သတင်းစာ အတွက် ဟိုနေ့ကမှ တဂျီးက ပြာယာယာလာတောင်းးတာ။ ကိုယ့်မလည်း ပြင်ထားတာ ဘာမှမရှိတော့ ဟိုးဟိုး ပဝေသနီထဲက မန့်တွေထဲက ပြန်နှိုက်၊ ခုတလော မန့်တွေထဲက ပြန်နှိုက်နဲ့ ပင်လယ်စာ တစ်ပတ်စာ ဖြစ်သွားရောလေ။ ကိုကိုကျောက် ချက်နည်းလေး ပုံ ရရင် ပေးပါအု။ :k: ~~~~~~~~~~~~~~~~~~~~~~~ ဝက်/ကင်းမွန် ပင်စိမ်းချက် (မရိုစီကျော်ရည်) ဝက်ကြိတ်သားး၊ကင်းမွန်၊ ပုစွန်ရေဆေးပြီး စစ်ထားရန်၊ ဒယ်အိုးထဲ ဆီပါရုံထည့် ကြက်သွန်ဖြူ ငရုပ်သီးစိမ်းအနီတောင့်ရောထောင်း၊ ဆီပူလာရင်မီးလျှော့ ဆီသတ်ပြီး ဆီသတ်တဲ့အထဲကို ပဲငံပြာရည်အကြည်+အနောက်၊သကြားးး၊ခရုဆီ၊ငံပြာရည်ထည့်၊ဝက်ကြိတ်သားထည့် ၊ အသားတွေလိတ်သွားရင်ကင်းမွန်နဲ့ပုစွန်ထည့်မွှေ ရေနည်းနည်းထည့်ပြီး မီးနဲနဲတင်ပြီးကျက်လောက်တဲ့အနေအထားရောက်ရင် မိးပိတ်ပြီးဖက်ကပေါင်းရွက်အုပ်ရန်။ ဖက်ကပေါင်း အရွက်မရှိရင် ရှိတဲ့ပင်စိမ်းအုပ်ချက်နိုင်ပါကြောင်း အချဉ်ကြိုက်ပါက မီးပိတ်ပီးမှ သံပုရာရည်ညှစ်ပါရန် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ […]