ပထမ နဲ့ ဒုတိယ ကဗာစစ်အတွင်း အင်္ဂလန်၊ ယူအက်စ်နဲ့ ဥရောပမှာ စစ်စားရိတ်ထောက်ပံ့ဖို့ အခွန်ငွေ တိုးမြှင့်ကောက်ခံတယ်။ အလွန်အမင်း မြင့်တက်လာတဲ့ စစ်အသုံးစားရိတ်ကို ကာမိစေသလို တတိုင်းတပြည်လုံးနဲ့ ဆိုင်တဲ့ မျိုးချစ်စိတ်ဓါတ်၊ ပူးပေါင်းပါဝင်ရေးကိုလဲ လှုံ့ဆော်ပြီးသားဖြစ်တယ်။ တောင်ကိုရီးယားမှာလဲ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ စီးပွားပျက်ကပ်ကြုံတော့ ပြည်သူတွေ ရွှေတွေလှူပြီး မျိုးချစ်စိတ်၊ စုစည်းညီညွှတ်မှု ပြတယ်။ မြန်မာပြည် ယနေ့ကြုံတဲ့ ဘင်္ဂါလီပြသနာ ဖြေရှင်းမယ်ဆိုရင် နယ်စပ်လုံခြုံရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်မှရမယ်။ အစိုးရ အစဉ်အဆက် ပြောဆိုလာပေမဲ့ လက်တွေ့မှာ ဘတ်ဂျက်မရှိဘူး။ နယ်စပ်လုံခြုံရေးတပ်ဖွဲ့၊ လဝကတွေလွှတ် လုပ်တာပဲ၊ ဒေသ ဆင်းရဲလွန်း လမ်းပန်းဆက်သွယ်ရေး ခက်လွန်းတော့ ဘယ်သူမှ မသွားချင်ဘူး။ မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည် အမျိုးသားရေး အဆင့်သတ်မှတ်လဲ […]