koyin sithuOctober 18, 20121min45022
ကျွန်တော် TANKER သဘောင်္တစ်စီးပေါ်တုန်းကပေါ့…………… ဒီအကြောင်းမပြောခင် Tanker သဘောင်္င်္တွေ ကုန်တင် ကုန်ချလုပ်တာလေး အရင်ပြောမှ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ တောတွေက လယ်ထဲမှာ ရေငင်တာ မြင်ဘူးကြလိမ့်မယ်ထင်ပါတယ်။ခပ်မြင့်မြင့် ထောင်ထားတဲ့ ဝါးလုံးအရှည်မှာ တစ်ဖက်က ဝိတ်ထားပြီး တဖက်က ရေငင်ဖို့ ရေပုံးကို ဆင်ထားတာတွေ့နိုင်ပါတယ်။ ရေပုံးကို တွင်းထဲနှစ်ပြီး ရေပြည့်သွားလို့ လွှတ်လိုက်ရင် တဖက်က ဝိတ်တုံးက ရေပုံးကို အပေါ်ပြန်ဆွဲတင်ပေးပါတယ်။ Tanker သဘောင်္တွေ အတွက်ကုန်တင်ကုန်ချ လုပ်မယ့် Shore က ပိုက်တွေကိုလည်း အဲဒီနည်းနဲ့ တည်ဆောက်ထားပါတယ်။ Shore ကနေချပေးလိုက်တဲ့ ပိုက်ကို သဘောင်္မှာတပ် ကုန်တင်ကုန်ချလုပ် အားလုံးပြီးလို့ ပိုက်ပြန်ဖြုတ်ပေးလိုက်ရင် Shore က ပြန်ဆွဲယူသွားပါတယ်။ အဲဒီလို လုပ်လာကြတာ မောင်မောင်ကျော် ဆိုတဲ့ သဘောင်္သား […]


black chawOctober 18, 20121min36217
၁၉၉၅ ဧပြီလထုတ် မြားနတ်မောင် မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ ဆရာဝင်းဖေရဲ့ အိုင်အိုဝါသားတွေ မသိစေနဲ့ ဝတ္ထုလေးကို ဗလအားကိုးနဲ့ ပြန်ရိုက်တင်ပေး လိုက်ပြန်ပါပြီဗျာ…။ ဒီဝတ္ထုလေးကို ဆရာဝင်းဖေက အိုင်အိုဝါတက္ကသိုလ်မှာကျင်းပတဲ့ “နိုင်ငံတကာ စာရေးဆရာများ အလုပ်စခန်းဆွေးနွေးပွဲ ကို တက်နေရင်း အလုပ်စခန်း ထုံးစံအရ စာလုံးရေ ၁၀ဝ လောက်နဲ့ ဝတ္ထုတို တစ်ပုဒ်စီရေးပြီး ဖတ်ပြကြရတဲ့ ထုံးစံကြောင့်…၊ အဲဒီလို ဖတ်ပြဖို့ ရေးလိုက်တဲ့ ဝတ္ထုလေးပါတဲ့ ဗျာ…။ မြန်မာတစ်ယောက်အနေနဲ့ အိုင်အိုဝါမှာရှိနေတုန်း အိုင်အိုဝါဘောလုံးပွဲကို ကြည့်ဖို့ကောင်းတယ်လေ…။ မှုတ်ဘူးလား…။ အထူးသဖြင့် အိုင်အိုဝါ ဟော့ခ်အိုင်း(ဝ်)နဲ့ မစ်ရှီဂန် ကစားကြမှာလေ…။ ပွဲက အိုင်အိုဝါမြေပေါ်မှာ…။ အိုင်အိုဝါစီးတီးမှာ…။ ကျုပ်လည်းအိုင်အိုဝါသားတွေနဲ့ တစ်စိတ်တည်းတဝမ်းတည်းရှိသင့်တာပေါ့…။ ဘောလုံးကွင်းကြီးက အကြီးကြီးပဲ…။ပရိသတ်က ကွင်းနဲ့ အပြည့်…။ တစ်ကွင်းလုံးလှုပ်ရှားကြွရွနေတယ်…။ အမေရိကန်ဘောလုံးကစားနည်းကို […]


ムラカミOctober 16, 20121min25415
ရန်ကုန်မြို့ ၊ အင်းယားကန်ဇောင်း တွင်ဖြစ်သည်။ ဘူးသီးကြော်ရောင်းသော အကြော်သည်ဦးလေးကြီးသည် သူ၏ ဆိုင်ကို တပည့်၂ယောက်နှင့် လွှဲထားခဲ့ပြီး မလှမ်းမကမ်းသို့ ထွက်လာခဲ့သည် ။ ထို့နောက် ဘေးဘီကို ကြည့်ကာ ခါးကြားမှ ဟန်းဖုန်းကိုထုတ်၍ ပြော ကိုဘလက် ..ဘယ်ကို လာခဲ့ရမလဲ …။ ဟုတ်ပါသည် သိုးမည်းဂိုဏ်းချုပ် လူသူတော် ဦးကြီးမိုက် ပင် ဖြစ်သည်။ ဆက်သွယ်ရေး တာဝန်ခံ ဂိုဏ်းထောက်ချုပ် ကိုဘလက်ဆီမှ အချိန်း အချက် ဖုန်းဝင်လာခြင်းဖြစ်၏။ သူတို့ ဂိုဏ်းသည် ရှေးယခင် စိန့်တိုင်းမှ ဝူတန်း ရသေ့ဂိုဏ်း မှ ဆင်းသက်လာကြောင်း ပြောစမှတ်ရှိပေသည်။ ဘာသာ ရေမြေ ယဉ်ကျေးမှု ကွာခြားသောကြောင့် ရသေ့မဝတ်ကြသော်လည်း လူသူတော် များ အဖြစ် နေထိုင်ကာ အရက်သေစာ […]


ဝရုန်းသုန်းကားမဆန်တဲ့ လေပြေအချို့ ကျွန်တော့ခန္ဓာကိုယ်အား ဖြတ်သန်းကာ တိုက်ခတ်သွားကြသည်။ ညိုမှောင်ရီတဲ့ ရာသီဥတုက အရှိန်ယူကာသည်းကာမည်းကာ ရွာတော့မယောင် အင်းလျားကန်ဘောင်ပေါ်တွင်ရပ်ကာ ကန်ရေပြင်ဘက် မျက်နှာမူလျှက် ကျွန်တော်မလှုပ်မယှက်။ လက်ထဲတင်းတင်းစေ့ကာ ဆုပ်ကိုင်ထားတဲ့ ကြယ်သီးလေးတစ်လုံးကို ဖြန့်ကာ ကြည့်လိုက်မိ၏။ ကျွန်တော့်မျက်ဝန်းမှ မျက်ရည်စများက တိုင်ပင်မကိုက်ပဲ လက်ထဲသို့ကျရောက်သွားသည်။ လေပြင်း တစ်ချက်တစ်ချက် ထပ်ကာထပ်ကာတိုက်ခတ်လာ၏။ လေနှင့်အတူ မိုးစက်မိုးပေါက်တစ်ဖျောက်ဖျောက်ဖြင့် ကန်ရေပြင်နှင့် ကန်ဘောင်တစ်လျှောက် ကတ္တရာလမ်းမအပေါ် သည်းကာမည်းကာကျရောက်လာသည်။ မိုးစက်များ ရိုက်ခတ်မှုနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ရွှဲစိုကာနေပေမယ့်လည်း ပြန်မလှည့်တော့သည့် ခြေထောက်များကို ကျွန်တော်ပြန်လည် ကျိန်ဆဲ မိလိုက်၏။ *********************************************** “ရော့……..” “ဘာတုန်းဟ….” “ကြည့်လေ…ဘာလဲလို့…” “ကြယ်သီးလေ… အဲဒါငါဘာလုပ်ရမှာတုန်း မွန်မွန်…” ကျွန်တော်မေးလိုက်သောစကာတစ်ခွန်းကို မျက်စောင်းတစ်ချက်ထိုးကာ “နင့်ကို..ပေးတာဟဲ့…။ ဒီမှာ ငါ့အကျီ င်္ရဲ့ ဒုတိယကြယ်သီးတစ်လုံးပြုတ်သွားတာ အဲဒါနင်သိမ်းထားလိုက်တော့..” […]


အခန်း(၁) ‘အမေ….အမေ သားကို ဒီမှာ မထားခဲ့ပါနဲ့ အမရယ်…အီး..ဟီး သား…အမေတိုနဲ့ မခွဲနိုင်ဘူး…အီး..ဟင့်’ ကျော်ကျော်ရဲ့ ငိုသံနှောစကားကြောင့် သူ့အမေတစ်ယောက် မျက်ဝန်းမှာ မျက်ရည်စို့ချင်လာတယ်။ ဒါပေမဲ့ သူ့သားရဲ့ ရှေ့မှာတော့ မျက်ရည်မကျအောင်ထိန်းရင်း သူ့သားကို နှစ်သိမ့်လိုက်တယ်။ ‘သား… မင်းကို အမေ ဘာပြောထားလဲ… ယောက်ျားဆိုတာ မငိုရဘူးဆိုတာလေ၊ သားမေ့သွားပြီလား’ သူမရဲ့ စကားကို ကျော်ကျော် နားထောင်တယ် ထင်ပါရဲ့။ ကျော်ကျော်တစ်ယောက် ချက်ချင်း အငိုတိတ်သွားတယ်။ ဒါပေမဲ့ ရှိုက်သံကတော့ မစဲသေးပါဘူး။ ကျော်ကျော်က သူ့အမေကို ကြည့်ရင်း… ‘အမေ… ကျွန်တော်က အမေတို့မိသားစုနဲ့ တစ်သက်လုံးခွဲနေရမှာလေ၊ ကျွန်တော် ဘယ်လိုလုပ် ခံစားနိုင်မှာလဲ’ ‘သာ်းကောင်းစားဖို့အတွက်ပါ…သားရယ် အဖေနဲ့ အမေကို နားလည်ရမယ်နော်၊ ပြီးတော့ ဒီဦးလေးနဲ့ အန်တီတို့ကလည်း သားကို […]


  ၁။   “ရှင့်ခြေဖဝါးအောက်မှာ ဘာရှိလဲ” “ဗျာ .. ” “မဗျာနဲ့ .. ရှင့် ခြေဖဝါးအောက်မှာ ဘာရှိလဲ မေးနေတာ” “ဟင် …. မြေကြီး .. မြေကြီးရှိတာပေါ့” “မှားတယ် .. ရှင့်ခြေဖဝါးအောက်မှာ ဖိနပ်ရှိတယ် … ရှင်တို့ ယောက်ျားတွေက အဲလိုပဲ .. ကိုယ်နဲ့ အနီးဆုံးတွေကို ဘယ်တော့မဆို ဂရုမစိုက်တတ်ကြဘူး ..” “ဟင် .. ဘာဆိုင်လို့လဲ” “ဆိုင်တာပေါ့ .. ခုပဲ ကြည့်လေ .. ခြေဖဝါးအောက်က ဖိနပ်ကို ကျော်ပြီး ရှင်ကိုယ်တိုင် မြေကြီးလို့ ဖြေခဲ့တယ်မဟုတ်လား ..” ကျွန်တော်ဖိနပ်ချွတ်၍ ပြန်လာဖြစ်ခဲ့သည်။ ပြန်လာခဲ့ခြင်းမှာ သူမကို နိုင်အောင် မပြောနိုင်၍ ဖြစ်ကာ […]


မဝယ်ဘူး…… မယ်ခူးတဲ ့…ဖက်စို…. မီးမကူ..နေပူမလှမ်းရက်လို ့… ထားရသည် ့…အိပ်ရာအောက်မှာ…. မင်းသောက်ဘို ့ကို……. လက်ဆောင်…ဆိုတဲ ့ကဗျာလေးပါ…..ကျွန်တော်နဲ ့သက်တူ..ရွယ်တူတွေဆိုသိကြမှာပါလေ….. ချစ်သူအတွက်..လုံးဝအကုန်အကျ…မခံပါပဲ…ဆေးလိပ်သောက်တတ်တဲ ့ချစ်သူအတွက်…. ကိုယ်ငွေ ့လေးနဲ ့ပဲ…အဖြောက်ခံစေပါတယ်……အိပ်ယာအောက်မှာ…ထားပြီဆိုကတည်းက… ချစ်သူကိုဘယ်လောက်တောင်..ချစ်တဲ ့စိတ်ရှိတာကိုထင်ဟပ်စေပြန်ပါတယ်…… ဒီကဗျာလေးကို…ငယ်ငယ်ကသင်ခဲ ့ရသော(စကားပြေ)ပြန်ပြီးသတိတယရှိခဲ ့တာအမှန်ပါ….. ချစ်သူအပေါ်ထားတဲ ့စိတ်ကိုလေးစားမိပြန်ပါတယ်……စိတ်ကစားတတ်တဲ ့အရွယ်မှာတုန်းက….တော ့ ကျွန်တော် ့မှာလည်း…ဒီလိုချစ်သူလေးရှိရင်ကောင်းမှာပဲလို ့……တွေးမိပါသေးတယ်။ အခုတော ့တည်ငြိမ်တဲ ့နှလုံးသားတစ်ခုကို…ပိုင်ဆိုင်တဲ ့အရွယ်ရောက်ပြန်တော ့…. ပြန်ခံစားလိုက်မိပြန်တယ်လေ….အဲဒီလို…ချစ်သူလေးတစ်ယောက်..မလိုချင်တော ့ပါဘူး…. ဘာလို ့လည်းဆိုတော ့…ဒီမိန်းခလေးရဲ ့အိပ်ယာအောက်မှာထားတယ်…ဆိုထဲက..သန် ့မှသန် ့ပါမလား…. လို ့တွေးမိပြန်ရောလေ…. ပြီးတော ့ဒီမိန်းခလေးက…အိပ်ယာထဲ..ရှူးရှူးပေါက်တတ်တဲ ့…အကျင် ့ကမပြောက်သေးရင်ရော….. အဲဒိဖက်ကြီးနဲ ့…ချစ်သူသောက်ဘို ့…ဆေးလိပ်…လိပ်ပေးရင်ရော…. ခင်ဗျားတို ့….ကျွန်တော်တို ့ဆိုရင်ရော…… ထွေရာလေးပါး…အတွေးလေးဝင်တာပါ….ဟိုတုန်းက….ချစ်သူအပေါ်ထားခဲ […]


“ဆရာရယ် အဲသည်မိန်းမကို သမီးမပြောချင်ပါဘူး” ဆိုနင့်နင့်ထွက်ပေါ်လာတဲ့အသံနဲ့ ခေါင်းကိုခါရမ်းကာ မျက်ဝန်းကခပ်လဲ့လဲ့။ သူမစကားပြောနေတဲ့ ပုံစံက ကျွန်တော့်ရင်ဘတ်ကို စူးနင့်သွားစေသည်။ “သူသမီးတို့ကို ထပ်မတွေ့တော့ဘူးဆရာ အားလုံးနဲ့လည်း အဆက်အသွယ်ဖြတ်လိုက်တယ်။ သူမို့လို့ လုပ်ရက်တယ်ဆရာရယ်……..” သူမရဲ့စကားအဆုံးက တိမ်ဝင်သွားကာ နံရံကိုတစ်ချက်မှီလိုက်၏။ “ဖြစ်ပြီးမှတော့ဟာ ငါတို့တွေ နောက်ထပ်ဒီလိုမျိုးမဖြစ်အောင် နီးရာလက်ဆင့်ကမ်းဖို့ပဲရှိတာပေါ့”   ကျွန်တော်သူမပုခုံးကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဆုံးရှုံးမှုမျိုး ကျွန်တော်နှင့်အတူ သူမပါခံစားနေရမည်ဟု ကျွန်တော်အသေအချာပြောရဲသည်။ သင်တန်းအဆင်း ကျွန်တော့် ကို နှုတ်ဆက်ကာ ခပ်ယဲ့ယဲ့ခြေလှမ်းများဖြင့် ထွက်ခွာသွားသော သူမ၏နောက်ကျော်ပြင်ကိုကြည့်ကာ ကျွန်တော် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိ၏။ အကျည်းတန်လှချိန်မှာ တိမ်ခပ်ပုပ်ပုပ်တွေနဲ့ ရွှေအိုရောင် တိမ်တိုက်တွေရောနှောကာ အစွမ်းကုန်လှပနေသည်။ ကျွန်တော်မနှစ်သက်ပါ ခပ်ပုပ်ပုပ်တိမ်ရောင်တွေနဲ့ ရောနှောထားတဲ့ ရွှေအိုရောင်တိမ်ရောင်တွေက အကျည်းတန်တောင် လှပသွားသည်ကို ကျွန်တော်မနှစ်သက် ပါ။ […]


“မိုးနှင်း ကျူရှင်ပြီးတာနဲ့ ချက်ချင်းပြန်လာနော်….. ” “ဟုတ်ကဲ့အစ်မ စိတ်ချပါ…..” ရုံးမထွက်လာချင်းပင် မိုးနှင်းတစ်ယောက် နာရီကြည့်မိလိုက်သည်….။ ရုံးမှ ကျူရှင်သို့ နာရီဝက်နှင့် အရောက်စီးရမည်… ဘတ်စ်ကားက မလာသေး….။ “ဝူး…… “ မျှော်နေရင်းနှင့်ပင် ရောက်လာသော ဘတ်(စ်)ကားကို လူချောင်တာ မချောင်တာသေချာမကြည့်အား ကမန်းကတန်းပင်… ကားပေါ်သို့ ပြေးတက်လိုက်ရသည်….။ ကားပေါ်အရောက်.. လူများအကြားတွင်… နာရီကြည့်မိသည်…. (၁)နာရီ (၁၀)မိနစ်…. ကျူရှင်ချိန်က (၁)နာရီ (၃၀)….. နောက်ကျပြီဟု တွေးနေမိသည်….။ “ကဲ….. စာတိုက်မှတ်တိုင်ရောက်ပြီ…….” ယာဉ်အကူ၏အသံကြောင့်….. အမြန်ကားပေါ်မှ ပြေးဆင်းလိုက်သည်…. မဆင်းရင်လည်း တွန်းချခံရရင်ခံရ မခံရလျှင်…. ဟောက်ခံရသည်မှာအသေအချာပင်..။ ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်းပင်…. တစ်ဘက်ကားလမ်းမှ ကျူရှင်ဘက်သို့လှမ်းကြည့်လိုက်သည်….။ မိုးနှင်းကို စောင့်နေကြသောသူငယ်ချင်းများကို လှမ်းမြင်လိုက်ရသည်…။ “စာမသင်သေဘူးလား……”… “မဟုတ်ဘူးဟေ့ နင့်ကိုစောင့်နေတာ မိုးနှင်းရဲ့… […]


linnlinnnOctober 6, 20121min31613
ဟိုးရှေးရှေးတုန်းက တံငါရွာလေးတစ်ရွာမှာ အဘိုးအိုတစ်ယောက်နေထိုင်တယ ်၊ အဘိုးအိုဟာ  သူ့ရဲ့ ဘဝတစ်လျှောက်လုံး ငါးဖမ်းခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့ ပါတယ်။ သူဟာ သူ့ရဲ့ဘဝကို ဒီလို သက်တောင့်သက်သာလေးပဲ ကျော်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ တစ်ခုသော ငါးဖမ်းနိုင်တဲ့ ရာသီမှာတော့ အဘိုးအို ဟာ ရာသီကုန်ခါနီးသည်အထိ ငါးတစ်ကောင်မှ မဖမ်းနိုင်ခဲ့ပါဘူးတဲ့.. ကျန်တဲ့ တံငါသည်တွေကလည်း  အဘိုးအိုဟာ.. လဘ်တိတ်နေတယ်.. သူနဲ့အတူငါးဖမ်းမထွက်ကြနဲ့ ဆိုပြီး.. သူနဲ့ဘယ်သူမှ ငါးအတူ ဖမ်းမထွက်ကြဘူးတဲ့။ အဲဒါနဲ့အဘိုးအိုဟာ တစ်ယောက်တည်းပဲ လှေတစ်စင်းနဲ့ငါးဖမ်းထွက်ခ ဲ့ပါတယ်။ သူဟာ ရွာနဲ့အတော်လှမ်းတဲ့နေရာမှ ာ ငါးမျှားချိတ်လေးချပြီး..မျှော်လင့်ချက်မဲ့စွာနဲ့ ငါးဖမ်းနေခဲ့တယ်။ အဲဒီမှာ ရေအောက်ကတစ်စုံတစ်ရာဟာ  သူ့ရဲ့လှေကိုစွေ့ခနဲ ဆွဲလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့ပါးစပ်ထဲက ဆေးလိပ်တိုလေးဟာ လှေဝမ်းထဲကိုပြုတ်ကျသွားခဲ ့တယ်။ သူထိတ်လန့်သွားတယ် “ဟာ.. ဘာပါလိမ့်”.. ဆိုပြီး သူကြည့်လိုက်တဲ့အခါ […]


ကြီးဒေါ် ဒေါ်မြင့်မြင့်ကြည် သီချင်းလေး တစွန်းတစ ရွတ်နေမိပါသည်။ နွေဦး မဟုတ်ပေမဲ့ လေကတော့ တဖြူးဖြူးနဲ့ကိုး …. သီချင်းတော့ အပြည့်မရတော့ပါဘူး ဟိုတစ်ချိန်က တစွန်းတစ ကြားဖူးတာလေးပါ ဘာတဲ့ … ချီလေတဲ့ ချီလေ.. ထိုစဉ်မှ ဟိုတောင်တန်း ကျော်လွှားလို့သာ .. အာ..အာ မြတ်ပန်းရဂုံ ဒန့် တန့် ဒယ်…. သိတော့ဘူးဗျာ။ ဒီလိုဗျ …… နေရာကား မွန်ပြည်နယ် ကျိုက်ထိုမြို့ အရှေ့ဘက် ကမာ္ဘ့တန်းဝင် ဘုရားရင်ပြင်ပါ မကျန် လေလံဆွဲခြင်း ခံထားရသော ကျိုက်ထီးရိုး ဆံတော်ရှင် ဘုရားကြီးအား လွန်မြောက်သော သကာလ အရှေ့ဘက် ယွန်းယွန်းရှိ ဒေါနတောင်တန်းကြီးနှင့် အပြိုင်စီးဆင်းနေသော မြစ်အတွင်းဝယ် အကျနုတ်သည်ကား ဒေသခံလူများဟု ထင်ရသော စောယူစွတ်၊ စောအာမက်၊ […]


black chawOctober 1, 20121min46933
ပြီးခဲ့တဲ့ ရက်ပိုင်းလေးထဲမှာ အမေရိကားရောက်နေကြတဲ့ ဦးဝင်းဖေ နဲ့ သူ့သမီး အဆိုတော် မီမီဝင်းဖေ တို့ ပြည်တော်ပြန်လာကြတဲ့ သတင်းကို ဂျာနယ်ထဲပါလာလို့ ဖတ်လိုက်ရပါတယ်…။ ဦးဝင်းဖေကို ရုပ်ရှင်ဒါရိုက်တာ အဖြစ် လူသိများပါတယ်…။ 1981 ခုနှစ်မှာ နှင်းဆီနီအိပ်မက် ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်…။ အခု မြန်မာ့ ရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာ တစ်ယောက်ဖြစ်နေတဲ့ ဒါရိုက်တာမီးပွား ဟာ ဦးဝင်းဖေရဲ့ တပည့်တစ်ယောက်ပါတဲ့…။ ကိုမီးပွား ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါဗျာ…။ ဆရာရိုက်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ အကယ်ဒမီ ရခဲ့သူတွေလည်း မနည်းလှပါဘူး…။ ဆရာ က ပန်းချီလည်းဆွဲတယ်…။ ဆရာ့ပန်းချီတွေအကြောင်းတော့ ကျွန်တော် သိတ်မသိလှလို့ မပြောတော့ပါဘူးဗျာ…။ ဆရာက စာလည်းရေးပါတယ်…။ အခု အဲဒီ ဆရာရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေအကြောင်း […]


သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားပြီးမှ လှမ်းကြည့်ပြုံးပြရင်း အနားရောက်လာသည်။ “ပျင်းနေပြီလား သား..၊ လက်ဖက်ပဲခြမ်းလေးတွေကောင်းတယ်..စား၊ အချိုရည်လည်း ကုန်အောင် သောက် သွားနော်။” “ဟုတ်ကဲ့..ဒေါ်လေး”  ဘယ်သူမှမရှိဘူးအထင်နှင့် အသံကျယ်ကြီးနဲ့ လေတက်တာ လူမိသွားသမို့ မချိ သွားဖြဲပုံစံဖြင့် […]