နွေရာသီမွန်းတည့်နေက ကျဲကျဲတောက်ပူလောင်လွန်းလှပါလား။ ကတ္တရာကားလမ်းပေါ်မှာ တံလျှပ်တွေတောင်ထလို့။ ခေါင်းပေါ်က ခေါင်းခုနဲ့ ဆံပင်ကြားမှာ ချွေးတွေဆိုတာ ရေလောင်းထားသလို စိုစိစိဖြစ်နေတာကို ကိုယ့်ဘာသာခံစားမိနေတယ်။ ခေါင်းခုပေါ်မှာတော့ တံမြက်စည်းတွေကိုစုစည်းပြီးရွက်ထားရတယ်လေ။ သားကလည်းကျုပ်လက်တဖက်ကိုတွဲထားရင်း ဟိုငေး၊ ဒီငေးနဲ့ ဒရွတ်ဆွဲလိုက်ပါလာခဲ့ပါတယ်။ တော်ပါသေးရဲ့ အောင်လံမြို့ဘက်အထွက်တဲ့ပြည်မြို့အစွန်ဘက်လမ်းမှာ လမ်းဘေးဝဲရာ မယ်ဇလီပင်တွေနဲ့မို့အရိပ်နည်းနည်းတော့ရနေသေးလို့။ အရိပ်ကိုခိုလျှောက်ရင်း အောင်ချမ်းသာရပ်ကွက်လူနေအိမ်တွေနားရောက်အောင်ခပ်သွက်သွက်လျှောက်နေမိတယ်။ ပြည်နည်းပညာကောလိပ်လို့ ရေးထားတဲ့ကျောင်းကိုကျော်ပြီး သစ်တောဝန်းတွေကိုရောက်လာပြီမို့ ကျောင်းသူအဆောင်တွေ လူနေအိမ်တွေနဲ့နီးလာပါပြီ။ လှမ်းတောင် မြင်နေရပြီလေ။ ပူလောင်လွန်းတဲ့နေကြောင့်လမ်းပေါ်မှာလူသူရှင်းနေတာကိုသတိထားမိတယ်။ ကျုပ်တို့သားအမိကတော့နေပူကြောက်နေလို့မရပါဘူး စီးကျလာတဲ့ချွေးကို လက်ခုံနဲ့သုတ်ရင်း သားကိုငုံ့ကြည့်လိုက်မိတယ်။ သားကပြန်မော့ကြည့်ရင်း ဗိုက်ဆာတယ်မေမေလို့ပြောလာတယ်။ ဟုတ်ပ ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေတာကြာပေါ့။ စားရမယ်သားရဲ့ ခနလေးစောင့်နော် လို့ပြောသာပြောလိုက်ရတာ ပိုက်ဆံကအကြွေလေး ၅ဝ တန်နှစ်ရွက်ပဲပါတယ်။ ခြေစောင့်လက်စောင့်လေးထားရတာ။ သက်ပြင်းမောကိုမသိမသာမှုတ်ထုတ်ရင်း တံမြက်စည်းတစ်ချောင်းလောက်တော့ရောင်းရပါစေလို့ စိတ်ထဲကနေဆုတောင်းနေမိတယ်။ သစ်တောဝန်းကျော်တော့ ကားလမ်းဘေးကနေ အောက်ဖက်လမ်းကလေးကိုဆင်းလျှောက်လာခဲ့တယ်။ ဟော […]


alinsettMay 3, 20131min36313
မြို့တော် ၏ သစ်ပင် သစ်ခက် သစ်ရွက်များထက်… နှင်းစက်တို ့… တွဲလွဲ ခိုကြပြီ ။ အေးမြသော… မြောက်လေတို ့နှင့်အတူ… ရာသီပန်း ရနံ ့တို ့… လှိုင်လှိုင် ထ..ကြပြီ ။ ဆောင်းသည်… စိမ့်စိမ့်ချမ်းသော… အရသာကို ပူးချည်လျက်… ဤမြို့တော်…ဆီ..လာခဲ့ချေပြီ ။ မြို ့တော်သူ မြို့တော်သားတိူု့…. ယဉ်ကျေးမှု ဆိုသော အနွေးထည်တို ့ကို ဝတ်ဆင် သင့်ကြသည် ။ ဆောင်း ဆန်သော..အိပ်မက်များကိုလည်း… အိပ်မက် ဆန်သော ဤဆောင်းတွင်… မက်သင့်ကြလေပြီ ။ လူငယ်တို့သည်လည်း… နွေးထွေးမှု ကို တောင့်တ ဤ နွေးထွေမှု တို့ကိုပင်..ရှာဖွေကြပြီ ။ အချို့က… ချစ်သောသူနှင့်..နွေးထွေးသည် ။ အချို့ကတော့… […]


      ညနေစောင်းပြီ။ မှော်ဆရာ လေချွန်နေသည်။ ဆက်ရေးမှ ရမည့် ဝါကျတစ်ကြောင်းအတွက် ကောင်းထက် စဉ်းစားမရ။ တွေဝေနေ၏။ သက်လုံကောင်းဖို့ လိုပါသည်။ ကလေးတစ်ယောက် ချော်လဲကျသွားသည်။ ကောင်းထက် ချော်လဲလို့ မရတော့။ သူ့အသက် သုံးဆယ့်တစ်နှစ်။ မိုးချုပ်ပြီ။ မှော်ဆရာ လေချွန်နေတုန်း။ အပြန်လမ်းသည် နေဝင်ရာဘက်ကို ဖြစ်သည်။ ကောင်းထက် စားပွဲခုံကို လက်သီးဖြင့် ထုလိုက်သည်။ ကြောင်တစ်ကောင် လန့်ပြေးလေ၏။ လူတွေ အများကြီး လမ်းလျှောက်ကြသည့်နေရာသည် ပွဲဈေးတန်းဖြစ်သည်။ ပွဲဈေးတန်းသည် ပွဲတော်တွင် ရှိသည်။ ပွဲတော်တွင် မိုးပျံပူပေါင်းသယ် တစ်ဦးရှိသည်။ ဆူညံနေ၏။ ဇာတ်ပွဲရှိနိုင်သည်။ အငြိမ့်မင်းသမီး အလှပြင်လို့ ပြီးပြီ။ ပွဲစတော့မည်။ ဆယ့်ငါးမိနစ်စာ အမောခံနိုင်ရမည်။ မင်းသားနှင့် တွဲကမည်။ ဖရဲသီးနီနီများ ရောင်းနေပြီ။ […]


ကိုယ့်မျက်ရည်တွေကြွေနေပြန်ပြီ။ ဒါကို……သူသိပါ့မလား…။ သူနဲ့ စတွေ့တွေ့ချင်းပဲ ကိုယ်ငိုခဲ့ရတာတွေ သူ့ကိုသိပ်ချစ်မိသွားတာတွေဟာအပေါစားဆန်နေမလားလို့ ကိုယ့်ကိုယ်ကိုတွေးမိပါရဲ့။ အင်းလျားကန်ဘက်က လေပြင်းတွေက တိုက်ခတ်နေလိုက်တာ။ကိုယ်တောင်လွင့်ထွက်သွားမတတ်ဘဲ။ သူကတော့ အားနာတဲ့ဟန်ပန် တွေနဲ့ပေါ့။ ကိုယ့်မျက်ရည်တွေကိုသူအားနာနေတာလား။ ကိုယ့်ကိုယ်သနားစရာ သတ္တဝါတစ်ကောင်လို သူသနားနေတာလား။ ကိုယ်တွေးရင်းပိုဝမ်းနည်းလာမိပါရဲ့။ ကိုယ့်ကိုယ် သူသနားအောင် အားနာအောင် ဘာတစ်ခုမှ မလုပ်ခဲ့ရိုးအမှန်ပါ။ အဲသည်နေ့က သူဟာ ကိုယ့်ဘဝမှာ ဘယ်တော့မှ မမေ့တော့မယ့်လူသားတစ်ယောက်ပေါ့။   သူရေ……..ကိုယ်ဟာ သူ့ကိုစောင့်ကြည့်နေသူတစ်ယောက်ပါ။ သူ့အကြောင်းတွေကို အမြဲတမ်းစောင့်ကြည့် နေသူတစ်ယောက်ပေါ့။သူအချစ်တစ်ခုကြောင့် ခံစားနေရမှန်းကိုယ်သိနေတယ်။ ကိုယ်ကိုယ်ချင်စာပါတယ်။ ကိုယ်က သူ့ကိုတစ်ဖက်သတ်ဆိုပေမယ့်သူကတော့ အချစ်ဒဏ်ခံရဖူးသား လူတစ်ယောက်ဆိုတာကိုလေ။ ကိုယ်ဟာ တစ်ဖက်သတ်ပါသူ။ အချစ်နဲ့ပတ်သတ်လို့သုံးပြီးသားစကားလုံးပြန်သုံးမယ်ဆိုရင်တောင် တစ်ဖက်သတ်ဆိုတာဟာ ဘယ်တော့မှ ရိုးမသွားမယ့်တစ်ယောက်တည်းချစ်နေရတဲ့ စကားလုံးဆိုတာတော့ သူသိမှာပါ။ တစ်ဖက်သေအောင်သတ် ပစ်သလို ခံစားရတယ်ဆိုတဲ့အကြောင်းအရာတွေကို သူသိမှာပါ။ သူမသိချင်ယောင်ဆောင်နေတယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့အရာတိုင်းသူပိုစိတ်မကောင်းဖြစ်ရတဲ့ဆိုတဲ့ […]


nay khinApril 26, 20131min36011
လမ်းကြုံရင် ………….ပြောပေးပါ တစ်နှစ်ပြည့်လို့ အတိတ်က ကြေကွဲခဲ့တာတွေကို ရင်ဖွင့်ဖို့ မန်းဂေဇက် သို့ ရောက်ရှိလာပါတယ် ပြောပြခြင်တာလေးကတော့ ဒီလိုပါရှင် သူတစ်ပါးကို မကူညီခြင်နေပါ ဒုက္ခမပေးပါနဲ့ ဆိုတဲ့ စကားလေးကိုပြောပြခြင်ပါတယ် (24.4.2012) နေ့တုန်းက ကျွန်မ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့ပါတယ် ဒီနှစ်ဒီချိန်မှာ ပြုံးပျော်ပြီးနေနိုင်ပေမဲ့ မွှေးရာပါ နှလုံး အားနည်းတာကြောင့် ဝမ်းနည်းမှုတွေကို ဟန်ဆောင်ပြီးမနေနိုင်ခဲ့ပါဘူး ကျွန်မတို့ ရဲ့ ကုမ္ပဏီ နှစ်ပတ်လည်ပွဲမှာ ရှာပုံတော် မင်းသားကြီးသီချင်းလဲ ဆိုရော အခါလွန်တဲ့မိုးအညိုးနဲ့ရွာ ဆိုသလိုပဲ မျက်ရည်မိုးတွေ ရွာချပါတော့တယ် .. အော် .. မနှစ်က ဒီချိန်မှာ ကျွန်မ ရဲ့ခင်ပွန်း ကျွန်မယောက္ခမနဲ့ ယောက္ခမ ညီမ ဝိုင်းဝန်းနှိပ်စက်မှုကြောင့် အိမ်ပေါ်မှဆင်းပေးခဲ့ပါတယ်။ ကျွန်မတို့အိမ်ထောင်မပြုခင်မှာ ကျွန်မယောက္ခမလောင်းရဲ့ ညီမနဲ့တူမဖြစ်သူကို ရုံးတွင် […]


CourageApril 26, 20131min42416
သူသာ သူမဖြစ်ခဲ့လျှင်             ကျွန်တော်သူ့ကို စတွေ့ခဲ့ဖူးတာ အပြင်မှာမဟုတ်။ လှုပ်ရှားမှုကင်းမဲ့နေသော ရုပ်သေ ဓာတ်ပုံထဲမှာ။ ထိုနေ့က ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်း စုံတွဲတစ်တွဲရယ် အပြင်မှာ မုန့်ထွက်စားဖြစ်ခဲ့တဲ့ အချိန်မှာ ကျွန်တော့သူငယ်ချင်းလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက်လဲဖြစ်တဲ့ ညီလင်းရဲ့ ချစ်သူ မေသင်းရဲ့ ဓာတ်ပုံ အယ်လ်ဘန်က  စခဲ့တဲ့ ဇာတ်လမ်းလို့ပဲပြောမည်။ “ဟဲ့ ရှိုင်းမောင် ဒီမှာကြည့်စမ်း ငါ့ပုံလေးတွေမလှဘူးလား” ဆိုင်ထဲကို အရင်ရောက်နှင့်နေပြီးဖြစ်တဲ့ ကျွန်တော့ကို မေသင်းက သူ့လက်ထဲ တစ်ပွေ့တစ်ပိုက်ဖြင့်ပါလာသည့် ဓာတ်ပုံ အယ်လ်ဘန်များကို လှမ်းပေးရင်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ညီလင်းကတော့ မုန့်ကောင်တာတွင် စားစရာများကို မှာယူပြီးမှာ ခုံတွင်လာထိုင် သည်။ “ဘာပုံတွေတုန်းဟ။ နင်နဲ့ ညီလင်းရဲ့ မတော်တရော်ပုံတွေဆိုရင်တော့ မကြည့်ဘူး နော်။ ငါရှက်တက်တယ်” “ကောင်စုတ်။ ညစ်တီးညစ်စုတ်နဲ့။ […]


  “မာလူးဟန်က ပြောခဲ့တယ် ရေကို ဘယ်သူ စတွေ့ရှိခဲ့လဲဆိုတာ မသိပေမယ့် သေချာတာက ရေကို စတင်တွေ့ရှိသူဟာ ငါးတော့ မဖြစ်နိုင်ဘူးတဲ့” ပရော်ဖက်ဆာကြီးစကားဆုံးတော့ ဂျက်တစ်ယောက် ငူငူကြီးထိုင်နေလိုက်တယ်။ ပရော်ဖက်ဆာကြီးက ဆက်ပြောတယ်။ “အချိန်ဆိုတာ လူတွေဘယ်တော့မှ လိုက်မမှီတဲ့ နောက်ဆုံး ဒိုင်မန်းရှင်းပဲကွ ရုပ်ရှင်တစ်ကားဟာ တစ်စက္ကန့်ကို ဖရိန် သုံးဆယ်လောက်ပြလိုက်ရင် အရည်အသွေးမြင့်တဲ့ ဇာတ်ကားတစ်ခုကို လူတွေဟာ မြင်ကြရပြီ တကယ်တော့ ငါတို့လိုက်မမှီတဲ့ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်း သန်းနဲ့ချီ ပြောင်းလဲနေကြတာ မင်းတို့ ငါတို့ လူတွေ မသိလိုက်တဲ့ ပြောင်းလဲခြင်းတွေပေါ့” ပရော်ဖက်ဆာစကားကို ဂျက်တစ်ယောက်သေချာ နားထောင်ပြီး အဲဒီညက ပြန်လာခဲ့တယ်။ “အလင်းနှစ်တွေ … အလင်းနှစ်တွေ … တကယ်မရှိတော့တဲ့ ကြယ်တွေကို ငါတို့ မြင်နေရတာကိုက သဘာဝတရားကြီးရဲ့ […]


marblecommetApril 21, 20131min38215
အခုတလော ရွှေမန်းမြို့က ကျုပ်မိတ်ဆွေကြီးကို အတော်လေး သတိရနေမိတယ်။ အခုတလော သတိရတယ်ဆိုလို့ အရင်တုန်းကတော့ သတိမရဘူးလို့ မဆိုလိုပါ။ အခု သင်းကို ပိုပြီးတော့ ထပ်ကာ ထပ်ကာ သတိရနေမိတာက ပူလွန်းလို့ပါ။ ပူတယ်ဆိုတာ ဘာပူသလဲ မမေးနဲ့။ ဓာတ်ကြီးလေးပါးလုံးကိုက ပူနေတာ။ ရန်ကုန် နေမင်းကြီး ကျွတ်ကျွတ်ညံအောင်ပူလေ၊ သင်းကို သတိရလေ။ ဆိုလိုတာက တို့ရန်ကုန်တောင် အဲလောက် ပူလှတာ ။ သင်းတို့ မန္တလေးဆို အရိုးခြောက်အောင် ပူမှာပေါ့ ဆိုတဲ့ အတွေးတစ်ခုလေး၊ စာနာစိတ်ကလေး တစ်ခုတည်းနဲ့တင် သတိရတာမဟုတ်ဘူးဆိုတာကို ဝန်ခံပါ၏ ရဲဘော်အဆွေ။ အခုတလော ရန်ကုန်နေ၊ ရန်ကုန်နွေက ပိုပြီး ပူလာတော့ ပေါင်ဖြူ၊ ပေါင်တို၊ ပေါင်ညို၊ ပေါင်မည်း၊ ပေါင်ဝဲထူ၊ ပေါင်ဂျွတ်တက်တွေကိုလည်း ပိုပြီး […]


  (က)   “မင်းစဉ်းစားကြည့်ကွာ ငါတို့လူတွေ အဓိက ကိုးကွယ်တဲ့ ဘာသာတရား အမျိုးအစား ဘယ်နှစ်ခု ရှိသလဲ” “ဗျာ …. လေးခုလေ …” “အင်း … နာမည်အရတော့ လေးခုပေါ့ကွာ ဒါပေမယ့် ငါတို့က နာမည်မတပ်ဘဲ ပြောရအောင်” “ဟုတ်” ကျွန်တော်လည်း ပညာရှိကြီး ပြောမယ့် စကားကို နားစွင့်နေလိုက်ပါတယ်။ ပညာရှိကြီးက ချက်ချင်း ဆက်မပြောဘဲ သူတည်နေတဲ့ ရေနွေးအိုးအောက်က မီးကို ယပ်ခပ်နေပြန်တယ်။ “ပညာရှိကြီး ဆက်ပြောပါဦးဗျ .. နာမည် အရ လေးခု ပြီးတော့ ဘာလဲဗျ” “အေး…” “မင်းတို့ လူငယ်တွေ ခုခေတ်ပေါ်တဲ့ Play Station ဂိမ်းကို ဆော့ဖူးမှာပေါ့” အဲ။ ပညာရှိကြီးက အသက်သာ […]


johnnydeerApril 19, 20131min39018
ဇာတ်လမ်းတွေ…ရုပ်ရှင်တွေထဲမှာ တွေ့ဖူးကြမှာပေါ့…. လူတစ်ယောက် ခေါက်ဆွဲတစ်ပွဲမှာစားပြီး  ကုန်ခါနီး  ခေါက်ဆွဲပန်းကန်ထဲ  ဆံပင်ချည်တွေ ထည့်လိုက်ပြီး လူအများကြီးရှေ့မှာ ဆိုင်ရှင်ကို ရန်တွေ့ …ဆိုင်ရှင်က တောင်းပန်…ပြီးတော့ ပိုက်ဆံမရှင်းပဲ ထ ထွက်သွား….သူ ဘယ်လောက် လူရည်လည်သလဲ ဆိုတာဂုဏ်ယူတတ်တဲ့လူမျိုးတွေ့ဖူးကြမှာပေါ့… ကျွန်တော့်အမြင်ကတော့ …ဒါ လူရည် လည်တယ်လို့ ဘယ်လိုမှ မြင်ကြည့်လို့ မရဘူး…ယုတ်တယ် လို့ပဲ မြင်တယ်…ယုတ်တာတောင် ရိုးရိုး ယုတ်တာ မဟုတ်ဘူး…ယုတ်ကန်းတယ်လို့ကို မြင်တာ…တခါထဲ အချီကြီး ပွသွားလို့ ယုတ်ခဲ့တယ်ဆိုရင်တောင် လက်ခံလို့ရသေးတယ်… ဘာမဟုတ်တဲ့ …ဘာမှ မဖြစ်လောက်တဲ့ ငွေအသပြာ နည်းနည်းလေးကိုယ့်အကျိုးအမြတ်ရဖို့ အတွက် သူတပါးအပေါ် မတရားသဖြင့် လူပုံအလယ် အရှက်ခွဲစော်ကား…နင်ပဲ ငဆ ပြော…စိတ်ဓာတ် တော်တော် အောက်တန်းကျတယ်လို့ပဲ မြင်မိတယ်…ဆိုင်ရှင်ဘက်က အမြင်လေးကော တွေးကြည့်လိုက်ပါဦး….အကောင်းဆုံးလုပ်ပေးတယ်…သူ့အမှားမဟုတ်ပဲ လုပ်ကြံစော်ကားသွားလို့ လူပုံ […]

44445.jpeg

alinsettApril 15, 20131min2666
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၇) ခြေသံ များ “လူတွေရဲ့ ခြေနင် း မညင်သာမှုကြောင့် ကမာ္ဘ ကြီ းရဲ့ မြေမျက်နှာပြင်ပြောင်းလဲ နေခဲ့ရတယ် တဲ ့” “ဟုတ်လား …ဒါဆို ကမာ္ဘ ကြီ း ဘယ် လို ပြောင်းလဲတယ်ဆို တာ သိနိုင် ဖို ့လူတွေဘယ် လို လမ်းလျှောက်တယ်ဆိုတာ ငါတို့လေ့လာကြရမယ်၊ ဟော….နားထောင်စမ်း …ခြေသံတွေ” တာရာမင်းဝေ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ခြေလှမ်းတွေကို စိတ်ဝင်စားခဲ့ပေမယ် ့ ခြေသံတွေကို နားထောင်ကြည့်ဖို့တော့ စိတ်မကူးခဲ့ဖူးပါဘူး ။ အခုတော့…ခြေသံတွေကို နားထောင်ကြည့်ဖို ့..လိုလာပါပြီ ။ ကျွန်တော့် ဘဝထဲကို ဘယ်သူကများ…..ဘယ်တုန်းကများ..ခြေသံပြင်းပြင်းနဲ ့ ဝင်လာဖူးသလဲ….။ ဒါမှမဟုတ်…… ဘယ်သူ […]


marblecommetApril 14, 20131min39119
သကြ်န်ဟူသော ဝေါဟရ အဓိပါယ်ကို အမျိုးမျိုးပြောကြ၏။ ထိုအထဲကမှ သင်္ကြန်ဟူသည် “သင်္ကန”္တ၊ သက္ကတလို ” သင်္ကြန္တ ” က ဆင်းသက်လာသည် ဟူသတတ်။ ကူးပြောင်းခြင်းဟူ အနက်ရသည် ဟူလို။ အနှီ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆန်း ၄ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ဧပြီ ၁၄ ရက်၊ ဆန်းဒေးသည်ကား သင်္ကြန်စကျလေပြီ။ အကယ်တန္တု ယခု သည်နေ့မှာ ကျွန်ုပ် သောကြာညို တစ်ယောက် လောကတံထွာ အလုပ်တာဝန်များအားလုံးကို ရပ်နားပြီးသကာလ (၃)လွှာသော အသိုက်အမြုံထောင့်ကျဉ်းအခန်းကလေးတွင် အမေ့ခံခရီးသည်(ပါရဂူ)ဟူဘိသော ဘုတ်အုပ်ကို လှန်လှောကာ စည်းစိမ်တည်းဟူသော ချမ်းသာသုခကို ခံစား၊ ခံယူရန် အလို့ငှာ အစပျိုးလိုက်စဉ်မှာပဲ…….. “တေးတေးလေးပဲလား….. ကြီးကြီးလား … တေးတေးကြီးကြီးလား” […]


Mon LayApril 11, 20131min6097
  ၅။ နောက်တစ်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဌာနက ဖွင့်လှစ်သော ပြင်သစ်စာသင်တန်းအချိန်က စောစောဆင်းပြီး ညနေစောင်းသာသာ သာရှိသေးသောကြောင့် ကျွန်မလမ်းလျှောက်ပြန်ခဲ့သည်။ ထိုစဉ်သူက ကျွန်မကိုမြင်တော့ မကြီးကြီးလမ်းကထွက်လာပြီး ကျွန်မရှေ့ကကော့ကော့၊ ကော့ကော့နှင့် ထွက်သွားသည်။ ကျွန်မကလည်းထူးထူးခြားခြား ဂရုစိုက်မနေခဲ့ပါ။ ကိုယ့်ဖာသာခပ်အေးအေးလျှောက်လာခဲ့သည်။ လမ်းတစ်ဝက်ရောက်တော့သူကနောက်ပြန်လှည့်ကြည့်ပြီးကျွန်မကလမ်းလျှောက်အတော်နှေးသည်ဟု ဆိုသည်။ အို……။ ကျွန်မကသူနဲ့ လမ်းလျှောက်ပြိုင်နေတာမှမဟုတ်တာ။ကိုယ့်လမ်းကိုယ်သွားနေတာပဲ။ကျွန်မမျက်စောင်းထိုးပြလိုက်သည်။ နောက်နေ့များတွင်သင်တန်းကအပြန်ကျွန်မ၏နောက်ကဖြစ်စေ၊ကျွန်မ၏ဘေးနားကဖြစ်စေ၊ ရှေ့နားကဖြစ်စေ သူပါပါလာတတ်သည်။ သူနှင့်ကျွန်မစကားတွေပြောရင်းညနေပိုင်းအချိန်လေးကို ကုန်ဆုံးခဲ့ကြသည်။ တစ်နေ့တွင် သူကကျွန်မကို ရည်းစားစာပေးပြီး စာပြန်ပါဟုပြောသည်။ ထိုနေ့မှစ၍ သူ ကျွန်မဆီသို့ တစ်ပတ်တိတိ မလာခဲ့ပါ။ တစ်ပတ်ကြာသောအခါ ကျွန်မကစာမပြန်ရသေးသောကြောင့် သူကျွန်မဆီက အဖြေတောင်းသည်။  `ကိုယ့်ကိုချစ်နေတဲ့လူတစ်ယောက်အတွက်အကောင်းဆုံးလုပ်ပေးနိုင်ခြင်းကတော့ သူ့ကိုပြန်ချစ်လိုက်ဖို့ပဲတဲ့။ ပြန်ပြီးမချစ်နိုင်ဘူးဆိုရင်တောင် ကြိုးရှည်ရှည်နဲ့ဆွဲထားဖို့တော့မကောင်းပါဘူး`ဆိုတဲ့စကားကို ကျွန်မသိသော်လည်း သူ့အားချစ်မချစ်စဉ်းစားရသည်မှာ အတော်ခက်ခဲသော ပြဿနာတစ်ခုဖြစ်သည်။ အချစ်ဆိုတာ ဘာမှန်းမသိတတ်သေးသောကြောင့် ကျွန်မပြန်မဖြေခဲ့ပါ။ ကျွန်မနှင့်သူဘာတွေလဲဟု မရေရာ၊မသေချာနေရင်းကနေ […]