ဇီဇီOctober 12, 20153min60839
ငါ့ ကို မပေါင်းချင်ရင်တော့ ငါး ကို ပေါင်းရအောင်။ ဟိ။ အချိုနည်းရော၊ အစပ်နည်းရော။ ထုံးစံအတိုင်းးးးစားဖိုမှူးဘယ်သူတွေတုန်း ကြည့်  ကြည့်…!! :k: ~~~~~~~~~~~~~~~~ . ၁) ခရစ်နဲ့ ပေါင်း အဲလေ ခရစ် နည်းနဲ့ ပေါင်းရအောင်။   ငါးကိုသေချာဆေး… အရသာနယ်ဗိုက်ထဲစပါးလင်ထုထည့်… ဂျင်းစိပ်လေး.. ငြုပ်သီးစိမ်း.. ရှမ်းနံနံနည်းနည်းထည့်.. ပြီးရင်.ပြုတ်… ရေနည်းနည်းနဲ့ပြုတ်လို့.. တဖက်စီလှန်.. ငါးကျက်လောက်ရင်.. ပန်းကန်ထဲထည့်… ငြုပ်သီးစိမ်း..နံနံ..ပင်စိမ်း..ရှမ်းနံနံ..ကြက်သွန်ဖြူကြိတ်ပြီးငါးပြုတ်ရည်ထဲထည့်.. သကြား..နန်းပါ..သံပုရာသီးညှစ်.. အရသာပြင်..ငါးပေါ်လောင်း.. ကောင်းလယ်.. ~~~~~~~~~~~~~~~~~~ . . ၂) ဦးကျောက်ခဲ နည်း ပေါင်းကြမယ်။ ကကတစ်ကို အကောင်လိုက် ကျောဘက်ကနေ တစ်ခြမ်းခွဲ… ဂျင်းရည် နှမ်းဆီ ဆား/သကြားသဘောလောက် ပဲငံပြာရည်အကြည်နဲ့နှပ်ထား… စားခါနီးမှ ပန်းကန်ထဲ စပါးလင်ခံ […]


ဇီဇီSeptember 30, 20151min55728
ငိငိငိ။ ဘာမှ မဟုတ်ဘူးး ရွာထိန်း လူနည်းတုန်း ကိုယ် ကြွားချင်တာလေး လာထားတာ။ ဟိ။ :mrgreenn: . ဂဂ စီစဉ်တဲ့ Food Magazine မှာလေ ဝါသနာရှင် ချက်ပြုတ်နည်းမှာ သများ ပါတယ်။ :mrgreenn: :mrgreenn: :mrgreenn:         အာ့ဒါ သများလို့ လာပြောတာ။ ငိငိ။ :aa: ရန်သူက နည်းတယ်ဆိုတော့ ချောင်းရိုက်မှာ မကြောက် ဘာမကြောက် လာကြွားတာ အဟေးဟေးဟေးးး :kwi: ~~~~~~~~~~~~~~~~~~~~~   ဘီယာဘဲ       ပါဝင်ပစ္စည်း . ၁) ဘဲ – တစ်ကောင် ၂) ရှောက်ကောမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း […]


ဇီဇီSeptember 21, 20151min63425
အခြေခံကျတဲ့ “လမ်းသွားလမ်းလာ လုံခြုံမှု” တွေက… လမ်းမှာ ဖြစ်စေ၊ ရုံးမှာဖြစ်စေ၊ ကားမောင်းနေရင်းဖြစ်စေ၊ ဘတ်(စ)ကားစောင့်နေရင်းဖြစ်စေ သတိလက်လွတ်မနေပါနဲ့တဲ့။ (ဖုန်းချည်းပဲ ငုံ့ပွတ်မနေနဲ့ပေါ့။ ဟိဟိ)   ကိုယ့်ရဲ့ပုံက ကယောင်ချောက်ချားမဖြစ်စေပဲ၊ ယုံကြည်မှုရှိရှိနဲ့ ဦးတည်ရာသိတဲ့ ပုံစံမျိုးဖြစ်ပါစေတဲ့။ (ယောင်နနပုံ မပေါက်စေနဲ့ပြောတယ်ထင်)   အိမ်ဝန်းကျင်၊ အလုပ်ဝန်းကျင် ပြန်တဲ့ တောက်လျှောက်က အိမ်နားနီးချင်း၊ ဆိုင်၊ ဈေးသည် စတာတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပါစေ။ (လိုအပ်ရင်အကူအညီပေးချင်အောင်လို့ပါ)   သွားရာ အနီးအနား ရဲစခန်း၊ မီးသတ်၊ ဆေးရုံ၊ တယ်လီဖုန်းရုံ စတာတွေကို လည်း ဘယ် အချိန်ထိ ဖွင့်တတ်ရှိတတ်တယ်ဆိုတာ သိထားသင့်ပါတယ်တဲ့။ (ရဲစခန်းရှေ့လူသတ်လူယက်ခိုးဝင်မှုဖြစ်တဲ့နိုင်ငံမှာတော့ အသုံးဝင်မလားမသိ) ကားတို့ ပစ္စည်းတို့ လုယက်ခံရရင်…. လူမထိခိုက်အောင်ပစ္စည်းကိုလက်လွှတ်ဖို့ ပြီးမှ ရဲစခန်းကို သွားဖို့ပြောထားတာပါ။ အဲဒီ အချက်က […]


ဇီဇီSeptember 18, 20151min67643
ခုချိန်မှာ ….. အိမ်မှာလည်း အိမ်မှာမို့… လမ်းမှာလည်း လမ်းမှာမို့ ခိုးမှု လူယက်မှု အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေတယ်။ ကိုယ့်ကို ကာကွယ်နိုင်တဲ့ အစိုးရနဲ့ ဥပဒေ မရှိတာမို့ (ရှိပြီး သုံးစားမရ) ကာကွယ်နည်းတွေ လိုက်ရှာနေတယ်။ :a:   ပထမဆုံး အိမ် တစ်အိမ် အတွက် ကာကွယ်နည်းတွေ ပြောပါမယ်… သိပြီးသားတွေပါ၊ သတိမမူမိတာ၊ မအားလို့ အချိန်ပေးမလုပ်နိုင်တာတွေ ရှိတာမို့ပါ။ ကိုယ့်ကိုယ့်ကို ကာကွယ်မှ ရတော့မှာမို့ အားစိုက်ပြီး လုပ်စေချင်ပါတယ်။ . . ကိုယ့်အိမ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ??? . ၁) ခြံ တံခါး၊ အိမ်မကြီးတံခါးအပြင် ကိုယ့် အခန်းကို ကိုယ် သစ်သား တံခါးနဲ့ ကောင်းမွန်တဲ့ သော့စံနစ်၊ […]


ဇီဇီSeptember 13, 20151min34423
      ဦးတင်အေး က တော့ နက်ဖြန် ကပ်တဲ့ မဲ စာရင်းကလည်း ၃ဝ ရာနှုန်းပဲ မှန်ဦးမယ် ဆိုပဲ။ မဲစာရင်းတောင် မှန်အောင်မကောက်နိုင်တဲ့ ဒေါ်စိန်အေးကျောင်းထွက် တွေလက် နိုင်ငံ ဆက်အပ်ချင်တယ် ဆိုရင်တော့ သဘောပေါ့နော့။ သူတို့က ညစ်သထက် ညစ်မှာမို့ ကျနော်တို့က သေချာသထက်သေချာအောင် လုပ်ရအောင်ပါ။ ~~~~~~~~~~~~~ . . .   နောက်ပြီး ဒီပုံလေးကို ကြည့်။ . . . . ၅၆ နဲ့ ၄၃၆ တုန်းက လွှတ်တော်မှာ မဲခွဲခဲ့တဲ့ မတရားသဖြင့်စံနစ်ကိုသာ ကြည့်ကြပါတော့ဗျာ…!!နိုင်တဲ့ ဟာကို ရှုံးအောင်လုပ်ထားတာ။ . ဒီ ရွေးကောက်ပွဲ မှာလည်း ဒီလိုပါပဲ။ […]


ဇီဇီSeptember 9, 20154min41423
၁) လက်ရှိအာဏာ ဇွတ်ယူပါတီ ၂) လက်နက်ကိုင် အဖွဲ့ အစည်းတွေကလည်း သူတို့ အမိန့်အောက်မှာ ၃) သူတို့ ကို ကာကွယ်ဖို့ ညောင်၂ပင် ဥပဒေ ကြီး က လည်း ဇွတ် ပြဌာန်းထားပြီးသားးး ၄) လူဆိုး သူခိုး ထောင်ထွက် တွေနဲ့ ဖွဲ့ ထားးတဲ့ လက်မရွံ့ တွေ ကို ခိုင်းနိုင်သူတွေ ၅) မဲလိမ် မဲခိုးတတ်မှန်းး အရင်ရွေးကောက်ပွဲ တွေထဲက သိကြရပြီးသားး ၆) ရွေးကော်မှူးဆိုတာလည်းး သူတို့ ဘက် ပင်းမယ့် ဘောင်းဘီချွတ်ကောင်ကြီး ၇) မဲပေးဖို့ ခက်အောင်လည်းး အမျိုးမျိုးလုပ်နေတာ ၈) လက်ကျန်သက်တန်း မှာ ရသမျှ အကုန် အလွတ်အကျွတ် ခိုးး နိုင်ငံမှာ […]


ဇီဇီSeptember 7, 20154min92623
ကျနော် တင်တဲ့ ပုံစံတွေ ခုလောက် ဆို နည်းနည်း သဘောပေါက်လောက်မှာပါနော့။ အမျိုးတူရာ ဆင်ရာ အုပ်စု တူရာတွေ ရွေးစုပြီး တင်တတ်တာမို့ ဒီ တစ်ပတ်လည်း ခေါက်ဆွဲတွေ အများကြီးရှိတဲ့ အထဲကမှ ဂျုံခေါက်ဆွဲနဲ့ အုန်းနို့ဟင်းရည်၊ ပဲနို့ ဟင်းရည်၊ နို့စိမ်းဟင်းရည် စတာတို့နဲ့ ချက်တဲ့ ခေါက်ဆွဲ အုပ်စုလေးကို စုထားပါတယ်။ သိသလောက်လေးတွေ ဝင်ပြေါပေးကြဦးး ~~~~~~~~~~~~~~~~~~~ . . . ထားဝယ် ခေါက်ဆွဲ (ဦးကျောက်ခဲ ချက်သည်။ နှင်းမမ ဓာတ်ပုံပေးသည်)       အနှီ ထားဝယ်ခေါက်ဆွဲရဲ့ ရာဇဝင်က ဂလိုဗျ… ကျောက်စ်ရဲ့ ဘူမိကျောင်းဖော် ငယ်သူငယ်ချင်းက ထားဝယ်သား ၊ ၁၀-တန်းရောက်မှ ရန်ကုန်ကို ပြောင်းလာတာပါ […]


အောင် မိုးသူSeptember 2, 20152min4614
လွန်ခဲ့တဲ့ သုံးလေးရက်က ဒန်ဒရိုဘီယမ်သစ်ခွအကြောင်း ရေးပြီးတဲ့အခါမှာတော့ ဒီတစ်ခေါက် လိပ်ပြာသစ်ခွအကြောင်းကို ဆက်ရေးပါဦးမယ်။   လိပ်ပြာသစ်ခွလို့ ဆိုလိုက်တာနဲ့ သိတဲ့သူတွေလည်း သိကြမှာပါ။ နာမည်ကြီးတယ်။ အပင်က ပုသလောက် အပွင်းကလှတယ်။ အပွင့်ရဲ့ ပွင့်ဖတ်တွေက လိပ်ပြာတောင်ပံလို ခပ်ဝိုင်းဝိုင်းနဲ့ အရောင်အသွေးအစုံရှိတယ်။ ပွင့်ဖတ်ထူထဲတယ် တော်ရုံမညှိးဘူး။ လိပ်ပြာသစ်ခွကို Phalaenopsis လို့လည်းခေါ်တယ်။ တလောက ကိုဂီရဲ့ လိပ်ပြာသစ်ခွ ဓာတ်ပုံတွေ တွေ့လိုက်သေးတယ်။   စိုက်ပျိုးမှု ၊ ပျိုးခံ   သစ်ခွတွေရဲ့ ထုံးစံအတိုင်း အုန်းခွံ ၊ မီးသွေးနဲ့ ရေညှိတို့ကို ပျိုးခံထားပါတယ်။ အိုးနဲ့စိုက်ကြသလို အပင်ပေါ်တွင်လည်း ကပ်ကာ စိုက်နိုင်ပါတယ်။   ရေပေးဝေမှု   ရေစီးရေလာကောင်းတဲ့ပျိုးခံဖြစ်ရပါမယ်။ ကြပ်သိပ်နေတာမျိုးဆို မကောင်းပါဘူး။ ရေလောင်းလိုက်တာနဲ့ အောက်ကို […]


ဇီဇီAugust 31, 20155min71730
Hot Pot ပဲ ခေါ်ခေါ်…. Steamboat လို့ ပဲ ပြေါပြေါ…. ကိုကာ ဆူကီ ပဲ လုပ်လုပ်… ဒီ ထဲက မထွက်ဘူးးး မွဝေ ကတော့ ရေခဲတစ်တာရှင်းချင်ရင် ဟော့ပေါ့ လုပ်စားပါတဲ့။ သူ့ပို့(စ) လေးလည်း ပြန်တင်ပေးပါ့မယ်။ ပွါးချင်တာလေး အရင် ပွါးပါရစေအူးးးး ဟော့ပေါ့မှာ အသားပေးက အရည် အခြေခံ ရယ်၊ တို့စားတဲ့ အချဉ် တို့ ဆော့ တို့ပါ။ ဘာလို့ဆို အသီးအရွက်ဆိုတာ ကြိုက်တာ ရေဆေးထည့်ရုံ၊ အသား ဆိုတာ လည်း သန့်ပြီး ဆေးပြီး သားကို ရေလုံပြုတ်ပုံစံ စားရတာကိုးး ဆိုတော့ သူတို့ကို ထည့်ပြုတ်မဲ့ အရည်မှာ ချိုအောင် ကြံရပါတယ်။ ပြီးတော့ […]


သစ်ခွကို တစ်ပင်နှစ်ပင် ဒါမှမဟုတ် အပင် (၄၀) (၅၀)ခန့် စစစိုက်တဲ့ အချိန်မှာ ဆုံးရှုံးမှုဖြစ်တတ်ပါတယ်။ အဲ့ဒါဟာ လူဆယ်ယောက်မှာ ကိုးယောက်လောက် ကြုံကြပါ တယ်။ အဲ့ဒါကို သင်ခန်းစာယူပြီး ဆက်လက်စိုက်ပျိုးရင် အောင်မြင်နိုင်ပါတယ်။   အိုးလဲခြင်း   ကိုယ့်ရဲ့ သစ်ခွပင်ဟာ ပျိုးစာတွေ ဆွေးလာမယ် ၊ အပင်တွေဟာ အရမ်းများလာပြီး အိုးအပြင်ကိုထိုးထွက်နေပြီဆိုရင်တော့ အိုးလဲဖို့အချိန်ရောက်ပါပြီ။ အိုးလဲတော့မယ် ဆိုရင်တော့ အောက်က ပျိုးခံအဟောင်းတွေကို တတ်နိုင်သလောက် ကုန်အောင် ဖယ်ပါ။ ဆွေးနေတဲ့အမြစ်တွေကို ခပ်ကြမ်းကြမ်းလေး ဖယ်ရှားပေးပါ။ အားလုံးသန့်ရှင်းပြီးရင်တော့ မှိုဆေးကျဲကျဲဖျော်ထားတဲ့ ဇလုံထဲမှာ (၁၅)မိနစ်လောက်စိမ်ပါ။ စိမ်ပြီးရင်တော့ မစိုက်ခင် အပင်ကိုခြောက်သွေ့အောင်ထားပြီး စိုက်ပါ။ အိုးအသစ် ပျိုးခံအသစ်နဲ့မို့ အပင်ကို ငြိမ်အောင် ဥယောင်ပင်စည်ကို ချိတ်ထားတဲ့ သံကြိုးနဲ့ဖြစ်ဖြစ် […]


ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးကို အားလုံးရင်းနှီးဖူးပြီးသားဖြစ်ကြမှာပါ။ ဒမ်ဒရိုဘီယမ်(Dendrobium)သစ်ခွတွေကို ဈေးတွေ စူပါမားကတ်တွေမှာ အများဆုံးတွေ့ ရတတ်ပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သို့ပေမယ့် သစ်ခွဆိုတာကလည်း အလွန်ဂရစိုုက်ရတဲ့မျိုးမဟုတ်လား။   တစ်ပင် နှစ်ပင်စိုက်တာမဟုတ်ဘဲ အများအပြား တစ်နိုင်တစ်ပိုင်စိုက်မယ်ဆိုရင်တော့ ကိုယ်စိုက်တဲ့သစ်ခွမျိုးရဲ့   သဘာဝကိုသိထားတာအကောင်းဆုံးပါ။ နည်းစနစ်အတိအကျ အပူအချိန်တွေ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် သူကြိုက်နှစ်သက်တဲ့ အနေအထားမျိုး လုပ်ပေးနိုင်တယ်ဆိုရင် သစ်ခွဟာ ဖြစ်ထွန်းတတ်တဲ့ အပင်မျိုးပါ။   အခု ပို့စ်လေးမှာ ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးနဲ့ မိတ်ဆက်ပေးပြီး ဘယ်လိုပြုစုပျိုးထောင် ရတယ်ဆိုတာကိုပါ ရေးသားပေးမှာဖြစ်ပါတယ်။ ဒမ်ဒရိုဘီယမ်လို့ခေါ်လိုက်လို့  မသိဘူး လို့ ထင်နေကြမှာပါ။ ဓာတ်ပုံလေးမြင်ရင်တော့ ဪ ဒီသစ်ခွမျိုးပဲဆိုတာ သိကြမှာပါ။   ကျွန်တော်တို့ မြန်မာပြည်မှာ အစိုက်များတဲ့ ဒမ်ဒရိုဘီယမ်မျိုးလေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေ။       […]


ဇီဇီAugust 24, 20158min84023
အုန်းနို့ကျောက်ကျော (ကေဇီ လက်တည့်စမ်း)           ပါဝင်သောပစ္စည်းများ အဂါး အချောင်း – တစ်ထုတ် ရေ – ၂ လီတာ အုန်းနို့ အနှစ် – ၂၅ဝ မီလီလီတာ (အကြိုက်နဲ့ ညှိ လိုတိုးပိုလျှော့) သကြား – ၂၅ဝ ဂရမ် (အကြိုက်နဲ့ ညှိ လိုတိုးပိုလျှော့) ဆား – အနည်းငယ် . . ပြုလုပ်ပုံ ၁) အရင်ဆုံး အာဂါးအချောင်းတွေကို ရေ ၂ လီတာနဲ့ ကြေအောင် မွှေ၊ ၂) ကျောက်ကျောချောင်း ကျေပြီး ပြစ်လာရင် အုန်းနို့ထည့်၊ နှံ့အောင် ဆက်မွှေ ၃) မွေ့ရတာ […]


ဇီဇီAugust 21, 20152min30418
          ပါဝင် ပစ္စည်းး ————— မွှေး ကောက်ညှင်းမှုန့် – ၃ ထုတ် မွေး ဆန်မှုန့် – အထုတ်ဝက် (ကျနော်ကတော့ မထည့်ဘူးးး ပိုအိအောင်) Red small bean – နို့ဆီဘူး တစ်လုံး ထန်းညက်အကြီးး – ၅ခဲ ဒီ အချိုးနဲ့ မုန့် ၁ဝ ခုလောက် ရတယ်။ ဘယ်လောက်ရှိတုန်း ပုံထဲမှာသာကြည့်ပါတော့။   ပြုလုပ်နည်း ————- ၁) ပဲကို နူးအောင်ပြုတ် ရေစစ်ပြီး အအေးခံထားး ၂) ထန်းညက်ရည် ကြိုထား ၃) ကောက်ညှင်းမှုန့် ကို ရေနည်းနည်း ဆီ ထည့်ထည့်ပြီး နဲ […]