေချိုးပြီး ဒါတွေ လဲဝတ် ရော့ယူထားတဲ ့..။ ဂျင်း အကောင်းစားတွေ။ ခင်မကလည်း ပျော်နေသည် ။ နောက် ပြန်မယ် […]


ကီနိုဟာ ဒေါသထွက်လာတယ်။ သူဟာ ကုန်းထလိုက်ပြီး သူမသွားရာနောက်ကို တိုးတိုးတိတ်တိတ်လိုက်သွားတယ်။ သူမရဲ့ပင်လယ်ဘက်ကိုဦးတည်သွားနေတဲ့ခြေသံကိုကြားနေရတယ်။ မြန်မြန်ဆန်ဆန်ပဲ သူမအနောက်ကို သူ အမှီလိုက်နေတယ်။ သူ့ဟာ ဒေါသစိတ်ဖုံးလွမ်းနေတယ်။ သူမဟာ ခြုံပုတ်တွေကိုကျော်ဖြတ်လာပြီးနောက် ရေစပ်နားကိုရောက်ခါနီးလာတယ်။ သူမဟာ ကီနို့ရဲ့ခြေသံကိုကြားလိုက်ရပြီး ပြေးသွားတယ်။ သူမဟာ လက်ကိုမြှောက်လိုက်တဲ့အချိန်မှာပဲ ကီနိုဟာ သူမလက်ကိုဖမ်းဆုပ်လိုက်ပြီး သူမလက်ထဲက ပုလဲကိုလုယူလိုက်တယ်။ သူမရဲ့မျက်နှာကို ရိုက်ချလိုက်ပြီး သူမကိုတွန်းလွှတ်လိုက်တယ်။ ဂျူနာဟာ ရေထဲကိုလဲကျသွားပြီး သူမတစ်ကိုယ်လုံးဟာ ရွှဲရွှဲစိုသွားတယ်။ ကီနိုဟာ သူမကိုငုံကြည့်လိုက်ပြီး သူဟာ အံတင်းတင်းကြိတ်ထားတယ်။ ကီနိုဟာ ဒေါသစိတ်နဲ့ ရှူးရှူးရှဲရှဲဖြစ်နေပေမယ့် ဂျူနာဟာ သူ့ကို သားသတ်သမားရှေ့ရောက်နေတဲ့ သိုးငယ်လို ကြောက်လန့်မှုကင်းတဲ့သနားဖွယ်မျက်ဝန်းအစုံနဲ့ ကြည့်နေတယ်။ ကီနိုဟာ ဒေါသစိတ်နဲ့ခက်ထန်ပြီး လူတောင်သတ်နို်င်တဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာကို သူမသိပေမယ့် သူမဟာ သူ့ကို ပြန်လည်မခုခံ မတုန့်ပြန်ဘူး။ အချိန်အနည်းငယ်အတွင်းမှာပဲ […]


သာယာတဲ့ မနက်ခင်း …. ဒီနေ့ဟာ ကီနို သူ့ရဲ့ပုလဲကို မြို့ထဲမှာ သွားရောင်းမယ့် နေ့ဆိုတာကို ငါးဖမ်းသမားတွေ ၊  ပုလဲငုပ်သူတွေ စသည်ဖြင့် တစ်ရွာလုံး တင်မကဘူး ပုလဲဝယ်တဲ့ တရုတ်ကုန်သည်တွေ၊ ဘုရားကျောင်းရှေ့မှာ တောင်းတဲ့ သူဖုန်းစားတွေပါ  သိကြတယ်။ ပုလဲဝယ်မယ့်ကုန်သည်တွေဟာ ကီနိုလာရောင်းမယ့်အချိန်မှာ ဟိတ်ဟန်ထုတ်ပြီး ဘယ်လိုအမူအရာလုပ်နေရမလဲ ဆိုတာကို စဉ်းစားတွေးတောနေကြတယ်။ အမှန်တကယ်တော့ အဲဒီ ပုလဲဝယ်တဲ့ကုန်သည်တွေဟာ တစ်ဦးချင်းစီ သီးသန့်ပုံစံမျိုး ဟန်ဆောင်ကြပြီး ပုလဲတွေကို မတန်တဆဈေးချိုချိုနဲ့ရအောင် ကြံဖန်ေလေ့ရှိကြတယ်။ တကယ်တော့ သူတို့ရဲ့အထက်မှာ ကုန်သည်တစ်ဦးထဲသာရှိပြီး သူကသာ ကုန်သည်အားလုံးရဲ့အနောက်ကွယ်ကနေ ချုပ်ကိုင်နေတာဖြစ်တယ်။ သူတို့ဟာ ကီနို့ရဲ့ပုလဲအတွက် ဈေးနှုန်းဘယ်လောက်ပေးသင့်သလဲ၊ ဘယ်လို အကြံအဖန်မျိုးလုပ်ရမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ စဉ်းစားနေကြတယ်။ အဲဒီမနက်ခင်းမှာ နေဟာ ပူပြင်းတောက် ပနေတယ်။ ကနူးလေတွေဟာ […]


သူကေလးOctober 28, 20131min4528
အပိုင်း (၂)   အံ့ဩဖွယ်ရာပင် ကျွန်မ ဆုတောင်းတို့ပြည့်ပါသည်။ ဒါပေမယ့် ထင်မှတ်မထားစွာနဲ့ သူဟာ အဲဒီနေ့က   Business Talk မှာပြောမယ့် ကုမ္ပဏီပိုင်ရှင် ၃ဦးထဲက   တစ်ဦးဖြစ်လို့နေသည်။ ပြန်တွေ့ခွင့်ရဖို့ မျှော်လင့်မိသော်လည်း သူ့ကို   အဲဒီလို အောင်မြင်နေတဲ့ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်မထား။   သူပြောတဲ့ စွန့်ဦးတီထွင်မှုအကြောင်းတွေ၊ လုပ်ငန်းအကြောင်းတွေ နားထောင်ရတဲ့ အရသာကို ကျွန်မ ဘာနှင့်မှ မလဲနိုင်။   သူ့စကားတွေသေချာနားထောင်မိတော့မှ သူဟာ တော်တော်လေးစားအထင်ကြီးစရာကောင်းတဲ့   လူတော်တစ်ယောက်ဆိုတာ ပိုသေချာလို့သွားသည်။   ဘယ်အရာက စေခိုင်းခဲ့သလဲဆိုတာ ကျွန်မအဖြေမရှာချင် ရှင့်ကို ရှင်အဖြစ်ပဲ ကျွန်မစွဲလမ်းမိသွားခဲ့တာပဲ ဦးသားမောင်။   ဒါပေမယ့် သေချာတာက ရှင်ဟာ လေးစားဖွယ်ရာလူတစ်ယောက်မဟုတ်လည်း   […]


  တောရိပ်တောင်ရိပ်တို ့၏ စိမ့်စိမ့်နွေးနွေး ရစ်သိုင်းလွှမ်းခြုံမှုကို ခံစားရင်းလျှောက်လာခဲ ့တာ ဘယ်လောက်ဝေးဝေးရောက်ခဲ ့ပြီ ဆိုတာ အတိအကျမသိပေမယ့် တော်တော်ဝေးဝေး ရောက်လာတာတော့ ပင်ပန်းလာမှုကြောင့်သိသည်….။ နေရောင်က တဖြည်းဖြည်း မြင့်တက်လာသလို ပူလောင်မှုကို လူကသိပ်မခံနိုင်။ တခါမှလဲ ဒီလောက်လမ်းမလျှောက်ဘူး၊ နားလိုက်သွားလိုက် ၊စားလိုက်ရေသောက်လိုက်နှင့် လွပ်လပ်မှုကိုလဲ ခံစားရသည်…။ အခုမှ ကိုယ့်ကိုကိုယ် ဆရာမင်းလူရဲ ့ ဌက်ကလေး လိုစိတ်ထဲထင်လာသည်…။နောက် ကချင်အဖွဲ ့တွေနဲ ့တွေ ့မလားတွေးမိသေး၊ တွေ ့လဲ ကိစ္စမရှိ လိုက်သွားမှာ…တစ်ကောင်ထဲဘဲ..၊။ ဆရာမင်းသိင်္ခရဲ ့ဖြစ်ချင်တာဖြစ်  မောင်ဘချစ် တို ့သခင်သန်းထွန်းပ+ဒု စာအုပ်ကိုဖတ်ထားတာဆိုတော့လဲ ဘာမှကို မကြောက်ချင်တော့။ တစ်ကယ်တန်းတော့ မတွေ ့ခဲ ့ပါ………။ နောက်တော်တော်ဝေးဝေးမှ ကားသံကြားရပြီး ဘယ်လိုကားလဲဆိုတာ လမ်းလျှောက်ရင်းစောင့်ကြည့်နေလိုက်သည်။ […]


ဘီရိုလေးများ ရှင်းပြီးကြပြီလားဗျာ ရွာသူလေး ကောင်းကင်ပြာက တွံတေး မင်္ဂလာပရဟိတကျောင်းက မိဘမဲ့ကလေးတွေကို   အဝတ်အစား ၊ စားစရာ နဲ့ စာအုပ် ခဲတံ ဘောပင် စသဖြင့်ပေါ့လေ သွားလှူချင်တဲ့အကြောင်း ပို့စ် တစ်ခု တင်ခဲ့ပါတယ် ၊   ( https://myanmargazette.net/187487 ) ၊   ဖြစ်နိူင်ရင် နိူဝင်ဘာလထဲမှာ သွားချင်တယ်ပေါ့ ၊   အခု အဲဒါနဲ့ ပတ်သက်လို့ ဘာသံမှ ထပ်မကြားရပြန်လို့ ဒီပို့စ်ကို တင်လိုက်တာပါ ၊   ကျနော်ကတော့ ဘီရိုရှင်းပြီးသလို ရုံးကဝန်ထမ်းတွေဆီမှာလည်း ဒမြတိုက်နေဆဲပါ ၊   ကျန်တဲ့ ရွာသူ ရွာသားတွေကော ဘယ်လိုများ ရှိကြပါလဲ ဗျာ ၊ ကုသိုလ်လည်းရ […]


johnnydeerOctober 25, 20131min49319
ကျွန်တော် ရန်ကုန်က ပြန်လာတော့ ကားက Auto ကော Manual ကော တွဲလျှက်ပါတဲ့ ကားမောင်းပြန်လာတာဆိုတော့… Autoမောင်းလိုက်… ဆီကုန်တယ်ထင်ပြီး… Manual ပြန်ပြောင်းမောင်းလိုက် ဂီယာချိန်းလိုက်နဲ့ အလုပ်ရှုတ်ပြီး တော်တော်ဗျာများခဲ့တာပါကလား…ဟိုပြောင်း ဒီပြောင်းနဲ့ ရှုတ်ရှက်ခတ်နေခဲ့ပြီး တခါတလေ ကိုယ်ဘာနဲ့ မောင်းလို့ မောင်းနေမှန်းတောင် မသိတော့ပါဘူး… အရင်တုန်းကတော့ဗျာ… Manual ပဲ ရှိတဲ့ခေတ်ကိုး…အဲ့ဒီတုန်းကတော့ ကားမောင်းရတာ အလုပ်တော်တော် ရှုပ်တယ်…ကလပ်နင်း…ဂီယာထိုး… ကလပ်ပြန်လွှတ်…လီဗာနင်း… နည်းနည်းလေးသွား…အရှိန်လေး နည်းနည်းမြန်လာရင်…ဒီအတိုင်းပြန်လုပ်… လက်နှစ်ဖက် ခြေနှစ်ဖက်…မျက်စိ…နား…တစ်ခုမှ မအားရပါဘူး… ကားမောင်းသင်ပေးရရင်လဲ ဒီကလပ် အလွှတ် လီဗာ အနင်း Balance မကိုက်တာနဲ့ ဆောင့်ထွက်သွားရတာနဲ့ စက်ထိုးရပ်သွားရတာနဲ့ တကယ့် အစုံမှ အစုံပါပဲ…တတ်အောင် တော်တော်သင်ပေးရတယ်…ပျမ်းမျှခြင်းဆို တစ်ယောက် တစ်ယောက် တစ်ပတ် ဆယ်ရက်လောက်တောင် သင်ပေးရမယ် […]


marblecommetOctober 25, 20131min52829
(၁) အကုသိုလ်အတုံးအခဲ မောင်ကမ်းလွှတ်လိုက်သည့် လေးသီးအဆုံးတွင် သစ်ပင်ခွကြားမှ ပုတ်သင်ညိုတစ်ကောင် မြေပြင်ပေါ်သို့ “ဖုတ်”ကနဲ လွင့်ပါး သက်ဆင်းသွားသည်။ သွားကောက်လိုက်တော့ ခေါင်းကို ထိထားသည့် လေးသီးဒဏ်ရာနှင့် လည်ပင်း ပြတ်လုနီးနီး။ သွေးသံရဲရဲနှင့်။ ဒီလို သွေးသံရဲရဲဆိုလျှင် ပိုကောင်းသည်။ သွေးညှီကြောင့် သူရို့ ပို၍အလိုက်များသည်။ ဒီရေတောအစပ် ခြုံစဉ်တန်းတစ်လျှောက် မောင်ကမ်းတို့ တပ်သားတစ်သိုက်၊ လေးခွတစ်ယောက်တစ်လက်၊ လွယ်အိတ်တစ်လုံးစီလွယ်ကာ ပုတ်သင်ညို ရှာဖွေရေး “မစ်ရှင်”လုပ်နေကြသည်။ စတုတ္ထတန်းကျောင်းသားကြီးများ၏ တနင်္ဂနွေအားလပ်ရက်ဖြစ်သဖြင့် လွတ်လပ်ပေါ့ပါးနေကြသည်။ မောင်ကမ်း၊ ကျော်ဇင်သိန်း(ယခုဒေါက်တို)၊ နေလင်း(ယခု ဆိုင်ကယ်ကယ်ရီ)၊ ကောင်းမော်(ယခု ပြင်ပ)၊ ဇာပချီး(ယခု ထောင်ကျ- အိမ်ထောင်) တို့ လေးယောက် ခြုံစဉ်တန်းတစ်လျှောက် ပုတ်သင်ညိုများကို သဲကြီး မဲကြီး ပစ်ခတ်လျှက်ရှိကြသည်။ မောင်ကမ်းတွင် ပုတ်သင်ညို ငါးကောင်နှင့် တစ်ပိုင်း […]