koyin sithuDecember 20, 20111min30814
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်းမရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်တို့ ငယ်စဉ်က တစ်ရပ်တည်းနေခဲ့ဖူးသော ကိုပီတာဆိုသော လူကြီးတစ်ဦး ရောက်လာလေ၏။ ထိုလူကြီးသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း ထိုလူကြီးက .. “ ဟေ့… အောင်ထွန်း၊ဂွတ်ဒ်မော နင်း၊ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လိုက်လေ၏။ “ကိုပီကြီးကတော့ လုပ်ပြီး ဂွတ်ဒ်မောနင်းဆိုလည်း ဂွတ်ဒ်မော နင်းပေါ့မောနင်းပေါံ၊ ဂွတ်ဒ်နိုက်ဆိုလည်း ဂွတ်နိုက်ပေါ့ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက.. “ မနေ့ညက တည်းက ကိုယ့်လူဆီလာဖို့ စိတ်ရောက်နေတာ၊ အဲဒါကြောင့် ဂွတ်ဒ်နိုက်လို့ပြောတာ၊ ရောက်လာတာက ခုမှ ရောက်လာတာ၊ အဲဒါကြောင့် ဂွတ်ဒ်မောနင်းလို့ နှုတ်ဆက်တာ၊ နားရှင်းအောင် နားထောင်စမ်းပါ ကိုယ့်လူရာ” ဟု ကျွန်ုပ်အား အပြစ်တင်သောလေသံဖြင့် ပြောလိုုက်လေ၏။ ထို့ကြောင့် […]


black chawDecember 20, 20111min43319
ဆရာကြီး မောင်သာရ က ကျွန်တော်တို့ ရွာ အတွက် ပို့စ် သုံးပုဒ် ချီးမြှင့်ပေးခဲ့ပါသည်။ ထို့အတွက် ကျွန်ုပ်ဘလက်ချော မှ ကျေးဇူးတင်ကြောင်း ဂဇက်တံခါးစောင့် ပို့စ်တစ်ခုတွင် ခေါင်းစဉ်တတ်ပြီး ဂုဏ်ပြုခဲ့ဘူးပါသည်။ ဆရာကြီးမောင်သာရ အတွက် ဂဇက်က တံခါးအမြဲ ဖွင့်ထားပါသည် (https://myanmargazette.net/80346/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion) ဆိုသည့် ပို့စ်လေးတင်ဖြစ်ပါသည်။ ပို့စ်ထဲတွင်လည်း ဆရာကြီးကို ကျေးဇူးတင်ကြောင်း ဒီလိုရေးခဲ့ဘူးပါသည်။ ဘလက်တစ်ယောက် မြောက်ကြွမြောက်ကြွ ဖြစ်နေမိပါသည်။ မန်းဂဇက်မှာ စာရေးနေတာကွ၊ ဆရာကြီးမောင်သာရတောင် ဝင်ရေးပေးနေတဲ့ ဂဇက်ကွ၊ အဲဒီလိုကြီးကို ဂုဏ်ယူမိနေတာ ဖြစ်ပါသည်။ ဆရာကြီးက ပို့စ် သုံးပုဒ် ချီးမြှင့်ခဲ့ပါသည်။ ၁။ ဘယ်သူ့ဘက်က ခြေသာသလဲ (12, Nov) ၂။ အောင်ဆန်းစုကြည် ဘာလဲ ဘယ်လဲ (16, Nov) […]


alinsettDecember 19, 20111min50334
စာအုပ်ကောင်း တစ်အုပ်မို ့ညွွှှန်းတာပါ။ (အလင်းဆက်၏ယုံကြည်ချက်) ဘာသာပြန် စာပေသည် မြန်မာ့ စာပေလောက နှင့် ကမ္ဘာ့ စာပေလောကတို ့ကို ဆက်သွယ်ပေးသော တံတားတစ်စင်း..ဟု ကျွန်တော် ယုံကြည်ပါသည်။ ————————————————————————————————– မူရင် း…. ကန် စာရေးဆရာမ CHIRSTINA SCHWARZ မူရင်း စာအုပ်အမည် … .. DROWNING RUTH ( CHRISTINA SCHWARZ ၏ ပွဲဦးထွက် လက်ရာ…. ရသ ဝတ္ထုကောင်းတစ်အုပ်ဖြစ်သည်။ ထို့အပြင်…သက္ကရာဇ် 2000 ၏ အရောင်းရဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့ပါသည်။ —————————————————————————————————– မြန်ာပြန် မှတ်တမ်း… မြန်မာဘာသာပြန်သူ…. ဝင့်ပြုံးမြင့် မြန်မာပြန်စာအုပ်အမည် … ဆောင်းညရှိုက်သံ စာမျက်နှာ 341 မျက်နှာ စာအုပ်အရွယ်အစား […]


“သစ်ပင် နံရံ ခုန်တန်းလျားမှားမှ ရင်ဖွင့်သံများ (တစ်)”   လူ့သမိုင်းကိုပြန်တွေးကြည့်တော့ လူတစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်အောင် ဆက်သွယ်ဘို့အတွက် ပထမဦးဆုံးပေါ်ပေါက်လာတာကတော့ “အမူအရာ”၊ သူ့နောက်မှာ ထပ်တိုးလာတာကတော့ အသံထွက်ပြောရတဲ့စကားသံ။ စကားသံမှာတောင် နေုထိုင်ရာဒေသကွဲပြားကြတော့ မတူတဲ့ဘာသာစကားရှိလာပြန်ရော။ ဒီအသံထွက်ပြောတယ်ဆိုတာ နီးရင်အဆင်ပြေပေမယ့် ဝေးတော့လဲအဆင်မပြေပြန်ပါဘူး။ အဲတော့ အဝေးကို ပို့နိုင်ဘို့စဉ်းစားတော့ အက္ခရာစာလုံးလေးတွေဖြစ်လာပြန်ပါတယ်။ ဒါကနေ စာလုံးလေးတွေတစ်ခုနဲ့တစ်ခုစုပြီးရေးတော့စာပေဆိုတာဖြစ်လာပြန်ရော။ စာပေတွေလဲပေါ်လာရော ကျနော်တို့လူသားတွေ ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါတော့တယ်၊ ခံစားချက်တွေ က နှစ်ကြာတော့ နောင်လာနောက်သားများအတွက်မှတ်တမ်းဖြစ်လာပါတယ်။ ရှေးကတော့ ဂူနံရံပေါ်မှာ။ နောက်တော့ ကျောက်စာ ပေစာ။ ထပ်တိုးတက်လာတော့ စက္ကူ။ နောက်တော့ ကိုယ်ခဏရောက်ခဲ့တဲ့နေရာလေးမှာအမှတ်တရ။ ကျနော်လဲနေရာအနှံ့ရောက်တော့ ဒီလိုအမှတ်တရချန်ထားတဲ့စာလေးတွေကို သတိထားမိပါတယ်၊ အဲတော့ ထုံးစံအတိုင်းလက်ဆော့မိတာပေါ့။ ကျနော်မြင်ခဲ့သမျှထဲက လက်ဆော့မိတာလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ ရွာသူရွာသားများရော ဒီမှတ်တမ်းထဲမှာ ကို်ယ်များပါနေမလားလို့ […]


မောင် ပေDecember 18, 20111min32913
အေးသည် ။ ခိုက်ခိုက်တုန်နေအောင် ချမ်းမိသည် ။ ဦးခေါင်းထက်တွင် ပြင်ဦးလွင်ထုတ် ပြည်တွင်းဖြစ် ခေါင်းစွပ်ကလေး လည်း အပြည့်အဝ မနွေးထွေးတော့ပြီ ။ ယိုးဒယားမှာ ဝင်တဲ့ အအေးလှိုင်းကား မြန်မာနိုင်ငံ ကို အဖျားခတ်နေပြီတဲ့ ။ အဖျားဘဲခတ်လို ့တော်သေးပါရဲ ့လို ့၊ အအေးလှိုင်းသာ တစ်ကယ် ဝင်ခဲ့ရင် ၊ ဘယ်ဆီသွားနေရမလဲ မသိလို ့။ ဘယ်ဆီသွားနေရမလဲ မသိဆိုလို ့၊ ဒီလိုမျိုး အေးတဲ့ အချိန်ဆိုရင် ခိုလှုံစရာ ရင်ခွင်တစ်ခု ကို အရမ်းတမ်းတ မိသည် ။ ဆောင်းည ကို တစ်ကိုယ်ထဲ လျှောက်လှမ်းလာရင်း ၊ ဂစ်တာတွေတီးပြီး သီချင်းလိုက်ဆိုနေတဲ့ ၊ ခရစ်ယန်လူငယ်များ ကို တွေ ့တော့မှ […]


Moe ZDecember 18, 20111min57925
၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ ဒါအကုန်ပဲ။ နေ့တိုင်းသူမဈေးဖိုးကို နည်းနိုင်သမျှနည်းအောင်သုံးခဲ့သည်။ ဈေးအပေါဆုံး အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် မရ ရအောင်ရှာဝယ်ခဲ့ပြီး ငွေကိုတတ်နိုင်သလောက်စုခဲ့ရတာ။ ငွေတွေကို နောက်တစ်ခေါက်ပြန်ရေကြည့်တယ်။ သူမ မမှားပါ၊ ၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ သူမမှာရှိသမျှ အကုန်ပါပဲ။ မနက်ဖြန်ဆိုရင် ခရစ်စမတ်ရောက်ပြီ။ ဒီငွေလေးနဲ့ သူမဘာမှလုပ်လို့မရတော့။ သူမတတ်နိုင်တာဆိုလို့ ငိုကြွေးဖို့ပဲ ရှိတော့တယ်။ ဆင်းရဲစုတ်ပြတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ သူမတစ်ယောက်ထဲ ထိုင်ငိုနေလိုက်သည်။ သူမနာမည် ဒဲလာပါ။ ဒီအခန်းကျဉ်းလေးထဲမှာ သူမရဲ့ခင်ပွန်းဖြစ်သူ ဂျင်မ်နဲ့ အတူနေပါတယ်။ ကံကောင်းထောက်မလို့ ဂျင်မ်က အလုပ်တစ်ခုရပေမယ့် သူ့လခရဲ့ တော်တော်များများကို ဒီအခန်းလေးရဲ့လခအဖြစ်အသုံးပြုရသည်။ သူမအလုပ်ရဖို့ ကြိုးစားကြည့်ပေမယ့် ခေတ်ကာလကြောင့် အမျိုးသမီးတစ်ယောက်အလုပ်ရဖို့မလွယ်ကူပါ။ ခက်ခဲကြမ်းတမ်း တဲ့ဘဝမှာ သူမအတွက် စိတ်အချမ်းသာဆုံးအချိန်က […]


nigimi77December 18, 20111min44319
ရိုင်းသွားသလား မိတ်ဆွေ ။ ဟိုတုန်းက စကားနဲ ့ပြောရရင် ” ဆန္ဒ တွေ မစောကြပါနဲ ့”….. သူ ့နာမည်က မစ္စတာ လီး တဲ့ ။ ……………………………… ကျုပ်တို ့ OGT (Oil & Gas Terminal) Project မှာ သူက အကြီးဆုံးပဲ ။ ရာထူးကို ပြောတာပါ ။ သိတဲ့အတိုင်းပဲ ရခိုင်ပြည် ကမ်းလွန်ကနေ ထွက်တဲ့ သဘာဝဓါတ်ငွေ ့တွေကို တရုပ်ပြည် ယူနန် အထိ ပိုက်လိုင်း ဆက်သွယ် တဲ့ လုပ်ငန်းကို ဒယ်ဝူး (Daewoo) က တာဝန်ယူထားတယ် ။ နည်းပညာပိုင်းနဲ ့ တည်ဆောက်ရေး အပိုင်းကတော့ […]


ကြောင်လတ်December 17, 20111min21410
ဂေါင်း(ဦးခေါင်း) ခြင်းဆက်အမွှာအားခွဲစိတ်ကုသလိုခြင်း ဦးခေါင်းခြင်းဆက် အမွှာ ထဲမှ တစ်ဦးရဲ့ပြောကြားချက်ကို ရွာသူားများသိစေရန်နှင့် အကြံပေးနိုင်ရန် ဖော်ပြလိုက်ပါတယ်။     ကျနော်တို့ က ဦးခေါင်းဆက် အမွှာညီနောင်ပါ၊ ကျနော်က အကြီးပါ။ ကျနော်တို့မှာ အကိုနှစ်ဦးနဲ့ ညီမတစ်ဦးရှိသေးတော့ စုစုပေါင်းမောင်နှမ ငါးဦးပေါ့။ ကျနော်တို့အမွှာနှစ်ဦးမှာ ဦးနှောက် ကတော့တစ်ခုတည်းဖြစ်နေပြီး အဲဒါကို တခြမ်းစီ  ခွဲသုံးနေရတာ အရမ်းအခက်အခဲရှိပါတယ်။မလွယ်ပါဘူး။ ဒါကြောင့်  ခွဲစိတ်ကုသမှုခံ ချင်နေတာပါ။ တကယ်လို့ခွဲစိတ်ကုသမယ်ဆိုရင် ဒီဦးနှောက် ကိုတခြမ်းစီပါအောင် ခွဲစိတ်မှ နှစ်ဦးစလုံးအတွက်အဆင်ပြေမှာပါ။  အဲလိုခွဲစိပ်လို့ ရနိုင်ပါ့မလား။ နှစ်ဦးစ လုံးသေများသွားနိုင်သလား၊ ရှင် ရင်ကော ဦးနှောက်တခြမ်းစီဆိုတော့ ကျပ်မပြည့်ပဲ ရူးများ ရူးသွားမလား။ ဘာဖြစ်လု့ိ ခွဲစိပ်ချင်ရတာလည်းဆိုတော့ ကျနော်တို့တွေက စာရေးရတာဝါသနာပါတယ်လေ။ ဒါကိုဟိုကောင်ပြောပြီးလို့ ခင်ဗျားတို့လည်းသိလောက်နေပါပြီ။ စာရေးတယ်ဆိုတာ အရမ်းခေါင်းသုံးရတာမဟုတ်လား။ […]


မောင် ပေDecember 16, 20111min58640
အမှန်တစ်ကယ် ဆိုလျှင် သူမ ကို ကျွန်တော့် အခန်းထဲ ခေါ်မလာသင့် ။ သူမ သည် စူးစူးရဲရဲကြီး ကျွန်တော့် ကို စိုက်ကြည့်နေသည် ။ ရှုပ်ပွညစ်ပေနေသော ဝတ်ပြီးသား အင်းကျီ ပုဆိုး ဘောင်းဘီ များ သောက်လက်စ ၊ သောက်ပြီးသား ဘီယာပုလင်းခွံများ နှင့် စီးကရက်တိုများ ဖုန်း ၊ ကင်မရာ ၊ ဘောပင် ၊ အေဖိုးစာရွက်များနှင့် ပြည့်နှက်နေသော ကျောပိုးအိတ်တစ်လုံး ရေးလက်စ နှင့် ရေးပြီးသား ကဗျာတိုများ ၊ စာတိုများ ပြည့်နှက်နေသော ကုတင်တစ်လုံး ဘယ်တော့မှ မပိတ်ဘဲထားသည့် တီဗီတစ်လုံးနှင့် ဒီဗီဒီတစ်လုံး ၊ အက်ရှင်ဇါတ်ကားခွေများ အဆိုပါ နေချင်စရာ တစ်စက်မှ မကောင်းသော အခန်းပိုင်ရှင် […]


Moe ZDecember 15, 20111min52631
ကျွန်မကို တောင်ပေါ်မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မကို မမွေးခင်အထိတော့ မေမေကဂီတာတီးပါတယ်။ အရမ်းတော်တဲ့ ဂီတာပညာရှင်တစ်ယောက်လို့လည်းသိရတယ်။ ကျွန်မလူ့လောကထဲရောက်တဲ့အချိန်ကစပြီး မေမေက တီးဝိုင်းအဖွဲ့က ထွက်လိုက်ပါတယ်။ အခုတော့ ဂီတာလေးက အခန်းထောင့်မှာ တီးသူမဲ့လို့ပေါ့။ ကျွန်မငယ်ငယ်က ဘယ်အရွယ်ဆိုတာ သေချာမမှတ်မိတော့ဘူး ၅ နှစ်လား ၆နှစ်လား၊ အဲဒီတုန်းက မေမေဂီတာတီးရင် ကျွန်မရဲ့ လက်သေးသေးလေးကို ဂီတာအိုးပေါ်တင်ထားရတာကို အရမ်းသဘောကျခဲ့တာ။ မေမေကပြောတယ် အဲဒါတုန်ခါမှု ကြောင့်တဲ့။ ဂီတာတီးတိုင်း ကျွန်မရဲ့လက်ကလေးကို တင်ထားပြီး သူမရဲ့ဂီတသံကိုခံစားနိုင်တာကို မေမေကလည်း သဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မကဆွံ့အနားမကြားသူတစ်ယောက်အဖြစ် မွေးဖွားခဲ့လို့ပါ။ နောက်ပိုင်းတော့ မေမေကဂီတာကို လုံးဝမတီးတော့ပါဘူး။ ကျွန်မအသက် ၁၈နှစ်ပြည့်တဲ့အထိပါပဲ။ အဖေဆိုတာကိုတော့ ကျွန်မမွေးကတည်းကမမြင်ဖူးပါဘူး၊ ကျွန်မကိုမွေးပြီးကတည်းက ထွက်သွားတာ တစ်ခါမှကို ပြန်မလာခဲ့ပါဘူး။ ဆွံ့အနားမကြားတဲ့သမီးလေး မွေးလာလို့များလား၊ မေမေကတော့ ဘယ်လိုမှတ်ချက်မျိုးမှမပေးပါဘူး။ […]


မောင် ပေDecember 14, 20111min31615
တစ်နေ ့သ၌ ကျွန်ုပ် ဆြာကြီးပေ နေထိုင်ရာ မန်းဂေဇက်ရှိ အလှူမျှော် ဂွင်ရှာ စံအိမ်ကြီး သို ့ “ အရူးငတိ ၊ ရှက်ကီဖော်ကြီး နှင့် ကလားစူသီ ” တို ့သုံးယောက် ရောက်လာကြလေသည် ။ သည်သုံးယောက်နှင့် ကျွန်ုပ် မှာ မကြာခဏဆိုသလို တွေ ့ဆုံ သောက်စားပျော်ပါးနေကြ ဖြစ်သည် ။ မတွေ ့ဆုံမှီ ဂွင်ကောင်းခဲ့သူ က ဒကာဘဲ ။ ပထမ ဆုံး အရူးငတိ က “ ဗျို ့ ဆာကီး ၊ ကျုပ် ဗိုက်ဆာလွန်းလို ့၊ ပိုက်ဆံ ငါးထောင် ဖြစ်ဖြစ် ၊ တစ်သောင်းဖြစ်ဖြစ် ပေးစမ်းဘာ […]


alinsettDecember 14, 20111min2168
* ပြေးနေတဲ ့ လမင်းကို လိုက် ဖမ်းဖို ့…. … ကိုယ် ထူခဲ့တဲ့ အလံဖြူတို ့ကို လှဲ….ပစ်ခဲ့ပြီ။ * မရေရာခြင်း စိုက်ခင်းထဲမှာ…မှ ကိုယ်က အချစ်တစ်ပင် စိုက်ခဲ့မိ ။ ကိုယ့်ရင်က စီးကျတဲ့ သွေးစက်နီနီတို ့နဲ ့ လောင်း……….ပက်….. သစ်ပင် ကလေး….ရှင်……စေ….ချင်……ခဲ့…တယ်။ * ချစ်သူရေ…… ….. အနောက် တောင် ဘက်က အက်ဆစ်မိုးက မုန်းစရာ ကောင်းလိုက်တာ…။ * အရည်ပျော်….သွားတဲ့ ပျိုးခင်းထဲမှာ… ထာဝရ နှုတ်ဆက်ခြင်း..နဲ ့ ရူးသွပ်စွာ လွမ်းဆွတ်ခြင်း..တွေကိုပဲ…. ရှာ.တွေ ့ခဲ့တယ်။ * ( ကိုယ့်ဒဏ်ရာ / ကိုယ့်လက်နဲ ့ ဖိ.ရင်း…) သေသွားတဲ […]


black chawDecember 14, 20111min40113
ကနာ္တရ စီးကြောင်း – ညိုခက်ကျော် ပြတင်းပေါက်တံခါးကိုဖွင့်လိုက်စဉ် စွတ်စိုထိုင်းမှိုင်းသော လေသည် အရှိန်ပြင်းပြင်း ခုန်ပေါက်ဝင်ရောက်လာသည်။ ဟိုး အဝေးတစ်နေရာဆီမှ ပျံ့လွင့်လာသော သီချင်းသံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ ထွက်ပြူစပြုနေပြီဖြစ်သော လမင်းသည် ကောင်းကင်၏ကုန်လုဆဲ လက်ကျန်အလင်းတချို့ကြောင့် မှိန်ဖျော့နေဟန်ရှိသည်။ အမြင့်ဆီမှ လှမ်းမြင်နေရ သောရန်ကုန်မြို့၏ဆည်းဆာသည် ပလက်ဖောင်းဘေးတစ်ဖက်တစ်ချက်ဆီမှ ပျံကျဈေးသည်များ၊ လမ်းမနှင့်မဆံ့ လောက်အောင်ချွေးတလုံးလုံးနှင့်တိုးဝှေ့နေကြသူများ၊ ဘီးတစ်လိမ့်ရွေ့ရန်အတွက်အချိန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေကြသောကားတန်းရှည်များဖြင့်သက်မဲ့လွန်းလှသည်။ ပြတင်းပေါက်ကိုကျောခိုင်း မည်ပြုပြီးမှ ဖြတ်ကနဲ ဝင်ရောက်လာသောအတွေးကြောင့် တစ်ဖက်လမ်းရှိတိုက်ကို လှမ်းကြည့်ရန် သတိရမိသည်။ ဒီအချိန်ဆိုကိုကို အိမ်ပြန်ရောက်ပြီလား။ တစ်ဖက်လမ်းဆီမှ ပိတ်ထားဆဲ ပြတင်းတံခါး ကိုမြင်လိုက်ရသောအခါ သူမခေါင်းတစ်ချက်ယမ်းလိုက်ပြီး အိမ်ထဲဝင်လာခဲ့သည်။ အိ်မ်ရှေ့ ဝရံတာဆီသွားဖို့ အင်မတန် ရွံရှာစက်ဆုပ်ဖို့ကောင်းသော သူမတို့အိပ်ခန်းကို နောက်တစ်ကြိမ် ဖြတ်သွားရ ဦးမည်။ မီးမဖွင့်ထားသော ထိုအခန်းသို့ ခြေလှမ်းကျဲကျဲများဖြင့် […]