IMG_03111.jpg

ဒီနှစ်ဆန္ဒပြမှုဟာ မနှစ်ကလောက်တော့ မဆိုးလောက်ဘူးလို ့တော့ ထင်ရတယ်.. ဘာကြောင့်လဲဆိုတော့ ညနေ ရနာရီလောက်အထိ လိုင်းကား၊ အိမ်ကားတွေ သွားနေကြသေးလို ့.. လက်ရှိအစိုးရရဲ  ့လုပ်ဆောင်ချက်တွေ၊ မသမာသောနည်းနဲ ့နောင်နှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေအပေါ် အတိုက်ခံပါတီက သန် ့ရှင်းစေခြင်း လို ့အဓိပ္ပါယ်ရတဲ့ (Bersih) ဆန္ဒပြပွဲတရားဝင်ပြုလုပ်မှာကြောင့် ဒီကနေ ့ကနေ စပြီး အဲ့ဒီ လွတ်လပ်ရေးကွင်းဝန်းကျင်လမ်းတွေကို ပိတ်ထားလိုက်ပါပြီ.. အစောကလေးတင် အဲ့ဝန်းကျင်ကိုရောက်ခဲ့လို ့ ရွာသူားတွေကို သိစေလိုတဲ့ မြင်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ ့ဒီပို ့စ်ရေးလိုက်တာပါ.. ကျနော်အဲ့ဝန်းကျင်သွား ဓါတ်ပုံရိုက်ပေမယ့် ဘယ်ရဲမှ မြန်မာပြည်မှာလို စစ်ဆေး မေးမြန်းခြင်းမရှိပါဘူး.. ရဟတ်ယာဉ်တွေလည်း ဒီညနေပိုင်းကစပြီး လွတ်လပ်ရေးကွင်းဝန်းကင်မှာ ၁၅မိနစ်တစ်ခါလောက် ဝဲနေပါပြီ.. ဒီဝန်းကျင်တည်းခိုခန်းတွေမှာလည်း အခန်းတိုင်းလူပြည့်နီးနီးလို ့သတင်းရပါတယ်..  ဒီပို ့စ်ကိုဖတ်ဖြစ်တဲ့ မလေးရှားရောက် […]


ဒီကနေ့ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းလောက်က အင်ဒိုနီးရှားနိုင်ငံ ဆူမာတယား ကျွန်းစုရဲ့ ကမ်းရိုးတန်းဒေသကို အင်အားပြင်းထန်သော ငလျှင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီလှုပ်ခတ်မှု့ဟာ အန္ဒိယသမုဒ္ဓရာအနီးတဝှိုက်အတွက်တော့ ဆူနာမီ သတိပေးချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒီငလျှင်ဟာ ၈.၆ မဂနီကျု့ရှိခဲ့ပြီး၊ အင်ဒိုနီရှားနိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ဘန်ဒါအက်ရှ် ၏ အနောက်တောင်ဘက် ပိုင်း ၂၇ဝ မိုင်ခန့်ကို လှုပ်ခတ်မှု့ ရှိခဲ့ပါတယ်လို့ အမေရိကန် ပထဝီမြေပြင်တိုင်းတာရေး မှ ထုတ်ပြန်ထားပါတယ်.. ထို ငလျှင်ကို အကွာအဝေး ၁၄ မိုင်မှ တိုင်းတာ ရရှိခဲ့ခြင်းဖြစ်ပါတယ်… ဒုတိယ ငလျှင်လှုပ်ခတ်မှုမှာ ၈.၂ မဂနီကျူ့ ထိ ရှိပြီး ပထမငလျှင်လှုပ်ခတ်ပြီး ၂ နာရီခန့်မှာ ဆူမာတားကျွန်း အနောက်ဘက်မှာ ထပ်မံ ဖြစ်ပေါ်ခဲ့တယ်လို့ ထိုအဖွဲ့မှ ထပ်မံ တိုင်းတာ […]


ညနေ ၃ နာရီကျော်က အင်ဒိုနီးရှားမှာ ငလျင် ၈.၉ စကေး လူပ်သွားပါသည်။ ဆူနာမိ အန္တရယ် အချက်ပေးထားပြီး မြန်မာနို်င်ငံမှာလည်း စောင့်ကြည့်နေကြရပါသည်။ http://www.facebook.com/ElevenMediaGroup မှာ သွားဖတ်ကြပါ။ အင်ဒိုနီးရှား ဘန်ဒါပါချေး ရဲ့ ၄၅ဝ ကီလိုမီတာ အဝေးမှာလို့ပြောပါသည်။ ယခင် ဖြစ်ပေါ်ခဲ့သော ဆူနာမိ ငလျင်ထက် ၃ ဆ ပိုနက်သော နေရာတွင်ဖြစ်ပေါ်ကြောင်းသိရှိရပါသည်။


      မနေ ့ကတင်လိုက်တဲ့ ပို ့စ်မှာ ပုံမပေါ်လို ့အိတုန်ပြောသလို jpeg နဲ ့ပြန်တင်လိုက်တာပါ.. သူကြီးရေ ဒီပို ့စ်အတွက် ပွိုင့်မပေးပါနဲ ့


ကျနော်တို့တိုင်းပြည်မှာလိုအပ်နေတဲ့အရာလေးတွေကိုဖြည့်စည်းပေးနိုင်ဖို့တွေးမိပြီးရေးလိုက်ပါတယ်…။ အကြောင်းက ဒီလိုပါ ကျနော်နေထိုင်ရာ မြို့နယ်လေးမှာဒီကနေ့ညနေ (၀၆း၂၀)နာရီ မလေးစံတော်ချိန်လောက်မှာ မိုးသက်လေပြင်းတိုက်ခိုက်သွားပါတယ်…ကျနော်ဒီမြို့နယ်မှာနေထိုင်ခဲ့တာ(၆)နှစ်ကျော်ရှိသွားပါပြီ၊တစ်ခါမှမကြုံခဲ့ပါဘူး၊လေတိုက်နှုံးဘယ်ပြင်းတယ်ဆိုတာမသိရသေးပါဘူး.. ဒီမှာမိုးရွာတာက မဆန်းပေမယ့်၊လေပြင်းကတော့ဝင်ခဲပါတယ်…(၁၅)မိနစ်လောက်ကလေး လေပြင်းတိုက်လိုက်တာ အိမ်ရှေ့ကအပင်ကြီးတွေတောင်လဲကုန်ပါတယ်…အချို့ကားတွေပေါ်လဲပိကုန်ပါတယ်…ကိုယ်ချင်းစာမိတာက နာဂစ်ဝင်သွားတုံးက ခံစားခဲ့ရတဲ့လူတွေကိုတော်တော်သနားမိပါတယ်…ေဩာ် ကိုယ်တိုင်ကြုံမှပိုပြီးစာနာထောက်ထားတတ်တာလူ့သဘာဝပါပဲ…ကိုယ်ကြုံတွေ့တာဘာမှမဟုတ်ပေမယ့် အိမ်ကတရုတ်ကဒ်မှန်တွေလွင့်စင်ထွက်လာမှာတောင်စိုးမိပါတယ်… အဓိက အကြောင်းအရာကလေပြင်းတိုက်ပြီးလို့ တစ်နာရီလောက်အကြာမှာ လူတွေကိုယ်စီကိုယ်စီလမ်းတွေပေါ်ရောက်လာပါတယ်…နောက်မကြာခင်မှာပဲ မြို့နယ်အပိုင်ရဲတွေ၊မီးသတ်တွေ၊စည်ပင်ကလူတွေ စုစုပေါင်းအင်အား(၅၀)လောက်ရောက်လာကြပါတယ်၊သူတွေမှာလိုအပ်တဲ့ Equipment တွေအစုံအလင်ပါရှိပါတယ်။အချိန်နာရီပိုင်းအတွင်းမှာ လမ်းတွေကိုရှင်းလင်းဖယ်ရှားလိုက်နိုင်ပါတယ်… တစ်မြို့နယ်လုံးကို ညတွင်းခြင်းပြီးပြတ်အောင်ဆောင်ရွက်နိုင်ပါတယ်…ဘယ်သူမှတစ်အိမ်တစ်ယောက်ဓါးမကိုင်ပြီးလိုက်ခုတ်စရာမလိုပါဘူး.. ဘာကြောင့်လဲ..လိုအပ်တဲ့ Equipment တွေကိုမြို့နယ်တိုင်းမှာအစဉ်သင့်ရှိပြီးသားပါ၊မီးသတ် ဆိုတာက Civil Defence လိုအပ်တဲ့ Equipment တွေအပြည့်အစုံရှိဖိုလိုအပ်နေပါတယ်…မင်္ဂလာတောင်ညွန့်မြို့နယ်မှာဖြစ်ပွါးခဲ့တဲ့မီးလောင်ကျွမ်းမူရဲ့ သတင်းဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေမှာ မီးသတ်ရဲဘော်နဲ့အရံရဲဘော်တွေမှာ Equipment တွေပြည့်စုံမူမရှိပါဘူး… Chemical ပစ္စည်းတွေရှိတဲ့နေရမှာ မီးငြိမ်းသတ်နိုင်ရန်အတွက်လိုအပ်တဲ့ Equipment တွေဝတ်ဆင်ထားတွေမတွေ့ရှိပါဘူး၊နိုင်ငံတော်မှ လိုအပ်တာတွေကိုဖြည့်စည်းပေးနိုင်ဖို့တင်ပြလိုက်ရပါတယ်။ လမ်းများစတင်ရှင်းလင်းနေစဉ်။     စင်္ကာပူလောက်မဟုတ်တောင် မလေးရှားလောက်တော့ လိုက်လုပ်နိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်ဗျာ… မြို့နယ်တွင်းကလူတွေ ဘယ်သူကမှ […]


NovyDecember 21, 20112min1968
တုန်လှုပ်ခြောက်ခြားဖွယ် သစ်ပင်လူသား အသက် ဆယ့်ငါးနှစ်အရွယ်တုန်းက Dede Koswara ဟာ ငါးဖမ်းသမားတစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့တယ် ။ သူဟာ အဆောက်အဦးတွေ ဘယ်လိုတည်ဆောက်သလဲဆိုတာကိုလည်း လေ့လာယူသင်ယူခဲ့တယ် ။ အင်ဒိုနီး ရှားနိုင်ငံ မှာ ပျော်ရွှင်စရာလူငယ်လေးတစ်ယောက်အဖြစ်နဲ့ပေါ့ ။ အဲဒီနောက်ပိုင်း . . သူဟာ သူ့ဒူးခေါင်း ကိုဖြတ်ပစ်ခဲ့ရတယ် ။ အဲဒီကနေစလို့ ကံကြမ္မာဆိုးကြီးတစ်ခုဟာ ဘဝတစ်ခုလုံး ကို ဗြောင်းပြန် ဆန်အောင် မွှေနှောက် ပစ်ခဲ့တယ် ။ သူ့ဒူးခေါင်းဟာ အချိန်အကြာကြီးတိုင်အောင် အနာကျက်ဖို့ခဲယဉ်းနေသလို ပွန်းပဲ့ရာလေးတစ်ခုကနေစပြီး ကြွက်နို့လေး တစ်ခုဖြစ်ပေါ်လာခဲ့တယ် ။ အဲဒီနောက်ပိုင်းမှာ ကြွက်နို့တွေဟာ ပတ်ပတ်လည် များပြားလာ ခဲ့ရတယ် ။ အဲဒီလိုနဲ့သူဟာ ငါးဖမ်းသမားတစ်ယောက် ဆောက်လုပ်ရေးသမားတစ်ဦးအနေနဲ့ အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေ […]


မလေးရှားနိုင်ငံ သစ်တောထဲက ၅၅ ပေ အရှည်ရှိတဲ့ မြွေကြီး တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ မူရင်းဆိုက်သို့ သွားရန်


koyinmaungNovember 2, 20111min27215
ရွာသားတို့Saturday, 29 October 2011 မောက္ခပညာရေးမဂ္ဂဇင်းမှဆောင်းပါရှင်ဝင့်ထန်းရဲ့(တရုတ်နားရွက်ကိုတံတွေးဆွတ်လိုက်တဲ့ဗီယက်နမ်)ဆောင်းပါလေးကိုသဘောကျလွန်းလို့ ကူးယူတင်ပေးလိုက်ပါတယ် တရုတ်ကြီးတို့ကိုဒီလို့အာခံရဲတဲ့ဗီယက်နမ်ရဲ့သတိ္တကိုကျုပ်တို့နိုင်ငံခေါင်းဆောင်များအားကျနိုင်ကြပါစေ…. တရုတ်အစိုးရပိုင် Global Times သတင်းစာက ဗီယက်နမ်နဲ့ အိန္ဒိယ အစိုးရပိုင် ရေနံကုမ္ပဏီ (ONGC) တို့ မကြာခင်က စာချုပ်ချုပ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ တရုတ်က သူ့ရေပိုင်နက်လို့ ကြေငြာထားတဲ့ တောင်တရုတ်ပင်လယ်က နေရာအချို့မှာ ဗီယက်နမ်နဲ့ အိန္ဒိယက သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ စာချုပ်ချုပ်လိုက်တဲ့အတွက် ဒေါသထွက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီနှစ်နိုင်ငံစာချုပ်က တရုတ်ရဲ့ ပင်လယ်ပြင် အချုပ်အခြာကို ကန့်သတ်လိုက်တဲ့ သဘောပင်။ တရုတ်အစိုးရ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာ။ ဒီလအစောပိုင်းမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်း ငုယင်ဖူကျောင်း ပေကျင်းမြို့ကို အလည်သွားရောက်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ပင်လယ်ပြင်ပိုင်နက် အချင်းများမှုကို အဖြေရှာဖို့ ဆွေးနွေးစကားတွေ ပြောခဲ့သည်။ […]


အီးမေးလ်ထဲရောက်လာတဲ့ ပုံလေးတွေပါ… ကျွန်တော်တို.ဆီမှာ အဲလိုဖြစ်ရင် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ. တင်ပေးလိုက်တာပါဗျာ… ကျွန်တော်တော့ ဒီပုံတွေကြည့်ပြီး သက်ကယ်အင်္ကျီတစ်ထည်ပြေးဝယ်ထားလိုက်ပြီ ဗျ မြန်မာနိုင်ငံက ကြက်သားဈေးတက်နိုင်တယ်.. သတိထား.. ပါမစ်ရှိသူများ ရေတိမ်နစ်ကားများ အော်ဒါလက်ခံပါသည်။ ယိုးဒယားပစ္စည်းများ ဈေးစတက်ပါပြီ ကျွန်တော်လဲ ရေသန်.ဘူးအခွံစုထားရမယ်.. ကားမဝယ်ပဲ ဆင်တစ်ကောင်လောက်ဝယ်ထားရင်ကောင်းမလားပဲ. HandMake ရှပ်ပြေးဘုတ်ပြားဗျ ဟဟ အဲဒီ စပိဘုတ်က တော်တော်ဈေးကြီးမယ်ဗျ ရေကြီးရတဲ့အထဲ ဧည့်သည်ကလာသေးတယ်… တိရိစ္ဆာန်လေးတွေတောင် အကြင်နာတရားရှိကြတယ်နော်.. ရေတံခွန်နားမှာ ထမင်းလက်စုံစားနေကြတယ်ဗျာ.. ဒီလို ပလပ်စတစ် ပုံးတွေလဲ ဆောင်ထားသင့်တာပေါ့.. ကဲအခုလိုဆိုတော့ ကမာ္ဘမှာ ရေဘေး၊မုန်တိုင်းဘေး အခြားအခြားသော ဘေးတွေ ကျရောက်နေကြပြီး အဲဒီတော့ ဘာပဲပြောပြော တစ်နေ.နေ.တစ်ချိန်ချိန် ကျွန်တော်တို. မကြုံရဘူးလို. သေချာမသိနိုင်ဘူးလေ ဒါကြောင့် ဘုရားတရားသာ […]


အခုဆိုရင်ထိုင်းနိုင်ငံရေကြီးမှု ့သည်လနင့်ချီခဲ ့ပြီဖြစ်သည်။ ဘန်ကောက်မြို့နားတဝိုက်ရှိ ပထုံဌာနီ၊ နွံထပူရီ၊ ချွန်ပူရီ၊ အယုဒ္ဓယဒေသမှာ ရေမြုပ်နေသည့်အတွက် လနှင့် ချီပြီး ပိတ်ထားရသည့် စက်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို ့တို ့ သည်အလုပ်လက်မဲ ့ဖြစ်နေကြရပြီး နေရပ်သို့ ပြန်ပြောင်းနေထိုင်ကြနေရပြီပင်ဖြစ်သည်။ ပထုံဌာနီတွင် အလုပ်လုပ်နေကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရေဘေးကြုံတွေ့နေရပြီး၊ ရေစကြီးစဉ်က စက်ရုံမှ နေထိုင်ရန် စီစဉ်ပေးခြင်းမှလွဲ၍ မည်သည့်အကူအညီမှမရရှိပဲ စားသောက်ရေးနှင့် သွားလာရေးအတွက် ကိုယ့်အစီအစဉ်နှင့်ကိုယ် ရုန်းကန်နေရကြောင်း အလုပ်သမားများက ပြောသည်။ သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်ကစပြီး အစားအသောက်၊ ရေ၊ အစရှိသည့် အကူအညီများ ရရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။ ရေလွှမ်းမိုးခံနေရသည့်ဒေသများအနက် အယုဒ္ဒယ၊ ပထုံဌာနီ၊ ချိုင်နက်နှင့် နက်ခွန်စဝန်ဒေသများတွင် ရေကြီးမှုဒဏ်ကိုအပြင်းထန်ဆုံးခံနေရသည်။ နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာပြီး […]


ထိုင်းရေဘေး မြန်မာ အလုပ်သမားတွေပါ အခက်ကြုံ ဇူလိုင်လကတည်းကစလို့ ရေကြီးမှုတွေဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်ရဖို့ အခက်အခဲ ရှိနေပါတယ်။ ဒီလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် နေရေးထိုင်ရေး၊ အစားအသောက် အခက်အခဲအပြင် သွားလာရေး ခက်ခဲမှုတွေကြောင့် တချို့နေရာတွေမှာ ပိတ်မိနေတာတွေ ရှိပါတယ်။ ဒီအခြေအနေ အပြည့်စုံကို မအေးအေးမာက စုံစမ်း မေးမြန်းထားပါတယ်။ ထိုင်းနိုင်ငံက ရေလွှမ်းမိုးခံနေရတဲ့ အယုဒ္ဓယမြို့နဲ့ ပထုံဌာနီမြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲကတော့ ရေကြီးတဲ့အတွက် နေထို်င်စရာအခက်အခဲ၊ စာသောက်ရေး အခက်အခဲ၊ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့ အခက်အခဲတွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် မရရှိတာတွေကို ရင်ဆိုင်နေရတာပါ။ ပထုံဌာနီဘက်မှာ စက်ရုံတွေ […]