ကထူးဆန္းAugust 22, 20121min57122
မနေ့ က ၁ဝ မိုင် က ခြံတစ်ခြံမှာ နေတဲ့ အဖိုးကြီး အဖွားကြိီး ထံရောက်ခဲ့ပါတယ် ။ အဖွားကြီး က မဒမ်ထူးဆန်းကို ကျေးဇူး တင်ကြောင်းပြောပေးပါဆိုလို့ အံဩခဲ့ရပါတယ် ။ မဒမ်ထူးဆန်း ပေးတဲ့ နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလိုက်တာ အောင်မြင်သွားကြောင်း ၊ အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း ၊ အခုတော့ ကျွတ်တွေ မရှိတော့လို့ မဒမ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါတဲ့ ။ ကျွန်တော်လည်း အံဩစွာနဲ့ ပြန်ခဲ့ရပါသည် ။ အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်း ပေးထားတဲ့ နည်းလမ်းတွေ နဲ့ အလုပ်ဖြစ်နေတယ် ပြောတယ် ။ ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာ နဲ့ ပြောမိပါသည် ။ […]


etoneAugust 20, 20122min45928
              ရုံးပိတ်ရက် ၊ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေဆုံလို့ပဲဖြစ်ဖြစ် ၊ မိသားစုတွေ အပျင်းဖြေပဲဖြစ်ဖြစ် အပျော်တမ်းမုန့်လုပ်စားဖို့ဖက်ထုပ်လုပ်နည်းလေး ရေးပေးပါမယ် ။ ဖက်ထုပ်ကို ပုံစံမျိုးစုံနဲ့ လုပ်စားကြပေမယ့် ၊ ဒီတစ်ခါ ရေးပြမယ့်နည်းလေးကတော့ စားနေကြ ဖက်ထုပ်အရသာတွေနဲ့ မတူပဲ ၊ နည်းနည်းလေး ကွဲထွက်နေတဲ့နည်းလေးပါ ။ ဖက်ထုပ်ထဲမှာ ထည့်မယ့် အစာရဲ့ အရသာလေးက …. ချဉ်ချဉ်စပ်စပ်လေးပေါ့ ……. ။ အထူးသဖြင့် ကိုရီးယားတွေ လုပ်စားတဲ့ ဖက်ထုပ်ပုံစံပါပဲ ။ ပါဝင်တဲ့ ပစ္စည်းတွေကတော ့ ဂျုံ ၊ ကြက်ဥ ၊ ဝက်သား ၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် ၊ […]


အခြေခံပညာတွေကို အရင်ဆုံးပြုပြင်သင့်တဲ့ အကြောင်းလေးကို ဆရာမနဲ့ စကားထပ်ပြောပြီးတဲ့အခါမှာရော၊ နယ်ကို ခဏပြန်လိုက်တဲ့အခါမှာရော သိလာခဲ့ရတာတွေနဲ့ ပေါင်းပြီး ပြောချင်လို့ပါ။   ကလေးတွေကို self study လုပ်တတ်အောင်၊ တီထွင်ကြံဆနိုင်အောင်ဆိုတာ မူလတန်းကြို၊ မူလတန်းအဆင့်တွေကတည်းက လေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတွေအကုန်လုံးက ရ တန်းလောက်သာရောက်လာတယ်။ လက်ရေးလက်သား၊ အခြေခံအသိပညာတွေ ဘာမှကောင်းကောင်းပါမလာပါဘူး။ သူတို့တွေကို မေးကြည့်တဲ့အခါ မူလတန်းတစ်လျှောက်လုံး စာမေးပွဲတွေမှာ မေးခွန်းရခဲ့ပါတယ်တဲ့။ မိဘတွေကလည်း သူတို့ကလေးတွေ အဆင့်တွေဝင်နေကြတာကို ဂုဏ်ယူနေကြတယ်။ တကယ်တမ်း အလယ်တန်းအဆင့်ကို ရောက်လာတဲ့အချိန်မှာ ဘာအခြေခံမှ ပါမလာကြပါဘူး။ နယ်က ဆရာမတွေကပြောတယ်။ ကလေးတွေက ပိုပိုညံ့လာကြတယ်တဲ့။ ဘာလို့လည်းလို့ ကြည့်လိုက်တဲ့အချိန်မှာ ကလေးတွေကို အခြေခံကောင်းကောင်း မပေးခဲ့တဲ့အတွက်ပါ။ ဆယ်တန်းမှာ တစ်အုပ်လုံးကျက်၊ မေးခွန်းတွေခက် လုပ်လိုက်ရော လွယ်လွယ်နဲ့အောင်လာတဲ့ကလေးတွေ အကုန်ဒုက္ခရောက်ကုန်ကြရော။ ထပ်ပြီးတော့ […]


မနေ့က နယ်က ဆရာမတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ ဆရာမဆိုပေမယ့်လည်း ငါးတန်းကနေ ကိုးတန်းအထိ စာသင်ပေးလာတဲ့အပြင် အိမ်နီးနားချင်းပါဖြစ်နေတော့ ဆရာနဲ့တပည့်တင်မကဘဲ အဒေါ်နဲ့တူမလို ဖြစ်နေပါတယ်။ ပြီးတော့ ဆရာမရဲ့ တူ၊ တူမတွေနဲ့လည်း ရွယ်တူလိုဖြစ်နေတော့ သူတို့ခေါ်တဲ့အတိုင်း တီလေးလို့ပဲ ခေါ်ဖြစ်ပါတယ်။   တီလေးက အထက်တန်းကျောင်းက အလယ်တန်းပြဆရာမပါ။ ငါးတန်းစတက်ကတည်းက ညနေကျူရှင်က ပြန်လာတာနဲ့ ရေချိုး၊ ထမင်းစားပြီး ခြောက်နာရီခွဲလောက်ဆိုရင် တီလေးတို့အိမ်မှာ စာသွားကျက်ပါတယ်။ သင်သမျှစာတွေအလွတ်ရေး၊ အလွတ်တွက်နဲ့ ည ကိုးနာရီလောက်မှ ပြန်လာရပါတယ်။ သင်သမျှစာကို အကုန်သင်တာတင်မကဘူး၊ supplement တို့၊ Guardian တို့ထဲက စာတွေကိုပါ ဖြေခိုင်း၊ စာမေးပွဲနီးရင် သင်ပြီးသမျှစာတွေကို revision ပြန်လုပ် နဲ့ အခြေခံကောင်းကောင်း ရခဲ့ပါတယ်။ မေးခွန်းဆိုတာ ဝေလာဝေးလို့ တစ်လတစ်လ […]


ムラカミAugust 1, 20128min41014
  ၁။ ဘာမှ မပြင်မဆင်ရသေးတဲ့ ကင်မလာထဲက ထွက်ကျလာတဲ့ RAW file ဖြစ်ပါတယ်..။ နည်းနည်း Under ဖြစ်နေသလို highlight နဲ့ mid tones တွေ ပြေပြစ်မှုမရှိနေပါဘူး … ဒါကြောင့် ကျနော် Digital Photo Professional Module သုံးပြီး နည်းနည်း ချိန်ညှိကြည့်ပါမယ်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂။ ပထမဆုံးအနေနဲ့ Sharpness ကို တင်လိုက်ပါတယ်… ။ သည်လိုလုပ်လို့ မျက်နှာပေါ်က အရေးအကြောင်းတွေ ပို ထင်မလာဘူးလား မေးစရာ ရှိပါတယ်..။ ဟုတ်ကဲ့… ကျနော် Structure ပိုင်းကို ထင်ရှားပေါ်လွင်စေချင်လို့ သည်လို လုပ်ခဲ့တာပါ ..မျက်နှာ အရေးအကြောင်းကို နောက်မှ ပြန် ရှင်းပါမယ်။ […]


nigimi77July 30, 20121min25513
ရွာထဲမှ   စာတတ် ပုဂ္ဂိုလ်များ  ခင်ဗျား  ။   ကျွန်တော်  နိဂိမိ  အင်္ဂလိပ်စာ အလွန် ညံ့ဖျင်းပါသဖြင့်   အောက်ပါ  ဥပဒေ စကားရပ်များကို  အင်္ဂလိပ် ဘာသာသို  ့   ကူညီ ပြန်ဆိုပေးစေလို ပါကြောင်း……..။     ===============================     တစ်ပတ် တစ်ရက်  နားခွင့်  (ပုဒ်မ – ၆) အလုပ်ဋ္ဌာနကို  တစ်ပတ်လျင် အနည်းဆုံး တစ်ရက် ပိတ်ရမည် ။ နားခွင့်ပေးသည့် အတွက် လုပ်ခကို လစာမှ မဖြတ်ရ ။ အလုပ်သမား အားလုံး အတွက် တစ်ဦးစီ၏ နားရမည့် နေ ့ရက်ကို ကြိုတင် သတ်မှတ်ထားရမည် […]


Wai Aung Chan MyoJuly 24, 20121min23514
ဒိုချက်ကင်မြေဩဇာ ပြုလုပ်ခြင်း ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု ၁ဝပြည်ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ဆတူရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ သမအောင်မွှေလိုက် ရေရောလိုက် […]


Kaung Myat HtutJuly 24, 20125min47814
Data သူခိုးများ နေ့စဉ်နှင့်အမျှ online အပေါ်မှာ အလုပ်လုပ်နေရတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် တွေကိုအခိုးခံရမှာကိုစိုးရိမ်ရပါတယ်။ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ ယခုခေတ်မှာတော့ သင်တစ်ယောက်တည်းသာသိတဲ့ အချက်အလက်တွေမဟုတ်တော့ပါဘူး။ Facebook page မှာ Like လုပ် တဲ့အချိန်၊ Credit card လျှောက်ထားတဲ့အချိန်၊ ကြော်ငြာတစ်ခုကို click နှိပ်လိုက်တဲ့အချိန်၊ MP3 သီချင်း တစ်ပုဒ်ကို online မှာနားထောင်တဲ့အချိန်၊ YouTube video တစ်ခုကို comment လုပ်လိုက်တဲ့အချိန် စသည့်အချိန်တိုင်းမှာ သင်ဟာသင့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တိရစာ္ဆန်ကြီးတစ်ကောင်ကို ကျွေးလိုက်သလိုမျိုးဖြစ်နေတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ သင့်အချက်အလက်များကို ပုံစံမျိုးစုံ ပြောင်းလဲပြီး ထပ်ဆင့်ရောင်းချနေတာကိုလည်း သင်သတိထားမိမှာမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာအချက်အလက် Personal data များကို ကြော်ငြာလုပ်ငန်းရှင်များ၊ ဈေးကွက်ရှာဖွေသူများ၊ social network တည်ထောင်သူများ၊ website […]


ဒီနေ့ဒီခေတ် အချိန်မှာ ဂျာနယ်တွေ စာစောင်တွေ တော်တော်ကြီးကို ပလူပျံအောင်ထွက်ပါတယ်..ဘတ်ဂျက်အခြေအနေ အရရော.. အချိန်ပေးနိုင်မှုအရပါ အားလုံး လိုက် မဖတ်နိုင်ပါဘူး..ဒါပေမယ့်ခေတ်ရဲ့ အပြောင်းအလဲရေစီးကို သိမီနေဖို့ တတ်နိုင်သမျှ လောက်တော့လိုက်ဖတ်ရတာပေါ့ဗျာ..အဲ..ဒီလိုလိုက်ဖတ်ရင်းနဲ့မှ ဂျာနယ်တွေထဲက ဘယ်ဂျာနယ်တော့ မလွတ်တမ်းဖတ်သင့်တယ်ဆိုတာ အလိုလို ရွေးချယ်မိလာတယ်ပေါ့ဗျာ..ဒီနေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်တော့ ရွေးချယ်မှုဘယ်တူနိုင်ပါ့မလဲ. .ကျုပ်တစ်ယောက်တည်းရဲ့ သဘောအရ ပြောရရင်တော့ အပတ်စဉ် ဗုဒ္ဒဟူးနေ့ တိုင်း ထုတ်ဝေတဲ့ (ဂျာနယ်မှာ ဖော်ပြထားတာကတော့ ကြာသပတေးနေ့ပါ..ဒါပေမယ့် ကြာသပတေးနေ့ဆိုဝယ်မရတော့ပါဘူး..) ပြည်သူ့ခေတ် ဂျာနယ်ကိုတော့ လူငယ်တိုင်းဖတ်သင့်တယ်ဆိုတာပါပဲ.. ဖတ်လည်းဖတ်ကြပုံရပါတယ်..အပေါ်မှာပြောခဲ့သလိုပဲ ကြာသပတေးနေ့တိုင်း ထုတ်ဝေတယ်ဆိုတဲ့ ဂျာနယ်ကို ဗုဒ္ဒဟူးနေ့ ညနေဆိုရင်တောင် ဝယ်လို့ မရတော့ပါဘူး..အဲဒီ့ဂျာနယ်ရဲ့ထူးခြားချက်ကတော့ ပရိသတ်ကြိုက် ပေါ်ပင်သတင်းတွေ ဦးစားမပေးဘဲ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာတွေနဲ့ပါတ်သက်ပြီး ပြည်သူတွေ သိသင့်သိထိုက်တဲ့ အတွေးအခေါ် အတွေးအမြင်ဆောင်းပါးတွေကို ဦးစား […]


manawphyulayJuly 6, 20121min49623
ပညာရေးအတွက် မိဘတွေက ဘယ်လောက်အတိုင်းအတာထိ ပံ့ပိုးဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်ကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့ နေပြန်ပါသေးတယ်။ ဒါကြောင့် မေးမြန်းလာတဲ့အခါ ကလေးက ဘာဝါသနာပါသလဲ၊ ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ။ သူက ဘာဖြစ်ချင်တာလဲလို့ ပြန်မေး ရပါတယ်။ ဟုတ်ပြီး ရည်မှန်းထားတာရှိတယ်ဆိုရင် ဒီဘာသာရပ်အပေါ် ကိုယ်ကိုယ်တိုင် နိုင်နင်းစွာ သင်ကြားနိုင်မလား ဆိုတာကို အရင်ဆုံး လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အဓိက ပြောချင်တာကတော့ ကိုယ် ရွေးချယ် သင်ယူတဲ့ လိုင်းက ကိုယ်ရဲ့ဘဝလမ်းကြောင်းမှာ အသုံးချဖို့ သင့် မသင့်နဲ့ ဝါသနာပါ မပါဆိုတာပါပဲ။ တစ်ချို့က မိဘတက်ဆိုလို့ တက်လိုက်တယ်။ ကျောင်းပြီး ဘွဲ့ရတဲ့သူရှိသလို လမ်းခရီး တစ်ဝက်မှ ဘာသာပြောင်းတက်တဲ့ သူတွေလည်း ရှိကြတယ်။ ဥပမာ အိမ်နားက ကလေးတစ်ယောက်ဆို ဆေးလိုင်းဝင်တော့ မိဘက […]


manawphyulayJuly 6, 20121min41821
တစ်နှစ်တစ်ခါ ရင်ခုန်ရမယ့် အချိန်ရောက်လို့လာပါပြီ။ အဲဒါဘာလဲဆိုတော့ ၁ဝ တန်း စာမေးပွဲအောင်စာရင်း ထွက်လာလို့ပါပဲ။ အားလုံးမျှော်လင့်နေကြတဲ့ အတိုင်းပေါ့။ အောင်သူအောင်ပြီး၊ ကျသူကျတဲ့ ပွဲတစ်ပွဲ ဖြစ်လို့ နေပါတော့တယ်။ ၁ဝ တန်းဆိုတဲ့အရာကလည်း အင်မတန် နတ်ကြီးတယ်မလား။ ဒီတော့ နီးစပ်ရာ ၁ဝ တန်း ကလေးတွေ ဘယ်သူ အောင်ပြီး ဘယ်သူဂုဏ်ထူး ဘယ်နှလုံးထွက်သလဲ မေးမြန်းကြည့်မိပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ကိုယ်တိုင် ရင်ခုန်ခံစားရပါတယ်။ အောင်စာရင်းမထွက်ခင် တစ်ပတ်အလို လောက်ထဲက ရင်ခုန်ရပြီ။ အောင်စာရင်းထွက်မည့်ညရောက်တော့ တစ်ညလုံး အိပ်မပျော်တော့ပေ။ မနက်လင်းလို့ အောင်စာရင်းမှာ ကိုယ့်နာမည်ပါ မပါကို မိုးမလင်းခင် ဝေလီဝေလင်းအချိန်လောက်ထဲက တိုးကျိတ်ပြီး ကြည့်ရသည့် အရသာသည် တကယ့်ကို ရင်ခုန်ကြည်နူးစရာ ကောင်းခဲ့ပါတယ်။ ကိုယ်နာမည်က အောင်စာရင်းထဲ ပါလာပေမယ့် […]


King of Secrets (Bo Min)July 3, 20121min44419
ယနေ. တရုတ်ဘာသာစကားပြော ၁ဝ ခု ဖော်ပြပေးပါမယ်။ – နာမည်ဘယ်လိုခေါ်လဲ။   —–> 你叫什么名字? အသံထွက်က        ညီကျောင့်ရှန်နမင်စွတ် – မင်္ဂလာရှိသော နံနက်ခင်းပါ။  ——>  早上好! အသံထွက်က       စောင်ဝ်ရှန်.ဟောင် – မင်း ဘယ်သူလဲ။     ——->   你是谁? အသံထွက်က       ညင်ရှစ်ရှိတ် ? – မင်း ဘယ်မှာနေတာလဲ။  ——>  你住在哪里? အသံထွက်က      ညီထွတ်သိပ်နားလိ – မင်းကအရမ်းလှတာဘဲ။  ——> 你很漂亮。 အသံထွက်က    ညင့်ဟာဖျာ့လယောင့်။ – ငါ မင်းကိုချစ်တယ်။ ——>  我爱你。 အသံထွက်က   ဝပ်အိုက်နိ – ငါမင်းကိုမုန်းတယ်။  —–> 我恨你。 အသံထွက်က     ဝပ်ဟတ်နိ – ငါ အရမ်းပျော်တယ်။  […]


King of Secrets (Bo Min)July 2, 20121min20513
ယနေ.မှစပြီး အင်္ဂလိပ်စာ စိတ်ဝင်စားသူများ အကျိုးရှိစေရန် Basic English Speaking အချို.ကို အပိုင်းများခွဲကာ တင်ပြပေးသွားပါမည်။ 10 Speaking for this period, study and make practice. ဖတ်ပါ၊ ကျင့်ပါ၊ ပြောကြည့်ပါ။ 1. ညစာ/မနက်စာ/နေ.လည်စာ စားပြီးပြီလား။ —-> Have you finish your dinner/breakfast/lunch? အသံထွက်က    ဟဖ်ယူ ဖင်းနချ် ယော် ဒင်းနာ/ဘရိတ်ဖက်စ်/လန်.ချ်? 2. မင်းကိုငါ သိပ်ချစ်တာ မင်းမသိဘူးလား။ —-> Don’t you know that I adore you? အသံထွက်က       ဒုန်.ယူနိုး သတ်ဒ် အိုင် အဒေါလ် ယူ? […]