etoneNovember 25, 20101min64422
ပြီးခဲ့တဲ့တစ်ပတ်အတွင်း အပြင်က မန်ဘာမဟုတ်ပဲဝင်ရေးတဲ့လူတွေကြောင့် ပို့စ်ပိုင်ရှင်တွေအတော်လေး စိတ်ပျက်၊ စိတ်အနှောက်ယှက်ဖြစ်ရပါတယ် ။ ဒါကြောင့် မန်ဘာမလုပ်ပဲ ဝင်မန်းလို့ရအောင်လုပ်ထားတဲ့နေရာလေး အခုပျောက်သွားတော့ တော်တော်လေး ကောင်းသွားတယ် ။ အရင်လိုပဲ တို့ရွာလေးတစ်ခါ ပြန်  ငြိမ်းချမ်းပြန်ပြီပေါ့ ။ နောက်တစ်ခုကောင်းတာက အရင်က ကိုယ့်ပိုစ့်မှာလာမန်းရင် လာမန်းတဲ့လူရဲ့ email address ရယ်၊ nick ရယ်ပါတယ် …ip address တောင်ပါသေး ။ဘာမန်းလည်း အကြောင်းရာလေးလည်း ပါတယ်ပေါ့ ..။ အဲ့ဒါက privacy မရှိပါဘူး ။ လာမန်းတဲ့ လူရဲ့   email address ကို ပို့စ်ပိုင်ရှင်က သိနိုင်တာကြောင့်ပါ..။ အခုတော့ ကောင်းပါတယ် လာမန်းတဲ့လူရဲ့ email adress ကို မသိနိုင်အောင်လုပ်ပေးထားတာလေး တစ်ခု တော်တော်ကောင်းပါတယ် […]


ဆူးNovember 4, 20101min86543
ဖြိုးဆိုတဲ့ မန်ဘာ သူရေးသမျှ လိုက်ပြီး တုန့်ပြန်လျှင်လည်း မကောင်း မတုန့်ပြန် နေသော်လည်း တနေ့တနေ့ ပိုဆိုးလာသည်.. ကိုယ့်ဘဝ ကို နားမလည် သူများ ကို အတင်းဇွတ်သွင်း.. ဖြိုး ဘယ်သူကိုမှ မမြူဆွယ်ပါဘူးလို့ ပြောအုန်းမယ်.. မမြူဆွယ်ဘူး ဆိုရင် ဒီမှာ တင်နေတဲ့ စာတွေကို အသက်ကြီးသူ ငယ်သူပါ အကုန် ဖတ်နေကြတာပါ.. ငယ်သူတွေလည်း ငါတို့ကော ဒီလိုမျိုးလား ဆိုပြီး နဝေ တိန်းတောင် ဖြစ်စေတာမျိုး.. ပုံတွေတင်လိုက်ရင်လည်း ယောကျား အချင်းချင်း ပွတ်သီး ပွတ်သပ် လုပ်ပြီး ဈန်ဝင်နေတဲ့ ပုံတွေကြီးဘဲ.. ဒီပိုစ်ကို ဖတ်ရင် ပုံဘေးနားက စာကို ဖတ်ရင်တောင် ဘေးက လူရှိရင် ဒီပုံကြီးနဲ့ ဖတ်ရတာ.. ဘေးကလူတွေ တမျိုးတမည် […]


ဆူးOctober 21, 20101min4469
Comments By Post * မြန်မာနီုင်ငံကိုမုန်တိုင်းဝင်မည် – PaukPhaw – TNO – kohtoo – ဆူး အဲဒီလို ပေါ်နေပါတယ် တခုခုတော့ မှားနေပြီထင်တယ် ကွန်မန့်ပေးထားတဲ့ လူစာရင်းမှာ asiamasters kohtoo TNO PaukPhaw ဖြစ်ပါသည်။ ဆူးတခါမှ ကွန်မန့်ဝင်မပေးထားပါ။ asiamasters နာမည်နေရာမှာ ဆူး ဆိုပြိး ပေါ်နေတယ်။


etoneOctober 21, 20101min2313
Admin, ကိုယ်တင်ထားတဲ့ ပို့စ်မှာ သူများက comment လာရေးရင် အကောင့်လုပ်ထားတဲ့ အီးမေးလ် လိပ်စာထဲဝင်ပါတယ် ။ ဒါက အရင်က အခြေနေပါ ။ 18ရက်နေ့ နောက်ပိုင်းက စပြီး ဘာမှဝင်မလာတော့ပါဘူး ဒါပေမဲ့ ကိုယ်တင်တဲ့ ပို့စ်ကို ပြန်ဖတ်တော့မှပဲ ဘယ်သူဘာ commentပေးလဲသိရတာပါ ။ ဖြစ်နိုင်လျှင်အဲ့ဒီ စနစ်လေး ပြန်သုံးလို့ရအောင်လုပ်ပေးပါဦး ။ ပို့စ်မှာ သိချင်တာလေးတွေလာမေးသွားရင် ပြန်ရေးပေးလို့ရအောင်ပါ ။


etoneOctober 5, 20101min3528
To whom it may concern , Dear Editor, မကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ points တွက်ယူမှုအခြေနေdetails ကို မထင်မှတ်ပဲ click ထောက်မိတော့… တွေ့လိုက်ပါတယ် -1000တဲ့…at 3days ago တုန်းက ဆိုပဲ ။ ပို့စ်တစ်ခုအတွက် 100ပဲရတာကို -1000 နှုတ်လိုက်တာ နည်းနည်းတောင် ဖုသွားတယ် ။ ပို့စ်တင်ခကို မျှော်လင့်ပြီး စာဝင်ရေးတာမဟုတ်ပေမဲ့ ဘာလို့များ -1000နှုတ်ခံရလဲသိပါရစေ ။ နောက်များနှုတ်စရာရှိခဲ့ရင်တောင် reason အတိကျလေးရေးပေးစေချင်ပါတယ် ။


saundOctober 4, 20101min3958
Do & Don’t ဆိုတဲ့ အက်မင်ရဲ့ ပို ့စ်ကို ဖတ်ကြည့်ပါတယ်။ ၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။ Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။ ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ […]


saundOctober 2, 20101min49713
ပို ့စ်တခု ဖြစ်လာဖို ့ စာရေးသူတွေဟာ ဦးဏှောက် ကို အသုံးချ လေ့လာ ဆန်းစစ် အချိန်ယူပြီး ရေးသားရပါတယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာ ဟာ မှန်မမှန်ကို စမ်းသပ်ရပါသေးတယ်။ ဘာသာပြန်တယ် ဆိုရင် တောင် မြန်မာမှု ့ပြုနိုင်တဲ့ စကားလုံးတွေ ပြောင်းလဲ သုံးရပါတယ်။ ဒါကြောင့် ပို ့တခု ဖြစ်လာရင်စာရေးသူတို ့ရဲ့ ရင်မှာ ကြည်နူးပျော်ရွင်မှု ့ရသလို လာဖတ်သူများရင် လည်း ဝမ်းသာရပါတယ်။ နိုင်ငံအားလုံးမှာ မူပိုင်ဆိုတာ ရှိပါတယ်။ အွန်လိုင်း အချက်လက် များကို တကမာ္ဘလုံး ကြည့်ဖို ့ ရေးလိုက်ပြီဆိုရင် စာဖတ်သူတိုင်း ဖတ်နိုင်ပေမဲ့ ခိုုးယူ ကူးပြီး နာမည် ပြောင်းတပ်ရင်ဖြင့် မူလ စာရေးသူတွေ အနေနဲ […]


erosSeptember 28, 20101min2162
ခင်မင်ရပါသော Editors နှင့် Admin များခင်ဗျား Mandalay Gazette သည် သုံး၍ အဆင်မပြေသေးပါခင်ဗျား။ ဒီဇိုင်းသည်လည်း ရှုတ်ထွေးနေလျက်ရှိပြီး user interface မဖြစ်ဟုထင်မြင်မိပါသည်။ server အထိုင်မကျသေး၍ ထိုသို့ ဖြစ်နေသည်ဟု ထင်မြင်မိပါသည်။ ဟုတ်၊မဟုတ်သိချင်ပါသည်ခင်ဗျား။ အကောင်းဆုံးကိုမျှော်လင့်၍…. Eros


etoneSeptember 22, 20101min59913
Admin , မနေ့က တစ်နေလုံး ဘယ်လိုကြိုးစားကြိုစား ဖွင့်လိုမရပါဘူး ။ ဒီနေ့ကျတော့လည်း ဖွင့်လို့တော့ရပါတယ် post တစ်ခုရောက်လို့ comment ပေးမယ် ကြံတိုင်း log in ပြန်တောင်းပါတယ် ။ တစ်ခါ ရေးဖို့တစ်ခါ log in လုပ်နေရတာ အဆင်မပြေပါဘူး ။ နောက်ပြီး log in လုပ်ပြီးတာတောင် တစ်ခါတစ်ခါ အရင် စာမျက်နှာအဟောင်းကြီးပဲပြန်မြင်နေရပါတယ် (log in မလုပ်ခင်) က ပုံစံမျိုးပါပဲ ။လူတိုင်းရောဒီလိုဖြစ်သလားသိချင်ပါတယ် ။ ဒီရက်ပိုင်းမှာ အသုံးပြုရအဆင်မပြေမှူတွေများနေပါတယ် ။ အဆင်မပြေမှူတွေဘယ်လောက်ကြာရှည်မလဲသိပါရစေ ။


erosSeptember 20, 20101min2655
https://myanmargazette.net/2010/25708 အထက်ပါ ပို(စ့်) သည် Mandalay Gazette အတွက် သင့်လျော်၏ မသင့်လျော်၏ စိစစ်ပေးပါရန် ပန်ကြားအပ်ပါသည် ခင်ဗျား။


politicalviewSeptember 1, 20101min3498
အကြိုက်ဆုံး စာစောင်၊ဂျာနယ်ကိုရွေးချယ်ပါ ကဏ္ဍတွင်လူဖတ်များ၍ မပါသောဂျာနယ်များကျန်နေပါသည်။ 7 Day News Journal, 8 Days ဂျာနယ်, Internet Journal, NetGuide Electronics &Communicatin Journal, Time To Time Journal. polls တွင်ထပ်ဖြည့်သင့်သည်ဟုထင်ပါသည်။


ohyesboyAugust 19, 20101min3828
အယ်ဒီတာ များခင်ဗျာ။ ဒီလင့်က် https://myanmargazette.net/?p=20899#comment-41382 ပါ ရေးသားသူ လင်းဝေကျော် ရဲ့ ပို့စ်ကို စိစစ်ပေးစေလိုပါတယ်။ စည်းကမ်းတွေနဲ့ မညီညွတ်မှုတွေ ရှိနေပါတယ်။ ကမာ္ဘက ဖတ်နေတဲ့ ဒီသတင်းစာ ကို အမုန်းမပွားစေလိုပါဘူး ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။


zoxnetAugust 10, 20101min1861
အယ်ဒီတာ လူကြီးမင်းများ ခင်ဗျာ။ အဆင်ပြေမယ်ဆိုရင် Viper’s Quicktags plugin ကို တင်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ရှယ်ရ် ချင်တဲ့ ဗွီဒီယို ဖိုင်လေးတွေရှိလို့ပါ ခင်ဗျာ။ အပန်းဖြေမှု အတွက်နဲ့ နည်းပညာပိုင်းဆိုင်ရာ ဗွီဒီယို ဖိုင်တွေပဲ တင်မှာပါ ခင်ဗျာ။ လက်ခံမယ်ဆိုရင် အလွန် ကျေးဇူးတင်မိမှာပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ Long live Mandalay Gazette…… // ဒါပထမ တစ်ခေါက် ကျွန်တော် တောင်းခံခဲ့တာပါ ခင်ဗျာ။ အဲဒီနောက် ခရီးလွန်နေလို့ ပို့စ် မတင်ဖြစ်ပါဘူး။ အခု တင်ပါတော့မယ်။ အဲဒီ့အတွက် ပလဂ်အင်လေးလည်း ပြန်တင်ပေးပါ။ ဆိုဒ်မလေးအောင် ဆိုရင် Expending text plugin ပါ တွဲတင်ပေးပါ။ အခက်အခဲ မရှိလောက်နိုင်ပါဘူး။ […]