ကထူးဆန္းJune 3, 20122min69029
ကားတွေ စည်းကမ်းဖောက်တာ ဂျာနယ်တွေမှာ ရေးကြ ပြောကြတာလည်း ကြာပါပြီ။ လူတွေလည်း သေခဲ့ကြ သေဆဲပါဘဲ ။ ဒါပေမဲ့ ယာဉ်ထိန်းရဲများနှင့် လမ်းစည်းကမ်းထိန်းသိမ်းရေးကတော့ သတင်းစာထဲမှာဘဲ အစည်းအဝေးခန်းထဲမှာဘဲ လမ်းစည်းကမ်းထိန်းသိမ်းနေပါတယ်။ ဘယ်တော့များ တင်းကြပ်တဲ့ စည်းကမ်းထိန်းသ်ိမ်းမှု့တွေလုပ်မလဲလို့ မျှော်ရင်းနဲ့ မျှော်သူမောရပါပြီ။ မီးပွိုင့်မှာ ရှိတဲ့ ယာဉ်ထိန်းရဲတွေ အရေးကြီး ယာဉ်တန်းရှိမှ ရုံထဲက ထွက်တဲ့ အကျင့် ပြင်ဖို့လိုပါပြီ။ ဝင်ငွေပိုကောင်းနိုင်မဲ့ လိုင်စင်စစ်တာ ၊ ကုန်ကားတွေ ၊ ကားငယ်တွေ လုပ်ငန်းလိုင်စင် စစ်တာတွေ ရပ်ပြီး ယာဉ်မောင်းတွေ စည်းကမ်းသေဝပ်အောင် ထိန်းသိ်မ်းတဲ့ အလုပ် ဦးစားပေးလုပ်သင့်နေပါပြီ။ စည်းကမ်းရှိတဲ့ ယာဉ်မောင်းတွေ မောင်းမရလောက်အောင် စိတ်ညစ်ညူးအောင် စိတ်မရှည်လောက်အောင်ဖြစ်နေတာတွေကို ထိန်းသိမ်းသင့်ပါပြီ။ တကယ်တော့ စည်းကမ်းရှိရင်ရန်ကုန်မြို့ က ကားတွေ ဒီလောက် […]


မြန်မာစကားမှာရှိတယ် သပိတ်စုံ သူပုန်ထတဲ့…။ အခု မြန်မာပြည်မှာ လယ်မြေအိမ်ယာ အသိမ်းခံရလို့၊ လုပ်ခလစာ မလောက်ငှလို့၊ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် မရှိလို့၊ လျှပ်စစ်မီး မရလို့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးလို့ စသဖြင့် အဖိနှိပ်ခံပြည်သူများရဲ့ မိမိတို့ရပိုင်ခွင့်များအတွက် တောင်းဆိုတိုက်ပွဲဝင်မှုများသည် တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ လူထုအုံကြွမှုကြီးဆီသို့ ဦးတည်နေပြီ။ အားပေးထောက်ခံသူများ ရှိသလို စစ်ဗိုလ်များ ရွှေစိတ်တော်ညှိုးသွားရင် အာဏာပြန်သိမ်းနိုင်တယ်ဆိုပြီး ကြောက်လန့် (အချို့ကလည်း ခြောက်လှန့်) နေသူများလည်း တွေ့ရတယ်။ ဆူဆူပူပူ မဖြစ်ဘဲ အေးအေးချမ်းချမ်းနဲ့ ပြုပြင်ပြောင်းလဲရေးများ ဖြစ်သွားမယ်ဆိုရင် အကောင်းဆုံးပေါ့လေ။ သိထားရမှာ ဒေါ်လာစားများ လခမရမှာ၊ စီးပွားရေးသမားများ ဝင်ငွေလျော့မှာ အရင်းအနှီး ကုန်ပစ္စည်းများ ဆုံးရှုံးမှာ ထိတ်လန့်သလို ဆန္ဒပြတောင်းဆိုသူများဖက်ကလည်း ဖမ်းဆီးနှိပ်စက်ခံရမှာ၊ ထောင်ကျ ဘဝပျက်မှာ၊ မိသားစု […]


yawaiMay 25, 20121min3138
တွေ့တာလေးတွေထဲကနေ ကျွန်တော့် အမြင်လေးတွေကို ချပြချင်တာပါ။ ဒီမိုကရေစီ နိုင်ငံဆိုတော့လဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို မြင်နေရပြီလေ။ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်ကြတာ ကောင်းပါတယ်။ စက်ရုံမှာ မလုံလောက်လို့ ဆန္ဒပြကြတယ်။ မီးမရလို့ ဆန္ဒပြကြတယ် ဒါလဲကောင်းပါတယ်။ ဒါတွေက ဖြစ်သင့်ပါတယ်။ တစ်ခုပဲ အခြေနေနဲ့ အချိန်အခါကို ကြည့်ဖို့နဲ့ ချိန်ကိုက်ဖြစ်ဖို့လဲ လိုပါတယ်။ စက်ရုံမှာ ဆန္ဒပြကြဖို့ဆိုရင် မပြခင်မှာ ကိုယ်ဖြစ်ချင်တာကို အလုပ်သမားခေါင်းဆောင်နဲ့  သူဋ္ဌေးနဲ့ အရင်ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်မြင်တယ်။ မရဘူးဆိုရင် ကိုယ်တွေ ရွေးချယ်တင်မြှောက်ထားတဲ့ မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး သူတို့ကို ဦးဆောင်စေချင်တယ်။ သူတို့နဲ့ သူဋ္ဌေးတွေကို တွေ့ပေးဖို့ ကြိုးစားစေချင်တယ်။ ကိုယ်စားလှယ်ဆိုတာက မိမိ မဲဆန္ဒနယ်မှ ပြည်သူတွေ […]


ေမွာ္ဆရာMay 23, 20121min79071
[polldaddy poll=6252839] အင်တာနက်ခေတ်ကြီးထဲမှာ မီဒီယာတွေတွင်ကျယ်လာတာတော့ အားလုံးအသိပါ … ။ ပုံနှိပ်ထုတ်ဝေဖို့ ဖြန်ချီဖို့ မလွယ်ပေမယ့် အင်တာနက်မှာ တက်ရောက်ရေးသား ဖြန်ချီဖို့က လွယ်ကူမြန်ဆန်နေတယ်..။အင်တာနက် သုံးတဲ့သူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရပါတယ်..။ ပထမတစ်ခုက ရေးသားသူ ၊ နောက်တစ်ခုက ဖတ်ရှုသူ..(ချက်တင်ကြီးပဲ ထိုင်ချက်နေသူတွေတော့ သီးခြားထားပေါ့နော…)။ ပြေလည်နေရင်တော့ ဘာမှ ကိစ္စမရှိပါဘူး..။ ကျွန်တော်က အင်တာနက်ဆိုင်လေး ဖွင့်ထားတော့ အင်တာနက်သုံးစွဲသူ အများစုနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်…။အဲဒီမှာ တစ်ခုတွေ့နေရတာက အင်တာနက်မှာ ရေးထားတယ်ဆိုလို့ရှိရင် မျက်စိမှိတ်ယုံတတ်သူ များပြားနေတယ်ဆိုတဲ့ အချက်ပါပဲ …။အပြင်လောက ထိတွေ့ဆက်ဆံရာမှာတောင် သူတစ်ပါးပြောတာကို ချင့်ချိန်ယုံရပါတယ်…။ဘယ်သူမှန်း ဘယ်ဝါမှန်း မသိတဲ့သူတစ်ယောက် အင်တာနက်ပေါ်မှာ ကိုယ်လိုရာဆွဲပြီးရေးသားထားတဲ့ အပြုအမူမျိုးကိုတော့ ရေးတိုင်းယုံသင့်မယုံသင့် စဉ်းစားစေချင်တယ် …။ ဒီတော့ ဒီဂေဇက်ဝက်ဆိုက်ကြီးကို လွှတ်တော် အစည်းအဝေးခန်းမကြီးလို့ သဘောထားလိုက်ပါ…။ဂေဇက်မန်ဘာများအနေဖြင့်လဲ […]


ဆိတ်ကောင်းမွေးဘာ ကြေးမုံဂျီးယာ အမိမြန်မာပြည်ဂျီးမှာ ဂေါင်းပုံဖြတ်အမြတ်ထုတ်နေဒဲ့ တရုတ်စက်ရုံအကြောင်း လမ်းကြုံလို့ တရုတ်သူလျှို ပစ္စည်းမဲ့ဝါဒီ (ဘဏ်ထဲမှာဒေါ့ ဒေါ်လာသန်းချီရှိသဒဲ့) ကြေးမုံဂျီးရဲ့ “စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ South Korea ကိုရီးယား ကုန်သွယ်ရေး III” ပို့စ်မှာ ဆိတ်ရင်းစေတဏှာနဲ့ ချစ်ခင်ရင်းနှီးစွာ မှတ်ချက်ပေးမိဒေါ့ သူဂ ခုနှစ်အိမ် ရှစ်အိမ်ဂျား ကက်ကက်လန် ရန်စဂါး ဂလိုဆိုဒယ် “Kyaemon says: သမတသိန်းစိန်က ဘိတ်ခေါ်နေတယ် မဟုတ်လား၊ ပညာအတွေ့အကြုံ ငွေအရင်းအနှီး ဗဟုသုတ အမြော်အမြင် လဲစုံ ပြိဘဲ စေတနာ မေတ်တာ ရှိရင် မြန်မာပြည်ပြန်ပြီး၊စက်ရုံ အလုပ်ရုံ သွားထောင်ကြပေါ့ဗျာ၊ လူတွေလဲအလုပ် ရကြမယ် ပညာလဲရကြမယ် မဟုတ်လား […]


htet wayMay 22, 20121min50759
ညီမလေးရေ မိုးက သည်းသည်းမည်းမည်းရွာနေတယ် မေလ လယ်ပေမယ့် မိုးက တစ်နာရီလောက် ပင်လယ် တစ်ခု မှောက်ချ လိုက်သလို ရွာ ချလိုက်တာ ဓနိ မိုး အိမ်လေးတွေ မိုး ယိုလို့ တစ်ချို့ဆို ဓနိဟောင်းလေးတွေ ကေက်လို့ ပေါ့ အကိုကတော့ လမ်းဘေး လက်ဖက်ရည် ဆိုင်လေးမှာ မိုးကို ငေးလို့ အတွေး နယ်ချဲ့မိတယ်။ ဆရာ သစ္စာနီ ကဗျာ ထဲက လို မိုးကလွဲလို့ အားလုံးနဲ့ လွဲခဲ့ပေါ့ ဆိုသလို လွဲချော် ခြင်းတွေနဲ့ ပေါ့ ညီမလေးရယ်။ အကို က မိုးရေထဲပြေးနေတဲ့ ကလေးတွေကို ကြည့်လို့ ။ကလေးတစ်ယောက်က အိတ်တစ်လုံး လွယ်ပြီး မိုးရေထဲ အဆောင်းမပါဘဲ လျှောက်နေတယ် လက်ထဲမှာ […]


ဆေးမသောက်မှီနဲ့ ဆေးသောက်ပီးဆိုပြီး အခြေအနေကွာပုံ နှိုင်းယှဉ်ဒဲ့ စဂါးရှိဒယ်။ မြန်မာ့နိုင်ငံရေးမှာလည်း ၁၉၈၈ခုနှစ်ကစလို့ ဆေးသုံးကြိမ် တိုက်ခဲ့ပြီးသွားဘီ။ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ဂျားဖြတ်ရွေးကောက်ပွဲ အဆင့်အတန်းဒွေဂ တရုတ်ဆေးအဆင့်ရှိဒယ်၊ ၂၀၁ဝရွေးဂေါက်ပွဲဂဒေါ့ အများသိဒဲ့အတိုင်း အင်ဂျီး..။ ဒီဒေါ့ သိပ်မဆိုးဒဲ့ ဆေးနှစ်ကြိမ်သောက်စဉ် ဖြစ်ပေါ်ဂဲ့ဒဲ့ ကိုယ်ခံအားနဲ့စပ်လျဉ်းလို့ ခံဈားမိဒါလေးဂို ဝေမျှဂျင်ဒယ်။ အတိုက်အခံပါတီ အန်အယ်လ်ဒီရော အာနာရပါတီ ကြံ့ဖွတ်တွေပါ အောက်ခြေရပ်ကျေးများအထိဆင်းပြီး ပါတီစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေဂျဘီ။ မဖြစ်မနေရှိရမည့် ရွေးကောက်ပွဲအင်္ဂါရပ်များအား အနိမ့်ဆုံး ပြည့်မှီဂဲ့ဒဲ့ ရွေးကောက်ပွဲနှစ်ခုဂို ခြုံငုံသုံးသပ်လိုက်ရင် ပြည်သူအများရဲ့ နိုင်ငံရေးရေဂျိန်ဂို တွေ့နိုင်ဒယ်။ မိတ်ဆွေများမှာ ပိုမိုတိကျခိုင်မာဒဲ့ အချက်အလက်များရှိဘာဂ ထောက်ပြဝေဖန် ဆွေးနွေးပေးဂျဘာ။ နိုင်ငံရေးဂေါင်းဆောင်မှု ပုဂ္ဂိုလ်ပိုင်းအပေါ် မဲဆန္ဒရှင် သဘောထား ပြောင်းလဲမှု သိပ်မရှိသေးဘူး။ ဘာတခုမှ ဖြစ်မြောက်အောင် […]


ဒီဂနေ့ အင်တာနက်မှာ သမဒရုန်း အင်တာနက် စာမျက်နှာအကြောင်းနဲ့ အထူးအစည်းအဝေး ဒါ့ပုံသတင်း ဖတ်ရဒယ်။ သမဒဂျီးဂ ဝံကျီးအဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း ဝံကျီးဂျုပ်များဂို အာဝါဒရိုက်နေဒဲ့ပုံနဲ့ဘာ။ သူ့ဖာသာသူ အားယားနေလို့ မိန့်ခွန်းချွေဒါ ကိစ္စမရှိပါဘူး သို့သော် မျက်စိထဲ အမြင်မတော်ဒါဂလေးဂိုဒေါ့ ပြောဂျင်ဒယ်။ အယင်ဇုံး သမဒဂျီးဂနေစရရင် သူထိုင်နေဒဲ့ပုံကြည့်အုံး.. ဖင်လျှောကျဒေါ့မယ်..တော်သေးဒါပေါ့ ခြေထောက် ကယ်နေလို့။ ထိုင်ခုံအရွယ် ကြီးလွန်းဒယ်၊ တဂယ် အလုပ်ဖြစ်တဲ့ အစည်းအဝေးခန်းမ ထိုင်ခုံများနဲ့မတူဘူး။ ကွန်းဖရင့်ဒွေမှာ နိုင်ငံတဂါကိုယ်စားလှယ်ဆိုသူများ အပေါ်ယံသဘော လျောက်လေပွားနေဒါနဲ့ ပိုတူဒယ်။ သမဒနဲ့ ဝံကျီး၊ ဝံလေးများ ဆွေးနွေးပွဲဆိုဒါ အလုပ်သဘော အပြန်အလှန် ညှိနှိုင်းတာ ဖြစ်ရမယ်။ သမဒဂျီး အလိုဒေါ်အတိုင်း လိုက်ပေးနေရဒဲ့ ပုံစံမျိုး မဖြစ်ရဘူး။ နို့မိုရင် ဘာပြုလို့ တိုင်းနဲ့ပြည်နယ် ဝံကျီးချုပ်ရာထူးဒွေ […]


natureMay 12, 20121min135641
  ခုတလောရွာထဲမှာ ဆူနေကြတဲ့ကားပါမစ်အကြောင်းရေးချင်ပေမဲ့ ဇာတ်ထဲက လူရွှင်တော်တွေ ပြောသလို အားရပါးရကချင်ပါသော်လည်း ကျန်းမာရေးက မကောင်းဆိုသလို တခါတလေပို့စ်တင်ချင်စိတ်ကလေးများဖြစ်လာသော်လည်း ကွန်နက်ရှင်ကမကောင်း သောကြောင့် မတင်ဖြစ်ခဲ့ပါ။ အခုတလော 2007 အထက်ကားတွေ ပါမစ်မလိုတော့ဘူးဆိုလို့ကားဈေးတွေ ပြုတ်ကျပြီး ကားပွဲစားတွေ ဝယ်ရောင်းတွေ အကြီးအကျယ်ရှုံးကြပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မေးခွန်း ရွာသားများ ဖြေဆိုကြစေလိုပါတယ်။   ကားဟောင်းတွေဖျက်ရမယ်ဆိုတဲ့သတင်းထွက်လာချိန်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကားအိုကားဟောင်းပိုင်ရှင်တွေဟာ နိုင်ငံတော်ကစေတနာနဲ့ ကားပါမစ်စံနစ်ပြောင်းလိုက်တဲ့အတွက် ငိုရာမှ ရီနိုင်လာကြပြီးစင်ပေါ်ရောက်သွားကြပါတယ်။ ဖျက်ကားတွေရဲ့ဈေးကပိုလို့တောင်ကောင်းနေတော့ တချို့ဆိုကားကိုဖျက်ရမဲ့အချိန် ဈေးကောင်းရောင်းရမဲ့အချိန်ကိုတောင်မျှော်လင့်စောင့်စားနေရပါတယ်။ အဲ ဒီကြားထဲမှာသတင်းဦးသွားတဲ့ကုန်သည်တွေကတော့ မြက်မြက်ကလေးစားလိုက်ကြရပါတယ်။   ခုဒီတခေါက်မှလည်း ပစောက်နံပါတ်တွေပြီးရင်ခဏနားမယ်ဆိုတဲ့သတင်းတွေထွက်လာတော့ ကုန်သည်တွေ အကြိုက်ပေါ့။ ဈေးကတော့ ကျိမ်းသေတက်ပြီဆိုပြီး ကုန်သည်တိုင်းတွက်ထားကြပါတယ်။ ဒီတွက်ကိန်းနဲ့အတူ ကားပါမစ်ဈေးတွေဟာလည်း ကုန်သည်တွေရဲ့ တွက်ကိန်းအတိုင်း တရိပ်ရိပ်တက်လာပါတယ်။ ၁၃၅-၁၄ဝ သိန်းလောက် ရှိတဲ့ပါမစ်တွေ ၁၅ဝသိန်း […]


black chawMay 11, 20122min82656
ဗီလိန် ဘလက် ကိုသစ်မင်းကတော့ သူ့ရဲ့ ဗီလိန်ပို့စ် (https://myanmargazette.net/77136/creative-writing) မှာ ဒီလိုရေးသွားခဲ့ဘူးပါတယ်။ မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊ ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။ သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။ ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့ မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။ အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။ ကျနော်တော့…………… “ဗီလိန်” မဖြစ်ချင်ဘူးဗျို့။ ကိုသစ်ပို့စ်တွေ ပြန်လှန်ရင်း ဗီလိန်ပို့စ် အရောက်မှာ ရေးချင်စိတ်ပေါက်လာတာနဲ့ ဒီစာကိုရေးမိတယ် ဆိုတာလေး ဝန်ခံထားချင်ပါတယ်ဗျာ။ ပွဲကြည့်သူသက်သက် တစ်ယောက်မှ မရှိ မင်းနဲ့ငါ အကုန်လုံး ဇာတ်ဆောင်တွေချည်းပဲဟေ့ ဘဝဟာ အမြဲတမ်းပြောင်းလဲသွား ကိုယ်လုပ်ချင်တာ ဖြစ်မယ်ထင်သလား မင်းသားပဲဟေ့ ဖြစ်ချင်တယ် ငါ ဗီလိန်တစ်ယောက်လား […]


ဖွဒယ်လို့ဒေါ့ မထင်ဂျပါနဲ့…ဒီနေ့ ဧရာဝတီဆိုက်မှာ ကိုမင်းကိုနိုင်တို့ ၈၈မျိုးဆက်အဖွဲ့ဂို ဆွီဒင်အခြေစိုက်အဖွဲ့ လာရောက်တွေ့ဆုံတဲ့ သဒင်းဓာတ်ပုံများ ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့ပါဒယ်။ ၈၈မျိုးဆက်အဖွဲ့ဆိုတာ ဒေါ်စုပြီးရင် အားအကိုးရဆုံးဖြစ်လို့ အခုလို နိုင်ငံတဂါ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဂျဒဲ့အခါဒိုင်း ၈၈အရေးတော်ပုံကို တွေ့ကြုံဂဲ့ဖူးသူ တဦးအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူ ရပါဒယ်။ အရင့်အရင် ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ရုံးဂန်းမရှိလို့ အဖွဲ့ခေါင်းဆောင်များ နေအိမ်များမှာ တွေ့ဆုံရတာထက်စာရင် အများကြီး အခြေအနေ တိုးတက်လာပါဒယ်။ တခုပြောဂျင်ဒါ ရုံးခန်းအလယ်တည့်တည့်မှာ ဘုရားစင်ရှိနေဒါပါ။ နိုင်ငံရေးနဲ့ ဘာသာရေး သီးခြားစီခွဲထုတ်ရမှာ ဖြစ်လို့ မသင့်တော် ထင်ပါဒယ်။ အထူးသဖြင့် နိုင်ငံခြားသားများနဲ့ တွေ့ဒဲ့အခါ ပိုသတိထားရပါမယ်။ သူတို့ အမြင်မှာ ဘာသာရေး အရောင်အသွေး ရှိနေဒယ်လို့ မခံစားမိစေလိုပါ။ ၈၈အဖွဲ့ဆိုဒါ လစ်ဘရယ် […]


Moe ZMay 8, 20121min48725
“ဆုလာဘ်”ဟူသော ဝေါဟာရကို ကျွန်မတို့ မကြာခဏအသုံးပြုကြပါသည်။ ထိုစကားလုံးကို မြန်မာစာအဘိဓာန်၌ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတော့ ကျွန်မ မလေ့လာရသေးပါ။ ကျွန်မ၏အယူအဆမှာ ဆုနှင့်လာဘ်သည် အဓိပ္ပါယ်လုံးဝကွဲပြားခြားနားပါသည်။ “ဆု”ဟူသည် တစ်ဦးတစ်ယောက်၏စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ “လာဘ်”ဟူသည် တစ်စုံတစ်ဦးအား မိမိ၏အလိုဆန္ဒအတိုင်းဖြစ်လာစေရန် တွန်းအားပေးခြင်းနှင့် စွဲဆောင်သိမ်းသွင်းခြင်းဖြစ်သည် ဟုဆိုချင်ပါသည်။ အကယ်၍မိမိမှ ကလေးတစ်ယောက်အား “အိမ်စာတွေပြီးအောင်လုပ်ရင် မင်းကြိုက်တဲ့သကြားလုံးဝယ်ကျွေးမယ်” ဟု ပြောလိုက်ခြင်းသည် ကလေးအားလာဘ်ထိုးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ပြောလိုက်ခြင်းဖြင့် ကလေး၏အိမ်စာပြီးအောင် ကြိုးစားအားထုတ်မှုမှာ သကြားလုံးတစ်ထုပ်အတွက်ဖြစ်သွားပါသည်။ ကလေးများနှင့် ဈေးဝယ်ထွက်သည့် အခါမျိုးတွင်လည်း ကုန်တိုက်တွင် ဟန့်တားမရနိုင်အောင် ပြေးလွှားဆော့ကစားနေခြင်းမျိုးရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ကလေးများရပ်တန့်သွားအောင် “ငြိမ်ငြိမ်နေရင် မင်းတို့ကြိုက်တဲ့ချောကလက်တစ်တောင့်စီဝယ်ပေးမယ်” ဟူသောစကားမျိုး ပြောမိကြပါသည်။ ထိုနည်းလမ်းသည် တစ်ခဏတော့အသုံးကျပါလိမ့်မည်။ သို့သော် သိပ်မကြာခင်မှာပင် မိမိကိုယ်တိုင်၏အရေးပါအရာရောက်မှုနှင့် မိဘတစ်ယောက်၏အရှိန်အဝါမှေးမှိန်သွားသလို ခံစားမိပါလိမ့်မည်။ ကလေးများအနေဖြင့်လည်း မိဘများကိုအကြပ်ကိုင်နိုင်မည့် […]