ကော်ဖီတွေတောင်အေးကုန်ပြီ။ မနက်ကအလောတကြီးအိမ်ကထွက်လာပြီး မသောက်ဖြစ်ခဲ့တဲ့ကော်ဖီက ခုတော့ အေးစက်နေပြီ။ ဒီနေ့ ဘုရားကိုစောစောထွက်ရမယ်ဆိုတာသိရက်နဲ့ ကျွန်မမထနိုင်ခဲ့ပေ။ ခုချိန် မောင်သာရှိရင် ဆိုသည့်အတွေးက ကျွန်မဦးနှောက်ထဲကိုရောက်ရောက်လာတယ်။ ချက်ချင်းပင်အတွေးကိုဖျောက်ကာ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်မိတယ်။ အိမ်အပြင်မှာတော့ မိုးကဖျောက်စိပ်ကျကာ အေးစိမ့်စိမ့်ဖြစ်နေတယ်။ တက္ကစီပေါ်မှ ခပ်မြန်မြန်ဆင်းလာလို့ပဲ မိုးစက်တွေ စွတ်စိုစိုက လူတစ်ကိုယ်လုံးချမ်းကာနေတော့တယ်။ ရေနွေးကိုဆူအောင်တည်ထား ရင်း ခပ်စိုစိုဖြစ်နေတဲ့ ဆံပင်တွေကို သုတ်နေလိုက်တယ်။ မိုးအေးအေးဆိုရင် ကော်ဖီဆိမ့်သက်သက်တစ်ခွက်ကတော့ ကျွန်မဖျော်သောက်နေကြလေ။ ကော်ဖီမှုန့် ၊ Creamer ၊ သကြားတွေကို စိတ်ကြိုက်ထည့်ပြီး ကော်ဖီပူပူတစ်ခွက်ကို သောက်နေရင်း မောင့်ကိုပြန်ပြောင်းသတိရမိတယ်။ “ယွန်းကကော်ဖီ သိပ်ကြိုက်တယ်ပေါ့” သွားထပ်လေးပေါ်အောင် ရီရင်းမေးတဲ့မောင့်ကို ကျွန်မခေါင်းတစ်ချက်ပဲ ညိတ်ပြလိုက်တယ်။ အကြောင်းအရာတစ်ခုခုကု အစွဲအလန်ကြီးတဲ့ မောင့်ရဲ့စိတ်ကို စတွေ့ကတည်းက ကျွန်မ ရိပ်မိနေခဲ့တယ်လေ။ ကျွန်မလိုပဲ မောင်လည်းကော်ဖီသိပ်ကြိုက်တဲ့ […]