မောင် ပေOctober 17, 20111min26211
စုံထောက်ကြီး ဦးလန်ဘား တစ်ယောက် ရန်ကုန်သို ့ရောက်နေပါသည် ။ ရွာသာယာ မှ ဦးသာဝ နှင့် ဒေါ်မြ တို ့၏ သီတင်းကျွတ်မင်္ဂလာပွဲ အပြီး ၊ သူတို ့လင်မယား က  ဦးလန်ဘားကို ဘုရားဖူး၊အလည်အပတ်ခရီးအတွက် စပွန်ဆာပေးခြင်း ဖြစ်သည် ။ ရန်ကုန်မြို  ့သို ့တစ်ခါ မှ မရောက်ခဲ့ဖူးသူ ၊ ဦးလန်ဘား အတွက် တွေ  ့သမျှ ၊ မြင်သမျှ အားလုံးထူးဆန်းနေသည် ။ ဘုန်းကြီးလမ်း ရှိ ဦးသာဝ အမျိုးအိမ်တွင် တည်းခိုရသည် ။ ဦးသာဝ အမျိုး ကမ်းကြီး ဆိုသော လူငယ်က ဦးလန်ဘားကို ရန်ကုန်မြို  ့ထဲ အဖော်အဖြစ် လိုက်ပေးသည် ။ […]


comegyiOctober 16, 20111min2075
တစ်နေ့သ၌ . . .လား လား လား နင်းလျှောက်သွားမယ် . xxx လား လား  လား လမ်းမကြီးရယ် xxx လား လား လား သီချင်းတစ်ပုဒ် ငြီးဆိုရင်း xxx သို့ကလို ကျွန်ုပ်ဖုန်းမှ အသံမြည်လာ၏။ သို့ကြောင့် ကျွန်ုပ်ကိုင်လိုက်ရာ “ဟဲလို အိုင်ဆေး ကျောင်းဒကာ ကမ်းကြီးလား၊ မိတ်ဆွေကြီး ကျုပ်မောင်ပေပါ” “ ကိုရင်ပေ မဆက်စဖူး၊ အဆက်ထူးလှချည်လား ဆိုချေဗျာ၊ ဘယ့်နှာ ကိစ္စများ ရှိချေသတုံး” “အယ် ထူးဆို ခင်ဗျားကြီးအတွက် သတင်းကောင်းလို့ ဆိုရမှာပဲ။ ကျုပ်သိန်းတစ်သောင်းတန် ကျောက်တစ်လုံး အောင်ချေပြီလေ။ ကျောင်းဒကာရယ် ” “ ဟေ . . .ဂလု . […]


Diamond KeyOctober 14, 20112min33618
ရှည်လျှားတဲ့ ဘဝရဲ့ ခရီးရှည် ကြီးထဲက နေ့သစ်တစ်ရက် ရောက်ပြန်ပြီ။ တစ်နေ့တာမှာ ရွာသူရွာသားတွေ ဝမ်းရေးအတွက်တော့ ရုန်းကန်လှုတ်ရှား၊ ရှာဖွေ စားသောက်ရကြတယ်။ ဘဝ ဆိုတာ ကတော့ ပန်းခင်းလမ်းမဟုတ်ပဲ ဆူးတွေ၊ အကျပ်အတည်းတွေ ကြားမှာ တော့နေရမှာပါပဲ။ ဆူးတွေ၊ အကျပ်အတည်းတွေ ကြားထဲကမှ အချင်းချင်း အဆင်မပြေကြရင်တော့ မကောင်းဘူးပေါ့။ လောကကြီးရဲ့ စေစားမှုအောက်မှာ တစ်ခါတစ်လေ အခက်အခဲတွေနဲ့လည်း လျှောက်လှမ်းရမယ်။ အတက်တွေ ရှိမယ်၊ အဆင်းတွေလည်း ရှိနေမယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘာတွေပဲ ရင်ဆိုင်ရရင်ဆိုင်ရ ချစ်ရတဲ့သူလေးက ဘေးနားမှာ ရှိနေပြီး အးပေးနေရင်တော့ တစ်အားရှိတာပေ့ါ။ သွားအတူ လာအတူ၊ တိုင်တိုင်ပင်ပင် နဲ့ ဘဝ ဆိုတာကြီးကို အတူရင်ဆိုင် နိုင်မယ်လေ။ အခက်ကြုံရင်လည်း ကိုရီးယား ရုပ်ရှင်ကားတွေမှာ တွေ့တွေ့ […]


comegyiOctober 14, 20111min2499
ရေအိုင်စပ်တွင် ပါးယက်နားယက်လူးလွန့်သွေးဆာနေသော မျှော့မတစ်ကောင်ကို တီကောင်ကြီးက ရည်းစားစကားလိုက်ပြော သည်။ အမှန်တကယ် ချစ်မြတ်နိုးလို့ ဖြစ်နိုင်ပါသည်။ အကြောင်းမှာ သည်ကိစ္စတွင် အမှန်တကယ် မချစ်ဘဲ ချစ်နေကြပြီး အမှန်တကယ်မချစ်ဘဲ အချစ်ကိုလက်ခံနေကြသည်မှာ များပြားလွန်းလာသောကြောင့် ဖြစ်ပါသည်။ ´´မင်းကို ကိုယ်ချစ်တယ်။ ကိုယ့်ကို စဉ်းစားပေးပါ။ မင်းနဲ့ ကိုယ်က မျိုးနွယ်ချင်းလည်း နီးစပ်တာပဲနော်´´ ´´ ရှင့်လို ခေါင်းမရှိ၊ ခြေမရှိကောင်မျိုးကို မစဉ်းစားဘူး´´ မျှော့မက မချစ်ဘဲနှင့် ချစ်တယ်ဟုတော့ ပြန်မပြောပါ။ အကြောင်းမှာ သည်ပြသနာတွင် သိပွံနည်းကျအပေးအယူ တည်ဆောက်မှု များပြားလာပြီး ရင်ခုန်ခြင်းနှင့် ရောမန္တိက သဘောကို သစ္စာဖောက်ခဲ့လေပြီဟု ထင်ရသည်။ တီကောင်ကြီး အသည်းကွဲသွားပါတော့သည်။ ကျွမ်းပစ်လွန့်လူးပြီးတော့ပင် အသည်းကွဲ၏။ ဟုတ်တော့လည်း ဟုတ်တာပါပဲ။ တီကောင်က သွေးမှ မသောက်တတ်တာကိုး။ မျှော့မ […]


မောင် ပေOctober 11, 20111min34616
ယခုရက်ပိုင်းအတွင်း ဂေဇက်ရှိ blackchaw နှင့် etone တို ့၏ ဖုန်းအကြောင်း ဇါတ်လမ်းများကို ဖတ်ပြီးသကာလ ကျွန်တော် ကြုံခဲ့ဖူးသော ဖုန်းဇါတ်လမ်းလေး တစ်ပုဒ်အကြောင်း ပြန်ရေးပြချင်လာပါသည် ။ အဖြစ်မှန်ဟု ထင်ချင်လည်း ထင်နိုင်ပါသည် ။ ယခုပို ့စ်အတွက် မြင်ဆရာများမှာ blackchaw နှင့် etone တို ့ဖြစ်ပါသည် ။ Ok ! Let’s start the show ! တူ…တူ….တူ.. ဟူး…. ကျွန်တော် ခေါ်ဆိုလိုက်သော ဖုန်းနံပါတ်မှာ ဝင်သွားပြီ ဖြစ်သော်လည်း တစ်ဘက်က မကိုင်သေးသောကြောင့် သက်ပြင်းရှည်ကြီး ချမိသည် ။ ကျွန်တော် ခေါ်နေသော ဖုန်းနံပါတ်မှာ ၊ ကျွန်တော့် မိန်းမ ၏ […]


မောင် ပေOctober 10, 20111min68534
ဝမ်းနိုက်ဝမ်းပေါ့ ဘယ်လို ဝမ်းနိုက် လဲ ဆိုတော့ လပြည့်ည ကြီး … ဘယ်လို လပြည့်ညကြီး လဲ ဆိုတော့ တစ်ရွာလုံး ဆူညံနေအောင် ဗြောက်တွေ ဖောက်တဲ့ ဆူဆူပူပူည … ဘယ်နေရာတွေ ဆူပူနေလဲ ဆိုတော့ ရွာရဲ  ့အနောက်မြောက်ပိုင်းတွေ မှာ … ကြာပါပြီလေ…မောင်ပေ တို ့ရွာ ဆူဆူပူပူညံနေခဲ့တာ တွေဟာ ။ ဒီလပြည့်ည မတိုင်ခင် ကတည်း ကို က ၊ ရွာအနောက်မြောက်ပိုင်း က လူတွေ ဗြောက်အိုး အရမ်းဖောက်နေခဲ့ကြတာမလား ။ သက်ကြီးရွယ်အိုတွေ ဆိုရင် နားပူလွန်းလို ့၊ တစ်ခြားကို ခဏပြောင်းရွှေ  ့တဲ့သူလဲ ရွှေ  ့ကုန်ကြတာပေါ့ ။ သူတို ့ဟာ […]


black chawOctober 10, 20111min52721
လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဘလက်ချော ရဲစခန်း ရောက်ခဲ့သော ဇာတ်လမ်းလေးပါခင်ဗျာ။ နေသာသော နေ့တစ်နေ့၏ နေ့လယ် ၁ နာရီခန့်တွင် ဖြစ်ပါသည်။ ကျွန်တော်သည် ကိစ္စ တစ်ခုဖြင့် လှည်းတန်းမှနေ၍ ၃ရ လမ်းရှိ မိတ်ဆွေတစ်ယောက်၏ ရုံးခန်းသို့ အငှားကားတစ်စီးဖြင့် ချီတက်ခဲ့ပါ၏။ မိတ်ဆွေ၏ ရုံးခန်းမှာ ၃ရ လမ်း၊ အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အောင်ဘာလေရုံးအနီးတွင် ဖြစ်သောကြောင့် အငှားကားကို အနော် ရထာလမ်းမှ ၃ရ လမ်းထဲသို့ ချိုးကွေ့ဝင်စေလိုက်ပါသည်။ ထုံးစံအတိုင်း လမ်းထိပ်မှစ၍ ယဉ်ကြော ပိတ်ဆို့နေပါသည်။ ဓါတ်တိုင်တစ်တိုင်ခန့်ဝင်မိချိန်၌ စိတ်မရှည်သည်ဖြစ်၍ လမ်းဆင်းလျှောက်ရန်ဆုံးဖြတ်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ကားတံခါးကို ဖွင့်ပြီး ဆင်းလိုက်ချိန်တွင် ချိုင်းထောက်နှင့် လူတစ်ယောက်နှင့် တိုက်မိမလိုဖြစ်သွား၏။ သို့သော် လုံးဝမထိမိလိုက်ပါ။ ကျွန်တော်လည်းလွယ်နေကြ အိတ်အနက်ကြီးကိုလွယ်၍ […]


မောင် ပေOctober 9, 20111min2248
( ရှေးဦးစွာ ကျေးဇူးတင်စကားလေး အနည်းငယ် ပြောကြားလိုပါသည် ။ မြားတစ်စင်း ၂ ကို တင်အပြီးတွင် မိတ်ဆွေဖြစ်သူ comegyi မှ စေတနာဖြင့် ကျွန်ုပ် လွဲမှားနေသော စာလုံးပေါင်းကို ထောက်ပြလာပါသည် ။ ဟုတ်ပါသည် ။ မြှား ဟု သုံးခဲ့မိပါသည် ။ ယခု မူ မြား ဟု ပြင်ပြီးသွားပါပြီ ။ ကျေးဇူးကြီးလှပါသည် ကမ်းကြီး ရေ ၊ အညာဆေးရိုး ရှဲရှဲနီ ) မန်းတလေး မြို  ့ရှိ နာမည်ကြီး အသားကင်ဆိုင် တစ်ဆိုင်တွင် ကိုရှီနို နှင့် ကမ်းကြီး တို ့အတူတကွ စားသောက်နေရင်း ကမ်းကြီးတစ်ယောက် အမူးလွန်ကာ ဇက်ကျိုးသွားခဲ့သည် ။ ( […]


alinsettOctober 9, 20111min17310
လင်း…ရဲ ့ ထိန်းချုပ်နိုူင်စွမ်းရှိမှုဟာ… ကျွန်မရဲ ့ မျှော်လင့်ချက်တွေကို အစိတ်စိတ် အမွှာမွှာ..ခွဲ ချေ လိုက်သလို ပါပဲ..။ လင်း…ဘယ်လို ခံစားနေရမယ်ဆိုတာ ..ကျွန်မ မတွေးတတ်ဘူး။ ဒါပေမယ့် လင်းကို ကျွန်မ နားမလည်ဘူး။ သေချာတာ တစ်ခုကတော့..လင်း..ကျွန်မကို မလိုအပ်ခဲ ့ဘူး..။။ ******************************* ချစ်သူရေ… ဒီတောအုပ်ကလေးမှာ အလင်းတွေ ရပ်တန် ့သွားင်္ပြီ ။ မင်းပြောခဲ ့သလို မင်းကို ကိုယ်မလိုအပ်ဘူး လို ့ပဲ..ထားလိုက်ပါတော့ကွယ်…။ ကိုယ် ့ရဲ ့ ထိန်းချုပ်နိုူင်စွမ်းရှိမှုက မင်းရဲ ့မျှော်လင့်ချက်တွေကို ဖျက်ဆီး ပစ်ခဲ ့တယ်လား…။ မင်းလေးရဲ ့ဘဝ မှာက မျှော်လင့်ချက်တွေပဲ..ပျက်သွားတာပါ။ ကိုယ်ကတော့…နှလုံးသားရဲ ့လောင်ကျွမ်းနေတဲ ့မီး..အပူကြောင့် ဘဝတစ်ခုလုံး..ပြာ ကျ သွားရတာပါ..။ […]


မောင် ပေOctober 9, 20111min3399
ကိုရှီနို ကြယ်ဂေါင်ထဲမှ ဆိုင်ကယ်ငါးစီး ဝယ်လိုက်ရာ တစ်စီးကို နှစ်သောင်းကျပ် ထပ်လျှော့ပေးသဖြင့် ၊ တစ်စီးလျှင် လေးသိန်းရှစ်သောင်းကျပ်သာ ဖြစ်သွားသည် ။ ကျောက်ရောင်းရသော ငွေ မှာ စုစုပေါင်း ၃၂ သိန်း ရှိရာ ၊ ဆိုင်ကယ်ဝယ်အပြီး ၈ သိန်းကျော် လက်ထဲ ကျန်သည် ။ ထို ့နောက် ကယ်ရီသမား ရွှေဘိုသား တို ့အဖွဲ  ့ကို ကယ်ရီခ ပေး ၊ ဆိုင်ကယ် များ အပ်ကာ မန်းတလေး သို ့ပြန်ဆင်းလာခဲ့သည် ။ ကယ်ရီခ နဲ ့ သီးသန် ့ပေးတဲ့ မုန် ့ဖိုး က ခုနှစ်သောင်းရှစ်ထောင် ကျပ် ။ မန်းတလေး […]


black chawOctober 8, 20111min41816
မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်းများတွင် တပ်တွင်းအခေါ် အာဒတ်ဆိုင် ဗိုလ်လိုအခေါ် RSM ခေါ် ပအရာခံဗိုလ် တစ်ယောက်၏ တာဝန်ကား အိမ်ထောင်သည်မိန်းမများကို ခပ်ကြမ်းကြမ်း အုပ်ချုပ်ရန်သာတည်း။ အနှီ အာဒတ်ဆိုင်တော်တော်များများသည်အပြောကြမ်းအဆိုကြမ်းပြီးတော်ရုံမိန်းမများအိမ်ရှေ့မှပင်ဖြတ်မလျှောက်ရဲ လောက်အောင် ကြောက်ကြရသူများ ဖြစ်ပါသည်။ တပ်ရင်းတစ်ခုတွင် တစ်ယောက်သာ ခန့်ထားသော ရာထူးဖြစ်၏။ ယခုအဖြစ်အပျက်မှာ တပ်ရင်းအရာခံဗိုလ်ဟောင်းကြီးတစ်ဦး ပြန်ပြောပြသော ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ ဤ ဇာတ်လမ်းသည် စစ်တပ်မကောင်းကြောင်းရေးသားခြင်းမဟုတ်ပါ။ စစ်တပ်တွင်လည်း အပြင်လော ကမှာကဲ့သို့ပင် ဒီလိုဇာတ်လမ်းမျိုးတွေရှိသည် ဆိုတာကို ပြောချင်တာသာ ဖြစ်ပါသည်။ ခြေလျင်တပ်ရင်း တော်တော်များများမှာ ရှေ့တန်းထွက်ကြရပါသည်။ အနည်းဆုံး ၆လ၊ ရလ ခန့် ကြာအောင် တာဝန်ကျရာ ရှေ့တန်းစခန်းများသို့ သွားရောက် စစ်တိုက်ထွက်ကြရပါ၏။ ၎င်းတို့ ရှေ့တန်းထွက်ချိန်တွင် နောက်တန်းတွင်ကျန်ခဲ့သော မိန်းမတို့ကို နောက်ဆံမတင်း စိတ်ချလက်ချ […]


Diamond KeyOctober 8, 20111min35518
အိမ်……………………………………………………………………..……… ၊ အိမ် ဆိုတာက နားခိုစရာ အေးချမ်းနွေးထွေးမှု ကိုပေးတယ် ..………..၊ လုုုံခြုံမှု ကို ကိုပေးတယ် ..……………………………………….…..……..၊ စားစရာတွေ ရှိတယ် …………………………………………….…………..၊ ဒီဇိုင်း အမျိုးမျိူးနဲ့ ဆောက်ကြတယ် ………………………….……………၊ ဒီ အိမ်လေးတွေ ကို ကျွန်တော် ချစ်တယ် ………………………………..၊ ====================================================================== အိမ်လေးတွေ ကို ကျွန်တော် ဘာကြောင့် ချစ်တယ်၊ နှစ်သက်တယ် ဆိုတဲ့ အကြောင်း တိတိကျကျ ပြောလိုမရပေမဲ့ ငယ်ဘဝ ကစတာဖြစ်မယ်။ မိဘ ဝန်ထမ်းဘဝနဲ့ နေရာဒေသ၊ အိမ်တစ်အိမ် မှာ ၂နှစ်၊ ၃နှစ် လောက်သာ အမြဲနေခဲ့ရပြီး မိဘပြောင်းတိုင်း မြို့ပြောင်း၊အိမ်ပြောင်း အမြဲပြောင်းပြောင်း နေရတော့ အိမ်သစ်၊ နေရာသစ်ကိုရောက်တိုင်း ရောက်တိုင်း နေရာဟောင်းက […]


မောင် ပေOctober 6, 20111min1605
ကိုရှီနို တစ်ယောက် လဘက်ရည်ဆိုင်၏ ထောင့်စားပွဲတွင် ခြေပစ်လက်ပစ် ထိုင်နေရင်း ၊ အလကားပေးသော ရေနွေး ကို ဘယ်နှစ်အိုးမြောက်မှန်းမသိ ထပ်တောင်းလိုက်သည် ။ စားပွဲထိုးကောင်လေး က မကြည်မသာဖြင့် ရေနွေးအိုး ကို ဆောင့်ချသွားသည် ကို သတိမပြုအား ။ ကိုယ့်စိတ်ထဲမှာ ပူနေသော ဖြစ်နေသော အလိုမကျခြင်းတွေ ထက် အရေးမကြီး ဟု ကိုရှီနို ယူဆထားသည် ။ လက်ထဲမှာ ကိုယ်လိုချင်တဲ့ ပိုက်ဆံပမာဏ မရှိ ။ လက်ရှိ ကိုယ်ရှင်သန်နေတဲ့ ဘဝမှာ ကိုယ့် ဆန္ဒတွေ မပြည့်စုံ ။ စိတ်ညစ်စရာ ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေက ၊ နေ ့စဉ် ကိုယ့်ဘေးနားမှာ…ပုံ ။ အရေးထဲ တွဲနေတဲ့ […]