သတ္တုတွင်းဝန်ကြီးဋ္ဌာနက The voice Journal ကို မမှန်မကန်ရေးသားဖေါ်ပြလို ့တရားစွဲမယ်လို ့၁၄.၃.၂၀၁၂ နေ ့ထုတ် နိုင်ငံပိုင်သတင်းစာထဲမှာထည့်သွင်းသတင်းဖေါ်ပြခဲ့ပါတယ်။ ဒီကိစ္စလေးကိုစိတ်ဝင်စားလို ့The Voice Journal ဝယ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော နိုင်ငံပိုင် သတင်းစာများနဲ ့The Voice ကိုတော့ အခုလိုသတင်းဖွပေးတဲ့ အတွက်ကျေးဇူးတင်တယ်ဗျို ့။ အားလုံးက အသာလေးငြိမ်နေရင်အခုလို ဟိုလေးတကျော်ကျော် မဖြစ်နိုင်ပါဘူး။ အမှတ်(၁) သတ္တတွင်းလုပ်ငန်းကပိုင်တဲ့ မုံရွာကြေးနီစီမံကိန်းရဲ့ ဒေါ်လာသန်းတစ်ရာတန်ဖိုးရှိ အစုရှယ်ရာ ၅ဝ % ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကိုရောင်းချခဲ့ရာမှာ ဝယ်သူဖြစ်တဲ့မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Wanbo Mining ( Hongkong) copper limited က ငွေပေးချေခဲ့ခြင်းဖြစ်ကြောင်း weekly eleven ရဲ ့on […]