မိုဘိုင်းဖုန်းနှင့် အင်တာနက်များ ပြတ်တောက်ကြန့်ကြာမှုမရှိရေး အထပ်မြင့်အမိုးများအပေါ်ရှိ Mobile Antenna တိုင်များစိုက်ထူခွင့်ကို အာစီယံ နိုင်ငံများနည်းတူ ဥပဒေတစ်ရပ်ထုတ်ပြန်ပေးနိုင်ရန် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဩဂုတ် ၂၄ ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ်၌ ကျင်းပသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရပါသည်လို့ ယနေ့ထုတ် ကြေးမုံသတင်း စာမှာ ဖတ်လိုက်ရပါတယ်။ Reform Plan အရ မိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်လုပ်ငန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ပြည်သူများအား ဗဟိုပြုကာ ဆက်သွယ်ရေး လုပ်ငန်း များကို အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပရှိ ပုဂ္ဂလိကနှင့် နိုင်ငံတကာတင်ဒါ စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ ယခုအခါ နိုင်ငံတကာမိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်ကုမ္ပဏီ ၉ဝ ကျော် […]