ရွာသားတို့ရေ။ လစ်ဗျားပြည်သူလူထုကို ၁ဝခါပြန်အလေးပြု၊ ဂုဏ်ပြုချီးကြူးကြပါစို့။ ခေါင်းမာပြီး၊ဗိုလ်သန်းရွှေလိုယုတ်မာပက်စက်တဲ့ ဂဒါဖီးကို ပြောင်မြောက်တဲ့သတ္တိဗျတ္တိတွေနဲ့အခက်အခဲများကြားကတိုက်ထုပ်လိုက်ပြီ။ ကမ္ဘာ့ပြည်သူများက သတ္တိရှင်လစ်ဗျားပြည်သူလူထုကိုဂုဏ်ပြုကြပါတယ်။ အာဏာရှင်ကို၊စစ်အာဏာရှင်ကိုအကြမ်းနည်းနဲ့ဘဲဖြုတ်ချနိုင်မယ်ဆိုတာကိုသက်သေထူလိုက်ပြီ။ အမေရိကန်၊အင်းဂလိပ်၊ရုရှား၊တရုပ်၊ပြင်သစ်၊ကုလား၊ဘင်ကီမွန်( ကမ္ဘာ့အညံ့ဆုံးကုလအတွင်းရေးမှူး) တို့အတွက်အကောင်းဆုံးသင်ခန်းစာဘဲ။ ဒီသင်ခန်းစာကိုယူပြီး ဆီးရီးရား အာဏာရှင် အာဆတ်ကိုဆုံးမဘို့သိပ်မခက်တော့ဘူး။ ဗမာပြည်သူလူထုသင်းခန်းစာယူဘို့က ၁) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ရေးဆိုတာပြည်သူလူထုကိုယ်တိုင်ဝင်ပါဝင်လုပ်မှရမည်ဆိုတာကိုယုံကြည်လိုက်လုပ်ကြပါ။ ၂)ဒေါ်အောင်ဆန်းစုကြည်ကအခုစစ်အစိုးရခေါင်းဆောင်တွေကိုအနုနည်းနဲ့ဖြောင်းဖျဆွေးနွေးနေပြီ။ ၃)ပြည်ကူလူထုကလူထုအင်အားပြကြရမယ်။အသေခံ၊အနာခံကြရမယ်။ဖမ်းထားတဲ့ခေါင်းဆောင်အားလုံးလွတ်မြောက်ဘို့အရေးဆိုဆန္ဒပြကြရမယ်။ လိုအပ်လို့ဒေါ်အောင်ဆန်းစုကြည်ကအမိန့်ပေးရင်၊ဒါမှမဟုတ်လို့အမေစုကိုရန်သတ္တုပြုလာရင်ပြည်သူအားလုံးလမ်းတွေပေါ်ထွက်လာကြပါ။ ၄) စစ်တပ်ကရက်ရက်စက်စက်နှိမ်နင်းလာပြီဆိုရင်၊ ၅)လက်နက်ကိုင်တိုက်တဲ့အဆင့်ရောက်ပြီ။ ၆)လစ်ဗျားအခြေအနေနဲ့ဗမာပြည်ဖိနှိပ်မှုနဲ့တထပ်ထဲတူပါတယ်။ လစ်ဗျားတွေလုပ်တဲ့အတိုင်းသင်ခန်းစာယူပြီးအသေခံလုပ်ကြရမယ်။ ၇) စစ်ခွေးများအပြစ်ကြမ်းလာရင်၊ လိပ်၊ကန်၊သစ်၊တရုပ်၊ရုရှား၊ကုလတို့အတွက် ပြည်သူလူထုကိုကာကွယ်တဲ့ ( Protection to People from harm ways of Sovereign States Clause) ကိုသုံးပြီးစစ်လေယာဉ်၊စစ်သင်းဘောများလွှတ်ပြီးဖိနှိပ်သတ်ဖြတ်ခံနေကြရတဲ့ ပြည်သူလူထုကိုကူဘို့အတွက်က၊ ထမ္မင်းစားရေသောက်လောက်လွယ်သွားပါပြီ။ ၈) အခုဆီးရီးယားအရေးအခင်းကိုစောင့်ကြည့်ကြပါ။ ဆီးရီးယားပြည်သူလူထုလက်နက်ကိုင်တိုက်လာပြီ၊အာဏာရှင်အာဆတ်ကရက်ရက်စက်စက်ပြစ်လာပြီဆိုရင်၊ ပြည်ပကစစ်လေယာဉ်၊စစ်သင်းဘောများရောက်လာကြအုံးမယ်။ ၉) No pain, no […]