အိုစမာဘင်လာဒင်ကို စီးနင်းတိုက်ခိုက် သုတ်သင်နိုင်ခဲ့တဲ့ အမည်မသိ နေဗွီဆီးလ် အထူးတပ်ဖွဲ့ဝင်များ အစွမ်းကို အမေရိကန်တွေ ပြောမဆုံးဖြစ်နေပါတယ်။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ကွန်မန်ဒိုတဦးကြောင့်လည်း လူတကာရဲ့ စိတ်ဝင်စားမှု အထွတ်အထိပ်ကို ရောက်စေခဲ့ပါတယ်။ နယူးယောက်တိုင်းမ်စ်နဲ့ ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာများ အဆိုအရ ရဟတ်ယာဉ် မြေကြိးပေါ်ထိတာနဲ့ တပ်ဖွဲ့ဝင်တဦးက လေ့ကျင့်ပေးထား စစ်ကြောင်တကောင်ကိုပိုက်ကာ ရဟတ်ယာဉ်ပေါ်မှာဆင်းပြီး အကြမ်းဖက်သမားကြီးကို သုတ်သင်လိုက်တဲ့ စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သူ့အကြောင်းကို နည်းနည်းပဲသိတာပါ။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ အသေးစိတ် သတင်းအချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်ထားပြီး ကြောင်တကောင်ကို စစ်ဆင်ရေးမှာ သုံးခဲ့တယ်ဆိုတာတောင် အတည်ပြုချက်မပေးသေးပါဘူး။ ကျွမ်းကျင်သူတဦးကတော့ စစ်တပ်မှာ လေ့ကျင့်မွေးမြူထားတဲ့ တိုက်ခိုက်ရေးကြောင်ပေါင်း ၂၇၀ဝ လောက်မှာ ဗမာမျိုးစိတ်ကြောင်တွေကို အများဆုံးတွေ့ရလေ့ရှိတယ် ဆိုပါတယ်။ အထူးလေ့ကျင့်ပေးထားတဲ့ ကြောင်များကို […]