panpanOctober 28, 20111min2307
လွန်ခဲ့သော နှစ်ပတ်ခန့်က ရုံးပိတ်ရက်မနက်ခင်းတွင့် ကျွန်မအဒေါ်နှင့် ကျွန်မတို့ ဈေးသို့ချီတက်ခဲ့သည်တမုံ့။ ဈေးက တာမွေအဝိုင်းထိပ်တွင်ရှိသော ရာပြည့်ဈေးဖြစ်သည်။ အဒေါ့်အိမ်နှင့် နီးသောလည်း ကျွန်မတို့အိမ်မှ ၁၅မိနစ်ခန့် လမ်းလျှောက်ရလေသည် (ကျွန်မတို့က မင်းလမ်းဈေးနှင့် ပိုနီးသည်)။ ရာပြည့်ဈေးသို့ သွားရခြင်းမှာ ထိုဈေးတွင် ဈေးသည်စုံသောကြောင့် ဖြစ်သည်။ ဈေးရုံထဲထိပင် သွားစရာမလို။ အပြင်က ပျံကျဈေးသည်တွေ အလွန်ပေါသည်။ ဟင်းချက်စရာမှအစ အိမ်သုံးပစ္စည်းအချို့လည်း အပြင်ဖက်တန်းတွင်ပင် ဝယ်လို့ရသည်။ ပြီးတော့ ဈေးသည်ပေါတော့ ပစ္စည်းလည်းပေါသည်။ သို့ကလို ထိုဈေးတွင် လိုအပ်သမျှဝယ်ခြမ်းပြီးသည့်သကာလ အပြန်တွင် ဈေးတန်းအစွန်၌ ပက်လက်ကုလားထိုင်တစ်လုံးကို ရောင်းနေတာ တွေ့လေသည်။ ပက်လက်ကုလားထိုင်တစ်လုံးသာမက ဘေးနားတွင်လည်း ကုလားထိုင်အခင်း သုံးလေးငါးခု ပါသေးသည်။ ကျွန်မဖွားအေဖြစ်သူ(အဒေါ်နှင့်အတူနေသူ)က ကုလားထိုင်တစ်လုံး လိုချင်နေသည်ဆို၍(အိမ်တွင်ရှိသော ကုလားထိုင်က အတော်အိုနေပြီဖြစ်သည်) ထိုပက်လက်ကုလားထိုင်အား ဝယ်ပေးရန်စဉ်းစားမိသည်။ ဈေးရောင်းသူမှာ […]


alinsettOctober 28, 20111min40616
( ၁ ) တစ်ခါတုန်းက ကျွန်တော့်မှာ ချစ်သူတစ်ယောက် ရှိခဲ့ဖုူးပါသည်။ ________________________ (၂ ) သူမ၏ အမည်မှာ စာသုုံ့းလုံးရှိပြီး..အင်္ဂ ါ နံ ဖြင့် စပါသည်။ သူမသည် ကျွန်တော့်ကို မရှိမဖြစ် လိုအပ်သည်…ဟု ဆိုပါသည်။ (သို ့သော် ကျွန်တော်က အဲဒီ တုန်းက မယုံကြည်ခဲ့ပါ။) သူမ နှင့် ပက်သက်လျှင် ကျွန်တော်..မေ့မရ နိုင်သော အရာများ..များ..စွာ ရှိပါသည်။ သူမ၏ နဖူးကလေးကို မြတ်နိုးစွာဖြင့်.. ကျွန်တော် နမ်းရှိုက်လိုက်တိုင်း.. မျက်လွှာကလေးချ..ငြိမ်သက်စွာ… ပြိးတော့ သိမ်မွေ့ ့ လှပစွာ…ပြုံးနေပုံလေး… ကျွန်တော့် အနမ်း ပြိးဆုံးချိန်တိုင်း…ကျွန်တော့်ကို ချုပ်ကိုင် သိမ်းပိုက် နိုင်စွမ်းသော မျက်စောင်း လှလှ ကလေး….။ ကျွန်တော် […]


ရှေးတုန်းကတော့ ….ဝါလေကင်းလွတ် သီတင်းကျွတ် ဆိုကလား ။ ယနေ ့လက်ရှိမတော့ … သီတင်းကျွတ်ပြီးလို ့တန်ဆောင်မုန်း ဝင်တာတောင် မိုးက မစဲသေး ။ မစဲသော မိုးကြောင့် စိတ်ဒုက္ခရောက်နေသူတွေ ထဲ မှာ ချစ်ကိုကို နှင့် ချိုမမ လည်း ပါသည် ။ ဝါတွင်း သုံးလ ပတ်လုံး အောင့်အီးသည်းခံ ၊ အလုပ်ကြိုးစား ၊ ငွေစုခဲ့ပြီးသကာလ ၊ ဝါကျွတ်ကို မင်္ဂလာဖိတ်စာ ပါးဖို ့ ရည်စူးထားသူများ ဖြစ်သည် ။ ချစ်ကိုကို သည် ဦးမျိုးနှင့် ဒေါ်မြင့် တို ့၏ တစ်ဦးတည်းသော သားဖြစ်သည် ။ ဒေါ်မြင့် သည် ချစ်ကိုတို ့မြို  ့ရှိ […]


alinsettOctober 25, 20111min37414
ကျွန်တော် ရေးတဲ ့ စာတွေကို မြင့်တယ်..လို ့ ကိုကြောင်ကြီးက မှတ်ချက်ချဖူးပါတယ် ။ ကိုပေ..ကလည်း တဖြည်းဖြည်း မြင့်တတ်လာတယ်..တဲ့။ ဘယ်လို…ဘာက မြင့်တာမှန်း သေချာ မသိလို ့ ကျွန်တော်မှာ..ဝမ်းသာရခက် ဝမ်းနည်းရ ခက် ဖြစ်နေရပါသေးတယ်။ ထားပါတော့လေ..။ ကျွန်တော်ကတော့ ရေးတတ်သလို ချရေးလိုက်တာပါပဲ။ မြင့်တယ် ဆိုတာက နားလည်ရ ခက်ခြင့်း နဲ ့တွဲနေပါတယ်။ နားလည်ရခက်တဲ ့ စာတွေကို ရေးနေမိတာဟာ.. ကျွန်တော်ကိုယ်တိုင်က Modern / Post Modern သီအိုရီတွေ. သဘောတရားတွေနဲ့ ဖက်တွယ် ကြိးပြင်းလာရလို ့များ လား……? မသေချာပါဘူး။ သေချာတာ တစ် ခုကတော့.. ကျွန်တော်က စကားပြေရေးသားခြင်း အတတ်မှာ..ညံ့ပါတယ်။ ကျွန်တော် ညံ့ကြောင်းကိုလည်း… […]


amatminOctober 25, 20111min41114
လူတိုင်း လူတိုင်းပေါ့လေ.ကျွန်တော်လည်းအပါအဝင်ပါ.. အားလုံးသောသူကိုယ်စီတိုင်းက ကိုယ်အခုရရှိထားတဲ့.ဘဝလေးကို ကိုယ်စွမ်းသလောက် နိုင်သလောက်အင်အားတွေနဲ့.အလှဆုံး ခြယ်သနေကြသူချည်းပါပဲ။ တချို့တွေက ပြောင်ပြောင်လက်လက်.. တချို့ကျတော့ မဝင်းတဝင်း.အများစုကတော့.အရောင်မထွက်နိုင်ကြသေးပါဘူး.. ဒါပေမဲ့ ခုကျွန်တော်ပြောမဲ့.မိသားစုဘဝက တော့ဘယ်သူကူလို့မှ လှပါတော့မနိုင်ဘဝ မျိုးလို့ထင်တာပဲ.. ပြောရ ရင်တော့ဗျာ..တနေ့ကမြောက်ဒဂုံမှာနေတဲ့ အဒေါ်တယောက်အိမ်ကို ကျွန်တော်ရောက်သွားတယ်..ဟို ဒီစကားလေးတွေပြောနေတုန်း.. အသက် ကြီးကြီးအဘွားအိုတယောက်အိမ်ထဲကိုဝင်လာတယ်.. သူ့ကြည့်ရတာနေပူကြီးထဲ လျှောက်လာရတာဆိုတော့ မောပန်းနေပြီး တလှမ်းနဲ့တလှမ်းကို အတော်ကိုအားတင်းပြီးလျှောက်နေရတဲ့ပုံဗျ. အိမ်ထဲ ဝင်လာပြီးဧည့်ခန်းမှာ ထိုင်နေတဲ့ကျွန်တော့ လဲ မြင်ရော ကြမ်းအောက်ခြေကော်ဇောပေါ်မှာ ထိုင်ဖို့လုပ်တယ်.. ဒါနဲ့ ကျွန်တော်က အတင်းပဲ အဘွားခုံပေါ်မှာပဲ ထိုင်ပါ ဆိုမှဝင်ထိုင်လိုက်တယ်..ကျွန်တော့် အဒေါ်က ရေတွေဘာတွေခပ်တိုက်တာပေါ့ဗျာ. ပြီးတော့ ထမင်းစားပြီး ပြီလားမေးတော့ မစားရသေးဘူးပြောတာနဲ့ အဒေါ်က ကျွန်တော့ ညီမတွေကို ခူးကျွေးခိုင်းလိုက်တယ်.. ကျွန်တော် စိတ်ထဲမှာတော့ အဲဒီအဘွားဝင်လာတာတွေ့တည်းက .. […]


etoneOctober 24, 20111min32415
အခုရက်ပိုင်း မြို့ထဲ သွားသွားလာလာလုပ်ရင်း ဘယ်သူက ထွင်လိုက်မှန်းမသိတဲ့ ဖက်ရှင်တမျိုုးခေတ်စားလာတာတွေ့ရတယ် …. ။ ထွင်လိုက်တာလည်း ဟုတ်ချင်မှဟုတ်မယ် …ဖက်ရှင်ကျအောင်လုပ်တာလည်း ဟုတ်ချင်မှဟုတ်မယ် … ဒါပေမယ့် …. အတုမြင်အတတ်သင် အတုခိုးလွယ်တဲ့ ခေတ်ရေစီးကြောင်းအရ အမျိုးသမီးထုကြားမှာတော့ … ပေါ်ပြူလာဖြစ်လာတာအမှန်ပါပဲ … အဲ့ဒါကတော့ …. hang tag လို့ခေါ်တဲ့ … အပြားလေးတွေ …. အိတ်တွေမှာ မဖြုတ်ပဲ အလှသဘောမျိုးတပ်ဆင်လာကြတာပါပဲ … ။ ရာဇာနေဝင်း ခေတ်စားတုန်းက … အကျီ င်္တွေတံဆိပ်မဖြုတ်ပဲ ဝတ်ပြကြသလိုပေ့ါ … ။ hang tag ဆိုတာမျိုးက အဝိုင်းဖြစ်နိုင်သလို ၊ လေးထောင့်လည်းဖြစ်နိုင်တယ် ..ဒါ့ပြင် မညီမညာ ဒီဇိုင်းမျိုးဖြစ်နိုင်သလို … စာရွက်ခေါက်လေးလိုမျိုးလည်းဖြစ်နိုင်တယ် … […]


comegyiOctober 23, 20111min2139
“ဖောက်” အသံ၏အဆုံးတွင် အမြှုပ်ကလေးများ တစီစီတက်လာသည်။ ညနေခင်း၏ လေပြေသည် ကမ်းကြီး၏ ဆံပင်ကို တရမ်းရမ်းဖြစ်အောင် တိုက်ခတ်သွား သည်။ အနောက်မိုးကုပ်စက်ဝိုင်းတွင် ပုဇွန်ဆီရောင်မိုးသားတိမ်လိပ်များကွေးညွတ်နေကြသည်။ ကိုပေသည် ဘီယာဗူးဖင်ကို မိုးကောင်းကင်ပေါ်သို့ တစ်ချက်ပင့်တင်လိုက်ပြီးနောက် နှုတ်ခမ်းကိုသပ်လိုက်သည်။ “အေ့” ကနဲ လေတစ်ချက်တက်လိုက်သည်။ ငါးကင်ကို ပယ်ပယ်နယ်နယ်ဖဲ့စားလိုက်သည်။ မိုင်းဆဲဗင်းလိုက် တစ်လိပ်ထုတ်ကာ မီးညှိရု်ဖွာရှိုက်လိုက်ပြန်သည်။ ပြီးနောက် ကမ်းကြီးဘက်သို့ ရှောင်ကွန်နရီ မျက်စောင်းထိုးပုံမျိုးနှင့် ခပ်စွေစွေကြည့်ကာ ဘယ့်နှယ် ရှိစဟူသော အဓိပါယ်မျိုးဖြင့်မေးဆတ်ပြလိုက်သည်။ “ဘီယာတစ်ဗူးနဲ့ ဗမာဆေး များများကွမ်းတစ်ရာ ရောရင် ဘီအီးတစ်ပိုင်းနဲ့ ညီမျှတယ်ဆိုတာ အိုင်စတိုင်းတောင် သိမသွားရှာဘူးတဲ့ဗျ ကိုငြိမ်း(မန္တလေး) ကပြောတယ်” ဟုကမ်းကြီးက ပြောသည်။ “အင်းပ ဒါဆို သူလည်း ကိုလံဘတ် အမေရိကတိုက်ကို ရှာတွေ့သလို သီအိုရီတစ်ခုကိုရှာတွေ့ခဲ့တဲ့သူလို့ ဆိုရမှာပေါ့” “မှန်တာပေါ့ […]


အမတ်မင်းရဲ့ အတုံ့အလှည့်ရှိခဲ့ရင်  ပို့စ်ထဲမှာ ကြောင်တစ်ကောင်ရဲ့ ဒုက္ခ (ကြောင်တစ်ကောင်မွေးရတဲ့ဒုက္ခ)ဆိုတာလေးတွေ့လို့ ကြောင်တစ်ကောင်ဘက်ကနေ ခံစားရေးဖွဲ့ကြည့်လိုက်တာပါ။ ဝူး…..တီတီ…..တီတီ ….. အိမ်ရှေ့မှာ ကားတစ်စီးထိုးရပ်သံနဲအတူစူးရှတဲ့ ဟွန်းသံကိုကြားတော့စပ်စပ်စုစုရှိတဲ့ကျွန်တော် အိမ်ရှေ့ဘက်ထွက်သွားပြီးပုံဏားကွယ်လေးမှာအသာလေးကပ်ပြီးချောင်းကြည့်လိုက်ပါတယ်။ ကားပေါ်ကဆင်းလာတဲ့မိသားစုငါးယောက်ဟာကျွန်တော့ကိုမြင်ပဲကျော်ပြီးအိမ်ထဲဝင်သွားပါတယ်။ “ညောင် …ညောင် ….ညောင်” “ဟယ်ကြောင်လေးတွေ သုံးကောင်တောင်၊ ချစ်စရာလေးတွေတော့..ကြီးမေရေ မီးလေးတစ်ကောင်ယူမယ်၊ မီးလေးကိုတစ်ကောင်ပေးနော်”   အမေ့ရင်ခွင်ထဲတိုးဝှေ့ရင်း နို့ချိုသောက်နေကြတဲ့ ကျွန်တော့ရဲ့ညီတွေညီမတွေကတော့ ကိုတွေ့လိုက်တဲ့အခါ အဲဒီအထဲမှာပါလာတဲ့အသက် လေးနှစ်လောက်ရှိတဲ့ကလေးမလေးတစ်ယောက်ရဲ့အသံစာစာလေးကို စပြီးကြားလိုက်ရပါတယ်။  ဒီကလေးမလေးဟာ  ကျွန်တော်တို့နေတဲ့အိမ်ရှင် မိန်းမကြီးရဲ့ ညီမငယ်ကမွေးတဲ့ တူမလေးဖြစ်ပါတယ်။ သူတို့တတွေက မြို့ထဲမှာနေကြတာပါ။ သူတို့မိသားစု ဟာသီတင်းကျွတ်မှာ အမကြီးကိုလာကန်တော့ကြတာပါ။ “မီးလေးရယ် ကြောင်လေးတွေက ငယ်ပါသေးတယ်၊နို့မခွဲသေးဘူးနောက်နို့ခွဲတော့မှယူနော်..” “ဟင့်အင်း..ဟင့်အင်း  မရဘူး  အခုယူသွားမယ်၊ နို့မခွဲသေးရင် မီးလေးသောက်တဲ့ နွားနို့်တိုက်ပြီးမွေးမှာပေါ့” အိမ်ရှင်မိန်းမကြီးက အကျိုးအကြောင်းရှင်းပြပေမဲ့ အိမ်မှာအငယ်ဆုံးဖြစ်ပြီး အလိုလိုက်ခံ ထားရဟန်တူတဲ့ […]


one day ကပေါ့.. ဘယ်လို one day လဲ ဆိုရင် မောင်ပေ နဲ ့ မောင်ပေ့ မိန်းမ တို ့အလုပ်အားကြတဲ့ ဟောလီးဒေး ။ မနက်အိပ်ယာထ ၊ ရေချိုး မျက်နှာသစ်ပြီး ၊ မနက်စာ အတူစားကြရင်း ၊ ဒီနေ ့အတွက် အစီအစဉ် ဆွဲကြတာပေါ့ ၊ ဟိုသွားမယ် ၊ ဒီသွားမယ် ပြောနေကြတာပေါ့ “ ကိုကို ရေ အခုမှ သတိရလို ့မေးရဦးမယ် ၊ သဲ တို ့မင်္ဂလာ မဆောင်ခင်က ကိုကိုနဲ ့သဲ သွေးစစ်ခဲ့ကြတယ်နော် ” “ အင်းလေ ၊ ဘာဖြစ်လို ့လဲ ” […]


alinsettOctober 21, 20111min1905
ဘယ်သူက မှ ပျော်ရွှင်စေရမယ်လို ့ အာမခံ မထားပေမယ့်… ဘဝ မှာ အပျော်ကလေး…တစ်ချက်တော့ ရချင်မိသည်။ ချစ်သူဆိုတာနဲ ့ ဆုံခဲ ့ရတုန်းကလည်း….ချစ်သူ၏ အပြုံးလှလှကလေးများကို မက်မော တွယ်တာ ခဲ့ဖူးပါသည်။ ထို အပြုံး နုနုကလေးများကြောင့် ကျွန်တော့် ဘဝ ကြီးဟာ သိပ် အဓိပါယ်ရှိတာပဲ..ဟု မှတ်ထင်ခဲ့ဖူးသည်။ ချစ်သောသူ၏ အပြုံး တစ်ချက်ကြောင့် ကျွန်တော့် (လဲကျ..ပြိုကွဲ လုလု ) ခပ်နိမ့်နိမ့် ဘဝ တစ်ခုလုံးကို ပြန်တည်ဆောက်ခဲ့သည်။ သို ့သော် …..ကျွန်တော် ရေးခဲ့ဖူးသော ကဗျာ..စာသား ထဲကလိုပင်..ကံကြမ္မာက ဓါး ထမ်းပြီး လာခဲ့ပြီ…။ ဘဝသည် အပြီးအစီး ရေးထားပြီးသော စာအုပ်တစ်အုပ်..တဲ့ ။ ဒါပေမယ့် တစ်နေ ့ကို […]


etoneOctober 21, 20111min49922
ကလေးဘဝကတည်းက သီတင်းကျွတ်ဆိုလျှင် မီးထွန်းရမယ် ၊ ပွဲဈေးသွားရမယ် ၊ လူကြီးမိဘများကို ကန်တော့ကာ မုန့်ဖိုးတောင်းရမယ်လို့ သတ်မှတ်ထားသော်လည်း … ကြီးလာတာနှင့်အမျှ သီတင်းကျွတ်ဧ။် အဓိပါ္ပယ်ဖွင့်ဆိုပုံနှင့် ခံယူချက်တို့ ကွဲပြားလာပါတယ် … ။ ကလေးတုန်းက မီးထွန်းတာကို အပျော်သက်သက်သာ ဖယောင်းတိုင်များ စိုက်ထူပြီး မီးညှိခဲ့သော်လည်း … ယခုတွင်တော့ ဆီမီးပူဇော်ခြင်းဟု နားလည်ခဲ့ပါတယ် ။ ပွဲဈေးသွားခြင်း ၊ အပျော်ပါးလျှောက်သွားခြင်းတို့ဟာလည်း အချိန်ကုန် အကျိုးမရှိဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာခဲ့တယ် … ။ ဒါပြင် သက်ကြီးဝါကြီး လူကြီးမိဘများကို ကန်တော့ခြင်းဟာလည်း ယခင်ကလို မုန့်ဖိုးလိုချင်လို့မဟုတ်တော့ပဲ … မိမိကိုယ်ကို နှိမ့်ချကာ အပြစ်များကို ကြေပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ရှိခိုးတောင်းပန်ခြင်းဖြစ်ဟုပင် အမြင်ပြောင်းလဲခဲ့ပါတယ် … ။ သီတင်းကျွတ်မှာ […]


etoneOctober 20, 20111min50631
လူ့လောကတွင် မယောင်ရာ ဆီလူးနေသည့် လူများစွာရှိသည် ။ မဟုတ်သည်ကို အဟုတ်ထင်၍ ထင်ယောင်ထင်မှား ယောင်ဝါးဝါးဖြစ်သူများလည်းရှိသည် … ။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်သူ လူလည်တို့သည် … အယုံလွယ်သူတို့အပေါ်တွင် အဓိက အမြတ်ထုတ်တတ်ကြသည် ။ အယုံလွယ်သူများကလည်း … မိမိဥစ္စာလိမ်သွားခံရမှန်း မသိလောက်အောင် ရက်ရောကြသည် … ။ ထိုလူများဧ။် အဖြစ်သည် ရယ်စရာကောင်း ၊ သနားစရာကောင်းသလို … ဂရုဏာဒေါသလည်း ထွက်စရာကောင်းလွန်းလှသည် ။ %%%%%%%%%%%%%% ဒီပို့စ်လေးကို မဖတ်ခင် မေးခွန်းလေး နည်းနည်းတော့ ဖြေပေးကြပါဦးနော် ။ ၁။ ။ ဗေဒင်၊ အကြားမြင် ၊ယတြာဆိုတာမျိုးကို သင်တို့ လက်ခံယုံကြည်ခဲ့ကြသလား ။ ၂။ ။ ယတြာချေရုံဖြင့် သင်တို့ […]


amatminOctober 20, 20111min49528
  ကျွန်တော့်မှာ.မန်းဂေဇတ်ကိုဝင်ဖတ်ဖြစ်နေတာအတော်ကြာခဲ့ပေါ့.. ကိုယ်တိုင်ပို့စ်တခုလောက်ရေးချင်ပေမဲ့ ဘယ်လိုသီကုံးရမှန်းလည်းမသိ အကြမ်းလေးရေးလိုက် ပြန်ဖျက်လိုက်နဲ့ ရွာထဲမှာ. နေဖို့ကြိုးစားရင်းရွာလည်နေတာလူမသိသူမသိ.ခဏပေါင်းများစွာ ဒီလိုနေရင်းနဲ့ဘဲဟိုလူဒီလူတွေရေးတဲ့ ကောင်းနိုးရာရာလေးတွေကိုပဲ. အခါအားလျော်စွာဝင်မန့်နေရတာ အကြိမ်ရေမနည်းတော့.. ဟောအခုတော့အကြောင်းများတိုက်ဆိုင်ချင်တော့လည်း ကိုယ်တိုင်တွေ့ကြုံခံစားရတာမဟုတ်ပေမဲ့. ကိုယ်လက်ချက်ပယောဂကြောင့်သူတပါးမှာဒုက္ခရောက်ရပုံ လေးကိုအခွင့် ကြုံတုန်းပြန်ပြောပါရစေဗျာ.. အဖြစ်ကတော့ ဒီလိုဗျ..သိကြတဲ့အတိုင်းပဲ မြို့ပြများမှာရှိတဲ့ အိမ်တွေရဲ့ထုံးစံအတိုင်း ကျွန်တော်တို့အိမ်မလဲတိုလီမိုနီ ပေါင်းစုံတွေက ခပ်ရှုပ်ရှုပ်ပဲဗျ.ဟိုနေရာရှုပ်ပွ ဒီနေရာမသပ်မယပ်ပေါ့လေ။ ဒီလိုရှုပ်ထွေးနေလို့လဲ အခုကျွန်တော့်ရင်ထဲ တနုံနုံခံစားနေရမဲ့ အဖြစ်အပျက်ကိုမွေးဖွားစေမဲ့ အကောင်တွေအကြိုက်ဖြစ်လာတော့တာပဲဗျာ..ဒီကောင်တွေက အိမ်ကိုစရောက်လာခါစတော့ ပုန်းရှိုးကွယ်ရှိုးနဲ့ ဟိုချောင်ကပ်ဒီချောင်ခိုလေးနေတာပဲ..ဒီလိုနေ နေရင်းနဲ့ပဲ ရက်ကလေးအတော်ကြာလာလို့ အိမ်ရှင်ဖြစ်တဲ့ကိုယ်တွေအိမ်သားတွေက ဖာသိဘာသာနဲ့မသိသလိုနေတတ် ကြတာကို ဒင်းတို့က အခွင့်အရေးအပြည့်ယူတော့တာပဲဗျို့.တော်ရုံတန်ရုံသွားလာနေကြ ရင်ဖြင့် သူတို့ကိုအခုချိန်တိုင်အောင်အပြစ်မြင်မှာမဟုတ်သေးပါဘူး. ခုတော့အိမ်ဘုရားခန်းဆို သူတို့မွှေနှောက်ထားတာများကစားကွင်းအလားပဲ.ပြီးတော့လည်းဆွမ်းတော်လေးများမတင်ထားနဲ့ အိမ်ကလူတွေမစားမှီ.သူတို့သမပြီးသား..ဒါတင်မကသေးဘူး ဘုရားပန်းတွေများချိုးဖျက်ပြီးဆော့ချင် ဆော့ထားသေးတာဗျ ။ ဒါတွေကို ဒင်းတို့လုပ်နေလည်း ဪ နေကြပါစေ သူတို့လေးတွေရဲ့သဘာဝဆိုပြီးတအိမ်သားလုံးက သည်းခံကြပါတယ်.. အဲဒီမှာတင် သကောင့်သားတွေက […]