black chawOctober 3, 20121min43653
ပျင်းပျင်း ရှိတာနဲ့ ထရေးလိုက်မိတာပါ…။ အလကားနေရင်း ပျင်းတယ်ဆိုတဲ့လူတွေ ဖတ်ကြည့်ကြဖို့ပါ…။ ဘလက်တို့ မြန်မာပြည်မှာ မြို့ငယ်လေးတွေ မြောက်များစွာရှိနေကြပေမယ့် တွံတေးဆိုတဲ့ မြို့ကလေးကတော့ တခြားမြို့တွေနဲ့ မတူပါဘူး… အနုပညာရှင် အဆိုတော်တွေထွက်ရှိရာ မြို့လေးတစ်မြို့အဖြစ်နာမည်ကြီးပါတယ် … ဘယ်လိုနာမည်မျိုးကိုမဆို ရှေ့မှာ တွံတေး တတ်ထားလိုက်ရင်ကို တော်ရုံလူ မစော်ကားဝံ့တော့လောက်အောင်ကို တွံတေး ရဲ့ အရှိန်အဝါက ကြီးမားလှပါတယ်… ဥပမာ … ဘလက်ချော ဆိုတဲ့ နာမည်ရှေ့မှာ တွံတေး ထည့်ကြည့်လိုက်… တွံတေး ဘလက်ချော … ကဲ… ကြည့် … ဘယ်လောက် ခန့်လိုက် ထည်လိုက်သလဲ … နော့… တခြားမကြည့်ပါနဲ့… တွံတေးသိန်းတန် ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့တင် တွံတေးမြို့ ဆိုတာ ဒါပဲကွ လို့ […]


poochSeptember 20, 20122min85765
ဒီရက်ပိုင်း မှာ K-Wave လို့ တင်စားကြတဲ့ ကိုရီးယားရဲ့ အနုပညာလှိုင်း ရိုက်ခတ်မှုက အတော်လေးကို အဟုန်ပြင်းလာတာတွေ့မိတယ်။ လတ်တလော အနောက်ကမာ္ဘမှာပါ hit ဖြစ်သွားတဲ့ Psy ရဲ့ Gangnam style သီချင်းကို ဂီတကြယ်ပွင့်တွေဖြစ်တဲ့ Chris Brown အစ Taylor Swift အလယ် Britney အဆုံး အစရှိတဲ့ သူတွေတောင် မလွန်ဆန်နိုင်ကြရှာပါဘူး ။ ၂၀၁၂ ရဲ့ MTV ဆုပေးပွဲမှာ အုတ်အော်သောင်းနင်း အားပေးကြပါတယ်။ ကြည့်ရတာ Wonder Girl ရဲ့ Nobody But You ဆိုတဲ့ သီချင်းထက်တောင် ပေါက်သွားပုံရပါတယ်။ စလုံးကလည်း Gangnam style ကို သူ့နည်းသူ့ဟန်နဲ့ ပြန်လည်ဆန်းသစ်သလို မလေးကလည်း […]


SonnyJuly 26, 20122min27411
လေးဖြူဆိုထားတဲ့ Denis Martin ကြော်ငြာသီချင်းပါ။ (ကြောင်ငြာ ဘုတ်နဲ့ အဝတ်စားသီချင်းစာသားကြည့်ပြီး Denis Martin ကြော် ငြာသီချင်းလို့ထင်တာနော်) လူငယ်လူကြီး အားလုံးအတွက် နားထောင်ကြည့်ရင် အချိန်တွေကို အကျိုးရှိရှိ အသုံးချအောင် သင်ကြား သီဆိုထားတာတွေ့ရတယ်။ တေးရေးကိုတော့မသိပါခင်ဗျာ။ တေးရေးရော တေးဆိုရော ကိုဂုဏ်ပြုပါတယ်။ နားထောင်လိုက်ရေးပြီး တင်ပြလို်က်ပါတယ်။ ဒါနားထောင်ရင်း လည်းကိုယ့်ကိုပြန်ဆုံးမနေရတယ်။   တန်ဖိုး ( ခေါင်းစဉ်တော့ မသေချာဘူးခင်ဗျ တောင်းပန်ပါတယ်နော်)   Verse 1: အာရုံဦးနဲ့ ကြည်လင်လန်းဆန်း လှပစိတ်ကြည်နူးစေမှာ မြင်ခဲ့ရတဲ့..နောက်ဆုံးကမနက်ခင်း တောင်ငါ မမှတ်မိတော့ပါ နေဝင်သွားပြန်ပြီ  ရောင်စုံအိ်ပ် တဲ့ ညများ အမြဲသန်းခေါင်ကျော်သွားခဲ့ တစ်ခုခုလုပ်ဖို့ကြတော့ နေ့ရွှေ့ညရွှေ့နဲ့.. အရာ ရာ ဟာ တစ်ပိုင်း တစ်စ လွယ်လွယ်တွေး […]


KyaemonJuly 14, 20127min943
နော်ဝေ က ရေကာတာ တွေကို လုပ်တာ နှစ်ပေါင်း ရာကျော်ခဲ့ပြီ ဖြစ်လို့ လူတွေက ရေကာတာ တွေကိုတန်ဘိုးထား တွယ်တာမြတ်နိုး လာ ကြတာ၊ ရေကာတာ တခုမှာဆိုရင် နှစ်စဉ် ဂီတပွဲတော်ကို ကြံကြံဖန်ဖန်ကျင်းပတာ  ၂၀၁၁မှာလဲ စည်ကားသိုက်မြိုက် စွာကျင်းပကြတာ၊ ကျန်စလိုက်ရှိုး နဲ့ ဓာတ်ပုံ ကို ကြည့်နိုင်ဘို့ လင့်ခ တွေကိုနှိပ်ပါ Under The Dam 2011 http://www.flickr.com/photos/eikerapen2/sets/72157627235084235/ Under The Dam 2011 – a set on Flickr Slideshow Under The Dam 2011 http://www.flickr.com/photos/eikerapen2/sets/72157627235084235/show/


black chawJuly 14, 20121min22320
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ဆရာလေး အင်ဇာဂီက ငါတို့ဂီတ ဆိုတဲ့ ပို့စ်လေးတင်ခဲ့ပါတယ်။ အခုပို့စ်က အဲဒီ ပို့စ်ကို အားဖြည့်ပေးတဲ့ သဘောပါဗျာ။ ဇူလိုင် လ ၂၄ ရက်နေ့မှာ အသစ်ပြန်လည်ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ခေတ်သစ်ဂီတအလွှာ ထည့်သွင်းဖွဲ့စည်းပေးဖို့ လူငယ်ဂီတသမားတွေက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။ အဲဒါကို လက်ရှိမြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုကော်မတီက ပယ်ချထားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးသစ်ကို ပြန်လည်ဖွဲ့စည်းရာတွင် အမှုဆောင်အဖွဲ့ဝင် ၅ဝ ဦး နှင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီး မဟာဂီတ အလွှာအတွက် အဆိုနှင့်အတီး ၁ဝ ဦး၊ ကာလပေါ် အလွှာအတွက် ရေးဆိုတီး ၁၅ ဦး၊ စတီရီယို အလွှာအတွက်ရေး ဆိုတီး ၁၅ ဦး၊ ထုတ်လုပ်ဖြန့်ချိအလွှာအတွက် ငါးဦး၊ စက်မှုအလွှာ အတွက် ငါးဦးတို့ကို […]


ムラカミJuly 11, 20121min53745
  ကျုပ် သိသမျှလေး နည်းနည်းလောက် ပွားချင်လို့ဗျာ ….. နည်းနည်း …ချဉ်လို့ …. အဲ…. စည်းနဲ့ ကမ်းနဲ့ …(အကျိရဲ့) လစ်ဘရယ် ယောက်ျား ဆိုတော့လည်း… သမိုင်းပေးတာဝန်အရ ….ကွန်ဇာဗေးတစ်ဗ်တွေကို နည်းနည်း ရှုံ့ချရပေမပေါ့ ..အာဟိ…. နောက်တာပါ … အတည်ပြောပါ့မယ်…. သည်သတင်းက နည်းနည်းတော့ ငုတ် နေတဲ့ သတင်းခည … အပျက်ကြီးတွေ အများကြီးထဲက အပျက်ကလေး ဆိုတော့ … လူတွေ သတိမပြုမိတာ လည်း ဖြစ်ချင်ဖြစ်မယ်…. ထားပါတော့ … အစဖော်ပြီး ဖွပါ့မယ် … (သဂျီး ကတော့ သူများအတင်းမချရဝူးတဲ့..) ချမှာပဲအေ. … အဝဲယားတွေ နက် ဖို့ပါ…   သည်လိုဗျ …ကျုပ် […]


black chawJuly 1, 20123min51563
ကြွားတယ် ထင်ရင်လည်း ခံရတော့မှာပဲ ကျောင်းဒကာရေ…။ ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီး နဲ့ ဘလက်ဆိုတဲ့ အညတြပုဂ္ဂိုလ်လေး တစ်ယောက်တို့ဟာ တစ်စားပွဲထဲထိုင်ပြီး စကားတွေ ပြောခဲ့ဘူးတယ်ဆိုရင် ကြွားတယ်ထင်ကြမှာလား ဟင်င်င်င်…။ ကဲ မြန်မာကားတွေလို နောက်ကြောင်းနည်းနည်း ပြန်ကြမယ်ဗျာ…။ တစ်ခါသားမှာပေါ့ ထူးအိမ်သင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းစာရင်းဝင် ကိုကြွက်နီ (ခေါ်) သိမ်းတင်သား ဟာ အင်တာဗျူး ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့ဘူးပါသတဲ့…။ အဲဒီအချိန်မှာပဲ အင်တာဗျူးဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ သိမ်းတင်သား နဲ့ အင်မတန်အဖွဲ့ကျနေခဲ့တဲ့ ပုဂ္ဂိုလ်လေးတစ်ယောက်ကတော့ ကျွနုပ်ဘလက် ပဲပေါ့ခင်ဗျာ…။ အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်လောက်ကပေါ့…။ တစ်ခုသောညနေခင်းတစ်ခုမှာ အင်တာဗျူးဂျာနယ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာစားပွဲရှေ့မှာ တစ်စုံတစ်ခုသော ကိစ္စနဲ့ ဘလက်ကျွန်ုပ်ဟာ ရောက်ရှိနေခိုက်ပေါ့…။ (အဲဒီတုန်းက အင်တာဗျူးဂျာနယ်တိုက်ဟာ ယုဇနဟိုတယ်ဘေးလမ်းကြားက တိုက်တန်းမှာ […]


black chawJune 28, 20124min76382
OUTSIDER BLACK ! မြန်မာစကားက မရှင်းမရှင်းဗျ၊ ကျောင်းဒကာကြီးတို့ရ…။ သူဌေးတဲ့။ သူကြွယ်တဲ့။ သူဌေးသူကြွယ်ကြီးတွေတဲ့…။ မသိရင် အတူတူပဲလို့ထင်စရာပဲလေ နော့။ သူဌေးဆိုတာ လူချမ်းသာတွေကို ခေါ်တယ်ဆိုတာလောက်တော့ ကလေးတွေတောင် သိနေတာပဲလေ။ မြန်မာပြည်မှာလည်း ကျိကျိတက် ချမ်းသာကြတဲ့ တိုင်းသိပြည်သိ သူဌေးကြီးတွေ ရှိကြလေသည် လို့ မှတ်သားရပေတာကိုး။ နောက်တစ်ဆင့်တက်တော့ သူကြွယ် တဲ့။ ဒါကျတော့ ဂုဏ်ရည်တစ်ဆင့်တိုးသွားပြီဗျာ။ ဟုတ်မဟုတ်တော့ မသိဘူးနော်…။ ကြားဖူးနားဝရှိတာလေး ပြန်ရေးပြတာ…။ လွဲနေရင်လည်း ပြင်ပေးခဲ့ဦးဗျ..။ မျိုးနဲ့ ရိုးနဲ့ ချမ်းသာလာတဲ့ သူဌေးကို သူကြွယ်လို့လည်း ဂုဏ်ပြုခေါ်ဝေါ်ပေပြန်တာကိုး…။ ခုနက ကျိကျိတက် ချမ်းသာကြတဲ့ မြန်မာပြည်ရဲ့ သူဌေးကြီးတွေထဲမှာ မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ သူဌေး ဘယ်နှစ်ယောက်လောက်ပါသလဲ…။ သူကြွယ်ကြီးရယ်လို့ စာရင်းတို့လို့ရတာ ဘယ်နှစ်ယောက်လောက်ပါသလဲ…။ စိတ်ဝင်စားစရာတော့ […]


ဖိုးထောင်June 24, 20121min31315
ဘဝမှာ အထီးကျန်နေတဲ့ အချိန်တွေဆိုတာ သိပ်ပြီး ခံစားရလွန်းပါတယ် စာနာသူမဲ့ အထီးကျန်နေရတာလောက်ဆိုးတယ် ဆိုတာ ဘဝမှာရှိမှာမဟုတ်ပါဘူး       api.ning.com/files/-YjS5BX7QsPcPZXfqkEYzX3rbCw15JE4dqksfnW*uUYL7dMgzLR5jXbIyJIYtK-IIpiiOtV5I9*bOWKpUqVNTOdPWQ0*HKk3/shwedream.swf    ပုံလေးနဲ့တွဲပြီးနားထောင်ဖို့ သီချင်းလေးပါ ထည့်ပေးလိုက်ပါတယ် အားလုံးပဲ ခံစားနိုင်အောင်လို့ပါ


black chawJune 5, 20121min46241
ဒီရက်ပိုင်း ကွယ်လွန်သွားခဲ့ပြီးတဲ့ အနုပညာရှင် တစ်ယောက်အကြောင်းကို အမှတ်တရ ရေးချင်လွန်းလို့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြိုတင် အားထုတ်ခဲ့ပါတယ်။ အားလပ်တဲ့ အချိန်အနည်းငယ်လောက်ကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲသွားပြီး မဂ္ဂဇင်းအဟောင်းတွေ ပြန်ရှာ၊ အချက်အလက်တွေ ပြန်စုဆောင်း၊ နည်းနည်း ခြင်းရေးနေခဲ့ရာက တော်တော် ကြီး ခရီးရောက်လာခဲ့ပြီးမှ ကျွန်တော့် လက်ပ်တော့ လေးက ရောဂါ အမည်မဖေါ်နိုင်ပါပဲ ဆိုင်ပို့လိုက်ရပြန်တော့ ရေးခဲ့သမျှတွေ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် အင်မတန်လေးစားခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ ရေးလို့ရသလောက်လေးတော့ အမှတ်တရ ပို့စ်တစ်ပုဒ်အနေနဲ့ ရေးတင်လိုက်ပါတယ်ဗျာ..။ ကဗျာဆရာ တေးရေးဆရာ မောင်သစ်မင်း ကို ဆိုလိုတာပါ ဗျာ…။ ဒီနေ့ ၅-၆-၂၀၁၂ မှာ ဆရာ မောင်သစ်မင်း ကွယ်လွန်တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ…။ မောင်သစ်မင်းဟာ […]


SonnyJune 4, 20121min63936
လင်းလင်း ဆိုသော မန်းလေးမြို့သေဆုံးခြင်း…ညီငယ်လင်းလင်းအားလေးစားလျက် စာသားများကို နားထောင်ကူးယူဖော်ပြလိုက်ပါသည်။အဆိုတော် ညီငယ် လင်းလင်း မန ္တလေးအား ဂုဏ် ပြုပါ၏။ အဆိုတော် ညီငယ် လင်းလင်း မန ္တလေးအား ဂုဏ် ပြုပါ၏။ “မန္တလေးမြို ့သေဆုံးခြင်း” သွယ်ဝိုက်ပြီးငါလေမပြောချင် ဗမာ့သမိုင်းများစွာစောင့်ထိမ်းခဲ့ရာ ကျွန်တော်မွေးတဲ့မြို့မရှိတော့ပါ။ ဘယ်သူတွေလည်းဒီမြို့ထဲမှာ ဟိုအရှေ့ရပ်ကအိမ်နီးချင်းတွေ မျက်လုံးမှေးမှေးအကြည့်နဲ့ပါ။ မေးခွန်းများစွာငါလေတွေးရင်း ကျူံးကြီးထဲခေါင်းနှစ်ချင်မိ…. သမိုင်းပေါင်းများစွာ ငါလေတွေးရင်း နားနှစ်ဖက်ပိတ်ရှက်လို့နေမိ.. သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ကငါတို့ရဲ့မန္တလေးမြို့..သေဆုံးခြင်း… solo: Guitar အလည်လွန်ပြီးငါလေမောရင် မြို့ထဲလမ်းမ ရေကြည်တစ်ပေါက်သောက်စရာ ရေအိုးများလည်းမရှိတော့ပါ။ ဘယ်သူတွေလည်းဒီမြို့ထဲမှာ အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူ ဘာသာစကားများလည်းတို့နဲ့မတူ မေးခွန်းများစွာ ငါလေတွေးရင်း ကျူံးကြီးထဲ ခေါင်းနှစ်ချင်မိ…. သမိုင်းပေါင်းများစွာငါလေတွေးရင်း နားနှစ်ဖက်ပိတ်ရှက်လို့နေမိ… သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ ငါတို့ရဲ့ မန္တလေးမြို့သေဆုံးခြင်း…. Solo; Guitar (သံပြိုင်.) ကမ္ဘာမကြေ..မြန်မာပြည်…. […]


OnyxMay 31, 20121min29811
မနေ့က.. နေတွေအရမ်းပူလို့တဲ့ မီးမလာတော့ဘူး ..အဲဒါရှော်တာ တရုတ်ကြီးက ကေဘယ်တာဝါထောင်ပြီးခေါ်သွား .. နေပြည်တော်မှာ မီးအမြဲလာပြီးပျော်ပါး .. ဓာတ်အားပေးရုံးကကောင်.. ဆော့ကစား မီးလာချိန်တောင် အရူးကွက်နင်းပြီ းဖြတ်တာအတော်များ .. … ဒီနေ့… တရုတ်ကြီးဘာတွေတွေးလဲမသိ.. မြန်မာပြည်ပြသဒါး Dam ဆောက်ခွင့်မပေးနိုင်ဘူး .. မြစ်ဆုံကနေထွက်သွား ငါတို့ရဲ့ ..ပက်ကြားအက် မဂ္ဂါဝပ် ..စူပါဂလူးနဲ့ပြ န်ကာကပ်ထား ပြည်သူချဉ်ဖတ်.. ဟိုလူကြီးက ..လက်ညိုးထိုးကာ ရောင်းစား .. နင့်လုပ်ရပ်များ… ရပ်တန်းကရပ်မလား .. မရပ်ရင်ထွက်သွား တရုတ်ပြည်ကိုသွား.. အဖေခေါ်ကျက်စား.. ပြန်မလာရင်အကောင်းဆုံးပဲ.. မြန်မာ့လျှပ်စစ် အကြောင်းကိုအသိဆုံးတဲ့ မဂ္ဂါဝပ် အပိုတွေရောင်းဦးမတဲ့.. ဘယ်ကုလားကို Dam ပါမစ်ပေးဦးမလဲ အစိုးရသီတင်းစာ.. မဂ္ဂါဝပ် တွေအရမ်းပိုလို့တဲ့.. ဓာတ်တွေလိုက်သဗျ.. လိမ်ချင်တိုင်းလိမ်နေရအောင်.. ပြည်သူတွေအရူးလား ဂျပန်တွေလို […]


kaiMay 31, 20121min47427
ပြီးခဲ့တဲ့.. တပါတ်က.. ယူအက်စ်မှာ မီမိုရီရယ်နေ့မို့.. ရုံး၃ရက်ပိတ်တာ.. ဗင်းနစ်စ်ကမ်းခြေဖက်အလယ်သွားပါတယ်..။ သိပ်ဝေးဝေးတော့မဟုတ်.. အယ်လ်အေခရိုင်ထဲမှာပါပဲ..။ ကမ္ဘာတန်းအဆင့်နာမယ်ကြီးကမ်းခြေတခုပါ.. အဲဒီမှာ.. ပွဲဈေးတန်းရှိတယ်.။ အနုပညာပစ္စည်းရောင်းကြတယ်..။ ဆေးခြောက်ရောင်းတယ်.။ အမှတ်တရပစ္စည်းတွေရောင်းပါတယ်..။ ပွဲဈေးတန်းက.. သဲသောင်နဲ့ လူနေအိမ်..စားသောက်ဆိုင်တွေကြား.. ကွန်ခရစ်လမ်းလုပ်ထားတာပါ..။ ကပ်ရက်မှာ.. စက်ဘီးစီးဖို့.. လမ်းကြောင်းတခုလည်း ထားပါတယ်.. ကမ်းခြေသဲသောင်ပြင်ကျယ်မှာတော့. ဟိုတခါက..ရွာထဲပြောဖူးတဲ့.. graffitiလုပ်ဖို့..ရေးဖို့..အုပ်နံရံတွေ..ထားပေးတယ်..။ အဲဒီမှာ.. ဆွဲချင်တဲ့သူတွေ.. မှတ်ပုံတင်စာရင်းပေးပြီးဆွဲကြတာပေါ့.. အဲ.. ပြောချင်တာက.. ဗင်းနစ်စ်ကမ်းခြေ ဒရမ်စက်ဝိုင်း.. (Venice Beach Drum Circle)အကြောင်း.. အဲဒီမှာ..လွန်ထဲ့တဲ့..၁ဝနှစ်ကျော်ကတည်းက..သတိထားမိပြီး.. ရောက်တိုင်းသွားသွားကြည့်ဖြစ်တဲ့.. ဒရမ်စက်ဝိုင်းအကြောင်းပြောပြချင်တာပါ.. အဲဒါက..ဘယ်နိုင်ငံမှာရှိလို့..ဘယ်ကဘယ်လိုစသလည်းမသိ.. တွေ့ရတာကတော့.. တယောက်ယောက်က.. ဗုံလေး..ဒရမ်လေးတလုံးယူ.. ဘိတခုနဲ့..စပြီးဒုံဒုံလုပ်ရင်..နောက်က.. ရှိတဲ့သူတွေက.. မည်သူမဆို..ခွက်တွေ..တုတ်တွေနဲ့..စည်းချက်ညီတီးမှုတ်ကခုန်ကြတာပါ..။ ဗုံတွေ။..ဒရမ်တွေတီးသူတွေက.. စက်ဝိုင်းပုံစံဝိုင်းထားလေ့ရှိပြီး..အလယ်မှာ..ကချင်ခုန်ချင်သူက..ဝင်ကတာဖြစ်ပါတယ်.. စည်းချက်ကို.. အသံအကျယ်ဆုံးတီးထားနိုင်တဲ့.. ဒရမ်သမား..ဗုံသမားက..ဦးဆောင်သွားတယ်လို့ထင်ရတာပါပဲ..။ နာရီပေါင်းများစွာ..မရပ်မနား. ရထားလို.. ထွက်ချင်သူထွက်..ဝင်ချင်သူဝင်နဲ့.. တီးကြ..ကခုန်ကြတာလေ..။ […]