Wai PhyoeJune 19, 20122min58324
ကျွန်တော့် အဖြစ်ကဆိုးပါတယ်ဗျာ သူများတွေလို Canon Mark 2  5D  လဲမကိုင်နိင် Wide Screen Camera လဲမရှိ။ ယုတ်စွအဆုံး အိမ်သုံး Digital Camera တောင်မရှိဘူးဗျာ။ ဆိုတော့ကာ……………………..ဖုန်းလေးနဲ့ရိုက်ထားတဲ့ပုံချာချာလေးတွေကိုပဲ အားပေးပါတော့ဗျာ ဆြာတေသင်ပေးမယ်လို့လဲမျှော်လင့်ပါတယ်ဂျာ။  


Wai PhyoeJune 19, 20122min2352
SuperComputers ဒီတစ်ပတ်မှာတော့ကွန်ပျူတာနယ်ပယ်နှင့်အကျွမ်းတဝင်မရှိသေးသောသူများအတွက် “စူပါကွန်ပျူတာ” အမျိုးစားနှင့်မိတ်ဆက်ပေးလိုက်ပါရစေ။သာမန်အားဖြင့် ကျွန်တော့်တို့တွေခွဲခြားထားတာက PC နဲ့ Laptop ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။တကယ်တော့ ဒီနှစ်မျိုးထဲမကပါဘူးတခြား SuperComputer,Mainframes နဲ့ WorkStation တွေဆိုတာရှိပါသေး တယ်။အဲ့ဒီ ၃မျိုးထဲမှစိတ်ဝင်စားစရာ SuperComputer အကြောင်းကိုအခြေခံလေးပြောချင်ပါတယ်။ Super Computer တွေဆိုတာခုလက်ရှိမြင့်ပါတယ်ဆိုတဲ့ Computer တွေမဖြေရှင်းနိင်မကိုင်တွယ်နိင်သေးတဲ့ပြသာနာတွေကိုတွက်ချက်ဖို့အတွက်အထူးဒီဇိုင်းဆွဲထား တဲ့ကွန်ပျူတာကြီးတွေလို့အကြမ်းဖျင်းဆိုနိင်ပါတယ်။ SuperComputer တွေကိုဥပမာအားဖြင့် ကားတွေဒီဇိုင်းဆွဲရာတွင်သောလည်းကောင်းလေယဉ်ပျံများတည်ဆောက်ရာတွင်လည်းကောင်းအ ထူးသုံးကြပါတယ်။ခုဆိုရင်အာကာသယဉ်တွေကိုအကောင်းဆုံးဒီဇို်င်းဆွဲရာတွင်လည်း SuperComputer တွေကမပါမပြီးဖြစ်လာပါပြီ။အဲ့ဒါတွေအပြင် ရာသီဥတုခန့်မှန်းတာတွေ၊ဆေးဝါးအသစ်တွေ တည်ထွင်ဖို့တွက်ချက်တာတေ၊ွဓါတုဒြပ်ပေါင်းတွေတည်ထွင်ရာမှာလည်းသုံးကြပါတယ်။Scientist တွေကလည်း Atomများနဲ့ဖွဲ့စည်းထားတဲ့Particlesတွေ၊ကြယ်တွေGalaxyတွေတည်ဆောက်ပုံက အစ SuperComputer တွေနဲ့ပဲတွက်ချက်နေရပါတယ်။ SuperComputer များကိုအကျယ်ပြန့်ဆုံးသုံးသော Field များကိုပြပာုဆိုပါကစစ်တပ်များမှာအတွင်ကျယ်ဆုံးသုံးကြပါတယ်။SuperComputer များကတာဝေးပြေးလက်နက်များကိုထိန်းချုပ်ရာတွင်အတိကျဆုံးနှင့်အမြန်ဆုံးဖြစ်ပါသည်။အချို့နေရာများတွင်လည်းSuperComputer များကိုနည်းပေါင်းစုံနှင့်သုံးကြပါသည်။ Super Computerများနှင့်တခြား Computer များကွာခြားချက်မှာ SuperComputerများသည် ပြသာနာတစ်ခု Task တစ်ခုတည်းကိုသာ တစ်ချိန်တည်းတွင်ဖြေရှုင်းပါသည်။ ဆိုလိုရင်းမှာ Task တစ်ခု […]


Wai PhyoeJune 18, 20122min43013
ယနေ့အိုင်တီခေတ်တွင်လူအများစုသည် Brand စုံ၊ဈေးနှန်းစုံ Computer မျိုးစုံတို့ကိုသုံးလာကြသည်။ထိုသို့တိုးတက်လာသည်မှာလည်းလျှော့ကျရန်မရှိ၊တိုးပြီးရင်းတိုးဘို့သာရှိလာတော့သည်။ ထို့အတူ Software Application များစွာလည်းသူ့ထက်ငါအပြိုင်ထွက်ပေါ်လာကြသည်။ လူငယ်များကလည်း Computer များနှင့်ပက်သတ်လာလျှင်Professional ပိုပြီးဆန်လာကြသည်။ Application များစွာအကြောင်းကိုအသေးစိပ်သိကြသည်၊မသိလည်းသိရန်သင်တန်းတွေတက်ကြမေးကြမြန်းကြနှင့်ကြိုးစားကြသည်။သို့သော်အားလုံးသတိမထားကြမိသည်မှာ မိခင်ပင်ရင်း ှApplication ကြီးဖြစ်သည့် Operating System များအကြောင်းဖြစ်သည်။ Operarting System သည်ထဲထဲဝင်ဝင်သိရန်ခက်သည်၊နက်ရှိင်းသည်။သို့သော်အားလုံးအခြေခံအားဖြင့်သိသင့်သဖြင့် လက်လှမ်းမိသမျှ မသိမဖြစ်အခြေခံအချက်လေးများကိုဖော်ပြလိုပါသည်။ OS ဆိုတာဘာလဲ? Operating System ဆိုသည်မှာကွန်ပျူတာတစ်လုံးကိုထိန်းချုပ်ရန်အတွက်အခြေခံအကျဆုံး Software တစ်ခုပာုသတ်မှတ်နိင်ပါသည်။OS များတွင်အခြေခံအားဖြင့် အဓိကအားဖြင့် Function 3 ခုရှိပါသည်။ပထမတစ်ခုမှာ Hardware အစိတ်အပိုင်းတွေကိုညှိနှိုင်းပေးခြင်းနှင့်ကိုင်တွယ်စီမံခြင်းဖြစ်ပါသည်။ဥပမာအနေဖြင့်OS တစ်ခုသည် Printer, memory , disk ,mouse နဲ့  keyboard စ တဲ့အခြေခံ Hardware တွေကိုထိန်းချုပ်ရပါတယ်။ဒုတိယတစ်ခုကတော့ File များကိုထိန်းချုပ်စီမံရပါသည်။ဥပမာအနေဖြင့် floppy […]


sterJune 16, 20121min43216
နှစ်(၂၀)ကျော် ဖျက်သိမ်းယာဉ်များအနက် မအပ်သေးသော ကားများ သုံးလအတွင်း လာအပ်ပါက အခွင်.အရေးကောင်းများ ရရှိမည်။ နောင်မှ လာအပ်ပါက လက်ရှိပေးထားသော အခွင်.အရေးအတိုင်း ရရှိချင်မှ ရရှိနိုင်မည်ဆိုပါလား။ ဘာကို ပြောတာ လဲ မသိဘူးနော်။


Wai PhyoeJune 15, 20121min70923
ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။ သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က […]


wintayzahlaingJune 15, 20121min2356
“ကမ္ဘာအစ မြန်မာက” ဖြစ်တယ် ဆိုတာကို မြန်မာနိုင်ငံ မှာ တွေ့ ရှိ ခဲ့တဲ့ နှစ်ပေါင်း ၃ရ သန်း ကျော်လောက်က လူသား ကျောက်ဖြစ် ရုပ်ကြွင်းတွေက သက်သေပြနိုင် ခဲ့ပါပြီ။ မြန်မာပြည်က ကျောက်ဖြစ် ရုပ်ကြွင်းတွေကို လေ့လာနေတဲ့ အဖွဲ့က တွေ့ရှိ ခဲ့တဲ့ ရှေးလူသားတွေရဲ့ သွားတွေဟာ အာဖရိကမှာရှိတဲ့ ရှေးအကျဆုံး လူသားတွေရဲ့ သွားတွေနဲ့ တူညီနေတာကို တွေ့လိုက်ရလို့ ဟိုးအရင် ကတည်းကတိုင် အာရှနဲ့ အာဖရိကဟာ ဆက်သွယ်မှု ရှိနေတယ် ဆိုတာကိုပါ သိရပါတယ်။ တကယ်တော့ လူသား အစဟာ အာရှမှာ အခြေတည်ခဲ့ပြီးမှ ကမ္ဘာဦးလူသားတွေဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး၊ အာဖရိက အထိ ခြေဆန့် ခဲ့တာပါ။ မြန်မာ့ သွားတွေဟာ […]


kanjosanJune 15, 20121min49719
နာမည်ကျော် အမေရိကန်ကုမ္ပဏီ ကိုကာကိုလာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာတော့ မြန်မာနိုင်ငံမှာ တစ်ခြားနိုင်ငံတွေလို ဈေးပေါပေါနဲ့ သောက်ဖို့အရေး နီးစပ်သွားပါတယ်… မြန်မာနိုင်ငံမှာ code သံဗူးကို ဈေးကြီးကြီးနဲ့ သောက်နေရတာဟာ တစ်ခြားနိုင်ငံတွေကတစ်ဆင့်ခံ လည်တင်ပို့လို့ ဖြစ်ပါတယ်… ယခုအချိန် စက်ရုံ မတည်သေးပေမဲ့ အိမ်နီးခြင်းနိုင်ငံတွေကနေ တရားဝင် တစ်ဆင့် ဖြန့်ဖြူးမယ်လို့ သိရပါတယ်…  မြန်မာနိုင်ငံမှာ စက်ရုံ တည်ထောင်ပြီး ဖြန့်ဝေမယ်ဆိုရင်တော့ လုပ်သားအင့်အား အများအပြားလိုအပ်လို့ အလုပ်အကိုင် အခွင့်အလန်းလဲ ပေါ်လာမှာပါ… မြန်မာနိုင်ငံမှာ ကိုကာကိုလာ ဟာ ၁၉၂ရ တည်းကရှိခဲ့ပြီး ပြန်ရုတ်သိမ်းသွားတာ နှစ်ခြောက်ဆယ်တောင် ကြာခဲ့ပါပြီတဲ့…  အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလန်းအတွက် ဒေါ်လာသုံးသန်း ထောက်ပံ့ဖို့လည်း ရှိပါတယ်…


sterJune 14, 20121min2888
မြန်မာ.အလင်း သတင်းစာထဲမှာ နိုင်ငံသားကဒ်တွေ One Stop Service နဲ.လုပ်ပေးနေတာ ဖတ်မိတာနဲ.လွန်ခဲ.တဲ.လ အနည်းငယ်က အကြောင်း သတိရမိသွားလို.ပါ။ တစ်လောက ကျွန်တော. အသိတစ်ယောက် မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေးကဒ်) ပျောက်လို. သူနဲ.အတူ လ.၀.က ကိုရောက်သွားခဲ.ပါတယ်။ မိတ္တူ မကျန်ခဲ့လို.အရင် စပြီး လုပ်ခဲ.တဲ. မြို.နယ် လ.၀.က ကို ကိုယ်ရေး ရာဇဝင်တွေ ပြန်တောင်း ခိုင်းပါတယ်။ ပုံမှန်ကတော. တောင်းစာကို စာတိုက်ကနေ ပို.ပေမယ်. ဘယ်အချိန်မှ ပို.မယ်၊ ဘယ်လောက် ကြာမယ်၊ ဟိုရောက်ပြန်တော. ဘယ်လိုပစ်ထားပြီး ဘယ်အချိန်မှ ပြန်စာပို.မယ် ဆိုတာ မပြောနိုင်လို. ကိုယ်တိုင် သွားယူတာ ကောင်းတယ်လို. ဒီဘက် လ.၀.က ကပြော ပါတယ်။ အဲတော.လူကိုယ်တိုင်သွားယူရတယ်ပေါ.။ ကိုယ်ရေးပုံစံ […]


black chawJune 14, 20121min56225
အင်း ဒီရက်ပိုင်း လုပ်ကိုင်စားသောက်ရတာ တယ်မလွယ်ဘူး ကျောင်းဒကာကြီးတို့ရေ။ ဘာသာရေးလိုလို လူမျိုးရေးလိုလို အသွင်ယူထားတဲ့ ပဋိပက္ခသတင်းတွေနဲ့ မွန်းကျပ်လှောင်အိုက်လို့…။ ပြီးတော့ ရာဇာရွှေတိုက်တို့ ရာဇာဖက်ကက် တို့ ရဲ့ စိတ်မကောင်းစရာ သဘောထားကွဲလွဲမှုသတင်းတွေကလည်း လူတွေကို ဖီလင်အမျိုးမျိုးပေးလို့…။ ဟေးဟေး…။ နောက်တစ်ခုက ရခိုင် ဒေသ က လူတွေ (လူတွေလို့ ရှင်းရှင်းလင်းလင်းကြီး ရေးထားတယ်နော် ဝတုတ်ရေ) ကို ကူညီတဲ့အနေနဲ့ လက်ဆောင်ပေးကြမယ်ဆိုပြီး နှိုးကြဆော်ကြတော့ ကက်ပ်တိန် FR ကြီးက သူ့ လစာ သိန်းတစ်ရာလောက်ထဲက ရက်ရက်ရောရော ငါးသိန်း ဆိုပြီး မတည်လိုက်ပါလေရော ကျောင်းဒကာရေ။ အဲဒါနဲ့ ဟိုက တစ်သိန်း၊ ဒီက တစ်သိန်း တွေကလည်း ပါဝင်လာကြပါလေရောဗျာ။ ကဲ ဒီလောက် ထက်သန်တက်ကြွနေကြတဲ့ လူတွေထဲတော့ […]


စစ်တွေမြီု့ရဲ့ ၁၂ရက်နေ့ နောက်ဆုံးရ သတင်းဓါတ်ပုံတွေပါ။ စစ်တွေမြို့နဲ့အတူ ရခိုင်ပြည်နယ်ကြီးတစ်လုံးအမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းပါတယ်ဗျာ… တိုင်းရင်းသား ညီအကိုမောင်နှမများ သွေးစည်းကြပါ၊ညီညွတ်ကြပါ။။ ဘယ်သူတွေ မြှောက်ပေးလို့ ဒီလိုဖြစ်ရတာလဲဆိုတာ မကြာခင် ဘူး ပေါ်သလိုပေါ် လာတော့မှာပါ။ ဓါတ်ပုံ…ဒီမိုဝေယံ


Wai PhyoeJune 13, 20122min3548
ဘယ်Anti Virus ကိုဝယ်သူသုံးစွဲကြမလဲ၊ဘယ်Anti Virus ကကိုယ့်အတွက်အဆင်ပြေနိင်မလဲ? ကွန်ပျူတာနည်းပညာကြီးတိုးတက်လာသည်နှင့်အမျှ Computer Virus များကလည်းတသီကြီးပါလာတတ်ကြသည်။တချို့ Virus များဆိုလျှင် Hard Disk ကိုအရည်ကျိုသလိုပျက်ဆီးသွားနိင်သည် အထိကိုအဖျက်စွမ်းအားကြီးကြပါသည်။သို့နှင့်ပင်ထို Virus များကိုတိုက်ခိုက်ရန် Anti Virus များကလည်းဈေးကွက်တွင်းသို့တစ်မပာုတ်ခြင်းဝင်ရောက်လာကြသည်။Anti Virus တစ်ချို့ကလည်း Performance မြင့်ကြသည်။တချို့ကလည်းအားနည်းချက်များရှိနေကြသေးသည်။ထိုထဲမှာမိမိအတွက်အဆင်ပြေမည့် AntiVirus များကိုယခုတစ်ပတ်အတွက်တင်ပြလိုက်ပါသည်။ 1.Bitdefender Anti-Virus Bitdefender ကတော့အကောင်းဆုံးစာရင်းဝင်ဖြစ်ပြီး တော်တော်လေးကိုလုံခြုံမှူပေးစွမ်းနိင်ပါသည်။သုံးစွဲရလွယ်ကူပြီးUserFriendly လည်းဖြစ်သည့်အတွက်အတော်လေးသုံးကြပါသည်။ နောက်ထပ်အားသာချက်မှာBitdefender သုံးသူများအတွက်မိမိစက်မလေးအောင် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။သို့သော်စက်ကိုအနည်းငယ်တော့လေးစေပါသည်။KeyLogging တွေ ကိုပါရှာဖွေနိင်သဖြင့် Hacker များရန်မှအတော်အတန်ကာကွယ်နိင်ပါသည်။ 2.Kaspersky Anti-Virus အကောင်းဆုံးစာရင်းဝင်ကာမြန်မာနိင်ငံတွင်အသုံးများဆုံးသောAnti-Virus ဖြစ်ပါသည်။Scan ဖတ်ရာတွင်လည်းမြန်ဆန်မှူတိကျမှူရှိပါသည်။Update တော့မှန်မှန်လုပ်ရန်အလွန်အရေးကြီးပါ သည်။အားသာချက်မှာစက်လုံးဝမလေးခြင်းဖြစ်ပါသည်။သို့သော် License သက်တမ်းကုန်ခါနီးပါက စက်အချို့တွင် Refresh လုပ်ရန်ပင်၁၅second အထိကြာမြင့်တတ်သည်အထိစက်လေး သည်မှာလည်း အားနည်းချက်တစ်ခုဖြစ်ပါသည်။မည်သို့ဆိုစေ Disabled […]


Wai PhyoeJune 13, 20121min50515
ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။ သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။ ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။ အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို […]


Wai PhyoeJune 13, 20122min31010
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် လက်ရှိတွင် ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။ ရခိုင်တိုင်းရင်းသား နည်းပါးသော မြို့နယ်များဖြစ်သည့် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားသော ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့်မြို့များတွင်မူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လ ၄ ရက်နေ့မှစတင်ပြီး မောင်တောမြို့တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာကာ မောင်တောနှင့် ဘူးသီးတောင်မြို့တို့၌ ရိုက်နှက်ခြင်း၊ လုယက်ခြင်းတို့ကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်တွေမြို့တွင် […]