“တောက်ကွာ” ထွန်းကျော်၏ တောက်ခေါက်သံကြောင့် မင်းနိုင်တစ်ယောက်လန့်ဖြန့်သွားသည်။ “ဘာဖြစ်တာလဲထွန်းကျော်ရ” “ဘာဖြစ်ရမှာလဲကွ နှင်းပေါ့ နှင်း ကောင်လေးတစ်ယောက်နဲ့ထွက်သွားတယ် ဆိုင်ကယ်ပေါ်မှာ ကားလည်းဖက်ထားလိုက်သေးတယ်” “လူမှားတာနေမှာပါကွာ” “မမှားဘူး လုံးဝမမှားဘူး ငါကမနက်ဆိုကျောင်းသွားဖို့ဝင်ခေါ်နေကျလေကွာ ဒီမနက် သူတို့အဆောင်ကနေအဲ့ကောင်နဲ့ထွက်လာတာ ငါ့မျက်လုံးနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ သူကလည်းပြုံးလို့ပျော်လို့” “သူ့မောင်လေးရောမဖြစ်နိုင်ဘူးလား” “မဖြစ်နိုင်ဘူး သူငါ့ကိုသက်သက်အပျော်ကြံတာ၊ အဲဒါငါ့ကို ချိုးလိုက်တာကွ ငါသူ့ကိုအရမ်းမုန်းတယ်ဟာ ဟောဟိုမှတွေ့လား သူတို့သူငယ်ချင်းတစ်သိုက်နဲ့ ရယ်ရယ်မောမော စကားပြောနေကြတာ” ကိုယ်တိုင်တွေ့လိုက်ရပြီမို့ မင်းနိုင်လည်း မဖြေရှင်းပေးတတ် ပြီးတော့ သူကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်သွားသည်။ ကောင်လေးကခပ်ချောချောလေးပင် နှင်းနှင့်ပင်ခပ်ဆင်ဆင် ။ နှစ်ဦးသားကလည်းလိုက်ဖက်သည်။ ချစ်ချင်လည်းချစ်ချင်စရာ ကောင်လေးကချောသည်။ ယောကျာ်းချင်းမနာလိုစရာ ကောင်မလေးများကြွေချင်စရာ ဘော်ဒီလည်း ပိုင်ဆိုင်ထားသည်။ သို့ပေမယ့်သူငယ်ချင်းကိုအားပေးရပြန်ဦးမည်။ “ထွန်းကျော်မင်း နှင်းကို သေချာဆွေးနွေးသင့်တယ်လို့ငါထင်တယ်ကွာ” “ဆွေးနွေးစရာ ဟုတ်လား မင်းနိုင် ဒီလောက်လက်ပူးလက်ကြပ်မိနေတဲ့ကိစ္စ ငါ […]