ဗရမ်းဗတာ ဘလက် စံနစ်တကျ တွေက ဗရမ်းဗတာ ဖြစ်နေသောအခါ ဗရမ်းဗတာ တွေက စံနစ်တကျ ဖြစ်လာတတ်တာကို မိတ်ဆွေ သတိပြုမိပါသလား။ လှည့်ကွက် ဆိုသည့်စကားသည် အလကားဖြစ်လာတာမဟုတ်ပါ။ တချို့ဗရမ်းဗတာများသည် စံနစ်တကျစီမံထားတာဖြစ်ကြောင်း မြင်နိုင်မည်ဆိုလျှင် သင် နိုင်ငံရေး နယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်လို့ ရပါပြီ။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ အဖြစ်အပျက်များသည် ဗရမ်းဗတာများဟု ဆိုပါလျှင် စံနစ်တကျ ဖန်တီးထားတာရော မဖြစ်နိုင်ဘူးလားဟု သုံးသပ်ကြည့်သင့်ပါသည်။ ကောင်းပါပြီ။ စံနစ်တကျ ဖန်တည်းထားသော ဗရမ်းဗတာ စာတစ်ပုဒ်ကို အခုကျွန်တော် ရေးပါတော့မယ်။ မန်းဂဇက်၏ သူကြီး ဦးခိုင်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ကြောင်း CJ ထူးဆန်း၏ အိပ်မက်မှ ဆိုပါသည်။ မောင်ဂဠုန်သီဆိုခဲ့သော အီကိုတန်းက ကြွေရုပ်လေး […]