(၁) ကျွန်တော့်အတွက် ချစ်သူအိမ်က အပြန်လမ်းဟာ မလှပခဲ့ပါဘူး။ အခုဆို အနုပညာသမားတစ်ယောက်ရဲ့ မာနနဲ့ ချစ်သူကို စွန့်လွှတ်ရတော့မယ်။ ဒါပေမဲ့ ကိုယ်ရဲ့ ချစ်ခြင်းမေတ္တာကတော့ အသက်ရှူသံမရပ်သရွေ့ ဆက်လည်တည်ရှိနေအုံးမှာပါ။ “မင်း… ဒီအနုပညာအလုပ်သာ ဆက်လုပ်နေမယ်ဆိုရင် ငါ့သမီးနဲ့ ပတ်သက်မှုကို ရပ်တန်းက ရပ်ရလိမ့်မယ်။ ငါချစ်ရတဲ့သမီးကို မင်းနဲ့အတူ ဆင်းရဲတွင်းထဲ တွန်းမချနိုင်ဘူးကွ” ချစ်သူအဖေနဲ့ တွေ့ဆုံးခန်းဟာ ဒီလိုနဲ့ပဲ တစ်ခန်းရပ်ခဲ့ပါတယ်။ သူ့လုပ်ငန်းမှာ ဝင်လုပ်ဖို့ ဆွေးနွေးတာ မအောင်မြင်တာရယ်၊ ကျွန်တော်ဟာ စာသမား၊ ကဗျာသမားတစ်ယောက်ဖြစ်နေတာရယ်က အဓိကပြဿနာပဲ ဖြစ်ပါတယ်။ သူ့သမီးအပေါ် ချစ်ခြင်းကြောင့် ကျွန်တော့်ကို လက်မခံတာကို နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ အနုပညာသည်တွေကို နောက်ဆက်တွဲ အကြမ်းတမ်းဆုံး နှိမ့်ချစကားတွေနဲ့ စော်ကားလိုက်တာကိုတော့ ကျွန်တော် လက်ခံလို့မရဘူး။ “မင်းတို့ အနုပညာသည်တွေဟာ တစ်လဝင်ငွေ […]


သားသူု မင်း ဒီစာတွေကဘာတွေလဲ “ မေမေ၏မေးလိုက်သံ ။ ကျတော် လန့်သွားရတယ်ရုတ်တရက်ကြီးမေမေ ဘာဖြစ်လို့မေးတာပါလိမ့် ။ဧကန္တမေမေ ကတော့ ကျတော်ကို မမိုင် ပေးထားသောစာတွေကိုတွေ့သွားခဲ့သည်ထင်ပါရဲ့ ….။ကျတော် ဘယ်လိုဖြေရှင်း ရပါ့ မလဲ။မေမေက ကျတော်ကို မိန်းကလေး ကိစ္စနှင့်ပတ်သတ်လျှင်ဘယ်တုန်းကမှအလိုမလိုက်ခဲ့ပေ။ကျတော် က ဆယ်တန်းကျောင်းသားသာ ရှိသေးတာကြောင့်ရည်းစားသနာထားမှာကိုမလိုလားခဲ့ ခြငိ်းလည်းဖြစ်ပေလိမ့်မည်။ကျတော်ဘယ်လိုဖြေရှင်းရမယ်မသိခင်မှာပင်မေမေကသူ့လက်ထဲကစာရွက်ထပ်ကြီးကိုကျတော်ရှေ့မှာအပုံလိုက်ပစ်ချလာသည်။ကျတော် ဇောချွေးများပြန်လာသည်။မေမေကိုညာလို့ရမည်မဟုတ်အမှန်တိုင်းပြောရင်ရောမေမေကယုံမှာတဲ့လား။ကျတော်မေးခွန်းတွေနှင့် ချာချာလည်နေမိသည်။ကြောက်စိတ်နှင့်အတူ စိတ်ကအတိတ်ဆီသို့…….။ ကျတော်တို့ ရတနာမောင်လူငယ်အဖွဲ့သည် ရပ်ကွက် ၏သာရေးနာရေး များတွင် လုပ်အားဖြင့် တတ်နိုင်သလောက် ကူညီ ကြရသည်။လူငယ်အဖွဲ့ဆိုသည်နှင့်အညီ အဖွဲ့ထဲတွင် တဝက်လောက်က  လူငယ်များသာပင်။လူငယ်များထဲတွင်  (၇)တန်းမှသည် ကျတော်တို့ (၉)တန်း အထိပါဝင်ခဲ့ကြသည် ။လူငယ်များဖြစ်သော်လည်း  အလုပ်ကိုမညီးမငြူခဲ့ကြပါပဲ နှင့် လုပ်စရာရှိလျှင်လည်းတတ်ညီလက်ညီ စားစရာရှိလျှင်လည်းတတ်ညီလက်ညီ နှင့် စည်းလုံးပျော်ရွှင်စွာနေလာခဲ့ ကြပေသည်။ကျတော်သည်လည်း မေမေက စာကိုထိခိုက်မည်စိုး၍အတန်တန်တားနေသည့်ကြားမှ ထိုအသင်းကိုဝင်ခဲ့သည်။ဒီလိုနှင့် […]


Mon LayDecember 30, 20121min40015
ည(၇)နာရီဆိုလျှင် မြဝတီရုပ်မြင်သံကြားက တီဗွီ၏ဇာတ်လမ်းတွဲများ ပြသတတ်သည်။ထိုသို့ဇာတ်လမ်းတွဲများ ပြသနေသည့်အချိန် တစ်နည်းအားဖြင့် ဇာတ်ရှိန်ကောင်းနေသည့်အချိန် ဆိုလျှင် အမြဲလိုလိုကြားဖြတ်ဝင်လာတတ်သည့် ကြော်ငြာများ ကိုမလိုလားသော ကျွန်မသည် သည်တစ်ခါတွင်တော့ ကြော်ငြာတစ်ခုကို မျက်စေ့မမှိတ်တမ်း အစအဆုံးကြည့်မိသွားရပါသည်။ ထိုကြော်ငြာကား ‘က” ချည်းများနှင့်ရေးစပ်သီကုံးထားသည့် ‘ကာကာ” ကော်ဖီကြော်ငြာပင် ဖြစ်သည်။ တချို့သောကြော်ငြာများသည် တီဗွီတွင် ပြသသွား၍သာ ကြော်ငြာဟုသိရှိလိုက်ရခြင်းဖြစ်သည်။ မည်သည့်ကြော်ငြာအမျိုးအစားမှန်းမသိရလောက်အောင်ဖြစ်ရသည်။ တချို့ကြော်ငြာများမှာလည်း ကုန်ပစ္စည်း၏ အရည်အသွေးကိုဦးစားမပေးဘဲ နာမည်ကြီး မင်းသား၊မင်းသမီးများ၏ အိုက်တင်လုပ်ဆောင်ချက်များကိုသာဦးစားပေးသောကြော်ငြာများ ကိုလည်း တွေ့ရပြန်သည်။ ယခု ‘ကာကာ” ကော်ဖီကြော်ငြာလေးကိုနှစ်ခြိုက်သွားရခြင်းသည်ကား တေးရေးဆရာ၏ပညာတန်ခိုးများကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ကြော်ငြာ၏ခေါင်းစီးစာတန်းတွင် ဤကြော်ငြာတွင် “က” များသာပါသည် ဟူသော စာတန်းကိုရေးသားထားသည်။ တယ်ဟုတ်ပါလား။ ကျွန်မတို့ငယ်ငယ်တုန်းကရွတ်ခဲ့သည့် “မ” နှင့် “သ” ချည်းတို့သာပါဝင်သည့် စာကြောင်းလေးများကိုပြေးမြင်မိသည်။ “မင်းမိန်းမ..မေမြတ်မွန်၊မေမြို့မှာ..မိုးမိမယ်၊မြန်မြန်မောင်း” နှင့် […]


ကိုဘမောင်….. အရမ်းချမ်းသာသော သူဌေးကြီး တစ်ယောက်ဟု မဆိုနိုင်သော်လည်း ၊ ပိုက်ဆံတော်တော်ရှိသည် ဟု ပြောလို ့ရနိုင်သည့် လူတစ်ယောက် ။ တစ်နှစ်ကို သုံးလေးလလောက်သာ အလုပ်လုပ်ရသည် ။ ပြီးလျှင် သူ ့မိန်းမ နား ကပ်နေပေတော့ သူ ့အလုပ်က တိုးကားမောင်းသော အုံနာဒရိုက်ဘာ ၊ သူ ့ကား က အိပ်ပက်လက် ဂျပန်ကား နှစ်စဉ် သီတင်းကျွတ်နောက်ပိုင်းဆိုလျှင် ကိုဘမောင်တစ်ယောက် ကား ၃/၄ လလောက်မောင်းပြီး ၊ သူ ့အလုပ်ပြီးသည် ။ ယခု ပွင့်လင်းရာသီပြီးခါနီးပြီဖြစ်ရွေ ့၊ မိန်းမအိမ်ပြန်ကပ်ရင်း ၊ အရက်လေးတစ်မြမြ ၊ အပတ်စဉ်ထွက်သမျှ ဂျာနယ်များဝယ်ဖတ်ကာ ရပ်ကွက်ထဲရှိ အပေါင်းအသင်းများနှင့် လေပွားဇိမ်ကြနေသည်။ သူလက်ရှိရောက်နေသော ဘဝ […]


johnnydeerDecember 25, 20121min1703
နန်းခင်ဇေယျာ ရေကူးဝတ်စုံနဲ့ပြိုင်ပွဲဝင်တဲ့ပုံကိုတွေ့တော့ ဖေ့စ်ဘုတ်မှာ ရှယ်မိပါတယ်…အမျိုးသမီးတစ်ယောက်က ကောမန့်ဘာလာရေးသလဲဆိုတော့ … နန်းခင်ဇေယျာ ပြိုင်တာက တစ်ခါထဲပါ…ဒီလိုပုံတွေ မရှယ်ပါနဲ့တဲ့…မြန်မာအမျိုးသမီးတွေ စိတ်ဓာတ်ပျက်ပြားစေနိုင်ပါတယ်တဲ့ဗျား…ကြည့်..ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ..လေသံကလဲ ဆရာမကြီးလေသံနဲ့…အဲ့ဒါနဲ့ ပြန်ရန်တွေ့ပေးလိုက်တယ်…ခင်ဗျား..အင်တာနက်မသုံးဖူးဘူးလားလို့…ကျွန်တော်တို့ရှယ်တယ်ဆိုတာက ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက် နိုင်ငံတကာစင်မြင့်မှာ ဝင့်ဝင့်ကြွားကြွားယှဉ်ပြိုင်နေတာကို ဂုဏ်ယူလို့ရယ်…အဝေဖန်ခံရမယ်..အကဲ့ရဲ့ခံရမယ်ဆိုတာ သိရက်နဲ့ တိုင်းပြည်အတွက်… မြန်မာဆိုတာအတွက် …သွားပြီးယှဉ်ပြိုင်ရဲတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချင်တာရယ် အတွက်ကြောင့် ရှယ်ရတာ…တဏှာရူးချင်ရင် နှာဗူးထချင်ရင် အင်တာနက်ထဲ ကြိုက်တဲ့နေရာ ကြိုက်တဲ့ဆိုက်ဒ် ကြိုက်သလိုကြည့်လို့ရတယ်လို့…ရေးကူးဝတ်စုံ ဘီကီနီဝတ်တာလောက်နဲ့ ယောက်ကျားတစ်ယောက် မုဒိန်းမှုမဖြစ်နိုင်သလို..အမျိုးသမီးတစ်ယောက်လဲ အတုယူမှားပြီး ပျက်စီးမသွားနိုင်ဘူးလို့…အတွေးကိုနက်နက်တွေး…အမြင်ကို ကျယ်ကျယ်ထား…မြို့မငြိမ်းသီချင်းထဲကလို ခေတ်မီမီက မ္ဘာကြည့်ကြည့်မြင်တတ်စမ်းပါ..လို့ ကောင်းကောင်းရန်တွေ့လွှတ်လိုက်တယ်…ခဏနေတော့ အဲ့ဒီကောမန့်သူ့ဘာသာသူဖြုတ်ချသွားတယ်…အခုလဲ လာပြန်ပြီ…လွှတ်တော်မှာ စန္ဒာမင်းတင်မယ့် ပြည့်တန်ဆာဥပဒေကို ကောင်းကောင်းဝေဖန်နေကြပြန်ပြီ…ဒီပြည့်တန်ဆာ ဥပဒေနဲ့..လောင်းကစားဥပဒေ ဒီနှစ်ခုကမလုပ်မနေ လုပ်ကိုလုပ်ရမယ့်ဟာတွေ…ကဲ..စဉ်းစားကြည့်..အခုကော ဒီပြည့်တန်ဆာကမရှိဖူးလား…ဖမ်းလို့ကော ပျောက်သွားလား…ဘယ်လိုနှိမ်နင်းနှိမ်နင်း…ရကောရခဲ့ဖူးလား…ကူးစက်ရောဂါတွေ စည်းလွတ်ဘောင်လွတ်ပြန့်ပွားတာရယ်…မကင်းရာမကင်းကြောင်း ဝန်ထမ်းတွေ အကျင့်စာရိတ္တ ပျက်ပြားတာသာ အဖတ်တင်တယ်…အဲ့တော့ […]


:gee: အသွင်တူ၍ ခြားနားသည် :chee: အလုပ်ထဲမှာရိုးသားဖြောင့်မတ်စွာတလေးတစားရှိတာကြောင့် ဇင်လင်းကိုအန်တီကြီးကအရေးပေးသည်။ လက်လွတ်မခံချင်။အလုပ်ထဲမှာ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင် ဇင်လင်းဘက်ကရပ်တည်လျက် တစ်ဖက်အလုပ်သမားကိုသာအဆုံးရှုံးခံမည့်ပုံ။ခုခေတ်ခါမှာ ရိုးသားပြီးအလုပ်ကောင်းကောင်းလုပ်သည့် လူငယ်မျိုးကရှားပါးတာကြောင့်လည်း အန်တီကြီးအတွက် ဇင်လင်းဟာတန်ဖိုးတစ်ခုလို ဖြစ်နေလောက်တာပါ။ ထိုကဲ့သို့ အလုပ်ရှင်အန်တီကြီးရဲ့ အရေးပေးဂရုပြုမှုတွေကြောင့် ဇင်လင်းအလုပ်ထဲမှာ အနေရခက်လာတော့ပြီ။ နောက်ပိုင်းကာလတွေမှာ ဇင်လင်းရဲ့ကြိုးစားမှုကြောင့် ထိုက်တန်တဲ့နေရာတစ်ခုကိုရလာတာ မှန်သော်ငြား အန်တီကြီးရဲ့ အထူးအရေးပေးမှုကြောင့်ဟု တီးတိုးဝေဖန်လာတဲ့အသိုင်းအဝိုင်းကြား ဇင်လင်းအလုပ်ထဲမှာ စိတ်ပျက်လို့နေလေပြီ။ ဇင်လင်းအလုပ်မသွားတဲ့ရက်တွေဆိုရင် မျက်နှာမကောင်းရှာသောအဖေ၊အမေနဲ့ညီမနှစ်ယောက်ကြောင့် ဇင်လင်းအလုပ်ကိုအပြီးတိုင်မစွန့်ခွာနိုင်သလို၊စိတ်ထဲမှာနောက်ကျိရှုပ်ထွေး အနေခက်နေသည့်ကိစ္စကြီးကို လည်းဖွင့်ပြောဖို့ရန် နှုတ်မရဲ။ အလုပ်ထဲမှာ လက်အောက်ငယ်သားတွေက ဇင်လင်းအပေါ်မချေမငံဆက်ဆံကြသည့်အခါတိုင်း ငါ့ကိုအန်တီကြီးနဲ့အထင်မှားပြီး မလေးမစားလုပ်နေကြတယ် ဟုပင်တစ်ကိုယ်ရည် တွေးတောမိလျက် စိတ်မကောင်းခြင်းတွေဖြစ်ရတာအခါခါ။ စိတ်နှလုံးမချမ်းသာတော့ ကိုယ်ခန္ဓ္ဓာကပါနှုန်းချိလှတာကြောင့် အလုပ်သွားဖို့ဘယ်လိုမှမမတ်နိုင်တဲ့ရက်တွေ များများလာရတော့သည်။တစ်ရက်ကနေနှစ်ရက်တွေကတော့ ညီမတွေက အန်တီကြီးထံဖုန်းဆက်ပြီး ခွင့်ယူ ပေးတတ်ကြသည်။သုံးလေးငါးရက်ဖြစ်လာပြီဆိုရင်တော့ အန်တီကြီးက အိမ်တိုင်ရာရောက် ပေါက်ချလာကာ ဇင်လင်းအလုပ်သို့လာပါမည်ဟု […]


Mon LayDecember 23, 20121min42515
၁။         သည်ကနေ့ ကျွန်တော် ဦးအေးမြင့်သည် လူစည်ကားတတ်သည့် သိမ်ကြီးဈေးကားပါကင်တွင် ခါတိုင်းလို ပါစင်ဂျာရရန် ကားရပ်ထားလို်က်သည်။ မနက်စောစောကတည်းက ကားကိုချွတ်ယွင်းချက် မရှိအောင် ဆီလိုလျှင်ဆီ၊ရေလိုလျှင် ရေ စသည် တို့ကိုလိုက်ဖြည့်သည်။ နို့မဟုတ်လျှင် ခရီးသည်တွေကို တင်ဆောင်ရင်း လမ်းတွင်တစ်ခုခုဖြစ်မှ ခရီးသည်ကငြိုငြင်၊ ကားခလည်းမရ၊ အချိန်လည်းဆုံး။ အဲ့ဒီအခါကျမှ ဟုတ်ပေ့ဖြစ်မှာ။ ယခုအချိန်ထိ ပါစင်ဂျာမရသေးပါ။ ကားရပ်ရန် ပါကင်အဖိုးအခက အရင်ဖြစ်သည်။ စိတ်ရှည်..စိတ်ရှည်။ ငွေရရန်အတွက် လုပ်နေခြင်း သာဖြစ်သည်ဟု စိတ်ကိုမနည်းချုပ်တည်းထားလိုက်ရသည်။ အိမ်ကထွက်လာကတည်းကိုက ဇနီးသည်၏ ဆီဖိုး၊ဆန်ဖိုး၊ရေဖိုး၊မီးဖိုး ဆိုသည့် တေးသံမာမာနှင့် သမီး၏ကျူရှင်ဖိုး ဆိုသည့် နားဝင်ပီယံ မငြိမ့်ညောင်းသံတို့ကို အံတုပြီး ငါဒီနေ့ တစ်သောင်း၊ နှစ်သောင်းကျန်အောင် ရပြီး မှပြန်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဟော..စိန်နားကပ်တွဲလောင်းနှင့် အဝတ်အစားသန့်သန့်ပြန့်ပြန့် ဝတ်ထားသည့် […]


ဆူးDecember 20, 20121min127269
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ရက်မှာ ရနှစ်တာ ချစ်သက်တမ်း ကြာအောင် အခက်အခဲတွေ အမျိုးစုံစွာဖြင့် ကျော်ဖြတ်ပြီး နောက်မှာတော့ ချစ်တဲ့ ကိုကို နဲ့ ဆူး မင်္ဂလာဆောင် အခမ်းအနား ကျင်းပပြုလုပ်ပြီး ဟန်းနီးမွမ်းကို သာသာယာယာလှတဲ့ မြန်မာနိုင်ငံရဲ့ ကမ်းခြေ တခုတည်းက ရန်ကုန်နဲ့ နီးပြီး သွားရေးလာရေး လမ်းသာတဲ့ ချောင်းသာ ကမ်းခြေ ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ တန်ဆောင်တိုင် ကျောင်းပိတ်ရက် ကာလ ဖြစ်သည့် အားလျှော်စွာ ခရီးထွက်သူများ များပြားနေသည့် အတွက် တန်ဆောင်တိုင် လပြည့် ၂၈ ရက်နေ့ အထိ ဟိုတယ် ဘိုကင်တွေ ပြည့်ကျပ်နေသည့် အတွက် ၂၉ရက်နေ့ညနှင့် ၃ဝရက်နေ့ည များကို ချောင်းသာရှိ ကမ်းခြေများထဲမှ သန့်ပြန့်မှု ပစ္စည်းများ […]


“နာရီစင်ကြီးရယ်**********မကြာမီဆိုညည်းတော့မယ်******သီချင်းကြားထဲ နှစ်သစ်ကိုရောက်မယ်**** ဒီမှာကိုယ် တစ်ယောက်တည်း******နှင်းများတဖွဲဖွဲကျနေ ဒီညလေးကိုငေးမာကြည့်နေတုန်း…….” ကျွန်တော်ဖြတ်လျှောက်သွားတဲ့ လမ်းမတစ်လျှောက်မှာ အလွမ်းနှစ်ကူးဆိုတဲ့ သီချင်းသံလေးတွေ ညံစီလို့။ အောက် စွပ်ကျယ်တစ်ထပ်နဲ့အပေါ်က ခေါင်းစွပ်(Hoody)ကို ကျွန်တော်ဝတ်ထားတယ်။ ရန်ကုန်ဆောင်းလား သိပ်မအေးဘူး။ နှင်းကျလားဆိုတော့ သိပ်မကျဘူး။ မြူတွေလောက်ပဲတွေ့ရတတ်တဲ့ ရန်ကုန်ဆောင်းရယ်။ ဒီညလား ဒီညက နှစ်သစ်ကူး (New Year) ညလေ။ ဒါကြောင့် လမ်းတိုင်းလမ်းတိုင်းလိုလို လူစည်ကားနေတာ။ နှစ်သစ်ကို ကြိုကြတော့မယ် လူငယ် လူကြီူး အစုံအလင်ပါပဲ။ ကျွန်တော်လည်း လူငယ်မို့ နယူးရီးယားညကိုကြိုဖို့ သူငယ်ချင်းအိမ်ကိုထွက်လာမိတယ်။ လက်ကနာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့မိနစ်သုံးဆယ်။ ချမ်းစိမ့်စိမ့်ရာသီကြောင့် လက်နှစ်ဖက်ကို ဘောင်းဘီအိတ် ထဲ ထည့်ပြီးလမ်းလျှောက်လာမိတယ်။ ကျွန်တော့်နှုတ်မှလည်း ထိုသီချင်းကို ညည်းနေရင်း လမ်းလျှောက်နေမိတယ်။ “လူတွေအားလုံးသိပ်ပျော်တယ်**********ဒီလိုနှစ်သစ်ရောက်ရင်ကွယ်****ပျော်စရာသီချင်းသံများနဲ့***မင်းပျော် နေတာ့မယ်****ငွေရောင်လကကောင်းကင်ထက်***ကိုကြည့်ရင်းငိုချင်တယ်***နှစ်သစ်ရောက်ရင်ပြန်ခဲ့မယ်** ခုတော့ကိုယ့်ကိုမေ့ပြီကွယ်****” တိုးတိုးလေးညည်းနေတဲ့ကြားထဲ အေးစိမ့်တဲ့လေတစ်ချက်အဝေ့ကြောင့် ကျွန်တော်မျက်ဝန်းတွေထဲမှာ […]


:ha: အင်တာနက်မီးကိုဘယ်သို့သုံးရပါ့ 😥 ဌာနခွဲမှူးကရုံးခန်းထဲသို့စိတ်တိုသောမျက်နှာထားနဲ့ဝင်လာသဖြင့် ဝန်ထမ်းအားလုံး မျက်နှာပိုးလေးတွေသေနေကြရသည်။အထူးသဖြင့် သွေးသန့်တို့လိုဝန်ထမ်းငယ် လေးတွေက ပို၍ထိတ်လန့်နေကြရတာပင်။ “ခင်ဗျားတို့ ကွန်ပျူတာအော်ပရေတာတွေသေသေချာချာနားထောင်” တစ်ခန်းလုံးကဝန်ထမ်းအားလုံးကွန်ပျူတာတာဝန်ရှိသူတွေမို့ အားလုံးမင်သက်ငေးမော သွားသည်။ “အခုရက်ပိုင်း အလုပ်လုပ်တာကိုအကြောင်းပြပြီး အင်တာနက်ကိုကိုယ်ရေးကိုယ်တာ အတွက်တော်တော်လေးသုံးနေကြတယ်မို့လား” ကုမ္ပဏီတော်တော်များများမှာလည်းအဲဒီလိုကိစ္စတွေကြောင့်လူကြီးပိုင်းတွေတော်တော် စိတ်ပျက်နေကြရတယ်။အစိုးရဌာနတွေကတော့ထားပါ တို့နဲ့မဆိုင်ဘူး ဒီတော့ ခင်ဗျား တို့ရှေ့လျှောက်ဒီလိုတွေအကျင့်ပျက်နေကြမယ်ဆိုရင် ဘယ်လောက်အလုပ်ကျွမ်းကျင် တဲ့လူဖြစ်ဖြစ် ထုတ်ပစ်ဖို့ဝမ်နင်ပေးခဲ့လိုက်မယ်” ဌာနခွဲမှူးထွက်သွားသည်အထိ အားလုံးငြိမ်သက်မပြေကြသေး အတော်ကြာမှ အသက် အကြီးဆုံးအန်တီသီတာကစ၍ “ကဲ…ကလေးတွေကြားကြတဲ့အတိုင်းပဲနော်..ကိုယ်လုပ်နေတာတွေကိုယ်အသိဆုံး ဖြစ်ကြမှာပေါ့ ဖြစ်လာပြီဆိုမှတော့ အန်တီတို့ကစိတ်မကောင်းရုံပဲတတ်နိုင်မှာ” အန်တီသီတာရဲ့စကားအဆုံးခေါင်းမဖော်နိုင်သူတို့မှာ သွေးသန့်တို့ မိန်းကလေးငယ် တစ်စုသာဖြစ်သည်။ ကိုယ့်အကြောင်းကိုယ်ဖော်ရရင်လည်း အပြစ်တင်ခံရတောင်နည်းသေးဟုဆိုကြမည်။ သွေးသန့်အကြောင်းကိုပဲသီးသန့်ပြောရရင် ရုံးတက်ချိန်ထက် တစ်နာရီနီးပါးလောက် စောပြီး သွေးသန့်ရုံးခန်းထဲရောက်တတ်သည်။ “စောလှချည်လား သွေးသန့်စင် ရဲ့” ဟု တစ်ယောက်ယောက်ကမေးလျှင် “မနေ့ကအလုပ်လေးတွေမပြတ်သေးလို ဟီး” “အလုပ်ကြိုးစားလိုက်တာနော်” […]


:eee: “ဘာကိုအပြစ်တင်ရမှာလဲ မီးပုံးကားလေးရယ်” :byae: လမ်းမတစ်ယောက်မှာကြိုးတွေတန်းပြီးမီးပုံးတွေချိတ်ကြတယ်။ရပ်ကွက်လူငယ်တွေစုပေါင်းပြီးပြုလုပ် ကြတာတဲ့။ အိမ်တွေမှာတော့ထုံးစံမပျက်ဖယောင်းတိုင်မျိုးစုံ၊မီးပုံးမျိုးစုံအလှဆင်ထားတာတော်တော်လေးမြိုင်ဆိုင်နေပါတယ်။ မေဝါကတော့ဘုရားစင်မှာဖယောင်းတိုင်၃တိုင်ပူဇော်ပြီး လက်ကျန်ဖယောင်းတိုင်လေးတွေကို ပြတင်းပေါက် ဘောင်မှာစီထွန်းထားလိုက်တယ်။ပြတင်းပေါက်ကနေလမ်းပေါ်ကြည့်မိတော့ လမ်းထဲက ကလေးတွေမီးပုံးကား တွေ၊မီးရှူးတွေ၊ဗျောက်အိုးတွေနဲ့ပျော်မြူးနေလိုက်ကြတာ။ဟော…ဟို၄နှစ်သမီးလေးက သမီးလေးနဲ့ရွယ်တူ ပုံ့ပုံ့လေးပါလား။ပုံ့ပုံ့လေးကိုမြင်မှ သမီးလေးကိုပိုလို့သတိရကာမျက်ရည်တွေကအလိုလိုဝဲလာလေပြီ။ အခုနေများသမီးလေးသာရှိခဲ့ရင် ပုံ့ပုံ့လေးတို့ကလေးတစ်သိုက်နဲ့အတူပျော်ရွှင်နေလောက်ပြီ။မေဝါလည်းအခု လိုမျိုး ပြတင်းတံခါးနားမှာငိုင်နေမှာမဟုတ်ချေ။ကစားနေတဲ့သမီးလေးကိုကြည့်လိုက်၊တစ်ခြံလုံးအနှံ့ ဖယောင်း တိုင်တွေလိုက်ထွန်းလိုက်နဲ့ပီတိတွေဖြာနေမှာသေချာတာပေါ့။မှတ်မှတ်ရရမနှစ်က တော်သလင်း လကွယ်ခါနီး လောက်ကပေါ့.. ^^^^^^^^^^^^^^^^^^^^^^^^^^^ “မေမေနဲ့လိုက်မယ်…မေမေနဲ့လိုက်မယ်” “ဟဲ့..သမီး မေမေနဲ့လိုက်လို့မရဘူးဆိုတာသိရဲ့သားနဲ့ နေ့တိုင်းဒီလိုလုပ်မနေနဲ့ကွာ…ကဲပါကြီးကြီးကသမီးက ခေါ်ပါဦး” မေဝါ့အကျင်္ ီအနားစကိုအတင်းဆွဲနေသောသမီးလက်ကိုအနည်းဖြည်လွှတ်ရင်း ရွာမှလာနေပေးသောကြီးတော် ထံသမီးကိုထိုးထည့်ရသည်။မေဝါရုံးသွားခါနီးတိုင်းဖြစ်နေကျ သမီးရဲ့အကျင့်ကဘယ်လိုမှဖျောက်လို့မရ။ သူများကလေးတွေဆိုဒီအရွယ်မူကြိုပို့ထားကြပြီး လုပ်ငန်းခွင်ဝင်လို့ရနေပြီ။သမီးကတော့ထိုသို့မဟုတ်။မူကြိုကို ပို့လို့လည်းလုံးဝမရ တစ်ပတ်လောက်ကြိုးစားပမ်းစားပို့ကြည့်သော်လည်းအချည်းအနှီး မူကြိုကဆရာမတွေရုံးကို ဖုန်းဆက်ပြီးလာလာပြန်ခေါ်ခိုင်းသဖြင့် သွားပြန်ခေါ်ရတာတစ်ပတ်လုံးပင်။ရုံးကလူကြီးကပင်အမြင်မကြည် တော့။နောက်ဆုံးတော့ ရွာကကြီးတော်ကိုအတင်းခေါ်ယူကာသမီးနဲ့အတူအိမ်မှာနေစေမှပဲနည်းနည်းအဆင်ပြေ သွားတော့သည်။သမီးရဲ့အဖေကလဲ နောက်အိမ်ထောင်နဲ့အတူလသားကလေးငယ်ပင်ရနေပြီမို့ အပူအကပ်လို တာကြောင့် မေဝါတစ်ယောက်တည်းလောကဓံကိုခါးစည်းခံနေရလေပြီ။ “ရော့ရော့ကြီးကြီးသမီးကိုတစ်ခုခုလိုက်ဝယ်ကျွေးလိုက်နော်…ကြီးကြီးတို့သွားပြီးမှ မေဝါအပြင်ထွက်မယ် သော့တစ်ချောင်းယူသွားလိုက်” ကလေးနဲ့ကြီးတော်ထွက်သွားပြီးမှ […]


ရုတ်တရက် ………. သံစဉ် တိုးတိုးလေးကြားရပြန်ပြီ …….။ နားထဲစွဲနေအောင် ရင်းနှီးနေတဲ့အသံ …..။ ပြီးတော့ ….ခြေသံတိုးတိုးလေး …. ညင်သာတဲ့လှုပ်ရှားမှုနဲ့အတူ ကျနော့်အနား ရောက်လာခဲ့ပြန်ပြီလေ …. သူ့ကို ဘယ်သူလဲလို့သိချင်သည် ..။သူလာတိုင်းလည်း ကြည် ့ဖို့ကျိုးစားသည် ….။ တစ်ခါမှ မမြင်တွေ့ရ …။ ခုတော့ ….သူ့မျက်နှာလေး ……သူ့မျက်နှာလေး မြင်ရတော့မည် …………. အိုးးး……ဘယ်လဲ …ဘယ်လဲ ….နေဦးလေ ..မသွားနဲ့ မသွားနဲ့ဦး ….. ပြောရင်းဆိုရင်း …ပင်လယ်ထဲဆင်းပြေးသွားပြီ …..ဟေး….မသွားနဲ့ …… ပင်လယ်ပြင်ရဲ ့ လှိုင်းတွေကြားမှာ သူ…..သူ…..ပါသွားပြန်ပြီလေ ……… ================================================== ကျွန်တော်နိုးလာတော့ ရေတွေငတ်လိုက်တာ…… ကျနော် အော်ဟစ်နေမိလားမသိ ။ ဒီအိမ်မက်ကို အထပ်ထပ် အခါခါမက် မိတယ်လေ …. […]


:saut: “ဒီတစ်ချီလည်း(ဇာတ်သိမ်းပိုင်း)” :byae: :chee: ဒီတစ်ချီလည်း(ပထမပိုင်း) :saut: “အားလုံးအတွက် ကျေးဇူးဦးလတ် သွားတော့မယ်ဗျို့ ” သူရနိုင်က သူ့အဝတ်တွေနဲ့ ဖွေးဖွေးသူရဲ့အဝတ်အစားများကိုလာထားပြီး ညိုလတ် အိမ်ကအခန်းလွတ်ကိုရှင်းလင်း အလှဆင်ကာ ညနေစောင်းတွင် ဖွေးဖွေးသူအားသွား ခေါ်ရန် သာကေတသို့ပြန်မည်။ မသွားခင်ကပင်ပြောခဲ့သေးသည်။ “ဖွေးအဖေကြီးက အခုညနေရထားနဲ့မန္တလေးတက်မှာဦးလတ်ရ သားအိမ်မှာ ဟန်မ ပျက်ပြန် နေပြီး ညရနာရီကိုးရီးယားလာချိန်လောက်ကျမှ ဖွေးကိုဆွဲလာခဲ့မှာ ဟီး အစီအစဉ်မိုက်တယ်နော်” “မိုက်ပါတယ်ကွာ မင်းအစီအစဉ်နဲ့မင်းတော့ဟုတ်နေတာပဲ ကဲကဲ အိမ်က စိတ်ပူနေမယ်ကျောင်းလွှတ်ချိန်အမှီပြန်ချေမင်းကိုတော့ငါတကယ်မနိုင်တော့ဘူးကွာ” “မနိုင်ရင် ၂ခါခွဲသယ် ဟီး နောက်တာ ဦးလတ်ရေ ဘိုင့်ဘိုင်” ပြောရင်းက နှုတ်ဆက်ထွက်သွားသော သူရနိုင်ရဲ့နောက်ကျောကိုကြည့်ကာ ညိုလတ် တစ်ယောက် စိတ်မကောင်းတာတော့အမှန်။ မတတ်နိုင်ပါ။ညိုလတ်ဘဝမှာ နာကျင်ရတာတွေများနေပြီမဟုတ်လား။ ဒီတစ်ခါကိစ္စပြီးလို့ကတော့ သူရနိုင်နဲ့ပါ အပြတ်ဖြတ်ပစ်ရတော့မည်/ ဖြစ်နိုင်ရင် သာကေတဘက်သို့ […]