စဆရ ႀကီးAugust 8, 20121min62911
ဘာလိုလိုနှင့် အပိုင်း(၂) ကို ဆက်မိပြန်ပါသည်။ မည်သည့်အပိုင်းထိ ရေးမိမည်တော့ မသိသေး… စိတ်ထဲရှိသလောက်သာ ချရေးခြင်းဖြစ်သဖြင့် စာတော့ ချောမည်မထင်… စာဖတ်သူများမှသာ ကိုယ်လိုသည့်အချက်လေးများကို ဆွဲထုတ်ကောက်ယူပါလေ..။ (စာရိုက်သူ) ၁။ အဝေးပြေးလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာရှိ သဲကန္တာရကြီးကို ငေးရင်း၊ ထွေရာလေးပါးပြောဆိုရင်းနှင့် ကျွန်တော်နေထိုင်ရမည့် ဆိုင်ရှိရာသို့ ရောက်ပြီဖြစ်ကြောင်းသိရသည့်နောက် စိတ်တွင် အတန်ငယ် လှုပ်ခတ်ခြင်းတော့ ဖြစ်မိသည်။ တစ်ခါဖူးသော်မျှ မကျင်လည်ခဲ့ဖူးသော လုပ်ငန်းနယ်ပယ်တွင် စတင်လုပ်ကိုင်ရတော့မည့်ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ လမ်းဘေးဝဲယာတစ်လျှောက်တွင်မတော့ ၄ ထပ်အဆောက်အဦးသည်သာ အမြင့်ဆုံးဖြစ်တော့သည်။ အဝေးပြေးလမ်းမကြီးဘေးမှ ချိုးကွေ့ဝင်ရသည့် မြို့ငယ်လေးဖြစ်သောကြောင့် လူနေလဲ အတော်ကျဲပါးပုံပင်။ မကြာမီမှာပင် ကားမှာ လုံးချင်းအိမ်လေးတစ်လုံးရှေ့တွင် ထိုးရပ်လိုက်ပြီးနောက် ကားပေါ်မှ ပစ္စည်းများကိုချကာ နေထိုင်ရမည့် အိမ်အတွင်းသို့ ရောက်တော့လေသည်။ လုံးချင်းအိမ်ဖြစ်သည့်အားလျော်စွာ အိပ်ခန်းသုံးခန်း၊ ရေချိုးခန်းနှစ်ခန်း၊ မီးဖိုခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းဖြင့် […]


စဆရ ႀကီးAugust 6, 20121min108731
ကျွန်တော် စာတွေရေးရမည်ကို အတော်လေး ထိတ်လန့်နေသည်… လွန်ခဲ့သောနှစ်ရက်က စာတစ်ပုဒ်အား စိတ်ပါလက်ပါ တစ်နာရီခွဲကျော်ခန့် ရေးသားပြီးသည့်နောက် နောက်ဆုံးပိတ် ကျေနပ်ပြီဟုဆိုကာ Publish လုပ်လိုက်သည်နှင့် Error ရှိကြောင်း စာလေးတစ်ကြောင်းတက်လာပြီး ကျွန်တော့်ခံစားချက်များအား အပြီးအပိုင် သိမ်းယူသွားတော့သည်။ ဒုတိယအကြိမ်မြောက် ဖြစ်ခြင်းဖြစ်သည်။ ကျွန်တော်သည်လည်း စာတစ်ပုဒ်ကိုရေးမည်ဆိုလျင် Web Page ပေါ်တွင် တိုက်ရိုက်ရေးသားရခြင်းကိုသာ အားသန်သည့်အလျှောက် ယခုကဲ့သို့ ခံလိုက်ရခြင်းဖြစ်ပေမည်။ ယခုအခါတွင်မတော့ နှစ်ခါရှိ၊ နှစ်ခိရှာသွားပြီဖြစ်သည့်အတွက် Word ပေါ်မှပင် စိတ်တိုင်းကျရေးသားပြီးနောက် ဆိုက်ပေါ်တင်လိုက်ခြင်းဖြစ်သည်။ စကားပလ္လင်ခံနေသည်နှင့် လိုရင်းသို့ မရောက်နိုင်ပဲ ရှိတော့မည်။ စကြပါစို့။ ၁။ ကျွန်တော်သည်ကား အရှေ့အလယ်ပိုင်းဒေသ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် KFC (Kentucky Fried Chicken ) လုပ်ငန်းတွင် လုပ်ကိုင်နေခြင်းဖြစ်သည်မှာ အတော်အတန်ခန့်ကြာပြီဖြစ်သည်။ […]


ပုိင္ေလးAugust 4, 20122min24611
ရန်ကုန်မှာကြုံခဲ့တဲ့ တရုတ်ကောင်ညှင်းထုပ်ပွဲ အသားထုပ် ပြာရည်ထုပ် ဒါမျိုး3နဲ့နော်   စားကြပါ အုံး။ သရက်ပျင်….စားကြပါ။ ဘယ်နေရာလဲ??? မှန်တဲ့သူကို အာဘွားတွေပေးမယ်….ဟိဟိ.


weiweiJuly 31, 20121min50322
အခုတလော ရာသီဥတုက မိုးအေးအေးလေးမို့ ဟင်းရည်ပူပူလေး သောက်ရတာ ခံတွင်းတွေ့တဲ့ ရာသီဖြစ်ပါတယ်။ ဈေးထဲမှာလဲ ငါးတွေ ပေါနေချိန်မို့ ငါးဆန်လှော်ဟင်း ချက်သောက်ရတာ အဆင်ပြေလို့ ကျွန်မ ချက်စားဖြစ်တဲ့ ငါးခူ ဆန်လှော်ဟင်းကို ချက်ပြလိုက်တယ်နော် … ဆန်လှော်ဟင်းချက်ဖို့ ဆန်ကို ကိုယ်တိုင်လှော်ပြီး မညက်တညက်ကြိတ်ပါတယ်။ အရသာပိုကောင်းစေဖို့အတွက် ကျွန်မကတော့ ရှမ်းဆန်ကိုသုံးလိုက်တယ်။ ရှမ်းဆန် နို့ဆီဗူးတစ်ဝက်ခန့်ကို အရောင်ရဲလာသည်အထိ မီးအေးအေးနဲ့ စိတ်ရှည်ရှည်လှော်ပါတယ်။ ပြီးနောက် အမှုန့်ကြိတ်စက် သို့မဟုတ် ငရုတ်ဆုံထဲထည့်ပြီး ထောင်းရပါမယ်။ ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အိုးထဲကို ဆန်ထောင်းပြီးသားထည့်ပြီး ပြုတ်ပါတယ်။ အဲဒီအချိန်မှာ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူကို ထောင်းတယ်။ ငါးခူအကောင်သေးသေး ၁၅ ကျပ်သားလောက်ကို သေချာသန့်ရှင်းအောင် ဆေးကြောပြီး ဆား ဆနွင်းနဲ့ ငံပြာရည်အနဲငယ်တို့ဖြင့် နယ်ထားပါမယ်။ စပါးလင်း […]


marblecommetJuly 28, 20121min54632
တစ်နေ့သောအခါ . . . ကောင်းကင်အမိုးပြာကြီးရဲ့ ကြယ်တာရာတွေ ကြားမှာ ရင်ခုန်သံ တုန်လှုပ်နေတဲ့ ရမ္မက် မီးသင်္ဘောလေး တစ်စင်း ခုတ်မောင်းနေပါတယ် . . .။ တစ်နေ့သောအခါ . . . တံတားအောက်က စီးဆင်းသွားတဲ့ မြစ်ရေတွေမှာ ပျိုမြစ်ခြင်းကို မောက်မာထားကြတယ် . . .။ တစ်နေ့သောအခါ . . . ကံတရားရဲ့ စစ်သည်တော်တွေဟာ အချစ်နဲ့ မူးမိုက်သမ်းဝေနေတဲ့ ကောင်လေး တစ်ယောက်ကို လောက ကမ်းပါးပေါ်က ပြစ်ဒဏ်ချမှတ်လိုက်တယ် . . . ။ တစ်နေ့သောအခါ . . . ခြောက်ကပ်နေတဲ့ မျက်နှာစုံညီ မိသားစု ထမင်းဝိုင်းပေါ်က မြော့မြော့လေး လွတ်ကျသွားတဲ့ […]


နွယ်ပင်July 27, 20121min59523
ဒါကတော့ နာနတ်သီးနဲ အသီးအရွက်တွေ လှီးထားတာပါ … ကြော်ပြီးသွားတဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်ပါ …. တစ်နေ့နေ့ အိမ်ရှင်မတစ်ယောက် အနေနဲ့ ဘာဟင်းချက်ရမလဲ ဘယ်လိုဟင်းလေး ချက်ရင်ကောင်းမလဲဆိုုပြီး စဉ်းစားရတာကလည်း အလုပ်တစ်ခုလိုပါပဲ … ဒါနဲ့ အခုတစ်လော နာနတ်သီးလေးတွေပေါလာတာနဲ့ လုပ်မစားဖြစ်တာကြာပြီဖြစ်တဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်လေး လုပ်စားဖို့ စဉ်းစားမိသွားတယ် . ဒီဟင်းလေးက လုပ်စားရတာလည်းလွယ်ကူပြီး ထမင်းနဲ့ပဲစားစား ဒီအတိုင်းလေးပဲ စားစား စားလို့ကောင်းတဲ့အတွက် ရွာသူားတွေအတွက် တင်ပြပေးလိုက်ပါတယ် ။ ပထမဦးဆုံး ဝက်သားကို ဆား၊ ဆနွင်းနယ်တဲ့အထဲ သကြားလေးပါ အနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ ။ ဝက်သားပြုတ်နေတုန်းမှာ ပါဝင်တဲ့ အသီးအရွက်တွေကို လှီးချွတ်ထားပါတယ် ။ ဝက်သားပြုတ်အိုးက ရပြီဆိုရင်တော့ ဝက်သားကို အနေတော် […]


NovyJuly 18, 20121min55243
ရွာထဲက စာရေးသူ တစ်ယောက်ရေးတဲ့ ဂျုံမြက်နုရဲ ဆေးဖက်ဝင်ပုံတွေကို ဖက်ပြီး ထဲက စိတ်ဝင်စားပြီး စိုက်ချင်နေတာ ရန်ကုန်မှာ ဂျုံေစေ့ရှာလို မရဖြစ်နေတော့ မစိုက်ရဘူး ဇွန်ကကုန် လောက်မှာ သူငယ်ချင်းတစ်ယောက်ဆီက ရလို့ စိုက်ပြီး ဂျုံမြက်နု ဖျော်ရည်လုပ်ပြီး သောက်နေတယ် ရွာသူားတွေလည်း စိုက်နိုင် သောက်နိုင်အောင် ဓာတ်ပုံလေးတွေတင်လိုက်ပါတယ်   ဂျုံစေ့တွေပါ     ဂျုံမြက်နု ဂျုံစေ့တွေကို ပန်းအိုးထဲမှာ စိုက်ထားတာပါ ခူးပြီးသာ ဂျုံမြတ်နု ဂျုံစေ့ကို စိုက်ပြီး 8-10ရက်သားမှာ ခူးထားတာပါ အဲဒီ အချိန်က ဆေးဖက်အဝင်ဆုံးလို့ပြောလို့ပါ ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပြီ သန့်စင်အောင် ဆေးထားတဲ့ ဂျုံမြက်နတွေကို သကြားလေးနဲနဲ ထည့်ပြီး ရေနဲ့ ကြိတ်လိုက်ထားတာပါ ဂျုံမြက်နုဖျော်ရည် ဂျုံမြက်နုဆိုတဲ့ အတိုင်း မြက်ရနံ့လေးတော့ […]


ေမာင္ရိုးJuly 13, 20121min69754
မနက်ကပဲ ကမန်းကတန်းရွာထဲဝင်လိုက်တော. ဆရာမဝင်.ပြုံးမြင့်ရဲ ့ဆောင်းပါးလေးကိုဖတ်လိုက်ရတယ်  …။ ဖတ်ပြီးချက်ချင်းဘဲ အများသူငါလိုအသဲကွဲရတော.တာပါပဲ …။ဆာမိတို.ကငပိကြိုက်တာကိုး ….။မခွဲချင်ဘဲ ခွဲရတော.မဲ.ငပိဘူးလေးကိုကြည်.ပြီး ငယ်ဘဝလေးကိုပြန်မြင်ယောင်မိပါတယ် ……။ ငယ်ငယ်ကဆို ငပိရည်လေးဆမ်း ….ငရုပ်သီးမှုန်.လေးဖြူးလို. လမ်းထိတ်ကအကြော်လေးနဲ.  မနက်စာ စားခဲ.ကြတာလေ…။ဘာဟင်းဘဲချက်ချက်ငပိရည်တစ်ခွက်ကအမြဲပါတာမု့ိထမင်းစားလို.မကောင်းတဲ.နေ.ဆို တာ မရှိသလောက်ပါပဲ …….မှတ်မှတ်မိမိ နွေကျောင်းပိတ်ရက်တစ်ရာသီမှာ ငပိရည်နဲ.ချည်း နေ.တိုင်းနယ်စား လို. ဝ လာတဲ.ဆာမိကိုသူငယ်ချင်းတွေက “ ငပိဖေါ  ဖေါနေတာလား”တဲ. ။ အဲသလောက်ထိငပိကိုကြိုက်တာ ။ ကြိုက်မယ်ဆိုလည်းကြိုက်လောက်တယ်လေ …..ငပိဆိုတာ ဆာမိတို.ငယ်စဉ်ကတည်းကအိမ်မှာ ကိုယ်.ဖာသာ ကိုယ်လုပ်လာခဲ.ကြတာ ။ တစ်မိသားစုလုံးကလည်းကြိုက်တယ် …အပြင်ကလည်းဝယ်မစားချင် …လုပ်တဲ.နည်း ကိုလည်းသိတော. ကိုယ.်ဟာကိုယ်လုပ်ရတာ အပန်းမကြီးလှပါဘူး ……။မှတ်မိနေတာကတော. သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ ငပိလှန်းခဲ.ကြတာပါပဲ ………………။ သီတင်းကျွတ်လမှာဆိုရင် အင်း လေလံဆွဲထားတဲ.သူတွေက သူတို.အင်းကိုဖေါ်လေ.ရှိကြပါတယ် ။ […]


TTNUJuly 11, 20122min368925
Lychee fruit taste is sweet and rich in nutrients, because they contain vitamin C and potassium levels are high. Substances present in the lychees can prevent and treat various diseases, such as coughs, ulcers, and hypertension. လိုင်ချီးစ်သီးရဲ ့အရသာက ချိုမြိန်တယ်။ အာဟာရဓာတ်ပြည့်ဝတယ်။ဗိုက်တာမင် စီနဲ့ ပိုတက်စီယမ် ပါဝင်နှုန်းလည်းမြင့်တယ်။ ချောင်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သွေးတိုးခြင်းစတာတွေလိုမျိုး ရောဂါမျိုးစုံ ကာကွယ်ပေးနှိုင်တဲ့ ဓာတ်သဘာဝ ပစ္စည်းတွေပါရှိပါတယ်။ Lychee fruit comes from the […]


weiweiJuly 7, 20121min62728
ရန်ကုန်မှာဆိုရင် ဒန်ပေါက်ကို အလွယ်တကူဆိုင်မှာဝယ်စားလို့ရနိုင်ပေမယ့် နယ်မြို့မှာနေသူများနဲ့ နိုင်ငံရပ်ခြားမှာနေသူများအနေနဲ့ ဒန်ပေါက်ကောင်းကောင်းစားချင်ရင် ကိုယ်တိုင်ချက်စားမှသာ အဆင်ပြေပါတယ်။ ထမင်းပေါင်းအိုးနဲ့တင် အလွယ်ချက်စားနိုင်တဲ့ နည်းလမ်းတစ်ခုကို စမ်းသပ်ချက်စားကြည့်ပြီး မိသားစု ၄ ယောက်စာ အလွယ်တကူချက်စားနည်းလေး မျှဝေပေးချင်ပါတယ်။ ကြက်သားနဲ့ထမင်းကို ခွဲပြီးချက်ထားပါတယ် … ကြက်သားချက်နည်းအတွက် ပို့စ်တင်ပြီးသားမို့လို့ ထပ်မရေးတော့ဘူးနော် .. ပါဝင်ပစ္စည်းများ ဆန် …. နို့ဆီဗူး ၂ ဗူး ထောပတ် …. စတီးဇွန်း ၃ ဇွန်း သစ်ကျားပိုး၊ ကရဝေးရွက်၊ လေးညှင်း၊ စမုံစပါး၊ ဖာလာစေ့၊ နာနတ်ပွင့် … အနည်းငယ်စီ ကြက်သွန်နီကြော် …. အနေတော် ၃ လုံးစာခန့် ဆား၊ သကြား …. သင့်တော်သလိုထည့်ရန် အရောင်မှုန့် … အရည်ဖျော်ပြီးသား […]


minn_annawarJuly 3, 20121min46219
သူရဇ္ဇမဂ္ဂဇင်းမှာ  ဆရာစောငုဝါ(ပျဉ်းမနား)ရဲ့   ဆီးချို၊သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်အပင် များလိုအပ်လို့   ဆရာရှိရာ ပျဉ်းမနားအထိ ခက်ခက်ခဲခဲ သွားရောက်ယူနေကြရသူတွေထဲမှာ ရန်ကုန်မြို့ နဲ့ အနီးအနားက လူများလည်းပါနေတာကို ဖတ်မိပြီး လွယ်ကူစေချင်တဲ့ အတွက်၎င်း၊ မိမိအိမ်မှာလည်း ပျားမြီးရွက်အပင် များ အောင်မြင်ဖြစ်ထွန်းနေတာဖြစ်လို့   ကုသိုလ်ယူလိုတာကြောင့် လာရောက်ယူဆောင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်၊ လိပ်စာက- Captain Minn Aung, အမှတ်(၁)အသောကလမ်း၊ ပြည်ထောင်စုရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့   ုဖြစ်ပါတယ်။ (တောင်ဒဂုံ၊မြောက်ဒဂုံဘက်သွားတဲ့ ငမိုးရိပ်တံတားထိပ် ညာဘက်၊ လေးထောင့်ကန်လမ်းနဲ့  အပြိုင်၊ အသောကလမ်း၊  ချောင်းမရောက်ခင် ၃ခြံမြောက်)


the bestJune 21, 20121min46317
ကျွန်တော် ဒီအကြာင်းအရာကို ဖတ်လိုက်ရတဲ့အခါ အားလုံးသတိပြုသင့်တယ် ၊ ဖတ်မိသူတွေ အကျိုးရှိကြမယ်  လို ့မြင်တဲ့အတွက် ကူးတင်ပေးလိုက်တာပါ။ ဒီကိစ္စနဲ ့ပတ်သက်ပြီး တာဝန်ရှိတဲ့ နိုင်ငံတော် အဖွဲ ့အစည်းအနေနဲ ့ ပညာပေးခြင်း၊ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးခြင်းများ ကို ဥပဒေအရ အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်။ ရွာသူရွာသားများ လည်းဝိုင်းဝန်း ကူညီ ပညာပေးကြဖို ့မေတ္တာရပ်ခံပါတယ်ခင်ဗျား။ စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်း (VOA news)   မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့  ဓာတုအဆိပ်သင့်နိုင်ချေတွေအကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။ အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။  ဒီအထဲမှာ အဓိက သုံးနေတာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ […]


ေမာင္ရိုးJune 21, 20121min73537
ဒီတစ်နေ.လုံး ရန်ကုန်မှာ မိုးရွာလိုက်တာများ အပြင်တောင်မထွက်ချင်ဘူးဗျို. ။ သို.သော်လည်းပေါ.လေ …… လက်လှုပ် ခြေလှုပ်မှ စားဝတ်နေရေးပြေလည်တာဆိုတော.လည်း မိုးထဲလေထဲမှာဘဲ တစ်မြို.လုံး လျောက်ပတ်နေရတော.တာပါဘဲဗျာ …….။ အဲ …နေ.လည်ရောက်တော. အလုပ်ကမပြီးသေး ၊ ထမင်းစားချိန်လဲရောက်ပြီ ထမင်းချိုင်.က မပါ …. ဒါနဲ. ဝယ်စားဖို. ဆိုင်ရှာရတော.တာပေါ. …..။ရောက်နေတဲ.နေရာက ပါရမီ လမ်းကစိန်ဂေဟာစူပါမတ်နားမှာဆိုတော. စားစရာဆိုင်တွေကပေါပါတယ် ။ ဘာစားရမလဲစဉ်းစားရင်း ဟိုကြည်.ဒီကြည်.သွားကြည်.တော. ရခိုင် ထမင်းဆိုင်လေးသွားတွေ. သဗျ ။ အတော်ပဲ လောလောဆယ်ဆယ် ရခိုင်ချစ်တဲ.စိတ်ကလဲ ငယ်ထိတ်ရောက်နေတာဆိုတော. ဘာမှစဉ်းစားမနေတော.ဘူးဆိုင်ထဲခတ်သွက်သွက်ဝင်လိုက်တော.တယ် ။ မိုးကအေးအေး ရခိုင်ဟင်းက ပူစပ်စပ် …….တကယ်.ကိုမှ လိုက်ဘက်ညီသဗျ ။ ဆိုင်ကတော.မြေညီထပ်တိုက်ခန်းလေးမှာဖွင်.ထားတာပါ ။ ခတ်နွမ်းနွမ်းပေမဲ. သန်.သန်.လေးရောင်း တာပါ ။ ဈေးကလဲမဆိုးဘူး […]