ဇာတုေဿာဏီမေး – အရှင်ဂေါတမ – မိန်းမတို့မည်သည် အဘယ်ကို အလိုရှိပါကုန်သနည်း။ အဘယ်အလို့ငှာ လေ့လာကြပါသနည်း။ အဘယ်ကို နှလုံးသွင်းကြပါကုန်နည်း။ မိန်းမတို့၏ လိုအပ်ချက်မှာ အဘယ်မှာလျှင် အဆုံးရှိပါသနည်း။ ဗုဒ္ဓဖြေ – မိန်းမတို့သည်ကား ယောင်္ကျားကို အလိုရှိကြကုန်၏။ တန်ဆာဆင်ယင်အလှပြင်ခြင်းကိစ္စ၌ လေ့လာကုန်၏။ သူတို့၏ ဆောက်တည်ရာကား သားပေတည်း။ သူတို့၏နှလုံးသွင်းမှုကား လင်တူမယားမရှိမှုကိုပင် ဖြစ်ကုန်၏။ ဆန္ဒကား မိမိအိမ်၌ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏။