နုံနဲ့သောစိတ် လူတို့၏ ကြီးပွားချမ်းသာရေးနှင့် ပက်သက်၍ အဆွေခင်ပွန်းကောင်းရှိခြင်းသည်လည်း လိုအပ်သောအချက်တစ်ချက်ဖြစ်သည်။ တိရိစာ္ဆန်များသည်ပင်လျှင် အပေါင်းအသင်းအစုဝေးဖြင့်နေတတ်ပေရာ လူတို့တွင်ကား ပြောဖွယ်ရာမရှိပေ။ ထို့ကြောင့်လူအများနှင့် ခင်မင်ရင်းနှီးရန်လိုအပ်လှပေသည်။ အဆွေခင်ပွန်းကောင်းသည် လိုအပ်သောအကူအညီအမျိုးမျိုးကိုပေးနိုင်သည်။ မိတ်ဆွေအများဆုံးရှိသူသည် အအောင်မြင်ဆုံး အထူးချွန်ဆုံး သူတစ်ယောက်ဖြစ်နိုင်ပေသည်။ ကုန်သည်ဖြစ်စေ အစိုးရဝန်ထမ်းဖြစ်စေ ဈေးရောင်းဈေးဝယ်ဖြစ်စေ နိုင်ငံရေးသမားအဖြစ်ဖြင့် မဲရအောင်ဟောပြောရာတွင်ဖြစ်စေ ကျောင်းဆရာအဖြစ်ဖြင့် စာသင်ရာတွင်ဖြစ်စေ မိန်းကလေးတစ်ယောက်ကို ပိုးပန်းရာတွင်ဖြစ်စေ အသင်၏အောင်မြင်မှုသည် အသင်၏မိတ်ဖွဲ့နိုင်သောအရည်အချင်းပေါ်တွင် တည်ရှိလေသည်။ မိတ်ဖွဲ့ရာတွင် ကောင်းစွာအောင်မြင်လိုလျှင် အသင်သည်လူတို့၏ သဘောကိုကောင်းစွာနားလည်ရပေမည်။ ကိုယ့်ကိုယ်ကိုအရင်နားလည်အောင်ကြိုးစားကာ အခြားသူများကိုလည်းနားလည်ထားရပေမည်။ မိတ်ဆွေနည်းပါးခြင်း၏ အရေးကြီးသောအချက်တစ်ချက်မှာ စိတ်ဓာတ်နုံနဲခြင်းပင်ဖြစ်သည်။ အသင်သည် မိတ်ဆွေတစ်ယောက်နှင့်အိမ်တစ်အိမ်သို့အလည်သွားရာ အိမ်ရှင်သည်အသင့်မိတ်ဆွေအား လှပသောလက်ဆောင်ပစ္စည်းတစ်ခုလက်ဆောင်ပေးလိုက်၏။ သင့်ကိုကား ယခင်ကမသိကျွမ်းသဖြင့် မပေးချေ။ ထိုအခါ သင့်စိတ်ထဲတွင်သဘောမကျခြင်း စိတ်ထွက်ယောင်ယောင် စိတ်ပျက်ယောင်ယောင် ဖြစ်လာခဲ့လျှင် အသင့်တွင် နုံနဲသောစိတ် သဘောထားသေးသောစိတ် ညံ့ဖျင်းသောစိတ် […]