စုန္းထီးAugust 17, 20111min23817
ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ လက်ရာများကို အလျဉ်းသင့်သလို ဖော်ပြပေးခဲ့ပါတယ် … အခုတစ်ခါမှာလည်း ဆရာကြီးရဲ့ လက်ရာ ပုံ ၂ ပုံကို ထည့်သွင်းဖော်ပြလိုက်ပါတယ်ဗျ ဒီပုံကိုကြည့်ပြီး ဟိုတုန်းကတည်းက ဒီလိုကိစ္စတွေမျိုးမှာ ဒီလိုမျိုးဖြစ်ကြတယ်ဆိုတော့ …… ဒီပုံကတော့ အခုခေတ်မှာဆိုရင်တော့ .. ဟွန်း ဟွန်း ….. 😀    


kontwinsAugust 17, 20111min29416
မန္တလေးမှာ ၁၆ ရက် ညနေလောက်က ရွာချလိုက်တဲ့မိုးပေါ့နော် သည်းလိုက် မသည်းလိုက်နဲ့ ညကျတော့ အရမ်းရွာချပါလေရော် ၃နာရီလောက်ကြီး …………………………………………………..။ မနက်ကျတော့ မန္တလေး နေရာ တော်တော်များများရေအိုင်လေးဖြစ်လို့ ဘာဖြစ်လို့ ရေအိုင်တာလဲတော့မသိပါဘူး လမ်းပေါ်တွေရော် ။ ဒူးလောက်ရှိတယ် တဲ့ တစ်ချို့နေရာတွေမှာ လမ်းတွေ များများ ရေတွေချည်း လူတွေ ရေတွေနဲ့ဆို သိပ်ကြီး စိတ်ညစ်ကြတယ်ထင်ပါတယ်  ။ ဆိုင်ကယ်တွန်းတဲ့လူတွေ အများကြီးတွေ့ရတယ် ။ ဒီလိုရေအိုင်တော့ ဆိုင်ကယ်ပလက်ရေထိသွားထင်တယ် ။ …………………………………………………………………………………………..။ ရေတွေဘာလို့ဒီလောက် အိုင်ရတာလဲ ?


ေရႊဘိုသားAugust 16, 20111min1145
ကျနော်. အွန်လိုင်းက အစ်ကိုတစ်ယောက် ပြောလို.ဒီသီတင်းကို ရွာထဲသယ်လာတာ ရွာထဲက စိတ်ဝင်စားတဲ. သူများ သွားနိုင်အောင်လို.ပါ ကျနော်တို.ရဲ. ရေသောက်မြစ်ကြီးဖြစ်တဲ. အမိဧရာဝတီမြစ်ကြီးနဲ.ပတ်သတ်ပြီး ဆွေးနွေးပွဲလုပ်ဖို. ရှိပါသတဲ.ဗျာ စိတ်ဝင်စားရင် ရွာသူ ရွာသားတွေလည်း ကိုယ်သိတဲ.အကြောင်း သိချင်တဲ.အကြောင်းတွေကို ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်လို. သိရပါတယ် ဆွေးနွေးပွဲလုပ်မဲ. နေရာ လိပ်စာကတော. Thingangyun,Yangon.( အမှတ်(၄၅၃) သုမနလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့) Ohn Mar Oo အလုပ်ရုံဆွေးနွေးပွဲရှိပါတယ်၊ဧရာဝတီအတွက်ပါ ဗေဒါသင်တန်းကျောင်းမှာဖြစ်ပါတယ်၊ ပြည်သူတို ့၏ ဆန္ဒကို ဖြည့်စွမ်းပေးနိုင်သော ပညာရှင်များအား ဖိတ်ခေါ်ခြင်းဖြစ်သည့် အတွက် နိုင်ငံပိုင်သတင်းစာများတွင် ရေးသားသော ဆောင်းပါးရှင်များအပါအဝင် အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် တက်ရောက်ဆွေးနွေးပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ဆက်သွယ်လိုပါက- ဝင်းချို ၊ ဖုန်း ဝ၁-၃၉၃၁၅၅ […]


moonpoemAugust 16, 20111min25919
ခေါင်းစဉ်ရှိ စာသားကို အမည်တပ်ပြီး မြန်မာနိုင်ငံတွင် ဘေးဒုက္ခများကျရောက်တော့မည် ဖြစ်ကြောင်း၊ စစ်မက်ဖြစ်ပွားမည် လူများသေကြေပျက်စီးမည်ဖြစ်ကြောင်း ထို ့ကြောင့် လွတ်မြောက်ရန်အတွက်ဘာသာတရားကို ကိုင်းရှိူင်းကြရန်နှင့် ချေသင့်သည့် ယတြာများကို ရေးသားထားသည့် စာရွက်များပဲခူး၊ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ကျွဲကော့ များအထိပြန် ့နှ ံ့နေသည် ဟုသိရသည်။ ပဲခူးသည် လက်ရှိတွင်လည်း ရေကြီးပြီး အခက်အခဲဒုက္ခများရင်ဆိုင်နေရသည့်အတွက်ကြောင့် ယခုစာရွက် ရရှိသောအခါ ဗဟုသုတ ဓာတ်ခံ အားနည်းသူ လူထုအဖို့ စိုးရိမ်စိတ်များ ဖြစ်ပွားနေရကြောင်း သိရသည်။ ထိုစာရွက်တွင်ဖြစ်မည့် ရက်စွဲများပါသည်ဟုလည်း သိရသည်။ ၈လပိုင်း ၁၅ရက်နေ ့တွင် စတင်အမှောင်ကျမည်ဖြစ်သည်။ ၂၀၁၂တွင် ကမာ္ဘပျက်မည် ဆိုသော ဇာတ်ကားတစ်ကားသည် စိတ်ကူူူးယဉ်ကားဖြစ်သော်လည်း ထိုဇာတ်ကားရုံတင်ပြီးသောအခါတွင်လည်း ၂၀၁၂တွင် ကမာ္ဘပျက်မည်ဆိုသော ကောလဟာလများထွက်လိုက်သေးသည်။ သို ့သော် […]


gyinkalayAugust 15, 20111min79813
8.8.2011 တနင်္လာနေ ့တွင်…သန်လျင်နည်းပညာ တက္ကသိုလ်မှ ပညာသင်ကြားနေသော ကျောင်းသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။  သေဆုံးသွားသည့်ကျောင်းသားမှာ  ပထမနှစ် EC မေဂျာမှ ဖြစ်ပါသည်။ 8.8.2011 သည် သူ၏ မွေးနေ ့ဖြစ်သောကြောင့် ကျောင်းအနီးရှိ ဘန် ့ဘွေးကုန်း ဆည် သို ့သူငယ်ချင်းများ နှင့် သွားရောက်လည်ပတ်ခဲ့ပါသည်။ ဆည်တွင် အနည်းငယ်သောက်စားပြီး သူငယ်ချင်းများနဲ ့ပြေးလွားဆော့ကစားရင်း..အရှိန်လွန်ပြီး..ရေတွင်း ထဲသို ့ခလုတ်တိုက်ကာ..ခေါင်းဖြင့် ကျသွားပြီး မပေါ်လာတော့ပေ ။ ရေတွင်းအနက်မှာ 15 ပေကျော်သည် ဟုပြော ကြပါသည်.. ကျကျချင်း ကျောင်းသားတစ်ယောက်မှ ဆင်းဆည်သော်လည်း…သူပါပြုတ်ကျ မလိုဖြစ်ပြီး ပြန်တက်ခဲ့ရပါသည်။ ထို ့ကြောင့် အနီးပတ်ဝန်းကျင်ရှိ ဆိုင်ကယ် ကယ်ရီသမားများအကူ အညီ တောင်းပြီး ဆည်သော်လည်း ဆည်လို ့မရဖြစ်နေပါသည်..ထို […]


လင်းဝေAugust 15, 20111min20415
ကြားကြမှာပေါ့။ သူပဲအပြောကောင်း ပြောချင်ရာပြောတဲ့သူတစ်ယောက် ငယ်ငယ်တုန်းက ဇာတ်ပွဲထဲ နောက်ပိုင်းဇာတ်တွေ အကြည့်များ အတုခိုးထားသလားမသိဘူး အငိုလေးပါတွဲပါလာလေရောလား။ ဘယ်သို့ဘယ်ပုံ ငိုသွားတယ်ဆိုတာကို သိရအောင်လို့ ဖွလိုက်ပါတယ်။ သူကတော့ ပြောရှာပါတယ် မဖွနဲ့နော်တဲ့။ သို့သော်လည်း ဖွပြီးသား မပွမှာ စိုးလို့ မန်းဂေပေါ်မှာပါ တက်ဖွပါရစေ။ အမေးအဖြေ လုပ်ရာကနေ ငိုသွားတာဆိုတော့… အမေးအဖြေလေးတွေကို စပြီးဖတ်လိုက်ပါဗျား.. ကိုဇေယျာမြတ်ခိုင် (မော်နီတာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ) “ကျနော်သိချင်တဲ့ မေးခွန်းကတော့ အခု KIA နဲ့ ဖြစ်တဲ့ကိစ္စမှာ KIA က မြစ်ဆုံ ရေကာတာကြောင့်လို့ ပြောပါတယ်။ အခုတိုက်ပွဲဖြစ်နေတာက ညှိနှိုင်းနေဆဲပဲလို့ သိရပါတယ်။ အဲဒီအတွက် နိုင်ငံတော် အစိုးရအနေနဲ့ မြစ်ဆုံရေကာတာကို ဆက်ဆောက်ဖို့ အစီအစဉ် ရှိမရှိသိချင်ပါတယ်။ နောက်တခုက နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ […]


နွယ်ပင်August 15, 20111min16015
မြန်မာအစိုးရသစ်သည် လွန်ခဲ့သောအနှစ် ၂ဝ က နိုင်ငံခြားသားများအတွက် ထုတ်လုပ်ထားသော နိုင်ငံခြား ငွေလက်မှတ် FEC ကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။ “မကြာတော့တဲ့ ကာလမှာ FEC ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ “ကျပ်” နဲ့ နိုင်ငံခြားသုံးငွေသာ ရှိတော့မှာပါ” ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခု သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ အစိုးရသစ်တက်ပြီး ပထမဆုံးကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။ FEC ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံခြားသုံးငွေကို အစိုးရထိန်းချုပ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဒေါ်လာ (၂ဝဝ) တန်ဖိုးရှိ […]


ဂ်စ္စူAugust 14, 20111min29213
UMFCCI မှာလုပ်တဲ့ သောပြောပွဲမှ ဆရာနန္ဒာသိန်းဇံ ယနေ့ ၁၄ ဩဂုတ် ၂၀၁၁ တနင်္ဂနွေနေ့ ညနေတွင် ထင်ရှားကျော်ကြားသော ဒသနပညာရှင် စာရေးဆရာ၊ အငြိမ်းစား ဒဿနိကဗေဒ ပါမောက္ခ နန္ဒာသိန်းဇံသည် ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ဒေါက်တာ ခင်မောင်ညိုက ဖုန်းဆက် သတင်းပေးပါသည်။ မိတ်ဆွေတစ်ဦးကလည်း Khant Nyi Pe Saya Nandar Thein Zan passed away.14 August 2011,Sunday. ဟု ယခုလေးတွင် သတင်းပေးပါသည်။ ဆရာသည် အသက် ၇ဝ ဝန်းကျင်ခန့်ရှိပါမည်။ ကျန်းမာရေးမကောင်းတာတော့ ကြာပါပြီ။ ခရောင်းတောကို ဖြတ်သန်းခြင်း၊ မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်းစသော အတွေးအခေါ်စာပေများကို ရေးသားခဲ့ပြီး လူငယ်ပရိသတ်အပေါ် အထူးလွှမ်းမိုးခဲ့ပါသည်။ (ဆရာမောင်ဝံသ ထံမှ […]


Mobile HouseAugust 14, 20112min37139
ခုခေတ် နည်းပညာတိုးတက်လာတာကောင်းပါတယ် ။ဒါပေမဲ့ လူယုတ်မာတွေဟာတိုးတက်လာတဲ့ နည်းပညာကိုအသုံး ပြုပြီး အဝတ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တက်ဆင်ကြတယ် ။အင်တာနက် ပေါ်တင် တာတွေလဲ ကြားဖူးကြမှာပါ ။ကင်မရာတွေက လဲ သေးလာတဲအပြင် ဈေးတွေကလဲ ချိုလာပါတယ် ။အမျိုးအစားစုံ ပြည်တွင်းကိုဝင်လာပါတယ် ။ ကျွှန်တော် မြင်ဖူးတဲ့ဟာတွေကိုဓာတ်ပုံနဲ့ကြည့် ကြည့်ပါ ။ပြည်တွင်းမှာအသုံးများတဲ့ဟာတွေပါ ။အများကြီးထဲ ကသိထားဖို့ တင်ပေးလိုက်တယ် …         car ကီးချိန်းပုံကင်မရာ       နာရီပုံ နဲ့ ကင်မရာ ပါ ။တခြားပုံလဲရှိပါတယ်     နေကာမျက်မှန် ကင်မရာပါ ။     ဘောပင်ပုံလေးနဲ့ ကင်မရာပါ   […]


ဂ်စ္စူAugust 13, 201110min18411
ပဲခူးမှာ..ရေကြီးတာတော့ အားလုံးသိပြီးဖြစ်ပါတယ်..သို ့သော်.. ဓာတ်ပုံလေးတွေကြည့်ပြီး စာနာ၊ကူညီနိုင်အောင်၊MG မှာလဲ မှတ်တမ်းတစ်ခု အဖြစ်ကျန်ရစ်အောင် တွေ ့မိတာလေးတွေစုစည်းတင်ပေးလိုက်ပါတယ်။ Photos From:AP,nonamelady.multiply,moemaka.blogspot ဒီအောက်က ပုံတွေက.. မနေ ့ကထည်းက တင်မို ့ ပဲ..ဘာကြောင့်မှန်းမသိ..မတင်ဖြစ်လိုက်ဘူး.မှတ်တမ်းတစ်ခုအဖြစ်.ရှုပါလော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးနေ့ချင်းပြန်ခရီးစဉ် Aug 14, ’11 01:00 am တွေ ့တာလေးတွေ ထပ်ဖြည့်ထားပါတယ်.. Photos:AP ရွှေမောဓောတွင် ပန်းစီးဖြင့် ဆီးကြိုနှုတ်ဆက်သူနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP) ယနေ့ နံနက်က ရွှေမော်ဓောဘုရားတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – AP) ကြိုတင် ကြေညာထားတဲ့အတိုင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးနေ့ချင်းပြန်ခရီးစဉ် ဒီမနက် အစပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းမှာ လိုက်ပါသွားသူတဦးက သူမြင်သမျှကို အခုလို […]


Mobile HouseAugust 13, 20111min24714
ကျွှန်တော် အသိထဲမှာကို ၅ယောက်လောက် ခံခဲ့ရပြီ မလို့ ပါ။ပိုက်ဆံ လွှဲ ရင်ဖြစ်ဖြစ် ၊သွင်း ရင်ဖြစ်ဖြစ် ၅၀၀ဝတန်ပါတယ် ဆို ၁ရွက်လောက် တော့ အတုပါ ဆိုပြီးသိမ်းသွားတယ် ။ပြန်မလဲပေး ဘူး ။အတုဖြစ်ကြောင်းလဲမပြဘူး ။ကိုယ် တိုင် ရဲ စခန်းအပ်မယ် ဆိုလဲ မရဘူး ။သူငာ်ချင်းတို့ ကြုံ လာရင် မန်နေဂျာခေါ် ခိုင်း ပြီး အတုအစစ် ခွဲခိုင်းပါ ။  ၅၀၀ဝ တန်တွေ က အတို အရှည်တူသော် လဲ ငွေကြိုးများ နေ ရာလွဲနေ ။သပ်ရပ်မူ မရှိပါ ။စက်ရုံကြောင့် လွဲ တာ လား ဘာကြောင့် လဲ ။အခုအတုတွေ ပေါ်လာတော့ ဘယ်လိုစစ်မလဲ ။အောက်ကပုံကတော့ […]


Mobile HouseAugust 13, 20111min17010
မန်းလေး ကသူတွေဆိုသိမှာပါ ။မေမြို့ ကနေ မန်းလေးမြို့ အဝင် ဘက် က မြို့ ဝင်ကြေးတောင်း တဲ့ နေ ရာ က ၁၀ဝ ကျပ် အတွက် နဲ့ အရှိန်နဲ့မောင်းလာ တာကို မောင်းတံဆွဲ ပိတ် ပြီး ပိုက်ဆံတောင်းတယ် ။အဲဒီနေရာမှာ သူတို့လုပ်ရက်ကြောင့် ဆိုင်ကယ်မှောက် သူ ၊သေ သူများရှိသော် လည်း ဆက်လက်လုပ် နေပါတယ် ။တကယ်ဆို မြို့ထဲကသူတွေ များပါတယ်။အများစုက လမ်းပြောင်းပြန်မောင်း ပြီး ရှောင်သွား သောကြောင့်  ပွဲလမ်းနေ့ ဆို လမ်းဖြတ်ကို သံကြိုး များဖြင့်လမ်းပိတ်ထားပြီး မောင်းတံ ကို သူများဘာဖြစ်ဖြစ် ဆိုပြီး ပိတ်ပါတယ် ။၁၀ဝ မပေးမချင်းပေးမသွားပါဘူး။ကျွှန်တော် တုံးကလဲ စည်ပင်ကပေးတဲ့ လမ်းတံတား […]


စုန္းထီးAugust 12, 20112min23011
ဒါလားဟ ဒီမိုကရေစီ … ကျွန်တော်လည်း ဒီမိုကရေစီ ဆိုတာ ဘာမှန်းမသိပါ … ဒီလိုဆိုရင် ခက်ချည်ရဲ့ ကိုယ်အလိုချင်ဆုံးတစ်ခုက မရနိုင်ပြီကွယ်.. ကျန်တာတွေ မထူးတော့ဘူးရယ် ယဉ်တဲ့စိတ်ကူး အကောင်အထည်ဖော်နိုင်ဖို့ .. ခဲလေသမျှ သဲရေကျခဲ့ရပေါ့ကွယ် .. ရှင်ရင် ရွှေထီးဆိုကာ စွန့်စားခဲ့တာလည်း …………… လုပ်တော့လုပ်ပါ အမယ်များတာ ကြိုက်ပေမယ့် မနိုင်မှာ စိုးဝံ့ပါတယ် ငါးသိုင်းများရင် ဟင်းဟုံတယ်တဲ့ဗျ ကျွန်တော်ကတော့ သိသလောက် မှတ်သလောက် တက်သလောက် ဘာမှ မရှိသေးတော့ အပြုသဘော ဆောင်တဲ့ ဝန်ဆောင်မှုမျိုး မပေးနိုင်သေးတာ နားလည်ပေးကြပေါ့ဗျာ … ကာတွန်းတွေကိုတော့ မဇိ္ဇမ၊ မိုးမခ၊ ဧရာဝတီ စတဲ့ ဝက်ဘ်ဆိုဒ်တွေက ကူးယူမိခဲ့ပါတယ် …