kaiOctober 11, 20141min84820
လူ၂မျိုးသာလျှင်ရှိ၏။ မိခင်သဘာဝအတိုင်းသည်းခံနေထိုင်သူနှင့် သဘာဝကိုအံတုသူ။ လူ့ယဉ်ကျေးမှုသည် အံတုအာခံသူများကြောင့်သာ တိုးတက်လာသည်ဟုဆိုချင်သည်။ ရှိသင့်နတ်ဆိုး ရှေးယခင်ကာလက လူသားအသိုက်အဝန်းတို့၌ “ထိုသို့လုပ်လျှင်ဤနှယ်”တခု အကြိမ်ကြိမ်အခါခါဖြစ်ခဲ့သော် ရဟန်းပညာရှိလူကဝိတို့က အကျယ်အကျဉ်းမရှင်းလိုမူ၍ “ဤသို့လုပ်လျှင်ထိုနှယ်’ဖြစ်မည်ဟု ဝင်္ကဝုတ္တိအလင်္ကာမြောက် စကားပုံတဘောင်ဆိုရိုးထားခဲ့ကြသည်။ ထိုခေတ်က ထိုနည်းသည်သာ လူအပြားတို့အားအသိပေးထိမ်းချုပ်ရန် အထိရောက်ဆုံးအမြန်ဆုံးဖြစ်ပေလိမ့်မည်။ သတင်းပြောစကားတို့ ယခုခေတ်လိုလွယ်ကူသက်ရောက်ခြင်းမရှိချိန်ကမူ “ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်”၊ “ဒယ်အိုးနှင့်ကြော် နတ်သမီးနှင့်လှော်”ပေးခြင်းသည် Necessary  Evil “ရှိသင့်နတ်ဆိုး” ပင်တည်း။ သတင်းတို့ အရှိလွန်ခေတ်ဝယ် ပစ္စည်းအရာဝတ္တုတို့သက်တမ်းကို ကာဗွန်နည်းဖြင့်တွက်ချက်သိနိုင်သည်။ ဒီအန်အေနှင့် မည်သူမည်ဝါဆိုသည်ကို အတတ်ပြောနိုင်သည်။ မျိုးရိုးဗီဇစစ်ပြီး အသင်လူသည်မည်သည့်ဇာတိနွယ်ကလာသည်ကို သေချာမိနိုင်သည်။ ဝင်ငွေထွက်ငွေ၊ဘဏ်စာရင်း၊ ပညာအရည်အချင်း၊အကြွေးသမိုင်း(Credit History)၊ အိုင်ဒီမှတ်တမ်းတို့ဖြင့် ပုဂ္ဂလိကတဦးချင်းစီ၏အရည်အချင်းနှင့် စိတ်ဓါတ်ကိုခန့်မှန်းတွက်ချက်နိုင်သည်။ အမှန်တရားသစ္စာတရားနှင့်နီးစပ်လာကြပြီ။ သဘာဝတရားကိုလည်း လှစ်ဟဖွင့်လှစ်နားလည်လာကြပြီ၊ လျှိုဝှက်ခြင်းတို့ပွင့်ကုန်ပေပြီ၊ ဂမ္ဘီရတို့ ဖျော်ဖြေရန်ပုံပြင်နှင့်ရုပ်ရှင်ဖြစ်ကြပြီ။ ဥပဒေသက်ရောက်ခြင်းရှိ၍ ဥပဒေအားဖြင့်ကတိသစ္စာတည်ကြရသော ယခုခေတ်တွင် ဘာသာတရားနှင့်ခြောက်ခြင်းမြှောက်ခြင်းကို […]


kaiSeptember 10, 20141min126331
၂၀၁၄မတ်-ဧပြီတွင်ကောက်ယူသောသန်းခေါင်စာရင်းအရ မြန်မာ့အိမ်ထောင်စုပေါင်း၁၁သန်းခန့်တွင် လူဦးရေမှာ ၅၁.၄သန်းရှိသည်ဟုဆိုသည်။ ယခုထုတ်ပြန်မှုသည် ၁၉၈၃တွင်နောက်ဆုံးထားကောက်ယူခဲ့သော သန်းခေါင်စာရင်း(၃၅.၄သန်း)အား ကလေးမွေးဖွားနှုန်း ၃.၄ဖြင့်တွက်လျှင်ဖြစ်လာရမည့် သန်း၆ဝကျော်ထက် ၉သန်းမျှလျှော့နည်းနေပါလေသည်။ ဘယ်ဆီရောက်၍ပျောက်သနည်း။ ကိန်းဂဏန်းများသည် မလိမ်ညာ။ အတိတ်ကိုဖတ်နိုင်ရန် လှစ်ပြလိုက်ခြင်းသာဖြစ်၏။ အဆုံးသတ်ရလဒ်အားအခြေတည်ကာ ပြောင်းပြန်အင်ဂျင်နီယာနည်းပညာဖြင့် ပြန်ပြောင်းတွေးတွက်ကြည့်ကြပါစို့။ ပြောင်းခိုသူများ လွတ်လပ်ရေးရသည့် ၁၉၄၈မှစ,ဖြစ်သော ပြည်တွင်းစစ်များ။ နိုင်ငံတော်ဘာသာပြုသည်မှထ,ဖြစ်သော ပြည်တွင်းပဋိပက္ခများ၊ နယ်မြေလုခြင်းကြောင့်တည်သော မတရားသည့်စစ်ပွဲများသည် လူပေါင်းမည်မျှကိုသုတ်သင်ပစ်ခဲ့ပါသနည်း။ လူ၉သန်းမျှကို အမိမြေမှဖယ်ရှားပစ်လိုက်သည်နှင့်အလားတူနေလေသည်။ စစ်တမ်းများအရ ထိုင်းမြန်မာနယ်စပ်တလျှောက်မှ မြန်မာတိုင်းရင်းသား ၄၁၅၀၀ဝတို့ကမ္ဘာ့နိုင်ငံများသို့ ပြောင်းခိုခဲ့ကြသည်။ အမေရိကပြည်ထောင်စုသို့ပြောင်းခိုသူ(Refugees)များအဖြစ်အခြေချသူသည်ပင် ၁၃၂၂၃၁ဦးရှိသည်ဟု(Burmese American Community Institute – BACI) မှစာရင်းကောက်ယူထားပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမား၂သန်းမှ၄သန်းအထိ( The International Organization for Migration (IOM) ခန့်မှန်းတွက်ချက်)နှင့် အစ္စလမ်မစ်နိုင်ငံဖြစ်သော မလေးရှားတွင် ၅သိန်းကျော်၊ […]


kaiAugust 12, 20141min75825
ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဆရာကြီး ဒဂုန်တာရာက “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်တာ” ဟုဆိုကာ “ရန်သူမရှိ မိတ်ဆွေသာရှိ” အယူအဆကို မြန်မာများအတွက်ချပြခဲ့သည်။ ၈။၈။၁၉၈၈ – ၈-၈-၂၀၁၄ ၂၆နှစ်တိုင်ခဲ့ပြီ။ အရပ်သားနှင့်ကျောင်းသားရန်ဖြစ်ရာမှ ၈၈အရေးအခင်းဖြစ်သည်ဟူသော ခပ်နှိမ်နှိမ်အမြင်ကို ထိုစဉ်ကစစ်တပ်၏စိတ်ဓါတ်စစ်ဆင်ရေးပိုင်းမှ ရိုက်ချက်အဖြစ်ခိုက်ကာထားပေးခဲ့သည်။ အကြောင်းတရားစင်စစ်သည်ကား ၁၉၈ရ စက်တင်ဘာ ၅ရက် (လူထု၏စည်းစိမ်ဥစ္စာကို ဖျက်စီးလိုက်သည့်)ငွေစက္ကူများသိမ်းခြင်းမှဟု အတတ်ဆိုပါမည်။ ငွေစက္ကူသိမ်းသဖြင့် ဒေါသထွက်နေသော အာအိုင်တီကျောင်းသားများ အင်းစိန်လမ်းမပေါ်ပြေးထွက်ကာ ဖြတ်မောင်းလာသောအစိုးရကားများကိုတား၍ မီးတင်ရှို့ခြင်းမှ “စ”သည်။ ၈ရကျောင်းသားထုအုံကြွမှုကို လူထုကြီးမှတိုက်ရိုက်ပါဝင်ပါတ်သက်လာမှုသည် လူထုကြီး၏စည်းစိမ်ဥစ္စာကို သိမ်းပိုက်ဖျက်စီးခံရခြင်းကြောင့်သာဖြစ်ပါ၏။ အရေးတော်ပုံဖြိုခွဲခဲ့သူတို့က “သမိုင်းရေစီး လှိုင်းကြီးလေထန် […]


kaiAugust 8, 20143min71424
IBM stuffs 16 million neuron chips into binary ‘frog’ brain Cram 5.4 billion gates, million neurons in 28nm CMOS processor By Chris Williams, 7 Aug 2014 IBM researchers developing chips that mimic the brains of mortals say they’ve created a 4,096-core processor that simulates a million neurons. The SyNAPSE silicon, fabricated by Samsung using a […]


ခင္ခJuly 18, 20141min93727
” သဂျီးမင်း၏ အသိပေးစာ “   ” ဗျို့ ဦးခင်ခကြီး သုတ်တီးသုတ်ပြာနဲ့ ဘယ်လဲဗျ ” ” သဂျီးမင်း က ရွာသူားတွေကို အသိပေးစာလေး ရွာဘုတ်မှာ သွားကပ်မလို့ဗျာ ” ” ဘာအကြောင်းအရာများလည်း လုပ်စမ်းပါအုံး ခဏလောက်ပြစမ်းပါလား ” ” ဟာဗျာ အဲလိုတစ်ယောက်ပြ တစ်ယောက်ပြနဲ့ ရွာဘုတ်ကိုနေစောင်းမှ ရောက်နေပါအုံးမယ်ဗျာ ဘုတ်မှာဘဲ အလျဉ်းသင့်တဲ့ချိန် လာကြည့်လိုက်ပါဗျာ သွားကပ်လိုက်အုံးမယ် ” ” အဲလိုဆိုလည်း လုပ်လက်စအလုပ်လေး လက်စသပ်လိုက်အုံးမယ် ခဏနေမှလှည့်ကြည့်တော့မယ်ဗျို့ ” ” သဘောတော်ရှိတဲ့အတိုင်းပါဘဲဗျာ ” ဒီလိုနဲ့ ရွာဘုတ်ကို ခင်ခ ရောက်ရှိလာပြီး သဂျီးမင်း ရွာသူားများကို အသိပေးလိုသော စာအားသေချာကျနစွာ ကပ်ပေးလိုက်လေသတည်း။ သဂျီးမင်း၏ အသိပေးစာကတော့ဖြင့် […]


kaiJuly 11, 20141min64012
“ဂျာအေးကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို။ ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ၊ တွဲလွဲ။ တွဲလွဲရယ် နေပါဦး၊ မိုးတောင်ကချုန်း၊ မုန့်လုံး။ မုန့်လုံးကို စက္ကူကပ်ပါလို့၊ ကြာကလပ်နဲ့ ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး၊ ဆင်းတယ်လို့ပြေး၊ ဂျာအေး။ ဂျာအေးကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို ……” ကြောင်းကျိုးဆက်စပ်မှု ဆင်ခြင်ယုတ္တိမရှိ အကြောင်းအကျိုးပြ သမ္ဗန္ဓတွေမပါ ကာရံသာယူကာရေးသွားသောကဗျာဖြစ်လေသည်။ လောကတွင် ကြောင်းကျိုးစပ်ဟပ်မှုမရှိသလိုနှင့် ဆက်စပ်သံသရာဖြစ်နေသည် ဟူသည်ရှိ၏။ “ယေဓမ္မာဟေတုပ္ပဘဝါ” အကြင်တရားတို့သည်အကြောင်းကြောင့်ဖြစ်ကုန်၏၊ ဗုဒ္ဓသည် ဖန်ဆင်းဖြစ်လာမှုနှင့် သူ့အလိုအလျှောက်ဖြစ်တည်ပေါ်မှုကိုပယ်သည်။ အရာရာသည်အကြောင်းအကျိုးဆက်စပ်မှုရှိစွာနှင့်သာ ဖြစ်ပျက်ကြသည်ကို “ဟေတုပစ္စယော” အစချီပဌာန်း၊ “ပဋိစ္စသမုပ္ပါဒ်”စက်ဝိုင်းတို့ဖြင့်ပြခဲ့သည်။ မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့၏ သံသရာကြီးပေတည်း။ Chaos ဗရမ်းဗတာထဲစနစ်တကျရှိမှု ခေးယော့သီအိုရီ၏ Butterfly effect အရကောက်ပြောရလျှင် “ရန်ကုန် မဟာဗန္ဓုလပန်းခြံမှလိပ်ပြာ၏အတောင်ပံခတ်မှုသည် […]


kaiJune 12, 20141min84714
“Government of the people, by the people, for the people, shall not perish from the Earth.” – Abraham Lincoln “Every country has the government it deserves” – Joseph de Maistre ဤသို့ဆိုခဲ့ကြသည်။ အမေရိကပြည်သည် ၁၇၈၉ အခြေခံဥပဒေဖြင့် ဆက်ကာဆင့်ကာ ၂ရကြိမ် ပြင်မွန်းမံရင်း ချီတက်လာခဲ့သည်မှာ နှစ်၂၀ဝကျော်လေပြီ၊ ဥပဒေတို့၏အခြေခံ – အခြေခံဥပဒေကို လိုက်နာစောင့်ထိမ်းခဲ့ကြခြင်းအားဖြင့် အောင်မြင်ခဲ့သည် ဆုတ်ယုတ်ခဲ့သည်ကို နှစ်၂၀ဝခရီးနှင့် မြင်ကြည့်နိုင်သည်။ နှစ်၁၀ဝပိုင်းပိုင်း၊ ရာစုနှစ်ဝက်စိတ်စိတ်၊ ဆယ်စုနှစ်တခုယူယူ၊ အမေရိကပြည်၏ တရွေ့ရွေ့နှင့်တိုးတက်နေမှုကိုသာမြင်ရမည်။ အဆုံးသတ်သည်သာ အဆုံးအဖြတ်ဖြစ်ပါသဖြင့် အခြားတပါးသော […]


kaiJune 6, 20142min97021
ပုဒ်မ (၄၃၆) “(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ […]


kaiMay 15, 20141min67413
သမိုင်းသစ် အိုဘားမား၏စီမံခန့်ခွဲအုပ်ချုပ်မှုအောက်ဝယ် အမေရိကန်တို့ စီးပွားအကြပ်အတည်းမှလွတ်ထွက်နိုင်ခဲ့သည်။ ဒီမိုကရက်တို့၏ ခေတ်အဆက်ဆက် အိပ်မက်ကြီးတခုဖြစ်သော အမျိုးသားကျန်းမာရေးအာမခံစနစ်သစ်ကို ဥပဒေပြုအကောင်အထည်ဖေါ်နိုင်ခဲ့လေသည်။ အမေရိက၏ဒီမိုကရက်တို့ သမိုင်းမျက်နှာသစ် ဖွင့်ခဲ့သည်ဆိုရပေမည်။ ယခုလာမည့်နိုဝင်ဘာလသည် ယူအက်စ်၏အရေးကြီးရွေးကောက်ပွဲရာသီဖြစ်ပါသည်။ အိုဘားမား၏အုပ်ချုပ်လုပ်ဆောင်မှုတို့ မှန်/မှားသည်ကို အဆုံးအဖြတ်ပေးလိမ့်မည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်တွင် မှားသည်မှန်သည်ဟူသည်သေးသိမ်လျှက် များသည်နည်းသည်ကသာ အဆုံးအဖြတ်ဖြစ်နေဟန်ရှိပါသည်။ နိုင်ငံ့မဏ္ဍိုင်ကြီး၃ရပ်တွင် ဒီမိုကရက်တို့အသာစီးယူထားမှု အဆုံးသတ်မည်လော။ ပြောင်းပြန်လှန်မည်လေ၊ ရီပါဗလစ်ကန်င်နှင့် ပါဝါချိန်ခွင်လျှာညီလာမည်လော မျက်မြင်တွေ့ရဖွယ်ရှိလေသည်။ ဟုတ်ပါသည်။ ယခုလနှင့်နောက်နောင်လတို့သည် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေကြရသည့် ရာသီဖြစ်ပါသတည်း။ Searching Fire (ပစ်ရှာ) ယခုနှစ်တွင် မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲသည်လည်းလာမည်/ရှိမည်ဆိုသည်။ ပမာဏများသောရွေးချယ်/ပြောင်းလဲမှုကား ဖြစ်မည်မဟုတ်၊ အထူးသဖြင့် တိုင်းပြည်မဏ္ဍိုင်အားလုံးတို့တွင် အာဏာခေါင်းကိုင်ထားသူတို့သည် စစ်ဂိုဏ်းသားများသာဖြင့်သဖြင့် ယခုကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းသည့်သဘောနှင့်လုပ်သည်ဟု အတိအကျဆိုနိုင်သည်။ စစ်တပ်၏ လက်သုံးစကားကြီးတခွန်းဖြင့် ဆိုရသော် Searching Fire သာတည်း။ […]


kaiApril 12, 20141min79111
ပုရိသနှင့်ဣတ္ထိယ လောကတွင်အဖို၊အမဟူ၍လိင်အရခွဲခြင်း၂မျိုးရှိသည်။ တိရိစ္ဆာန်များတွင်တော့ တီကောင်ကဲ့သို့လိင်အင်္ဂါ၂မျိုးတွဲနေသောသတ္တဝါတချို့ရှိသည်ဖတ်ဖူးပါသည်။ သတ္တဝါတခုတွင် ကျားမလိင်တွဲရှိနေပါလျှင် တိုးတက်ရာ၊စိတ်လှုပ်ရှားစရာ အားပြိုင်ညှိခြင်းရှိမည်မဟုတ်ပေ၊ လူသားတွင်  မိန်းမအင်္ဂါ၊ ယောကျင်္ားအင်္ဂါမပါသူကို “နပုန်းပဏ္ဍုတ်”ခေါ်၍ ၂မျိုးလုံးပါသူကို “ဥဘတောဗျည်း”ဟုခေါ်လေသည်။ ကျားနှင့်မ ၂မျိုးသာရှိသည်တွင် လူ့သမိုင်းယဉ်ကျေးမှုတလျှောက်ကျားနှင့်မကိုခွဲခြားဆက်ဆံခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းခေတ်များရှိခဲ့ဖူးသည်။ ရှိနေဆဲဟုလည်းဆိုနိုင်သည်။ ရောမခေတ်တွင် စစ်ထွက်ယောကျာ်းများသည် မိန်းမများကိုခွဲခြားဆက်ဆံကြသည်ဟု ဖတ်ဖူးသည်။ ကလေးမွေးပေးနိုင်သောသတ္တဝါတရပ်အထိပင်စံထားသူများလည်းရှိပေသည်။ ထို့ကြောင့် ယောကျာ်းအချင်းချင်း လိင်ဆက်ဆံခြင်းထွန်းကားဟန်ရှိကာ ကျွန်မင်းစပါတာကတ်နှင့်စစ်မင်းအလက်ဇန္ဒားတို့၏ဘဝမှတ်တမ်းများက ဤအချက်ကို မီးမောင်းထိုးပြသည်ဟုဆိုချင်သည်။ ထိုခေတ်၏”ဂေး”ဟူသည် ယခုခေတ်နှင့်တွေးမြင်စဉ်းစားပုံ လုံးဝခြားနားမည်ဟုယုံကြည်မိပါ၏။ ထိုမှသည်.. ဒုတိယကမ္ဘာစစ်ကြီးက စစ်ထဲသွားနေသောယောကျာ်းတို့၏အလုပ်နေရာများကို မိန်းမတို့လုပ်ဖြစ်သွားရန်အတွက်တွန်းပို့ခဲ့သည်။ စစ်ကြီးပြီးခေတ်တွင်တော့ စစ်ကြောင့်လျှော့သွားကျသွားသော ကျားများနေရာအတွက် အစားထိုးဖြည့်ရန်  ကျားကလေးငယ်အများစုသာ မွေးထုတ်ပေးရသော မိခင်များအဖြစ်ရောက်စေခဲ့သည်။ မိခင်များကြောင့်ပင် အမျိုးသားတို့ဤဒွန္နယာ၌ဖြစ်တည်ရှိကြသည်မဟုတ်ပါလော။ ဘာသာရေး ကမ္ဘာ့ဘာသာကြီး၄ရပ်၏ ဥသျှောင်များတွင် ပုရိသများကိုသိပ်သည်းလျှက်တွေ့ရပေသည်။ ဘာသာကြီးတို့တည်ထောင်ရာ အစမူလနှစ်များတွင် စစ်နှင့်သူ၏ပဋိပက္ခများဖြင့်သာ ကစားရပေရာ  အင်အားသုံးနိုင်သည့် […]


kaiMarch 11, 20141min53816
သားသတ်လွတ်၊ သက်သတ်လွတ်၊သတ်သတ်လွတ်။ သားသက်လွတ် မည်သို့ဆိုကြစေ၊ အသက်ရှိသည့်သတ္တဝါ၏အသားမှလွတ်ကင်းရမည်ဟုဆိုလိုရင်းဖြစ်ပါသည်။ သတ္တဝါ၏အသားမစားရန်ဖြစ်၏။ အချို့မှာ ဥ၊နို့ထွက်ပစ္စည်းများကိုစားသုံးနိုင်ပါသည်။ အချို့မှာ ကြက်ဥမစားရ၊ အချို့မှာမူ နို့ထွက်ပစ္စည်းများမျှမသုံးဆောင်ရပေ။ အချို့မှာ တိရိစ္ဆာန်ထွက်ပစ္စည်းများကိုထိစပ်သုံးစွဲခြင်းမပြုရပေ။ ထိုမှသည် ပညတ်မီးလွတ်၊ ဝစီပိတ်တို့ကျင့်ကုန်သည်အထိသည်လည်းရှိ၏။ ဘယ်ကစ မြန်မာတို့၏ယဉ်ကျေးမှုဓလေ့သည် အိနိ္ဒယမှဗုဒ္ဓဘာသာကိုအခြေခံသော ယဉ်ကျေးမှုဖြစ်ရကား ဗုဒ္ဓတရားတော်လာစာများ အသိအတွေ့များမှကောက်သည်ဆိုနိုင်ပါသည်။ ဗုဒ္ဓမပွင့်ခင်ကတည်းက ဟိန္ဒူသာသာနာရှိပြီးဖြစ်ကာ ဗြဟ္မဏအယူရှိသူအချို့မှာ အသားမစား၊ မီးလွတ်သမားများရှိသည်ဟုဖတ်ဖူးသည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင်လောက်တွင် ဂျိန်းသာသနာလည်းရှိပြီးဖြစ်၍ ဂျိန်းဘာသာဝင်တို့သည် ဥမစား နို့နှင့်ထွက်ကုန်မစား ကြက်သွန်ဖြူနီကိုမျှပင်မစားသော ဟင်းသီးရွက်စားသမားများလည်းဖြစ်ကြကုန်၏။ မြန်မာတို့၏သက်သတ်လွတ်မှာမူ နို့၊ဥအပါအဝင်တိရိစ္ဆာန်ထွက်ပစ္စည်းမစားပေ၊ သို့သော် တိရိစ္ဆာန်ထွက်သုံးကုန်များကိုမူထိတွေ့အသုံးပြုကြနိုင်လေသည်။ နတ်ကိုးကွယ်မှုကိုယူ၍ ဝက်သားသာလျှင်မစားသည့်သူများရှိသလို ဟိန္ဒူအယူကိုယူပြီး အမဲသားသာလျှင်ရှောင်သည့်ပုဂ္ဂိုလ်များလည်း များနေလေသည်။ ဒေဝဒတ် ဒေဝဒတ်။ ။ “ရဟန်းအားလုံး သက်ထက်ဆုံး သက်သတ်လွတ်သာ စားကြပါစေ၊ ငါး၊ အမဲကိုစားသော ရဟန်းအား အပြစ်ရောက်ပါစေ။” […]


kaiFebruary 11, 20141min110747
ဤကမ္ဘာမြေဝယ် တန်ဖိုးအရှိဆုံးအရာများကိုအလကားရသည်ဟု ရှေးစာတခုကဆိုသည်။ ဥပမာ။ ။ ရေနှင့်လေ..။ မိခင်သဘာဝ၏ တုံ့ပြန်ချက် ၂၀၁၄နှစ်ဆန်းပိုင်းတွင် အမေရိကား၏ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊တောင်ပိုင်းဒေသတို့၌ဆီးနှင်းပွင့်မုန်တိုင်းများအတွဲလိုက်ဝင်ချလာခဲ့ပါသည်။ ဆီးနှင်းထုသည် တပေမှ၁၈လက်မ အထိစံချိန်တင်ကျခဲ့ပြီး ဇန်နဝါရီပထမ၃ပါတ်အတွင်းတွင်ပင် လေယဉ်ခရီးစဉ်ပေါင်း ၃၃၀၀ဝကျော်ဖျက်သိမ်းလိုက်ရကြောင်းနှင့် ၂၀၁၃နှင့်၂၀၁၂ ဇန်နဝါရီ ၂နှစ်ပေါင်းစာထက်များသေးကြောင်း သတင်းများတွင်ဖတ်ရပါသည်။ တချိန်တည်းတွင် အမေရိကား၏ကယ်လီဖိုးနီးယားပြည်နယ်ကား ရာစုနှစ်တခုသမိုင်းစံချိန်တင်သွေ့ခြောက်မှုနှင့်ရင်ဆိုင်နေရကာ ပြည်နယ်အရေးပေါ်အခြေအနေ ကြေငြာလိုက်ရပြီး ရေအသုံးပြတ်တောက်မည့်အန္တရာယ်တို့ရင်ဆိုင်နေကြရသည်။ အချက်အလက် ယခုနှစ်၏ တိုင်းပြည်အခြေပြမိန့်ခွန်းတွင် သမ္မတအိုဘားမားက ကမ္ဘာပူနွေးလာမှုသည် အငြင်းပွားနေစရာမဟုတ်တော့ပဲအချက်အလက်( Fact )ဖြစ်သည်ဟုပြောခဲ့သည်။ ကမ္ဘာပူနွေးလာမှုကြောင့်အာတိတ်စက်ဝိုင်းဖက်မှအရေပျော်ကျနေသည့်ရေခဲပြင်ကြီးများသည် ပင်လယ်ရေကိုမြင့်တက်စေကာ ပင်လယ်ကမ်းခြေမြို့များကို ခြိမ်းခြောက်နေပါသည်။ လူသားရာဇဝင်တွင်မကြုံစဖူးထူးသော အာတိတ်ဝင်ရိုးစွန်းဖြတ်ဖေါက်ထွက်နိုင်သည့် ခရီးတိုပင်လယ်ကူးသင်္ဘောရေလမ်းကြောင်းသစ်များပင်ထွက်ပေါ်လာတော့မည်ပြောနေကြရသည်။ ဥတုရာသီအပြောင်းအလဲကိုမှီသော ဤအချက်အလက်တို့ကို အခြေပြုလုပ်နိုင်သော စီးပွားရေးလုပ်ငန်းတို့ထောင်တက် အသစ်ဖွဲ့လာနိုင်ကြပြီ။ အလုပ်အကိုင်အခွင့်အလန်းသစ်တို့လည်းထွက်လာပါသည်။ ဟိမဝန္တာတောင်ကြောတွင်တော့ ရေခဲ့ပြင်ကြီးများအချပ်လိုက် အပြင်လိုက်ပျော်ကျနေကြပေရာ လွန်ခဲ့သောနှစ် ၅ဝမှဓါတ်ပုံနှင့်ယခုနှစ်ပိုင်းမှဓါတ်ပုံတို့ နှိုင်းယှဉ်ပြသခြင်းတို့ဖြင့်အချက်အလက်တို့ကို […]