alinsettSeptember 12, 20111min29213
(ယခု ကျွန်တော် တင်ပြမည့် အကြောင်းအရာကို အမေရိကန်စာရေးဆရာကြီး Paul Theroux ၏ The Mosquito Coast ဝတ္ထုကို ဖတ်ပြီး…ချိန်မှာ ရလိုက်ပါသည်။ ပုံပြင်ဆန်ဆန် ဇာတ်လမ်းတိုကလေးကို ထိုဝတ္ထုထဲ မှ ဇာတ်ကောင် Allie Fox ၏ မိတ်ဆွေတစ်ယောက်က Fox ….တို့ကိုပြောပြသော အဖြစ်အပျက်ကလေး ဖြစ်ကြောင်း…ပထမဦးစွာ….ဝန်ခံလိုပါသည်။) ************************************************************* ဖခင်ဖြစ်သူသည် သားကို အတန်းပညာလည်းသင်မပေး ..၊ ဆုံးမ ပဲ့ပြင်မှုလည်း မပြုပဲ…ဖြစ်သလို လွှတ်ထားသူဖြစ်သည်။ ထို ဖခင်၏သားသည်…အသက်20 အရွယ်သို ့ရောက်သောအခါ.. မကောင်းမှုများကို ရှောင်ကြဉ်ရမှန်း မသိ၊ စက်ဆုပ်ရကောင်းမှန်း မသိတော့ချေ။ လူသားအချင်းချင်း ညှာတာ ထောက်ထားရကောင်းမှန်းလည်း မသိတော့…။ ထိုသားသည် ဓါးပြတစ်ယောက်ဖြစ်ခဲ ့သည့်အပြင် လူသတ်သမားတစ်ယောက်လည်း ဖြစ်လာခဲ ့ပါတော့သည်။ […]


မတ်လ နေ့လည်နေ့ခင်းအချိန်၊ အပူတပြင်းတိုက်ခတ် လာသော လေပူများကြား ကြွေလွင့်နေသော သစ်ရွက်အိုဟောင်းလေး များက လေဟုန်စီးပြီး ပျော်ပါးနေသလိုပင်။ အငြိုးတကြီး ဖြင့် ခြစ်ခြစ်တောက် ပူခြစ်လှသော နေမင်းကလည်း ခေါက်ထီးလေးတစ်ချောင်းအောက် ထိုင်နေသော ကျွန်တော် တို့ အတွဲအား ကွင်းကွက် ၍ ထိုးထားသလိုဖြစ်နေသည်။နားထင် မှ တွယ်စီး လာသောချွေးစက်များအား လက်ဖမိုးနှင့် ပင့်သုတ်လိုက်သည်။ ” ကို… ထား ဟိုနေ့ကသူငယ်ချင်းတွေ နဲ့ လျှောက် သွားတာကို ကို စိတ်ဆိုးနေတာလား ဟင်… ” ထား ဆီမှ ပထမဆုံးအသံပင်။ ကျွန်တော် ထား ၏ လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။ ” မဟုတ်ပါဘူး ထားရယ်..ကို နားလည်နိုင်မှာပါ… ” ဟုဆိုပြီး သက်ပြင်းဖွ ဖွလေးချမိသည်။ ထား […]


padonmarSeptember 10, 20111min56624
ဒီအချိန်မှာ ကိုမောင်မောင်နဲ့ ဆွေဆွေတို့ ခေါင်းချင်းရိုက်ရပါပြီ။ ကိုင်း ဒို့ဘာဆက်လုပ်ကြမလဲလို့ပေါ့ ။ ကိုမောင်မောင် မိတ်ဆွေ ကိုမြင့်သိန်းကတော့ သူလုပ်နေတဲ့ အသင့်စားဟင်းလျာတွေ ဖြန့်တဲ့အလုပ်ကို နာမည်ပါ သူများကို ရောင်းလိုက်ပြီး ရတဲ့ငွေနဲ့ ရွှေဝယ်ရောင်း(ရွှေကစားတဲ့ အလုပ်) သွားလုပ်နေပါတယ်။ သူ့အပြောကတော့ အပင်မှန်ရင် အေးဆေးဘဲ။ အရင်လို မီးခိုး မမွှန်ဘူး၊ လူမထိန်းရဘူး၊ ချွေးမထွက်ဘူးတဲ့။ ဆွေဆွေ့မောင်လေး ကိုမိုးကလည်း US sanction ပြီးကတည်းက အဆင်မပြေတော့တဲ့ အထည်ချုပ်စက်ရုံကိုပိတ် စက်ချုပ်သမလေးတွေ လျော်ကြေးပေး၊စက်တွေရရာဈေးနဲ့ရောင်းပြီး သူ့မိတ်ဆွေတွေနဲ့ ပဲကုန်စည်ဒိုင်မှာ အသင်းဝင်ပြီး ပဲဝယ်ရောင်း လုပ်ပါတယ်။ သူတို့အခေါ်တော့ ပလာတာရိုက်တယ်တဲ့။ ဈေးတက်မယ်ထင်ရင် ကြိုရောင်းထားပြီး ဈေးကျတော့မှ ပြန်ဝယ်ပေးတာလဲရှိ။ ကိုယ်ဝယ်ထားတုန်း ဈေးထက် နည်းနည်းသာရင် ပြန်ရောင်း၊ ပြန်ကျအောင် နောက်တစ်ပင်ထပ်စောင့် ဝယ်တာမျိုးလည်းရှိ။ […]


alinsettSeptember 10, 20111min22911
* အို..ချစ်သူရေ…. * ဟိုး..အရှေ ့မှာ မိုးတွေရွာပြီ။ * လာ ..ရဲရဲလာ။ * ထီးရွက်တွေ မပါလည်း… * လူ ဟာ ကိုယ် ့ဖာသာ လျှောက်ရဲ ရမယ် ကွယ့်…။ ****************** (တာရာမင်းဝေ / မိုးခေါင်လို ့တီးတဲ ့ဗုံသံ ကဗျာစု..မှ…..) **************************************************************** အိပ်မပျော်သော ညများစွာတွင် သူမကို လွမ်းဆွတ်တမ်းတနေခဲ့တာ သူမ သ်ိပါ့မလား။ ချစ်သူကို အရူးအမူး လိုအပ်ခဲ ့သော်လည်း မလိုအပ်သယောင် ပြုမှုဆက်ဆံခဲ ့သူကို ချစ်သူ နားလည်ပါ့မလား။ ကျွန်တော် ့အချစ်သည် သူမ နင်း လျှောက်သွားဖို ့ရာ လှေကားထစ်သာဖြစ်ပါသည်။ သူမကို အလွန်ရိုးသားစွာ အလွန် ဖြူစင် သန့် […]


မောင် ပေSeptember 10, 20111min27121
တစ်ရံရောအခါ က ဖြစ်ပါသည် ။ ရွာကြီးတစ်ရွာ ရှိသည် ။ သာယာဝပြော စည်ကား သည် ။ တစ်နေ ့…တစ်နေ ့ ရွာထဲ သို ့အလည်လာသူ ၊ အခြေချ နေရန် ဝင်လာသူ များ ဖြင့် စည်ကားလှပေသည် ။ တစ်နေ ့တွင် ဖြစ်သည် ။ ရွာထိပ်ရှိ ဇရပ်ပေါ်တွင် ရွာခံနှစ်ဦး( ယောက်ျားကြီး တစ်ဦး နှင့် မိန်းမပျို တစ်ဦး )  နှင့် ရွာထဲသို ့ အခြေချလာသူ လူငယ်တစ်ယောက် တို ့ဆုံဖြစ်ကြသည် ။ လူငယ် က စကား စဆိုသည် ။ ` ဘကြီး…အခြေအနေ ´ ` […]


သူရႆဝါSeptember 9, 20114min1672
ဒီနေ့မနက် ကျွန်တော့်ရဲ့ ဘလော့ဂ်ထဲ ဝင်ကြည့်ပြီး ဟိုးအရင်က ပိုစ့်အဟောင်းတွေ ဖတ်မိတော့ ဒီပိုစ့်လေးကို ပြန်တွေ့ပါတယ်။ ဟာသဝတ္ထုတိုလေးပါ။ သူငယ်ချင်းတွေရဲ့ နာမည်တွေကို သုံးပြီးတော့ ဟာသအနေနဲ့ ရေးထားခဲ့တာပါ။ အခုပြန်ဖတ် ကြည့်တော့ သဘောလည်းကျ၊ အမှတ်တရလည်း ဖြစ်နေတာနဲ့ ပြန်တင်လိုက် ပါတယ်။ ၂၀၀၉ လောက်ကရေးခဲ့တာ ဖြစ်တဲ့အတွက် အရေးအသား ကတော့ နည်းနည်း ညံ့လိမ့်မယ် ထင်ပါတယ်။ ဖတ်ကြည့်ကြပါ။ “ပြာတာဝါဝါနှင့် ဆားပုလင်း .. အိုင်အိုဒင်း စုံထောက်ရှော်ကြီးများအမှု” တစ်နေ့သ၌ဟု စာရေးဆရာများ သုံးစွဲလေ့ရှိသော တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ရာမှ နိုးထလာခြင်း ကစသော အဖြစ်အပျက် များကို အခြေပြု၍ ယခု တင်ပြ လတ္တံ့သော […]


etoneSeptember 9, 20111min51126
(၂၁) ” သမီး …လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမဲ့ … အသက်ရှင်စဉ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သေတဲ့အခါ ကျန်ခဲ့တဲ့ က ိုယ်နာမည်အပေါ် ညစ်နွမ်းစေတာပဲ သမီး …  အန်တီစိုးပြောရလျှင် ဒီမှာ လူသားအားလုံး လက်ခံထားတဲ့ ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ရောဂါဆိုးကြီးရှိတယ် … ။ အရင်ကလူတွေ ပြောကြတာ … ကုရာနတ္တိတဲ့လေ… ဟိုးတုန်းကပြောကြတာပါ … ရောဂါက တကယ်ဖြစ်လျှင် … သေတာများတာကိုး ……………..တကယ်တော့ ဒီခေတ်မှာ မကုနိုင်လျှင်တောင် ထိန်းပြီး လူတန်းစေ့ နေနိုင်နေပါပြီ …. ” ” ဟင် ဟုတ်လား အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ ရောဂါစိုးကြီး ရှိတယ်ပေါ့ … သမီးကိုပြောပြပါနော် အန်တီစိုး […]


နွယ်ပင်September 9, 20111min37720
အခုဖော်ပြတဲ့ အကြောင်းအရာလေးက အစ်မတစ်ယောက်လို အရမ်းခင်ရတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့ကြုံခဲ့တာလေးပါ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမို ဒီအဖြစ်အပျက်မှာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ အကြောင်းနဲ့ဖော်ပြတာလဲ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ် …. စက်တင်ဘာလ ၆ရက် ၂၀၁၁က အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်မရဲ့ ရုံးက ရန်ကုန်မြို့ လပြည့်ဝန်းပလာဇာမှာရှိပါတယ်။ မနေ့ညနေ ၆း၃ဝမိနစ်မှာ ကျွန်မရုံးဆင်းခဲ့ပါတယ်။ ဓါတ်လှေခါးစီးနေရင်းကနေ မီးပျက်သလိုဖြစ်ပြီး ဓါတ်လှေခါးရပ်သွားပါတယ်။ ဓါတ်လှေခါးထဲမှာတော့ ကျွန်မနဲ့ ကျွန်မအစ်မ နှစ်ယောက်ထဲပါပါတယ်။ ကျွန်မတို့ ညီအစ်မနှစ်ယောက်လုံး မီးပျက် တယ်ထင်ပြီး စောင့်နေခဲ့ပါတယ်။ သို့သော်လည်း ၂မိနစ်လောက်ကြာတဲ့အထိ ဓါတ်လှေခါးက ပြန်မကောင်းလာတဲ့အတွက် အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပါတယ်။ ဘာသံမှ မမည်ပါ။ အဲဒါနဲ့ တံခါးကို အသံမြည်အောင် ထုပြီး အထဲမှာ လူရှိကြောင်း ပြောတဲ့အခါ ရမိနစ်လောက်ကြာမှ လုပ်နေတယ် ခနစောင့်ဆိုတဲ့ […]


padonmarSeptember 7, 20111min44518
ကိုမောင်မောင်နဲ့ ဆွေဆွေဟာ ငယ်ကျွမ်းဆွေဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ ဆွေဆွေက B.Sc အောင်ပြီး ရုံးတစ်ရုံးမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုမောင်မောင်ကတော့ သင်္ဘောသားတွေ ခေတ်ကောင်းတဲ့အချိန်မှာ B.E(Mech) နဲ့ ဘွဲ့ရပြီး သင်္ဘောသား ဖြစ်ခဲ့ပါတယ်။ သင်္ဘောသားဘဝနဲ့ အတော်လေး စုမိဆောင်းမိချိန်မှာ နှစ်ဦးသားလက်ထပ်ပြီး အမိမြေပေါ်မှာ မိသားစုဘဝ တည်ဆောက်ဖို့ အခြေချဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၉ဝ ခုနှစ်ပတ်ဝန်းကျင်မှာ သူတို့ဟာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းလေးတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းကတော့ “ဆွေမွန်” ဆိုတဲ့ ရှောက်သီးဆေးပြား ထုတ်လုပ်တဲ့ လုပ်ငန်းပါဘဲ။ မိသားစု အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းလေးကို ထူထောင်ဖို့ ဆွေဆွေကလည်း ရုံးအလုပ်က ထွက်၊ ကိုမောင်မောင်လည်း သင်္ဘောမလိုက်တော့ဘဲ ဒီလုပ်ငန်းကိုပဲ ဖိဖိစီးစီးလုပ်ကိုင် ကြပါတယ်။ ရှောက်သီးစစ်စစ်၊ ငရုပ်သီးမှုန့်ကောင်းကောင်း(မှိုမတက်)၊ သကြားစစ်စစ်၊ နွယ်ချို ကောင်းကောင်း […]


alinsettSeptember 7, 20111min24011
နှလုံးသားရေးဦးတည်ချက် (၄ )ရပ်။ ရင်ခွင်တော် တည်ငြိမ်ရေး ၊ ရင်ခုန်သံ အေးချမ်းသာယာရေး နှင့် အနမ်း ဥပဒေစိုးမိုးရေး ။ နှစ်ဦးသား ပြေလည် ၊ စည်းလုံး ညီညွတ်ရေး။ ခိုင်မာသည့် အသည်းပုံ အကြင်နာအမြုတေသစ် ဖြစ်ပေါ်လာရေး။ ဖြစ်ပေါ်လာသည့် အသည်းပုံ အကြင်နာ အမြုတေသစ်နှင့် အညီ ခေတ်မီတိုးတက် လှပသော တူနှစ်ကိုယ် တိုင်းပြည်တစ်ခု တည်ဆောက်ရေး ။ ****************************************************** ချစ်သူ ့ သဘောထား ။ အသပြာ အားကိုး အန်ကယ်ဘိုးဘိုး ၊ အောက်ပိုင်းမြင်ဝါဒီများအား ဆန့် ့ကျင်ကြ ၊ ရင်ခွင်တော် တည်ငြိမ်ရေးနှင့် အကြင်နာ တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူ ကြာကူလီများအား ဆန် ့ကျင်ကြ။ တူ နှစ်ကိုယ် […]


etoneSeptember 7, 20111min2664
  “ရက်လည်လည်း လုပ်ပြီး ပြီဆိုတော့ … ငါလည်း ပြန်ဦးမယ် စန္ဒာရေ … အငယ်နှစ်ယောက်ကို ငါခေါ်ပြီး ညည်းတို့ အဖွားအိမ်ပို့ပေးရလျှင် ကောင်းမလား .. ” ” အာ… နေပါစေ အန်တီဝေရယ် … မေမေတောင် ကိုယ့်မာနနဲ့ ကိုယ်မို့ … ကျွန်မကပဲ ကလေးတွေ အတွက် ရှာကျွေးဖို့ အလုပ်လုပ်မှာပါ … လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာပဲ နေဦးမယ် …. မေမေပြန်လာလျှင် အတူပြန်နေမဲ့ အိမ်လေးကိုလည်း ပြန်မသွားချင်သေးဘူး …အ ရာရာတိုင်း မေ့မေ့အရိပ်တွေပဲမို့ … ဒီမှာနေတာ အကောင်းဆုံးဖြစ်မယ် အန်တီဝေရယ်… ဒါနဲ့ … မေမေဆုံးပြီဆိုတော့ … မေမေအလုပ်လုပ်တဲ့ အိမ်က လူလိုမှာပေါ့ … တခြားလူတော့ […]


etoneSeptember 7, 20111min33811
မျှော်လင့်ချက် … ယုံကြည်ချက်ဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ် .. အသေးဖွဲ ကိစ္စကစလို့ … ဘဝရည်မှန်းချက် ပန်းတိုင်ထိအောင်ပဲ ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ အားတင်း မောင်းနှင်နေကြရတာပါ … ။ စိတ်ထဲ ပြင်းပြင်းပျပျ ရည်ရွယ် ကြံစည်ထားလျှင် … မျှော်လင့်သလို ဖြစ်လာဖို့ ကြိုးစားအားထုတ်လုပ်ကိုင်ဖို့ အားတွေ ဖြစ်လာသလိုပါပဲ … လူတိုင်း ကြုံဖူးကြမှာပါ … ။ မျှော်လင့်ချက်နဲ့ ပတ်သတ်လို့ … ရယ်စရာ အဖြစ်ပျက်လေး ရွာသူရွာသားတွေကို ပြောပြရဦးမယ် … ။ ကျွန်မက ညဘက် အိမ်ပြန်လာတိုင်း ရေခဲရေ အေးစက်စက်ကို တကိုယ်လုံး ထုံကျင်သွားလောက်အောင် … နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးတတ်တဲ့ အကျင့် ရှိတာမို့ … 1.5 […]


Mobile HouseSeptember 7, 20111min2387
မဖြစ်နိုင်တာမရှိဘူး။ကြိုးစားရင် ဘုရားတောင်ဖြစ်တယ် ပြောနေကြသူတွေ နဲ့ အပြောခံရသူတွေအတွက်ပါ ။   တစ်ခါက နယ်မြို့လေးကို မောင်အောင်အောင် တို့မိသားစု ပြောင်းလာကြတယ်။အဲ့ မြို့ မှာ အလယ်တန်းကျောင်းတစ်ကျောင်းရှိတယ် ။အဲ့ ကျောင်း မှာ ထူးသစ် ဆိုတဲ့ ဆရာတစ်ယောက်ရှိ တယ် ။ဆရာ က အတန်းထဲမှာ ပြောနေကြစကားတစ်ခွန်းရှိတယ် အဲ့ဒါက မဖြစ်နိုင်တာမရှိဘူး ဆိုတာပဲ။စာသင်ရင်လည်း ခဏခဏ ထည့်ထည့် ပြောတယ်။မောင်အောင်အောင် ကျောင်းတက်တော့ အဲ့ ဆရာ ရဲ့ အခန်းမှာ ကျတယ် ။ဆရာက လဲ မောင်အောင်အောင်စာ တော်တာကို သိတော့ မြေတောင် မြှောက်ပေးချင်တယ် ။အဲ့ ဒါနဲ့ တစ်ရက်ကျတော့ ကျောင်းလည်းဆင်းရော ခေါ်မေးတယ် ။မင်းက စာတော်တယ် မင်းကိုမြေတောင် မြှောက်ပေးမယ် ကြိုးစားရင် […]