mipukayJune 5, 20122min22711
စာရေးသူသည်မြန်မာလူမျိုးများ၏နေ ့စဉ်ဟင်းလျှာများနှင့်ဆင်တူသော နိုင်ငံခြားဖြစ်ဟင်းလျှာများကို စိတ်ဝင်စားမိသည့်ဝါသနာ ရှိသည့်အလျှောက်လက်တဲ့စမ်းကာ အာက်ပါအတိုင်းဘာသာပြန်ကာ ချက်ပြူတ်လိုက်ပါသည်။ အဆိုပါကြက်ချဉ်စပ်ဟင်းသည် မစ်စတာအဒမ်ရောဘတ်(Mr.Adam Roberts)၏ ဟင်းလျှာဖြစ်ပြီး အောက်ဖော်ပြ ပါအင်တာနက်စာမျက်နှာတွင် မူရင်းဆောင်းပါးကိုဝင်ရောက်ဖတ်ရှု နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ Chicken Adobo (ကြာချိန်။ ။ ပြင်ဆင်ချိန် ၂ဝ မိနစ်+ ချက်ပြုတ်ချိန် ၄၅ မိနစ် = ၁ နာရီ ၅ မိနစ်) ပါဝင်ဘက်များ ၁။ ပဲဆီ ၁၅ ကျပ်သား ၂။ ကြက်သား ၁ ပိသာ (ရင်ပုံနှင့်ပေါင်သားများကို ၂”အရွယ်အတုံးများတုံးထားပြီးသား) ၃။ ကြက်သွန်ဖြူ ဥကြီး ၂ဥ (အမွှာများခွဲထားပါ၊ အခွံမချွတ်ပါနှင့်) ၄။ ကြက်သွန်နီ ဥကြီး ၄ ဥ (အခွံခွာ၍ ၈စိတ်ခြမ်းထားပါ။) ၅။ […]


black chawJune 5, 20121min50941
ဒီရက်ပိုင်း ကွယ်လွန်သွားခဲ့ပြီးတဲ့ အနုပညာရှင် တစ်ယောက်အကြောင်းကို အမှတ်တရ ရေးချင်လွန်းလို့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြိုတင် အားထုတ်ခဲ့ပါတယ်။ အားလပ်တဲ့ အချိန်အနည်းငယ်လောက်ကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲသွားပြီး မဂ္ဂဇင်းအဟောင်းတွေ ပြန်ရှာ၊ အချက်အလက်တွေ ပြန်စုဆောင်း၊ နည်းနည်း ခြင်းရေးနေခဲ့ရာက တော်တော် ကြီး ခရီးရောက်လာခဲ့ပြီးမှ ကျွန်တော့် လက်ပ်တော့ လေးက ရောဂါ အမည်မဖေါ်နိုင်ပါပဲ ဆိုင်ပို့လိုက်ရပြန်တော့ ရေးခဲ့သမျှတွေ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် အင်မတန်လေးစားခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ ရေးလို့ရသလောက်လေးတော့ အမှတ်တရ ပို့စ်တစ်ပုဒ်အနေနဲ့ ရေးတင်လိုက်ပါတယ်ဗျာ..။ ကဗျာဆရာ တေးရေးဆရာ မောင်သစ်မင်း ကို ဆိုလိုတာပါ ဗျာ…။ ဒီနေ့ ၅-၆-၂၀၁၂ မှာ ဆရာ မောင်သစ်မင်း ကွယ်လွန်တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ…။ မောင်သစ်မင်းဟာ […]


SonnyJune 4, 20121min68436
လင်းလင်း ဆိုသော မန်းလေးမြို့သေဆုံးခြင်း…ညီငယ်လင်းလင်းအားလေးစားလျက် စာသားများကို နားထောင်ကူးယူဖော်ပြလိုက်ပါသည်။အဆိုတော် ညီငယ် လင်းလင်း မန ္တလေးအား ဂုဏ် ပြုပါ၏။ အဆိုတော် ညီငယ် လင်းလင်း မန ္တလေးအား ဂုဏ် ပြုပါ၏။ “မန္တလေးမြို ့သေဆုံးခြင်း” သွယ်ဝိုက်ပြီးငါလေမပြောချင် ဗမာ့သမိုင်းများစွာစောင့်ထိမ်းခဲ့ရာ ကျွန်တော်မွေးတဲ့မြို့မရှိတော့ပါ။ ဘယ်သူတွေလည်းဒီမြို့ထဲမှာ ဟိုအရှေ့ရပ်ကအိမ်နီးချင်းတွေ မျက်လုံးမှေးမှေးအကြည့်နဲ့ပါ။ မေးခွန်းများစွာငါလေတွေးရင်း ကျူံးကြီးထဲခေါင်းနှစ်ချင်မိ…. သမိုင်းပေါင်းများစွာ ငါလေတွေးရင်း နားနှစ်ဖက်ပိတ်ရှက်လို့နေမိ.. သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ကငါတို့ရဲ့မန္တလေးမြို့..သေဆုံးခြင်း… solo: Guitar အလည်လွန်ပြီးငါလေမောရင် မြို့ထဲလမ်းမ ရေကြည်တစ်ပေါက်သောက်စရာ ရေအိုးများလည်းမရှိတော့ပါ။ ဘယ်သူတွေလည်းဒီမြို့ထဲမှာ အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူ ဘာသာစကားများလည်းတို့နဲ့မတူ မေးခွန်းများစွာ ငါလေတွေးရင်း ကျူံးကြီးထဲ ခေါင်းနှစ်ချင်မိ…. သမိုင်းပေါင်းများစွာငါလေတွေးရင်း နားနှစ်ဖက်ပိတ်ရှက်လို့နေမိ… သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ ငါတို့ရဲ့ မန္တလေးမြို့သေဆုံးခြင်း…. Solo; Guitar (သံပြိုင်.) ကမ္ဘာမကြေ..မြန်မာပြည်…. […]


ABC သတင်းမှာ ကမာ္ဘကျော် တရုတ်မင်းသမီး ကြေးကြီးကြီးနဲ့ အော်ဒါလိုက်တဲ့အကြောင်း ဖတ်ရတော့ ဆရာမအတန်းထဲမှာ ရုပ်ရှင်ပြကွက်တခုအကြောင်း လမ်းကြုံပြောခဲ့ဖူးတာ အမှတ်ရတယ်။ အရက်ဘားမှာ မင်းသားဂ သူနဲ့လိုက်အိပ်မလားမေးဒေါ့ မင်းသမီးဂ ဘယ်လိုအစားမှတ်သလဲ၊ ဖာမဟုတ်ဘူး စိတ်ဆိုးဆိုးနဲ့ ပြန်ပက်တယ်။ မင်းသားဂ မောင်ဂီလို မားကက်တာလားမသိဘူး၊ မျက်နှာပြောင်ပြောင်နဲ့ တညဒေါ်လာတသန်း ပေးရင်ဂေါလို့ ထပ်မေးဒယ်။ ဒေါ်လာတသန်းနေရာ ကျပ်ငွေသန်းရှစ်ရာလို့ ပြောင်းတွေးကြိကြပေါ့ဗျာ။ ဆရာမ ပြောနေတုန်း သူ့စိတ်ထဲမှာ ငါရော အဲသလို လူမသိသူမသိ တကယ် အကမ်းအလှမ်းခံရရင် ဘယ်လိုနေမလဲ စဉ်းစားပုံရဒယ်လို့ သူ့မျက်နှာကြည့်ပီး ကိုယ့်စိတ်ထဲမှာလည်း ငါရော ဘယ်လိုဖြစ်မှာလဲ အတွေးပေါ်ခဲ့ဒယ်။ အပြောဂဒေါ့ရွှေမန်းပေါ့ဗျာ…သို့သော် သန်းတထောင်တန်ဂွင် တခုလောက်များ မျက်စိရှေ့မှောက် အချောင်ကျ လာခဲ့ရင် (ဘယ်သူမှလည်း မသိနိုင်ဘူး အဲဒီအချိန်မှာ ယူဆဂဲ့ဒယ်ဆိုရင်ပေါ့)။ သဂျီးဂ […]


KyaemonJune 1, 201225min924
ဘူတန်  နိုင်ငံအကြောင်း တစေ့တစောင်း လေ့လာ ရအောင်၊ ဘူတန် နိုင်ငံရဲ့စီးပွါးရေး ဟာ ကမ်ဘာမှာ အသေးငယ်ဆုံး နဲ့ မဖွံ့ဖြိုးဆုံးအုပ်စုနိုင်ငံတို့ထဲကပါဘဲ၊ ၆ဝ % သောလူဦးရေ တို့က လယ်ယာနဲ့သစ်တော ကိုဘဲမှီခို  အသက်မွေးဝမ်းကျောင်း  ကြတာ၊ တောတောင်တွေထူထပ်လို့လမ်းပန်းဆက်သွယ်ရေး ကောင်းဘို့ အရေး တည်ဆောက်တာတွေလဲ မလွယ်ကူ ကုန်ကျစရိတ်လဲ ကြီးလွန်းတာ၊ အိန်ဒိယ နိုင်ငံနဲ့ကုန်သွယ်တာ အားသန်ပြီး ၎င်း နိုင်ငံ မှ ငွေကြေးကူညီမှုကိုအားကိုးရတာ၊ ရေအားလျှပ်စစ်ဓာတ် တွေကိုအိန်ဒိယ နိုင်ငံသို့ တင်ပို့ရောင်းချ တာ ကြောင့် ဘူတန်ပြည်သူတို့ရဲ့တဦးချင်းဝင်ငွေ  GDP ဟာတိုးတက်လာတာ၊ အိန်ဒိယ နိုင်ငံဟာ ဘူတန် ရဲ့အဓိက ဖောက်သယ်နိုင်ငံဖြစ်တာ၊  အိန်ဒိယ နိုင်ငံသို့ တင်ပို့ရောင်းချတာ က စုစုပေါင်းရဲ့ ၅၈.၆% ဖြစ်ပြီး အိန်ဒိယ နိုင်ငံမှ တင်သွင်းဝယ်ယူတာ […]


  ဓါးနှစ်လက် ပြကွက် (Video) ဓါးနှစ်လက် ပြကွက် ___________________   ဘာရယ် မဟုတ်ပါဘူးဗျာ …။ ပျင်းပျင်းရှိတာနဲ့  ပေါက်ကရ ဓါးပုံတွေ တင်လိုက်တာပါ ….။ Categories ကိုလည်း ဘာပေးရမယ်မှန်း မသိတာနဲ့ Entertainment ပဲ ရွေးထည့်လိုက်တယ်ဗျာ … ဟုတ်လားတော့ မသိဘူး … လာရောက် ကြည့်ရှုသူအပေါင်းကို ကျေးဇူး တင်ကြောင်းရယ်ပါ …..   ဓါးတွေကို ချစ်တဲ့ ဓါးငမိုး ….


OnyxMay 31, 20121min33711
မနေ့က.. နေတွေအရမ်းပူလို့တဲ့ မီးမလာတော့ဘူး ..အဲဒါရှော်တာ တရုတ်ကြီးက ကေဘယ်တာဝါထောင်ပြီးခေါ်သွား .. နေပြည်တော်မှာ မီးအမြဲလာပြီးပျော်ပါး .. ဓာတ်အားပေးရုံးကကောင်.. ဆော့ကစား မီးလာချိန်တောင် အရူးကွက်နင်းပြီ းဖြတ်တာအတော်များ .. … ဒီနေ့… တရုတ်ကြီးဘာတွေတွေးလဲမသိ.. မြန်မာပြည်ပြသဒါး Dam ဆောက်ခွင့်မပေးနိုင်ဘူး .. မြစ်ဆုံကနေထွက်သွား ငါတို့ရဲ့ ..ပက်ကြားအက် မဂ္ဂါဝပ် ..စူပါဂလူးနဲ့ပြ န်ကာကပ်ထား ပြည်သူချဉ်ဖတ်.. ဟိုလူကြီးက ..လက်ညိုးထိုးကာ ရောင်းစား .. နင့်လုပ်ရပ်များ… ရပ်တန်းကရပ်မလား .. မရပ်ရင်ထွက်သွား တရုတ်ပြည်ကိုသွား.. အဖေခေါ်ကျက်စား.. ပြန်မလာရင်အကောင်းဆုံးပဲ.. မြန်မာ့လျှပ်စစ် အကြောင်းကိုအသိဆုံးတဲ့ မဂ္ဂါဝပ် အပိုတွေရောင်းဦးမတဲ့.. ဘယ်ကုလားကို Dam ပါမစ်ပေးဦးမလဲ အစိုးရသီတင်းစာ.. မဂ္ဂါဝပ် တွေအရမ်းပိုလို့တဲ့.. ဓာတ်တွေလိုက်သဗျ.. လိမ်ချင်တိုင်းလိမ်နေရအောင်.. ပြည်သူတွေအရူးလား ဂျပန်တွေလို […]


kaiMay 31, 20121min49827
ပြီးခဲ့တဲ့.. တပါတ်က.. ယူအက်စ်မှာ မီမိုရီရယ်နေ့မို့.. ရုံး၃ရက်ပိတ်တာ.. ဗင်းနစ်စ်ကမ်းခြေဖက်အလယ်သွားပါတယ်..။ သိပ်ဝေးဝေးတော့မဟုတ်.. အယ်လ်အေခရိုင်ထဲမှာပါပဲ..။ ကမ္ဘာတန်းအဆင့်နာမယ်ကြီးကမ်းခြေတခုပါ.. အဲဒီမှာ.. ပွဲဈေးတန်းရှိတယ်.။ အနုပညာပစ္စည်းရောင်းကြတယ်..။ ဆေးခြောက်ရောင်းတယ်.။ အမှတ်တရပစ္စည်းတွေရောင်းပါတယ်..။ ပွဲဈေးတန်းက.. သဲသောင်နဲ့ လူနေအိမ်..စားသောက်ဆိုင်တွေကြား.. ကွန်ခရစ်လမ်းလုပ်ထားတာပါ..။ ကပ်ရက်မှာ.. စက်ဘီးစီးဖို့.. လမ်းကြောင်းတခုလည်း ထားပါတယ်.. ကမ်းခြေသဲသောင်ပြင်ကျယ်မှာတော့. ဟိုတခါက..ရွာထဲပြောဖူးတဲ့.. graffitiလုပ်ဖို့..ရေးဖို့..အုပ်နံရံတွေ..ထားပေးတယ်..။ အဲဒီမှာ.. ဆွဲချင်တဲ့သူတွေ.. မှတ်ပုံတင်စာရင်းပေးပြီးဆွဲကြတာပေါ့.. အဲ.. ပြောချင်တာက.. ဗင်းနစ်စ်ကမ်းခြေ ဒရမ်စက်ဝိုင်း.. (Venice Beach Drum Circle)အကြောင်း.. အဲဒီမှာ..လွန်ထဲ့တဲ့..၁ဝနှစ်ကျော်ကတည်းက..သတိထားမိပြီး.. ရောက်တိုင်းသွားသွားကြည့်ဖြစ်တဲ့.. ဒရမ်စက်ဝိုင်းအကြောင်းပြောပြချင်တာပါ.. အဲဒါက..ဘယ်နိုင်ငံမှာရှိလို့..ဘယ်ကဘယ်လိုစသလည်းမသိ.. တွေ့ရတာကတော့.. တယောက်ယောက်က.. ဗုံလေး..ဒရမ်လေးတလုံးယူ.. ဘိတခုနဲ့..စပြီးဒုံဒုံလုပ်ရင်..နောက်က.. ရှိတဲ့သူတွေက.. မည်သူမဆို..ခွက်တွေ..တုတ်တွေနဲ့..စည်းချက်ညီတီးမှုတ်ကခုန်ကြတာပါ..။ ဗုံတွေ။..ဒရမ်တွေတီးသူတွေက.. စက်ဝိုင်းပုံစံဝိုင်းထားလေ့ရှိပြီး..အလယ်မှာ..ကချင်ခုန်ချင်သူက..ဝင်ကတာဖြစ်ပါတယ်.. စည်းချက်ကို.. အသံအကျယ်ဆုံးတီးထားနိုင်တဲ့.. ဒရမ်သမား..ဗုံသမားက..ဦးဆောင်သွားတယ်လို့ထင်ရတာပါပဲ..။ နာရီပေါင်းများစွာ..မရပ်မနား. ရထားလို.. ထွက်ချင်သူထွက်..ဝင်ချင်သူဝင်နဲ့.. တီးကြ..ကခုန်ကြတာလေ..။ […]


black chawMay 26, 20121min30618
ဒီနေ့ထုတ် ကြေးမုံသတင်းစာထဲက နာရေးကြော်ငြာမှာပါတဲ့ ကွယ်လွန်သွားသူတစ်ယောက်အကြောင်းပြောချင်ပါတယ်ဗျာ။ ကိုသက်ခိုင်(ခ)တေးရေး ဖိုးခွား အသက် (၄၇) နှစ် တဲ့။ ၂၅-၅-၂၀၁၂ ညနေ ၃ နာရီမှာ ကွယ်လွန်သွားပါတယ်တဲ့။ နာရေးကြော်ငြာဖတ်ပြီး ကျွန်တော်လွမ်းသွားပါတယ်။ တေးရေးဖိုးခွားဆိုတာ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်လောက်တုန်းက အင်မတန်အောင်မြင်တဲ့ သီချင်းလေးတွေကိုရေးခဲ့တဲ့ သီချင်းရေးဆရာတစ်ယောက်ပါ။ ချစ်သူကို ဟိုးအမြင့်ကြီးမှာထားပြီး ကိုယ့်ကိုယ်ကိုတော့ အမြဲတမ်း နှိမ်ချ ရေးတတ်တဲ့ တေးရေးဆရာကိုပြပါဆိုရင် အဲဒီ လူဟာ ဖိုးခွားပါပဲ။ ဟုတ်ပါပြီ။ ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ဂစ်တာတီးတတ်စအချိန် လမ်းဘေးတီးဝိုင်းလေးတွေမှာ ကောင်မလေးတွေကို ကြူဖို့ အလွန်ကောင်းတဲ့ သီချင်းလေးများပါလို့ ကျွန်တော်က အလွန်အကျူးဖွဲ့ဆိုချင်ပါတယ်ဗျာ။ နမူနာလေးတွေနဲ့ ပြောကြည့်မယ်ဗျာ။ ၁၉၈၆ လောက်က မြန်မာပြည်မှာ တစ်ခုတည်းသော ရုပ်သံဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ စနေ၊ တနင်္ဂနွေ […]


အဆွေးဘုရင်မ အကြမ်းအရမ်း နဲ့ ဟာသလေးတွေ ရောစွက်ထားတဲ့ ဒရာမာ ဇာတ်လမ်းတွေဟာ နောက်ဆုံးမှာတော့ ကြေကွဲစရာနဲ့ ဇာတ်သိမ်းတာမျိုး။ နီးလိမာ ကုမ္မာရီ နဲ့ အတူနေခဲ့ရတဲ့ အချိန်တွေကို အတိုဆုံး ဖော်ပြနိုင်ဖို့ ရုပ်ရှင်စကားလေးနဲ့ ပြောရ ရင် အလွမ်းနဲ့ ဇာတ်သိမ်း တယ်လို့ပဲဆိုရမယ်။ ဟုတ်တယ်..ကျွန်တော် သူ့ဆီမှာ အလုပ်လုပ်ခဲ့ဘူးတာ..ဂျူဟူးမှာရှိတဲ့ သူ့တိုက်ခန်းမှာပေါ့..သုံးနှစ်နီးပါးပါပဲ။   ဘယ်တုန်းကစသလဲဆိုတော့ ကျွန်တော်နဲ့ ဆလင်း မာမန်းလက်ကလွတ်ပြီး ထွက်ပြေးလာတဲ့ နောက်ပေါ့။ မြို့ပတ်ရ ထားစီးပြီးတော့ဂျူဟူးမှာ ကျွန်တော်တို့ ဆင်းတယ်။ နီးလိမာ ရဲ့ အိမ်ကို ကျွန်တော်တို့နှစ်ယောက် လမ်းလျှောက်ပြီးသွား ကြတာ။ တိုက်ခန်းရှေ့ရောက်တော့ တံခါးက ဘဲလ် ကို နှိပ်ပြီးတော့ စောင့်ကြတယ်။   တော်တော်ကြီးကြာမှ တံခါးကပွင့်လာတယ်။ အမျိုးသမီးတစ်ဦး ကျွန်တော်တို့ရှေ့မှာ […]


ムラカミMay 23, 20126min25514
      Arrivederci Goodbye ဆိုတဲ့ Italian စာလုံးလေးပါ။ Arrivederci တဲ့.. ဟုတ်ကဲ့။ နှုတ်ဆက်ခဲ့ပါသည် Old Lady ….   ဒီလိုပြောသွားခဲ့တာတော့ သက်တော်ရှည် အသင်းခေါင်းဆောင် Alessandro Del Piero ပဲဖြစ်ပါတယ်။ ၁၉၇၄ခုနှစ် အီတလီ နိုင်ငံ ကွန်နယ်ဂလီရာနို ဆိုတဲ့ ဒေသမှာဖြစ်ပါတယ်။ နောင်တချိန်မှာ ဘောလုံးလောကအတွက် ကမာ္ဘ့အဆင့် ကစားသမားတစ်ဦး မွေးဖွားလာခဲ့ပါတယ်။ သူ့နာမည် ကတော့ Alessandro Del Piero ပဲဖြစ်ပါတယ်     အဲလက်ဇန်ဒရို ဒယ်လ်ပီယာရို ဆိုတာ ၁၉၇၄ခုနှစ် မှာမွေးတဲ့ ၂၀၀၆ ကမာ္ဘ့ဖလား အောင်ပွဲခံ အီတလီ ဘောလုံးသမား တစ်ယောက်ဖြစ်ပါတယ် သူဟာ ဂျူဗင်းတပ်စ် […]


မိုခ်ိဳMay 22, 20123min28413
၁။ ရန်ကုန်မှာလည်း ဈေးထဲတွေမှာ တွေ့ရတတ်တဲ့ ခရမ်းရောင် သစ်ခွ ၂။ အဝါကြားလေး ၃။ ပန်းခရမ်းဖျော့လေး ၄။ခရမ်းရင့်လေး ၅။ အဖြူရောင် သစ်ခွတောလေး ၆။အဝါ ရောင်လေး ၇။ ဖြူနီစပ်လေးကို အစိမ်းရောင်လေးခံထားတော့ တမျိုးလှတယ် ၈။ ခရမးရောင် dancing lady လို့ထင်တာပဲ။ ၉။ ဒါလည်း မင်္ဂလာဆောင် တွေမှာ ပန်တာ တွေ့ဖူးတယ် ၁၀။ ရောင်စုံ သစ်ခွတော လေး ၁၁။ ပဇွန်ဆီ ရောင် ဖျော့ဖျော့လေး ၁၂။ မသိရင် တောထဲ အလေ့ကျ ပေါက်နေသလို ၁၃။ ပန်းတွေကြားထဲကိုယ် ထင်ပြတဲ့ ဥစ္စစောင့်မ စင်ကာပူ သစ်ခွ ဥယျာဉ် မှာ သစ်ခွတွေ အရမ်းစုံပါတယ်။ ဝင်ကြေးကစင်ကာပူ […]


yawaiMay 22, 20121min48835
ပါပါရာဇီဆိုတာနဲ့ လေဒီဂါဂါသီချင်းများ ပြေးမြင်နေကြမလားပဲ။ ဒါမှမဟုတ်ရင်လဲ ဇာတ်လမ်းတွေထဲမှာ မြင်နေကြရတဲ့ စိတ်ရှုပ်စရာ သတင်းထောက်တွေလို့ပဲ မြင်နေကြမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ကောင်းကွက်လေးတွေကို ကျွန်တော့်မိတ်ဆွေများကို ဖောက်သည်ချပေးချင်ပါတယ်။ သူတို့ဟာ နိုင်ငံကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အနုပညာရှင်ကြီးတွေနဲ့ ရာထူးကြီး ဝန်ထမ်းတွေကို ပစ်မှတ်ထားပါတယ်။ အထူးသဖြင့် ထိုသူများရဲ့ အညှီအဟောက် သတင်းတွေကိုပစ်မှတ်ထား ရှာဖွေကြတတ်တယ်။ ဒီတော့ သူတို့နိုင်ငံက လူတွေ ဘာလုပ်လုပ် ချက်ချင်းပျံနှုံ့ကုန်တာပေါ့။ မဟုတ်တာလုပ်ရင်လဲ မဟုတ်တာက ချက်ချင်းပေါ်တာပဲ။ ဟိုတနေ့က ဂျာနယ်ထဲမှာ ရွန်းနေ နိုက်ကလပ်မှာ စော်လေးတွေနဲ့ နမ်းနေတဲ့ပုံတွေကို သူတို့တွေဖော်ထုတ်ခဲ့တာကို တွေ့လိုက်ရတယ်။ ကောလင်း ဘယ်လို အသုံးအဖြုန်းကြီးတယ်ဆိုတာလဲ သူတို့ဝေဖန်ကြတာပဲ။ အိုဘားမားဆေးလိပ်ဖြတ်တာလဲ သူတို့ ရှာဖွေတင်ပြကြတယ်။ ဒီတော့ သူတို့နိုင်ငံမှာက ပါပါရာဇီတွေကို နာမည်ကြီးကြသူတိုင်း သတိထားနေရတယ်။ ရိုင်ယန်ဂစ်ဖောက်ပြန်တဲ့ သတင်းတွေ […]