၁၉၈၈ နောက်ပိုင်းကစလို့ မြန်တျန့်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် နည်းမျိုးစုံကြံဆ ကြိုးပမ်း အားထုတ်ခဲ့ဂျသဗျ။ အမှတ်ရလွယ်အောင် ခြစ်စနိုး အမည်ပေးရလျင်.. (က) ၈၈၈၈ အရေးတော်ပုံကာလ လူထုအားနဲ့ ရေးဆွဲမယ် ကြွေးကြော်တာမို့ ခြေတပေါင်ကျိုးကစားနည်း။ (ခ) ၁၉၉ဝ ရွေးကောက်ပွဲ အန်အယ်လ်ဒီ အနိုင်ရပြီး အာဏာသိမ်း နဝတနဲ့ ထိပ်တိုက်တွေ့ ကြိုးစားတဲ့အခါ တုတ်နှစ်ချောင်း ကုလားမခြေထောက်လျောက်နည်း။ (ဂ) အဲဒီနောက်ပိုင်း သူပုန်လက်နက်ကိုင်တွေပါ ပါလာလို့ သုံးဘီးဖွတ်ချက်ကားစီးနည်း။ ဃ) အခုနောက်ဆုံး ဘွားဒေါ်ဂျီး၊ အစိုးမရ၊ လွှတ်တော်၊ စစ်တပ် လေးဖွဲ့ပေါင်းလုပ်မယ် ဆိုတဲ့အခါမှာတော့ လေးဖက်ထောက်သွားနည်း…။   တဆက်ထဲ ယနေ့ရရှိဒဲ့ ထူးခြားသဒင်းများဂဒေါ့… ကင်ဗွန်းတပ် မင်ဂလာ မြန်တျန့်နိုင်ငံဒေါ် အတွင်းရှိ သေရည်အရက် ထုတ်လုပ်သူများမှ ယမကာထုတ်လုပ်သူ […]


ဂေးကထနဲ့ဂေးမဒ ရွေးကောက်ပွဲ ကော်မရှင် အုတ်ကထ ဦးတင်အေးက သမဒဂျီးနှင့်သူ နီးကပ်စွာ နေခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုသာဖြစ်ပီး နိုင်ငံရေး ဆက်နွယ်မှု မရှိဂျောင်း ပြောဆိုလိုက်သည့်အတွက် ၎င်းတို့နှစ်ဦး ပူးပူးကပ်ကပ် နေဂျင်းသည် သွေးရိုးသားရိုး မဖြစ်နိုင်ဂျောင်း လိင်တူချသူများ လေ့လာစောင့်ကြည့်ရေး ကော်မတီမှ ထုတ်ဖေါ် ပြောဆိုသည်။ မာမွတ်ကို ဘာမှတ် မြန်တျန့်သဂျီး မာမွတ်ခိုမ်မှ ၎င်းအား ၇၈၆ မူလာဂျီးဟု စွပ်စွဲနေသော ဂဇက်ရွာ ဖတ်ရွဲ့အဖွဲ့ သုံးလဆက်တိုက် အကြိုက်ဆုံးစာမူဆုရှင် ဘက်စ်ဆဲလား စာရေးဆရာ ဦးကြောင်ကြီးအား တရားစွဲမည်ဟု ခြိမ်းခြောက်လိုက်ပီး ယင်းအချိန်ကြမှ ထွက်မပြေးရန် သတိပေးထားသည်။ မြန်တျန့်ပြည် စာနယ်ဇင်း အခွင့်အရေး ကော်မတီကမူ မတရားရုံးမှ ဦးကြောင် ယင်းထချိန် ပြာသိုလတွင် တမင်ရွေးချယ် ဆင့်ခေါ်မည်ကို စိုးရိမ်မကင်း […]


alinsettNovember 24, 20135min229375
သတင်း နေပြည်တော်၊ နိုဝင်ဘာလ (၁၆) ရက်။ ————————- ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၂ ခုနှစ် အတွင်း ထုတ်ဝေခဲ့ သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်ကြေညာသည်။ ဝတ္တုရှည်စာပေဆုတွင် ထက်နိုင် (တလုပ်မြို့) ရေးသားသည့် မပြောဖြစ်ခဲ့တဲ့စကား၊ ဝတ္တုတိုပေါင်းချုပ် စာပေဆု တွင် ခင်မြဇင် ရေးသားသည့် ကောင်းကင်မိုးတိမ် ဝတ္တုတိုများ၊ ကဗျာပေါင်းချုပ်စာပေဆုတွင် ကို (တက္ကသိုလ်) ရေးသားသည့် မြကန်သာ ကဗျာပေါင်းချုပ်၊ စာပဒေသာစာပေဆုတွင် ဒေါက်တာခင်လက်ျာ ရေးသားသည့် ဖေဖေဗိုလ်လက်ျာ၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာ ဆိုင်ရာစာပေဆုတွင် စတီဗဲန်နီကိယို ရေးသားသည့် ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ကလေးစာပေဆုတွင် ရွှေမြိုင်ပြုံးလဲ့မော် ရေးသားသည့် […]


Hlaing Zar ChiNovember 22, 20131min2023
တောင်တွင်းကြီးမြို့တွင် ဖခင်ဖြစ်သူမှသမီးအရင်းဖြစ်သူအားသားမယားပြုကျင့်မှုဖြစ်ပွား    တောင်တွင်းကြီးမြို့ နေ တရာလို ဒေါ်အေးမြင့်၊အသက်(၄၅)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ယောက်မတော်စပ်သူ မဝင်းခိုင်ရောက်ရှိလာပြီး ဒေါ်အေးမြင့်၏တူမအရင်းဖြစ်သူ အသက်(၁၄)နှစ်အရွယ်မိန်းကလေးအား ၎င်း၏ဖခင်ရင်းတော်စပ်သူ ဦးသုခ မှသားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရ၍ တူမဖြစ်သူအားခေါ်ယူမေးမြန်းရာတွင် တူမဖြစ်သူမှ အောက်တိုဘာ(၇)ရက်နေ့နေ့လည်(၂)နာရီချိန်က ဖခင်ဖြစ်သူ ဦးသုခရှိရာဈေးအပြင်ဘက်ရှိ ဆိုက္ကားဂိတ်သို့ ဈေးဘိုးငွေသွားရောက်တောင်းခဲ့ရာ ဖခင်ဖြစ်သူမှလူစီးသွားခေါ်မည်ပြောသဖြင့်ဆိုက္ကားဖြင့်လိုက်ပါသွားခဲ့ကြောင်း၊တောင်ပြင်(၂) ရပ်ကွက်၊အတွင်းစည်းခုံဘုရားအနီးအရောက်တွင် ဆိုက္ကားအားရပ်၍ချုံပုတ်အတွင်းသို့သမီးဖြစ်သူအားဆွဲခေါ်ကာ ဖခင်ဖြစ်သူမှ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊မိခင်ဖြစ်သူအားတိုင်ကြားလျှင်သတ်ပစ်မည်ဟုပြောဆိုသဖြင့်ဖခင်အားကြောက်၍မပြောဘဲ နေခဲ့ကြောင်းအဒေါ်ဖြစ်သူ ဒေါ်အေးမြင့်အားပြန်လည်ပြောပြသိရှိရသဖြင့်  အလိုမတူဘဲသားမယားပြုကျင့်သူ ဦးသုခအားအရေး ယူပေးပါရန် နိုဝင်ဘာ(၁၃)ရက်နေ့နေ့လည်(၃)နာရီချိန်တွင် အဒေါ်ဖြစ်သူ ဒေါ်အေးမြင့်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၂၁၂/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။ မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ မှန်လုံယာဉ်ပေါ်မှဖဲလောင်းကစားပြုသူများဖမ်းဆီး         မကွေးမြို့၊ရန်ဝေးရပ်၊ကားကြီးကွင်းအတွင်းရှိ ရွှေမန်းသူကားဂိတ်ရှေ့တွင်ရပ်ထားသော ၅ဂ/၉၈၅၂၊ YUDONG အမျိုးအစားမှန်လုံယာဉ်ပေါ်တွင်နိုဝင်ဘာ(၁၃)ရက်နေ့နေ့လည်(၂)နာရီ(၁၅)မိနစ်ချိန်က ဖဲဝိုင်းလောင်းကစားပြုနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှဖုန်းဖြင့်သတင်းပေးချက်အရ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၁၁/၂၀၁၃) ဖြင့် မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် […]


Hlaing Zar ChiNovember 22, 20131min1370
မကွေးတိုင်းဒေသကြီးရှိ လင်းဇင်းဆည်ကြီးကြောင့် မြေဧက ၃ သောင်းကျော်စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိ           စလင်းတမံနှင့်လင်းဇင်းကြားမှာ ဆည်ရေသောက်လယ်ဧကပေါင်း ၄၀၀ဝ ကျော်ရှိသည့်အနက် အခုလို လင်းဇင်းရေဆည်ရေသောက်စနစ်ပြုပြင်ပြောင်းလဲမှုတို့ကြောင့် တောင်သူလယ်သမားတို့မှာ ယခုနှစ်တွင် နှမ်းတင်း ၁၅၀ဝ လောက်ရရှိကြသဖြင့်တောင်သူလယ်သမားများမှာ အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်လာကြ သဖြင့် နှစ်ပေါင်းများစွာ ရေရရှိမှုမရှိခဲ့သောရွာများမှ ယခုကဲ့သို့ နှမ်း ၊စပါးဧကများ အထွက်တိုးလာကြသည်မှာ ရွာသူရွာသားများပျော်ရွင်မဆုံးဖြစ်နေကြသည်။၂၀၁၃ ခုနှစ်တွင် အရှိန်အဟုန်မြင့်၍ တူးမြောင်း များရေစီး ရေလာကောင်းမွန် လာရုံသာမကမြောင်းဘောင် တစ်လျှောက်မြေ နီကျောက်စရစ်ခင်းခြင်းနှင့်ရေမတိုက်စားစေရန် မြက်ပင်များစိုက်ပျိုးခြင်း၊ရေမြောင်းမကြီးနှင့်ဆက်သွယ်မှုများကို စနစ်တကျ ပြုပြင်မွန်းမံ လျှက်ရှိသဖြင့် စလင်းမြို့နယ် အတွင်း ရှိ ကျေးရွာတောင်သူ လယ်သမား များ၏ အဓိကမရှိမဖြစ် မှီခိုအားထားရာ ရေမြောင်း ဆည်ကြီးဖြစ်လာသဖြင့် လယ်မြေများအဖြစ်ပြောင်းလဲစိုက်ပျိုးလာနိုင်မှာ ဖြစ်သဖြင့် လင်းဇင်း ဆည်ကြီး ပြီးစီးပါက လယ်ယာ […]


Thiha Phone MoNovember 22, 20131min1600
တောင်တွင်းကြီးမြို့တွင်စက်သုံးဆီဆိုင်ပြောင်းရွှေ့ပေးရန် ခွင့်ပြုချက်မရရှိဘဲ တစ်ကိုယ်တော်ဆန္ဒပြသူ သက်ဆိုင်ရာမှအမှုဖွင့်      တောင်တွင်းကြီးမြို့၊မကွေး-တောင်တွင်လမ်း၊တောင်တွင်းကြီး-အောင်လံ-ပြည်လမ်းဆုံရှိ New day စက်သုံးဆီဆိုင်ရှေ့ တွင် နိုဝင်ဘာ(၇) ရက်နေ့နံနက်(၉)နာရီချိန်က ပြေစိုး၊ဂက်စ် မီးခြစ်ဖြည့်လုပ်ငန်း ၊ရွှေအိုး(၂)ရပ်ကွက်၊တောင်တွင်းကြီးမြို့နေသူသည် ဗီနိုင်းစဖြင့်ပြုလုပ်ထားသောဆိုင်းဘုတ်(၃)ခုအားလည်ပင်းတွင်တစ်ခု၊ဝဲ/ယာ လက်တစ်ဖက်စီတွင်တစ်ခုစီကိုင်ဆောင်ပြီး New Day စက်သုံးဆီဆိုင်အားမြို့ပြင်ရွှေ့ပြောင်းပေးရေး အတွက်တစ်ကိုယ်တော်ဆန္ဒပြနေကြောင်းသိရှိရသည်။ဗီနိုင်စတွင် နိုင်ငံတော် သမ္မတကြီးကိုကြိုဆိုပါ၏ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို ့မြို့ပတ်လမ်းလမ်းဆုံရှိမီးဘေးအန္တရာယ်အထူးစိုးရိမ်ရသော အမှတ်(၅၄) New Day စက်သုံးဆီဆိုင်အားမြို့ပြင် တစ်နေရာသို့ပြောင်းရွှေ့ပေးပါ စသည့်စာတန်းများပါရှိသည်။ အဆိုပါနေရာ သို့ တောင်တွင်းကြီး မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်ဆွေနှင့်အဖွဲ့သွားရောက်ခေါ်ဆောင်ပြီး ပြေမိုးအား ခွင့်ပြုချက်မရှိဘဲ တစ်ကိုယ်တော်ဆန္ဒမှု ဖြင့် တိုင်တန်းခဲ့ရာ သက်ဆိုင်ရာတောင်တွင်းကြီး မြို့မရဲစခန်းမှ(ပ)၂၀၈/၂၀၁၃ ၊ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလည့်လည်ခွင့်ဆိုင်ရာဥပဒေပုးဒ်မ (၁၈) ဖြင့်အရေးယူထားကြောင်းသိရှိရသည်။ ဂန့်ဂေါမြို့နယ်တွင် အမည်မသိပုတ်ပွ အလောင်းတစ်လောင်းတွေ့ရှိ        ဂန်ဂေါမြို့၊အမှတ်(၁)ရပ်ကွက်ဘေးရှိ မြစ်သာမြစ်အတွင်းခြုံနွယ်ပေါ်တွင် နိုဝင်ဘာ(၆)ရက်နေ့ညနေ(၄)နာရီ(၄၅)မိနစ် […]


Thiha Phone MoNovember 22, 20131min1900
ချောက်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်     ချောက်မြို့၊ဗဟိုကွက်သစ်ရပ်ရှိ သာသနာ့ဗိမ္မာန်တွင် နိုဝင်ဘာ(၂၀)ရက်နေ့နံနက်(၁၀)နာရီချိန်က လွှတ်တော်ကိုယ်စားလှယ် များ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း အခမ်းနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ ဦးစောဝင်းမောင် မှ ၁၃၀ဝ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီသို့ အလှူငွေ ကျပ်(၅)သိန်းပေးအပ်ခဲ့ပြီးနောက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ငြိမ်း ကလွှတ်တော်အတွေ့အကြုံရှင်း လင်းတင်ပြခြင်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် မှလွှတ်တော်အတွေ့အကြုံများရှင်းလင်းခြင်း၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးမှမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံး၏ ဆောင်ရွက်ချက်များရှင်းလင်းတင် ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။တက်ရောက်လာကြသူများမှ ကျေးလက်ဒေသရေရရှိရေး၊လျှပ်စစ်မီးရရှိရေး၊ဟောင်းနွမ်းဆွေးမြေ့နေသည့် ကျေးလက်ဒေသဆေးပေးခန်းများ ပြန်လည်ပြုပြင်မွမ်းမံပေးရေး၊ချောင်းတက်ကျေးရွာ မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ် ပေးရေး၊ချောက်မြို့ပေါ်တွင် ယာဉ်၊လမ်းစည်းကမ်းစနစ်တကျဆောင်ရွက်ပေးရေးတို့အားတင်ပြဆွေးနွေးခဲ့ကြောင်း၊အခမ်းအနား သို့ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာများမှ(၂၀)ဦး၊ ၁၃၀ဝ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီဝင် (၂၀၀)ကျော်နှင့်ပြည်သူလူထု(၁၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရသည်။ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့အခမ်းအနား မကွေးမြို့တွင်ကျင်းပ      မကွေးမြို့၊စိုးကောမင်းရပ်ကွက် အထက(၁)လမ်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမတွင် […]


Hlaing Zar ChiNovember 21, 20131min3307
ဒဟတ်ပင်ရေနံမြေတွင် မီးလောင်မှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ဒဟတ်ပင်ရေနံမြေလုပ်ကွက်အမှတ်(၅)ရှိ ယာပိုင်ရှင် ဦးကျော်တိုးမောင် မင်းလှမြို့နယ် နေသူ၏ယာအတွင်း နိုဝင်ဘာ(၂၀)ရက်နေ့နေ့လည်(၁၁)နာရီ(၂၀)ချိန်ကမီးလောင်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရေနံတွင်းပိုင်ရှင် ဦးကျော်တိုးမောင်၏ယာထဲတွင် ဝင်းမင်းဌေး(ခေါ်)ဖိုးပြည့် မြိုင်မြို့နယ်နေသူရေနံခပ်စဉ် ရေနံခပ်ခွက်နှင့် သံကိုင်းတို့ပွတ်တိုက်မိ ရာမှ မီးပွင့်၍မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးလောင်ကျွမ်းမှုကြောင့် စက်ကလပ်ခုံတစ်ခုံ၊ရေနံစိမ်း(၅)ပေပါမီးလောင်  ခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုးကျပ်(၇၅၀၀၀၀)ခန့်ဖြစ်ကြောင်း နှင့်ရေနံပေါ့ဆစွာခပ်သူ ဝင်းမင်းဌေး အား မင်းလှမြို့မရဲစခန်းမှ (ပ)၁၃၅/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ ယာဉ်အားမဆင်မခြင်မောင်းနှင်၍ ဘရိတ်ပေါက်လမ်းဘေးချောက်ထဲထိုးကျ ယာဉ်နောက်လိုက်နှစ်ဦးသေဆုံး ပွင့်ဖြူမြို့နယ်၊မဲဇလီကျေးရွာအုပ်စု လယ်မရွာအနောက်ဘက်ရှိ ဒဟတ်ပင်ကုန်းအနီးတွင် နိုဝင်ဘာ(၂၀)ရက်နေ့နံနက်(၃) နာရီခွဲချိန်က ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ စေတုတ္တရာမြို့နယ်၊ခဲပစ်ကျေးရွာမှပွင့်ဖြူမြို့နယ် မဲဇလီကျေး ရွာသို့ ဆန်အိတ်တင်ရန်အတွက် ယာဉ်မောင်း အောင်ကို၊ခဲပစ်ကျေးရွာနေသူမောင်းနှင်သည့် ဖောကားအပြာရောင်ယာဉ် ပေါ်တွင် အလုပ်သမား ဇော်ထူး၊မောင်ထူးတို့အားတင်ဆောင်မောင်းနှင်လာစဥ ် ကားဘရိတ်ပေါက်၍လမ်းဘယ်ဘက်ခြမ်း(၆)ပေ ခန့်ရှိသည့်ချောက်ထဲသို့ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဇော်ထူး တွင် ဘယ်ဖက်မျက်နှာ(၁)လက်မခန့်ချိုင့်ဝင်ဒဏ်ရာ၊မေးစေ့အောက် တစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ဘယ်ဘက်လက်ကောက်ဝတ်ကျိုးပဲ့ဒဏ်ရာများနှင့်သေဆုံးခဲ့ပြီး […]


Hlaing Zar ChiNovember 21, 20131min2094
စလင်းမြို့နယ်တွင် သစ်၊ဝါးတင်ကားတိမ်းမှောက်(၆)ဦးသေဆုံး(၂)စိုးရမ်ရဒဏ်ရာရရှိခဲ့ မကွေးတိုင်းဒေသကြီး၊  စလင်း-စေတုတ္တရာကားလမ်း မိုင်တိုင်အမှတ် ၇/ရ အနီးရှိ လက်ပကျင်းချောင်းအနောက်ဘက် တွင် နိုဝင်ဘာ(၂၀)ရက်နေ့နံနက်(၁)နာရီခွဲချိန်ကယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း အေးမင်းထိုက် ၊စလင်းမြို့နယ်နေသူမောင်းနှင်သော နစ်ဆန်း၊အပြာရောင်(၆)ဘီးယာဉ်ပေါ်တွင် သစ်အခြားသားဆိုဒ်စုံ(၂၀)တုံးခန့်နှင့်ဝါးအလုံး (၅၀၀)ခန့်အားသယ်ဆောင်လာစဉ် ချောင်းအဆင်းစက်ရပ်ကာအရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းရှိ ချောက်ထဲသို့တိမ်း မှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါအလုပ်သမား(၁၂)ဦးအနက် ဦးမြင့်အောင်၊ဦးမြင့်ဝေ၊ဦးနေမျိုအောင်၊ဦးကျော်ကျော်နိုင်၊ဦးဇော်မင်းနိုင်၊ ဦးကျော်မင်းထွန်း ကူတို့တောင်ကျေးရွာ၊မကျီးပင်အုပ်စုနေသူ(၆)ဦးအခင်းဖြစ်နေရာတွင်သစ်လုံးပိသေဆုံးခဲ့ပြီး၊ကျန်ဒဏ်ရာရရှိသူ (၆)ဦးအနက် ဦးမြင့်သိန်းထွန်း၊ဦးသန်းထိုက်အောင်တို့နှစ်ဦးသည်စိုးရိမ်ရဒဏ်ရာရရှိခဲ့သဖြင့် စလင်းမြို့နယ်ပြည်သူ့ဆေးရုံမှ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ ယာဉ်မောင်း အေးမင်းထိုက်မှာထွက်ပြေးတိမ်းရှောင် နေသဖြင့် တရားခံအားအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စလင်းမြို့နယ်၊လင်းဇင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၁၃၊  ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။ မင်းဘူးမြို့နယ်တွင် တရားမဝင်ရေနံစိမ်းဂါလံ(၃၀၀၀)တင်ဆောင်လာသည့်ယာဉ်ဖမ်းဆီးအရေးယူ မင်းဘူခရိုင်၊မှုခင်းအထူးနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် သူရအောင်နှင့်အဖွဲ့သည် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ ဒုရဲအုပ် စိုးမိုးဌေးနှင့်အဖွဲ့ပူးပေါင်း၍ နိုဝင်ဘာ(၁၉)ရက်နေ့ည(၇)နာရီ(၅၅) မိနစ်ချိန်က မင်းဘူး-မင်းလှကားလမ်း၊ တြိဂံဆုံ ကျွဲသိုးမြှောင်ရွာထိပ်တွင်ဖြတ်သန်းသွားလာသည့်ယာဉ်များအားရပ်တန့်စစ်ဆေးခဲ့စဉ် မင်းလှမြို့မှ […]


Thiha Phone MoNovember 19, 20131min2295
ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင့်သဖြင့် တံတားပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်ပွား ဆောမြို့နှင့် ခွင်းချောင်းကျေးရွာဆက်သွယ်ထားသော ယာယီတံတားပေါ်တွင် နိုဝင်ဘာ(၁၇)ရက်နေ့ညနေ(၅)နာရီခွဲ ချိန်က အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မင်းမင်းထွန်း(ခေါ်)ဖေစိန် ဖျဉ်းကြီးကျေးရွာ စေတုတ္တရာမြို့နယ်နေ သူမောင်းနှင်ပြီးနောက်မှတစ်ရွာတည်းနေ စန်းမြင့်ကို လိုက်ပါလာသောဆိုင်ကယ်သည် ခွင်းချောင်းရွာဘက်မှ ဆောမြို့ဘက်သို့ မောင်းနှင်လာစဉ် တံတားပေါ်အရောက်တွင်တံတား၏ ယာဘက်ခြမ်းသို့ပြုတ်ကျ၍ မင်းမင်းထွန်း တွင် ယာဘက်နောက် စေ့တစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ယာဘက်ဒူးခေါင်းပေါက်ပြဲဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး စန်းမြင့်မှာ ဝဲဘက်ဒူးခေါင်းနာ၊ယာဘက်ခြမ်း ဦးခေါင်းနာဒဏ်ရာများရရှိခဲ့သဖြင့်  ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ မင်းမင်းထွန်းအား ဆောမြို့နယ်၊ဆောမြို့မရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၃၊ပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။ ယောချောင်းတစ်လျှောက် ဆိတ်ကျောင်းသွားကျောင်းရာမှ အမျိုးသမီးငယ်တစ်ဦးရေနစ်သေဆုံးခဲ့ ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်အုပ်စု မိကျောင်းတွင်းကျေးရွာနေ အမျိုးသမီးငယ်တစ်ဦး နိုဝင်ဘာ(၁၆)ရက်နေ့က ရေနစ်သေ ဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ထိုကျေးရွာနေ မတင်ဇာဝင်း၊အသက်(၁၃)နှစ်သည်နေ့လည်(၁၁)နာရီချိန် နေအိမ်ရှိ ဆိတ်အုပ်အား ယောချောင်းတစ်လျှေက်သွားကျောင်းရာမှ နေအိမ်သို့ပြန်လာချိန်နောက်ကျနေသဖြင့် ဖခင်ဦးဘိုပု နှင့် အစ်ကို […]


Thiha Phone MoNovember 19, 20131min35912
မင်းဘူးမြို့နယ်တွင် မြန်မာဩဘာလုပ်ငန်းစုကုမ္ပဏီလီမိတက်မှ တောင်သူများအားစိုက်ပျိုးဆေးသုံးစွဲနည်းပညာပေ ဟောပြောပွဲကျင်းပ မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊အမှတ်(၃)ရပ်ကွက် ပြည်တော်သားလမ်းရှိ သုခမိန်ခန်းမတွင် နိုဝင်ဘာ(၁၆)ရက်နေ့ နံနက်(၈)နာရီခွဲချိန်က မြန်မာ့ဩဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးကျော်ရှိန်ဦးဆောင်၍ တာဝန်ရှိသူများမှတောင်သူများအားစိုက်ပျိုးဆေးသုံးစွဲနည်းများကို ပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။ထိုဟောပြောပွဲသို့ မင်းဘူးမြို့နယ်ရှိ ကျေးရွာအုပ်စု(၁၇)စုတို့မှတောင်သူ(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊တက်ရောက်လာကြသည့်တောင်သူ ဦးကြီးများအားမြန်မာဩဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းခဲ့ကြောင်းသိရသည်။ ရန်ဖြစ်ရာကိုဝင်ရောက်ဖြန်ဖြေသူအားဓားဖြင့်ခုတ်သူအားအရေးယူမှု မင်းဘူးစကုမြို့နယ်တွင်ဖြစ်ပွား မင်းဘူး၊စကုမြို့နယ်၊အမှတ်(၃)ရွှေတိုင်ရပ်နေ ညွှန့်ဝင်း၏ မင်္ဂလာဆောင်နေအိမ်တွင် နိုဝင်ဘာ(၉)ရက်နေ့ နေ့လည်(၂)နာရီချိန်က မောင်စိုးနှင့်မောင်ကြည်တို့အရက်အတူသောက်စားပြီး စကားနိုင်လုပြောရာမှတစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်နေသည်ကို အနီးရှိ တစ်ရပ်တည်းနေ ဦးလှမောင်မှဝင်ရောက်ဖြန်ဖြေပေးခဲ့ပြီးနောက် ဦးလှမောင်သည်နေအိမ် သို့တစ်ဦးတည်းပြန်လာခဲ့စဉ် ရွှေပေါက်ကံရပ်ကွက်အရောက်တွင် မောင်ကြည်သည်နောက်မှဓါးကိုင်ပြေးဝင်လာပြီး ဘာမှမပြော ဘဲ ဦးလှမောင်အားဓါးဖြင့်ခုတ်သဖြင့် ဦးလှမောင်တွင် ဝဲဘက်ဒူးအထက်ပြတ်ရှဒဏ်ရာ၊ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ဝဲဘက်နဖူးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုရေးအရစောင့်ဆိုင်းသော်လည်းလာရောက်တောင်းပန်ခြင်းမရှိသဖြင့် မောင်ကြည်အားအရေးယူပေး ပါရန် နိုဝင်ဘာ(၁၆)ရက်နေ့တွင်တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊စကုနယ်မြေရဲစခန်းမှ (ပ)၇၂/၂၀၁၃၊ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့် ထားကြောင်းသိရှိရသည်။ ရေစကြိုမြို့နယ်ရှိ မအူအောက်ဆိပ် […]


alinsettNovember 18, 20133min58021
အဟက် ။   ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရတာ နာလွန်းလို ့ . . . သူများပေါင်တွေ လိုက် လှန်ထောင်းလိုက်ဦးမယ် ။   :kwi:   ********************   ဗမာတချို ့ပြောပါတယ်. . .။   သင့်တော်၏ မသင့်တော်၏ တောင် မစဉ်းစားကြတော့ပဲ . . . တလွဲတချော်တွေ လုပ်နေလိုက်ကြတာများးးးး   မြင် မကောင်း / ကြား မကောင်း ဖြစ်ချင်တိုင်းကို ဖြစ်လို ့ ။   တန်ဆောင်မုန်းလပြည့်နေ ့ မတိုင်ခင်ကတည်းက . . . ဘုံကထိန် အလှူတော်မင်္ဂလာတွေ ခြိမ့်ခြိမ့်သဲသဲ . . […]


alinsettNovember 17, 20131min53319
အဟိ ။   :kwi:   ********************   တစ်ခါဒုန်းဂ ပေါ့ ဗျာာာာ   ကြောင်ဂျီးဒဂေါင်ဟာာာ   ကြွက်ကလေး ဒဂေါင်ကို . . . စားချင်လွန်းလို ့လိုက်ဖမ်းပါလေရော. . .။   ကြွက်ကလေးက ပြေးးးး ကြောင်ဂျီးက လိုက်. . .နဲ့ ဝရုန်းသုန်းကားဂျီးပေါ့ . . . ။   ကြောင်ဂျီးဂ လျှာဂျီး တန်းလန်းထွက် သွားဂျီးကို ဖြီးးးလို ့ ။ လက်သည်းဂျီးတွေကိုလည်း ဖြန့်ကားပြီး ကြွက်ကလေးကို ခုန်ခုန်အုပ်တာပေါ့ ။   မိလိုက်လို ့ကတော့ ဒဂျွတ်ဂျွတ် ဝါးစားမှာ သေချာသပေါ့ ။   […]