တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ၏ ရှေ့သို့ ထော်လာဂျီတစ်စီးလာ၍ ရပ်လေ၏။ လူတစ်ယောက်သည် နောက်မှီလွန်စွာမြင့်သော ရှေးဟောင်းကုလား ထိုင်အနက်ကြီးတစ်လုံးကို ကျောတွင်ပိုးလျက် ၎င်းထော်လာဂျီပေါ်မှ ဆင်းလာ၏။ လက်တစ်ဘက်တွင်လည်း အနက်ရောက်လက်ကိုင်တုတ်ကြီးတစ်ချောင်း ကိုင်ထားလေ၏။ ကျွန်ုပ်သည် ထိုသူအား မည်သူမည်ဝါဖြစ် သည်ဟု မပြောနိုင်ပါ။ ထိုသူသည် ကုလားထိုင်ကြီးကို ထမ်းလျက် ကျွန်ုပ်၏ အနီးသို့ လျှောက်လာပြီးလျှင် ကုလားထိုင်ကြီးကို ချလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို သေချာစွာကြည့်နေမိလေ၏။ ထိုကုလားထိုင်ကိုချ ပြီးလျှင် ထိုသူသည် ကုလားထိုင်ပေါ်၌ အကျအနထိုင်လိုက်လေ၏။ ထိုလူ၏ အပြုအမူမှာ အနည်းငယ်ဆန်ုး သကဲ့သို့ဖြစ်နေ၍ ကျွန်ုပ်လည်း ဂရုစိုက်၍ ကြည့်နေမိလေ၏။ ထိုသူသည် ကိုင်ထားသောလက်ကိုင်တုတ်ကို အခြားသောလက်တစ်ဖက်သို့ ပြောင်း၍ကိုင်လိုက်ပြီးနောက် . . “ မောင်အောင်ထွန်း. . […]