ခုတလော..ည(၈)နာရီ (၉)နာရီဆို YBS ကားတွေမရှိတော့ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ မွန်လေးဟိုတလောက သူငယ်ချင်းတစ် ယောက်နဲ့ ဒင်နာသွားစားတာ ရန်ကင်းနားတစ်ဝိုက်ပါပဲ။ အပြန်ကျတော့ မိုးကလည်းချုပ်နေတော့ ၁မှတ်တိုင်ကိုလမ်းမလျှောက်ချင် တော့တာနဲ့YBS ပဲစီးတော့မယ်ဆိုပြီးစောင့်တာစောင့်တာ နာရီဝက်ကျော်တဲ့ထိ မြို ့ထဲကအပြန်ကားတွေပဲလာတော့တယ်။ မြို ့ထဲပြန်သွားမယ့်ကား တစ်စီးမှကိုမလာတော့တာ။ မိုးကလည်းတဖြည်းဖြည်းချုပ်လာတော့ ထပ်မစောင့်နိုင်တော့ပဲ လမ်းကကြုံရာ တက္ကစီစီးပြန်ခဲ့ရတယ်။ အဲလို YBS တွေညဘက်မဆွဲတော့လို့ တရားမဝင်ပြေးဆွဲနေတဲ့ ကြားကားတွေပေါ်လာတာ ကောင်းတယ်ပဲဆိုရမလားပဲ။ အဲ့ကြားကားတွေကိုလည်း မဖမ်းဆီးဘူးဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးက ပြောတာကို သတင်းမှာဖတ်လိုက်ရပါတယ်။ YBS ကားတွေ ညဘက်မှာမပြေးဆွဲလို့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ညဘက် ကြားကားများကို မဖမ်းဆီးခြင်းဖြစ် ကြောင်းကို မတ်လ ၆ ရက်က အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ရဲမှူးသန်းမြင့်က […]