“တရားဝင်သင့်/မဝင်သင့်..” မြန်မာပြည် ဇွန် ၂ဝရက်နေ့ထုတ်ကြေးမုံသတင်းစာတွင် ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ၊ မူးယစ်)၏ဆေးခြောက်နှင့်စိတ်ကျန်းမာရေး ဆောင်းပါးဖေါ်ပြကာ ဆေးခြောက်တရားဝင်သုံးစွဲမှု တောင်းဆိုခြင်း ကိစ္စမေးလာပါက “ဆရာကတော့ နိုး (No) ပါပဲ”ဟု ပုဂ္ဂလိကထင်မြင် ယူဆချက်ပေးခဲ့သည်။ ဆရာဝန်/တာဝန်ရှိခဲ့သူဖြစ်၍ သူသိသောသူ့အလုပ်သူလုပ်သည်ဆိုရမည်ဖြစ်သော်ငြား အဆိုပါအချက်တို့ကို ယခုခေတ်ကမ္ဘာနှင့်ချိန်ဆကြည့်နိုင်ရန် မြန်မာဥပဒေပြုအမတ်တို့တွင်တာဝန်ရှိလာပါသည်။ သို့ဆိုသော် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တို့၏ အသိဉာဏ်ရေးရာကြွယ်ဝမှုနှင့် နိုင်ငံရေးပါးဝမှုတို့သည် တိုင်းပြည်အနာဂတ်အတွက်လွန်စွာအရေးကြီးသောအခြေအနေရောက်နေသည်။ “Cannabis, Coca, Poppy & Methamphetamine” ဆေးခြောက်၊ ဟိုးယခင် ကိုကာကိုလာအဖျော်ရည်ပေါ်စဉ်က တွင်ထည့်ခဲ့သုံးခဲ့သည်ဆိုသော ကိုကာရွက်(ကိုကင်းထုတ်ရာအရွက်) နှင့် မြန်မာတို့၏ ရွှေတြိဂံနယ်မြေမှ ကမ္ဘာ့တန်းအထုတ်ဆုံးဖြစ်ခဲ့ဖူးသည့် ဘိန်း တို့သည် သဘာဝအပင်ထွက်များဖြစ်ကြ၍ ယာဘ-မြင်းဆေးမှာမူ ဓာတုဆေးဝါးဖြစ်သည်။ အဝတ်လျှော်စက်တလုံးစာမျှသာအရွယ်ရှိသော စက်များဖြင့် မြန်မာနယ်စပ်ရွာများတွင် Meth မူးယစ်အဆိပ်ဆေးဝါးများထုတ်ကြသည်မှာ မြန်မာသည်ကမ္ဘာ့အထုတ်ဆုံးတိုင်းပြည်သွားဖြစ်နေ၏။ သဘာဝပေးမဟုတ်မူ၍ပြင်းထန်သောသက်ရောက်မှုရှိကာ သုံးသူတို့မျိုးကန်းနိုင်သည်။ […]