“ဤခရီးမနီး”နွေဦးတော်လှန်ရေးသည် UWSA နှင့် အထူးသဖြင့် AA တို့ဆယ်စုနှစ်အတွင်းဆွဲယူလုပ်ဆောင်သွားပုံတို့ကိုတု၍ ယနေ့မြန်မာလူထုနည်းနာယူလုပ်နေခြင်းဖြစ်ပါသည်။ သတင်းများအရ KIO/KIA နှင့် UWSA တို့သည်ကိုယ်ပိုင်လက်နက်စက်ရုံရှိကြပြီး သယံဇာတပရံကတပစ္စည်းတို့မှအဓိကပုံမှန်ဝင်ငွေရှိကာ AAမှာလည်း ရခိုင်လူထုအခွန်ငွေနှင့်ထပ်ဆောင်းဖြည့်ထားခြင်းဖြစ်၏။ နောက်ခံမှာ အိမ်နီးချင်းနိုင်ငံကြီးဖြစ်သည်ကို ထူး၍ရှင်းပြရန်ပင်မလို။NUG သည် လူအင်အားရှိသဖြင့် တော်လှန်ရေးတခုကို အချိန်တိုနှင့်ဖြတ်နိုင်မည်တွေးပါသလား။ တွက်ကြည့်အံ့။လူတဦးတနေ့စားစရိပ် ၁ဒေါ်လာရှိပါက လူ၁သိန်းအတွက်တရက်ကုန်ကျမည့် စားစရိပ်ငွေသည် ဒေါ်လာ၁သိန်းပါ။ တလ ဒေါ်လာ ၃သန်းနှင့် ၆လလျှင် ၁၈သန်းစားစရိပ်ချည်း လူတသိန်းအတွက်ဖြစ်ပါကြောင်း။ လူသားတဦးအတွက်လိုအပ်သည်မှာ စားဝတ်နေရေး၃ပါးဖြစ်၍ CDM ဝင်ထားသူသိန်းချီလစာနှင့် pdfလက်နက်တို/ရှည်စရိပ်တို့တွဲလိုက်လျှင် ၁၀လလျှင်ဒေါ်လာသန်းရာချီလိုအပ်ပါမည်။ထိုဘက်ဂျက်ကို အဓိကထောက်ပံ့ဖြည့်စည်းနေသူများမှာ နိုင်ငံတကာရောက်မြန်မာများနှင့် ပြည်တွင်းမှအချို့သာဖြစ်ကြ၏။ မည်သို့လှူတန်းသည် ရန်ပုံငွေရှာသည်ဖြစ်စေ ထိုပမာဏငွေကို အုပ်ချုပ်စိုးမိုးမှုမြေပိုင်မရှိသေးသော NUG/CRPHမှ လပိုင်းနှင့်ရလာရန်အကြောင်းမရှိ။ နိုင်ငံတခုအကူအညီ သို့မဟုတ် ဘီလီယံနာငွေကြေးရှင်တဦး အဖွဲ့အစည်းတခုမှ မကူလျှင်မဖြစ်နိုင်ပေ။ “အာဆီယံငါးချက်ဆီ”ယခုရက်ပိုင်းတွင် ကမ္ဘာအင်အားကြီး […]