လေနုအေးသည်၊ တနွဲ့နွဲ့ နော့နေဆဲကို . . .။ = သူသည် ပြတင်းပေါက်မှ အခန်းဆီးကို အသာ လက်ဖြင့် ဖယ်လိုက်လေသည်။ မေသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပပဝင်းနေသော လမင်း ကိုနှုတ်ဆက်၏။ ကောင်းကင် တိမ်တိုက်တွေကြား၌ကား လနတ်သမီးသည် ငွေရောင်ခြည်၊ မြရောင်ခြည်တန်ဆာကို ဝတ်ဆင်ကာ က၍ နေလေသည်။ လနတ်သမီးသည် လက်ချောင်းများကို ကြာဖူး သဏ္ဌာန်ယှက်ကာ သက်လှယ်လမင်းကို ကန်တော့၏။ လနတ်သမီးမှာ မေပင်ဖြစ်နေလေသည်။ ပြိုးပြိုးပြက်ပြက်နှင့် လနတ်သမီးမှ ဖြာထွက်သော အရောင်များမှာသူ၏ စိတ်တန်ခိုးများဖြစ်လေသည်။ ဤကဲ့သို့သော အလှအပသည် ပဉ္စလက်နည်းဖြင့် သူ့ကိုယ်တွင်းသို့ ဝင်လာမည်ဆိုလျှင်သူကိုယ်တိုင် သည်အလှအပကို ကမ္ဘာကြီးအား ဖြန့်ဝေရာ လက်နက် ဖြစ်နေမည်လောဟု မေသည် မှုန်မှိုင်းစွာ တွေးထင်လျက် ရှိလေသည်။ သူ့အသံကို […]