ko layJune 21, 20121min3616
Pfingo ကို ဘယ်လိုသုံးလို့ရပါသလဲ။ အကောင့်ဘယ်လို လုပ်ရပါသလဲ။ ဘယ်ဖုန်းတွေကိုခေါ်လို့ရပါသလဲ။ နှုန်းထားကရော ဘယ်လောက်လဲ။ ဒါတွေအပါအဝင် pfingo အကြောင်းကို ဖြစ်နိုင်သမျှ စုံစုံလင်လင် သိချင်ပါတယ်။ ကျေးဇူးပြုပြီး သိသူတွေ ဖြေကြားပေးစေလိုပါတယ်။


ဒါလေးကတော့ မြန်မာပြည်မှာရော တကမ္ဘာလုံးမှာပါ လူတော်တော်များများဆော့ကြတဲ့ဂိမ်းပါ။ ဒါလေးက ကျွန်တော့်အိုင်ဒီပါ http://www.torn.com/318779 အရင်တုန်းက ကိုပေက online game crazy ဆိုပြီး ဒီဂိမ်းအကြောင်းပြောဖူးပါတယ်။ ဟုတ်ပါတယ်။ အဲဒီဂိမ်းကို ကျွန်တော်ဆော့ နေတာ နှစ်ပေါင်းမနဲတော့ပါဘူး၊ ဒါပေမယ့်အမြဲတမ်းတော့ မဆော့ဖြစ်ဖူး၊ ကြုံရင်ကြုံသလိုပေ့ါ။ ဒီဂိမ်းထဲကပိုက်ပိုက်တွေကို မြန်မာပြည်ထဲကလူတွေဘဲ ဝယ်ကြတာမဟုတ်ပါဘူး၊ နိုင်ငံတကာကလူတွေပါဝယ်ကြတာပါ။ ကျွန်တော် အဲဒီဂိမ်းထဲက ပိုက်ပိုက်တွေကို ရောင်းတာ ဒေါ်လာ ၂၀ဝ လောက်ရဘူးတယ်။ အားလုံးနိုင်ငံခြားသာတွေပါဘဲ၊ paypal နဲ့ရောင်းတာပါ။ စိတ်ဝင်စားတဲ့သူများ ကျွန်တော့် အကောင့်လင့်ကနေ တဆင့် ဆက်သွယ်နိုင်ပါတယ်၊ ကျွန်တော်ကူညီပေးနိုင်ပါတယ်။


ဒါလေးတွေကတော့ ကျွန်တော် လက်ရှိပလေးနေတဲ့(ရံဖန်ရံခါပါ) အွန်လိုင်းဂိမ်းလေးတွေပါ MG ထဲက ရွာသားတွေကို ဖိတ်ခေါ်ပါတယ်။ အောက်မှာတော့ ကျွန်တော့် အိုင်ဒီနဲ့ လင့်လေးတွေပါ။ ရွာသားတွေထဲက လက်ရှိ ပလေးနေတဲ့သူရှိရင်လဲ အိုင်ဒီလေးတွေ မျှဝေ ကြပါ။ http://s16.en.ikariam.com/reg.php?fh=f67848d6056a1217e693637c72d35ae3 ဒါကတော့ စတတ်တဂျီဂိမ်းပါ၊ အဲဒီထဲမှာ မြန်မာအင်ပါယာ ဆိုပြီးကျွန်တော် ဂရုလေးဖွဲ့ထားပါတယ်။    


ကာတွန်းကဏ္ဍကို စတင်ပေးလိုက်ပါဘီ လောလောဆယ်တော့ ရွာထဲက ကိုကမ်းဝေးရဲ့ မူပိုင်လက်ရာတွေနဲ့ စတင်ပေးလိုက်ပါတယ်။ ကိုရွှေတိုက်စိုး ဆွဲတာနဲ့ ကျနော်ဆွဲထားတာတွေ ပြင်နေတုန်းမို့ နည်းနည်းနောက်ကျပါတယ်။ စိတ်ရှေ သည်းခံပေးကြပါ ခင်ဗျ…..။                                          


အခုတစ်လော သင်္ကြန်အပြီးလောက်ကတည်းက တွေ့တွေ့လာရတာက မိန်းကလေးအများစု ချက်ဖော်ပြီး ဝတ်စားလာတာကိုပါ နောက် ဖက်ရှက်ဆိုင်တော်တော်များများမှာလည်း တိုတိုကားကားနဲ့ ချက်ဖော်ပြီး ဝတ်ရတဲ့ အဝတ်စားတွေလည်း တွေ့လာရတယ် ကိုယ်တွေက အသက်ကြီးလာလို့လားတော့ မပြောတက်ဘူး ဒီချက်ဖော်စတိုင်ကိုတော့ ကြည့်ရတာ စိတ်ထဲတစ်မျိုးကြီးပဲ ကဲ MG က ရွာသူားတွေကရော ချက်ဖော်စတိုင်ကို စိတ်ထဲဘယ်လိုနေကြလဲ ပြောကြပါဦး…


မင်္ဂလာပါ ရွာသူ/သား အပေါင်းတို့ခင်ဗျ ကျနော် ကာတွန်းကို စိတ်ဝင်စားသူတစ်ယောက်ပါ အချိန်ရရင်လဲ စိတ်ကူးရှိတာလေးတွေ ဆွဲတတ်ပါတယ်။ နောက်စာအရေးသားမှာလဲ သရော်စာဖက်ကို ပိုအားသန်ပါတယ် အဲဒီတော့ ကျနော်ရွာထဲမှာ ကိုယ့်ပတ်ဝင်းကျင်(ဝါ)ကိုယ်သိမှီတဲ့ အပိုင်းလေးတွေကို သရော်စာပုံစံ ကာတွန်းလေးတွေ ရေးဆွဲပီး တင်ချင်ပါတယ်။ ဒီနေရာမှာ ကျနော် တယောက်ထဲ ဆိုရင်ဖြင့် အိုင်ဒီယာပိုင်းမှာ အားနည်းမယ်လို့ ထင်မိပါတယ်။ ဆိုတော့ ရွာသူ/ရွားသားတွေလဲ ဝိုင်းဝန်း အားဖြည့်ပေးမယ် ဆိုရင်ဖြင့် ပိုပီးစည်ပင်မယ်လို့ ယူဆမိပါတယ်။ နောက်တခုက တကွက်ဟာသလေးတွေနဲ့ ရွာသူ/သားတွေရဲ့ တနေ့တာ နွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့လဲ ရည်ရွယ်ပါတယ်။ ရွာထဲမှာတော့ ကောမစ်ပိုင်းမှာ ကိုကမ်းဝေးရှိပါတယ် နောက် ကိုအင်ဇာဂီလဲ ရှိပါတယ် ကျနော်ကလဲ အားဖြည့်ပေးမှာပါ။ ဟာသပိုင်းမှာလဲ ရွာထဲမှာ ဦးကြောင်၊ ကိုအောင်ပု၊ ကိုပေ၊ကိုဗိုက် စသဖြင့်ပေါ့ […]


အားလုံးကို မင်္ဂလာပါလို ့ဒုတိယအကြိမ်ထပ်ပြောလိုက်ပါသည်။ ဒီတစ်ခါ တင်တဲ့ဓါတ်ပုံများရှင်လေးကတော့ Zune Thinzar (Sexcii-shawty) ပါ ။ တောင်ကြီးကလို ့သိရပြီး ၊ ရန်ကုန်မှာနေတယ်လို ့သိရပါတယ် ။ သူလေးရဲ  ့ဖေ့ဘုတ်လိပ်စာကတော့ …. http://www.facebook.com/hottiezunethinzar?ref=ffa ဓါတ်ပုံများကို အားပေးကြပါ။ ကွန်နက်ရှင်းမကောင်းလို ့၊ ဒီလောက်ဘဲ တင်လိုက်ပါသည် ။ အားပေးကြမည်ဆိုလျှင် ခရီးဆက်မည်။  


ムラカミJune 14, 20121min102248
ယူရို ၂၀၁၂ ကား စပြီ။ (ဟဲ့ တဝက်တောင် ကျိုးတော့မယ်လေ…) သိဒယ် …ရှာရှေနဲ့ ဂလိုပဲ ရေးရတာပဲ….။ အုပ်စု အေ။ ပိုလန်၊ ဂရိ၊ ရုရှား၊ ချက် အုပ်စု ဘီ။ ဟော်လန်၊ ဒိန်းမတ်၊ဂျာမနီ၊ ပေါ်တူဂီ အုပ်စု စီ။ စပိန်၊ အီတလီ၊ အိုင်ယာလန်၊ ခရိုအေးရှား အုပ်စု ဒီ။ ယူကရိန်း၊ ဆွီဒင်၊ ပြင်သစ်၊ အင်္ဂလန် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပေမည်။ အေ မှ (ပ) နှင့် ဘီ မှ (ဒု) ကွာတား ၁ ဘီ မှ (ပ) နှင့် အေ မှ (ဒု) ကွာတား ၂ စီ […]


အခုနောက်ဆုံးကြားရတဲ့သတင်းတွေအရတော့ စစ်တွေမှာ ဘင်္ဂါလီတွေသေနတ်နဲ့ပစ်လို့ စစ်သားတစ်ယောက်ဒဏ်ရာရသွားတယ် ဆိုတာကို ခိုင်ခိုင်လုံလုံသိရှိရပါတယ် ။ လုံခြုံရေးအဖွဲ့တွေက အကြမ်းဖက်သူတွေကိုပြန်လည်ပစ်ခတ်တာမျိုးမရှိပဲ မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့်တာမျိုးပဲလုပ်နေတယ်လို့သိရပါတယ် ။ နောက်ပြီး အတည်မပြုနိုင်သေးတဲ့သတင်းတစ်ခုကတော့ အောင်မင်္ဂလာရပ်ကွက်မှာ အကြမ်းဖက်သူတွေလက်ချက်နဲ့ လုံခြုံရေး ရဲ တစ်ဦးကျသွားတယ်ဆိုတဲ့သတင်းပါပဲ။ ကြားရတာကတော့အရမ်းကိုစိတ်မကောင်းစရာပါပဲ ။ အဲဒီမှာစဉ်းစားစရာတစ်ခုဖြစ်လာပါတယ် ။ ဒီလောက်ဆိုးရွားနေတာကို လုံခြုံရေးတွေက ဘာလို့ပြန်လည်ပစ်ခတ်တာမျိုးမလုပ်တာပါလဲ ။ အမိန့်တစ်စုံတစ်ရာကြောင့်များလား ။ ကျွန်တော့သဘောထားကတော့ အကြမ်းဖက်လက်နက်ကိုင်သူဆိုရင် ဘင်္ဂါလီပဲဖြစ်ဖြစ် ရခိုင်ပဲဖြစ်ဖြစ် ခြောက်လှန့်လို့မရရင် ပစ်ရမှာပဲ ။ ပစ်သင့်တယ်လို့လဲထင်ပါတယ် ။ ခုလက်ရှိမှာ စစ်တွေမှာရှိနေတဲ့ရခိုင်လူမျိုးတွေကလဲ အရမ်းကိုကြောက်ရွံနေကြပါတယ် ။ ကြားရတဲ့သတင်းတစ်ခုကတော့ ထိုင်းနဲ့မလေးရှားမှာရောက်နေတဲ့ ရခိုင်လူမျိုး ၁၀၀ဝ ခန့်က ဘာပဲဖြစ်ဖြစ် အသေခံတိုက်မယ်ဆိုပြီး ပြန်လာဖို့စီစဉ်နေကြပါတယ်တဲ့ … ။ လုံခြုံရေးတွေအနေနဲ့ ထိရောက်တဲ့တားဆီးမှုမျိုးလုပ်သင့်ပြီလို့ထင်ပါတယ် ။ […]


KyaemonJune 11, 201241min50215
 အူး ကြောင် ကြီး အတွက် ဟာသ လက်ဆောင် လေး ပါ —————————- Sharapova ရှာရာဗိုဘာ သတို့သား Sasha စရှာ ရဲ့ ဒေါသသံ ——– ကျနော်က Lakers basketball လေကာ ဝါသနာ အိုး ဖြစ်လို့ တချိန်တုန်းက Lakers လေကာမှာကစားဘူးတဲ့  Sasha Vujacic စရှာ နဲ့ သိကျွမ်းခဲ့တာ၊ မကြာမီက Sasha စရှာ က ကျနော့ ဆီကို ဖုန်း ဆက်လာတာ၊ Turkey တူရကီ ကနေ ဆက်တာပါ၊ ကျနော် နဲ့အဆက်ပြတ်တာ ကြာ ပါပြီ၊ တယောက်ယောက် က သူ့ကိုပြောလို့ဖြစ်မှာပါ၊ သူက တခါမှ စိတ်မဆိုး တတ် ပေမဲ့ […]


mipukayJune 9, 20121min4938
ကြက်ကြော်မဆလာနှပ်(သို ့)ဟာရီကြက်နှပ် စာရေးသူတို ့နိုင်ငံတွင် အိမ်ရှင်မအတော်များများသည် ဈေးသွားလျှင်ကြက်သားကိုသာ အများဆုံးဝယ်လေ့ရှိကြပါသည်။ အကြောင်းမှာ ငါးကြိုက်သူအိမ်သားများ နည်းပါးခြင်း၊ ဝက်သားရှောင်သူရှိခြင်း၊ ဘဲဥချဉ်ရေဆိုနှာခေါင်းရှုံ ့တတ်သော အိမ်ဦးသခင်ကြီးနှင့်သခင် သခင်မကလေးများ ရှိခြင်း၊ အသီးအရွက်ဘဲပါပြီးအသားမပါပါက ညိုညင်တတ်သောသူများမရှားခြင်းတို ့ဖြင့် ဈေးခြင်းတောင်းကိုင်ကာချာချာလည်အောင် အကြပ်ရိုက်ရသောကြောင့်ဖြစ်ကြပါသည်။ သို ့ပါသော်လဲ ချက်ပြုတ်သော နည်းလမ်းအနည်းငယ်ဖြင့် သာမိရိုးဖလာစွဲဖြင့် ချက်ပြုတ်လေ့ရှိသောကြောင့် မိသားစုဝင်များ ငြည်းငွေ ့လျှက်ရှိသည်ကို သတိထားလေ့လာမိပါသည်။ တစ်ခါလာလဲ ကြက်ကြော်၊ တစ်ခါလာလဲ အချိုချက်၊ ငြုပ်သီးနဲ ့ချက်၊ ပြုတ်ကြော်လုပ်ချက်၊ သုတ်စား၊ ကြက်သားအာလူးရော၊ ကြက်သားငပိကြော်၊ ကြက်စွပ်ပြုတ်၊ ကြက်ချိုချဉ်၊ ကြက်ကုန်းဘောင် တို ့ဖြင့်လုံးလည်ချာလည်လိုက်လျှက်ရှိပါသည်။ ထို ့အတွက်ကြောင့်စာရေးသူအနေဖြင့် မြန်မာ့နည်းမြန်မာ့ဟန်ချက်ပြုတ်သောကြက်သားဟင်း များမှ အနည်းငယ် အထွန် ့တက်သော အရသာသစ်၊ ချက်ပြုတ်နည်းသစ်များကို […]


black chawJune 7, 20121min85027
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး… တဲ့။ တော်တော် ကျယ်ကျယ်ပျံ့ပျံ့ လေးလေးနက်နက် ကြီးကို စဉ်းစားလေ့လာတွက်ချက်ချိန်ဆ ပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စမျိုးကြီးတွေ ဖြစ်တယ် ဆိုတာ သတိပေးဆုံးမထားတဲ့ ဆုံးမစာကြီး ပါ ကျောင်းဒကာ…။ ဒါပေမယ့် ဒီဘက်ခေတ်မတော့ ဒီဆုံးမစာကြီးက နည်းနည်းခေတ်မမီတော့ဘူးလားလို့…။ ဘုရားတည်တာကတော့ သူကြီးတို့လို သူတော်ကောင်းကြီးတွေ အလုပ်ဆိုတော့ ကျွန်တော် နည်းနည်းမှ မကျွမ်းကျင်တဲ့ ဘာသာရပ် ဆိုတာ ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေ…။ ကဲ… သူကြီးရေ… ဘုရားတည်တဲ့ကိစ္စဟာ ချက်မပိုင်လျှင် ဘယ်လိုဘယ်ပုံ အခက်တွေ့တတ်တယ်ဆိုတာလေး ဝေမျှပေးပါဦး ဗျို့…။ ပြောသာပြောရတာ ဒီဘက်ခေတ်ကျတော့ ဘုရားလည်း ချက်မပိုင်ရင် ပြန်ပြင်တတ်ကြတယ်ဆိုလား … ။ ဆေးမင်ရည် စုတ်ထိုးတာကလည်း ပေါက်ဖေါ် […]


သိန္နီမြို ့………. ရှမ်းပြည်နယ်မြောက်ပိုင်းသိန္နီနယ်ကိုအုပ်ခူပ်ခဲ ့သောစော်ဘွားကြီးတစ်ဦးသည်… မိုးညှင်း မိုးကောင်းတို ့ကိုပင်ပိုင်ဆိုင်သည်…။ကျောက်စိမ်းထွက်ရာဒေသများဖြစ်ကြသည်…. တရုတ်တို ့ကထိုဒေသကိုဆိုင်ဇိ(ကျောက်စိမ်းပြည်)ဟုခေါ်တွင်ခဲ ့သည်။ နောင်တွင်ဆိုင်ဇီမှဆိုင်စီဖြစ်လာသည်…။ စော်ဘွားရုံးစိုက်ရာမြို ့ကိုဝိုင်းဆိုင်စီဟုခေါ်သည်…။ဆိုင်စီသည်သိန္နီဖြစ်လာသည်။ သံဖြူဇရပ်(မြို ့) ခရစ်နှစ်၁၉၀ဝကျော်ခန် ့ကမော်လမြိုင်..ထားဝယ်လမ်းဘေးတွင်ထောင် ့ရှစ်ထောင် ့ရှိပြီး အောက်ခံအုတ်ခင်းအင်္ဂတေကိုင်ထားသောသွပ်မိုးဇရပ်(စရပ်)တစ်ထောင်ရှိခဲ ့သည်။ ထိုသံဖြူမိုးဇရပ်ကိုအစွဲပြုရွေ ့သံဖြူဇရပ်မြို ့ဟုခေါ်တွင်ခဲ ့သည်…။ သာယာဝတီမြို ့ သာယာဝတီသမိုင်းနှင် ့ခြေရာတစ်ထောင်မောင်မဲခေါင်ဇတ်လမ်းအရ….. ရာဇဝင်သင် ့ရွေ ့တိုင်းပြည်မှအမတ်ကြီးထွက်ပြေးတိမ်းရှောင်သွားခဲ ့ရသည်။ အမတ်ကြီးကတော်မအောင်ဖြူသည်..ဖျာလိပ်ကိုပိုက်..ဒယ်အိုးကြီးကိုခေါင်းပေါ်အုပ်လျျှက်.. အမတ်ကြိးရှိရာသို ့လိုက်လာခဲ ့သည်..။ လမ်းတွင်မြို ့..တည်နေသည်နှင် ့သွားတိုးသည်….။တိုင်စိုက်မရရွေ ့မြို ့တည်နေသူများ ဒုက္ခရောက်နေကြသည်။သံခမောက်စောင်း…တနွဂ်နွေသမီးကိုစတေးရန်စောင် ့မျှော်နေကြသည်။ မအောင်ဖြူကိုတွေ ့သောအခါ..ဖမ်းဆီးခူပ်နှောင်သတ်ဖြတ်ကြသည်။ တိုင်တွင်းကြီးထဲသို ့..မအောင်ဖြူကိုပစ်ချပြီးတိုင်ထူကြသည်..။ တိုင်ထိပ်သို ့သွေးများပန်းတတ်သည်..။ထိုစဉ်ကျီးတစ်ကောင်တိုင်ပေါ်လာနားသည်။ သာသာယာယာအော်မြည်သည်။ထို ့ကြောင် ့သာယာသောမြို ့(သာယာဝတီ)ဟု အမည်ပေးခဲ […]