Mr. MarGaMay 23, 20131min1001154
ဒေါက်……….ဒေါက်………..ဒေါက် ဒေါက်……….ဒေါက်………..ဒေါက် ဒေါက်……….ဒေါက်………..ဒေါက် *********************************** မန်းဂဇက် ကဗျာပြခန်း တာဝန်ခံ ဦးမာဃ ပြခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ အိပ်ပျော်ရှာမပေါ့ တစ်ညလုံး လုပ်စရာရှိတာ မလုပ်ဘဲ လုပ်ချင်ရာလုပ်နေပြီး အရုဏ်လာမှ လုပ်စရာရှိသည်များကို ကမန်းကတန်း လုပ်လိုက်ရရှာသကိုး။ သို့သော် ကြာကြာကား အိပ်လို့မရတော့ပေ။ အပြင်မှ တဒေါက်ဒေါက် အသံများက နားဝမှ ဝင်ရောက်ကာ ဦးနှောက်သို့ သတင်းပို့ကြလေတော့သည်။ မနက် စောစောစီးစီး ဘယ်သူတွေပါလိမ့်နော်……………. ဦးမာဃ အိပ်ချင်မူးတူး မြည်တွန်တောက်တီး၍ အိပ်ယာထဲတွင် အတွေးနယ်ချဲ့ရင်း မျက်လုံးက အခန်းထောင့်ရှိ ပြက္ခဒိန်ဆီသို့ အလည်အပတ် ရောက်ရှိသွားသော အခါတွင်မတော့ ဟိုက်………..မြတ်စွာဘုရား……..ဒီနေ့ ကဗျာပြခန်း ဖွင့်ပွဲလုပ်ရမယ့် နေ့ပါလားဟ။ အချိန်တောင် အတော် လင့်နေပြီ……….. မဖြစ်ချေဘူး အမြန် ပြင်မှ ဆင်မှ […]


ယနေ့သည် ခရစ်နှစ် ၂၀၁၃ မေလ၊ ၁၉ရက်ဖြစ်ပါသည် 。。。。။ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် မန်းလေးဂဇတ် ခေါ်သည့် ရွာထဲတွင် လူနည်းနေမည်ဟု ထင်ပါသည်။ ရွာသူ/သားများ မအားတာတစ်ကြောင်း၊ ဆိုင်ရာ ကိုယ်ရေးကိစ္စများ ရှိနေသည်ကတစ်ကြောင်း 。。。 အကြောင်းကြောင်းသော ကိစ္စရပ်များကြောင့် မေ့များနေမလား၊ ဒါမှမဟုတ် အိပ်များပျော်နေမလား ။ စိုးရိမ် ပူပန်ခြင်းများစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည် …….. ။ :bar:                                 :buu:                                            :harr: ဒါပီး နောက်ပိုင်း ဘာသံမှ မကြားတော့လို့ ……. အားလို့ ရွာထဲ ဝင်ဖြစ်တိုင်း ဘယ်နေ့ပေါ်လာမလဲ …… ဘယ်နေ့ပေါ်လာမလဲ စောင့်နေလိုက်ရတာ …. မပေါ်လာတဲ့ အဆုံးမတော့ လူမုန်းခံပီး (နဂိုကတည်းက ခံရပီးသား ) ရွာ့အော့ကြောလန် တယောက်အနေဖြင့် ဘေးက၊ […]


+++++++++++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++++++++++ အိုက်စက်ပြီး ပူလောင်နေတဲ့ ရာသီဥတုကို ကြုံတွေ့နေရတဲ့ အခါ အေးမြမှုရဲ့ တန်ဖိုးဟာ ပိုပြီး တိုးလာခဲ့သလိုပါပဲ။ ဒါပေမယ့်လို့လည်း အေးမြမှုကတော့ သူ့ရဲ့ နဂိုရှိရင်း တန်ဖိုး အတိုင်းပါပဲ။ အေးစက်ပြီး တောင့်ခဲသွားမလား ဆိုတဲ့ အခြေအနေများကို ကြုံတွေ့ရတဲ့ အခါမျိုးမှာ ပူနွေးခြင်းရဲ့ တန်ဖိုးဟာ ပိုပြီး တိုးလာမှာပါပဲ။ ဒါပေမယ့်လို့လည်း ပူနွေးခြင်းကတော့ သူရဲ့နဂိုရှိရင်း တန်ဖိုး အတိုင်းပါပဲ။ ဗိုက်ပြည့်နေသူ တစ်ယောက်အတွက် ထမင်းတစ်လုပ်ဟာ ဟင်းစော်နံတယ်ကွာလို့ အပြစ်ဖို့ချင်စရာပါပဲ။ ဒါပေမယ့်လို့လည်း ငတ်မွတ်နေသူတစ်ယောက် အတွက်တော့ ဒီထမင်းတစ်လုပ်ဟာ နတ်သုဒ္ဓါတမျှပါပဲ။ ဒီလိုမျိုး အခြေအနေ မတူပေမယ့်လည်း ထမင်းတစ်လုပ်ဟာ သူ့ရဲ့ နဂိုတန်ဖိုးအတိုင်းပါပဲ။ အရာရာဟာ သူ့နေရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပါပဲ …..။ အခြေအနေ အချိန်အခါအလိုက် […]


Mr. MarGaApril 23, 20135min97
– – +++++++++++++++++++++++++++++++++++++++++++++++ ” ဂဇက်ကဗျာချစ်သူများ၏ကဗျာပြခန်းမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ “ +++++++++++++++++++++++++++++++++++++++++++++++   ဒီပို့စ်မှာ မှတ်ချက်ပေးခွင့် မရှိတာကြောင့် ပြခန်းအဝင်ဝကို ပြန်သွားလို့ မှတ်ချက်ပေးကြပါလို့ ထပ်မံ တောင်းဆိုပါတယ်ခင်ဗျာ။   လေးစားစွာဖြင့် ဦးမာဃ (ခေတ္တ လူ့ပြည်)


” အတာကူးသောလ… ထန်းခူးသောလ… တန်ခူးလရယ်လို့ သတ်မှတ်စမှုပြုကြရတဲ့နွေလမှာ… မဟာသင်္ကြန်ရေသဘင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် ပုဂံခေတ်ကစတင်ခဲ့တယ်လို့ …………” အဆိုတော်ဒေါ်တင်တင်မြရဲ့ သင်္ကြန်မိုးရုပ်ရှင်အဖွင့်စကားလေးဟာ မြန်မာ့သင်္ကြန်ရောက်တိုင်း နားထဲပြန်ကြားယောင်တတ်တဲ့… စကားလေးပါပဲ….                       ” မြူးကြွတဲ့တေးသံပျံ့လွှင့်လို့နေ… ကူးပြောင်းစတန်ခူးနွေမှာ… တစ်ယောက်တစ်လှည့်မို့မလှမ်းသာဖျန်းပက်ကြစဉ်… ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ… ခေါင်းကလေးမော့လို့… ပိတောက်ဖူးလေးတွေ… ပန်ဆင်ထားသူရေ….” သင်္ကြန်မိုးဆိုတဲ့သီချင်းဟာလဲ ၁၉၈ဝပြည့်နှစ်တွေတုန်းက လူငယ်ဖြစ်ခဲ့တဲ့ အဉ္စလီကိုမောင်မောင်တို့ရဲ့လက်ရာသီချင်းဟာ မြန်မာသင်္ကြန်ရဲ့ အထိန်းအမှတ်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်… ပြန်စဉ်းစားကြည့်လိုက်တိုင်း ခေတ်အဆက်ဆက်ရဲ့ သင်္ကြန်အပေါ်ခံစားချက်ပြောင်းလဲလာမှုတွေပါ….                   မြန်မာ့တစ်နှစ့်ဟောင်းလို့… မြန်မာ့နှစ်သစ်ကိုပြောင်းတော့မယ့် အခါသမယမှာ… […]


+++++++++++++++++++++++++++++++++++++++++++++++++ ဟုန်းခနဲ တောက်လောင်ပြီး ဝုန်းခနဲ ငြိမ်းသွားတတ်တဲ့ မီးတစ်စကို …. ဆက်ကာ ဆက်ကာ ရှင်သန် တောက်လောင်စေအောင် လောင်စာတွေ ထည့်ပေးနေကြသလိုပေါ့ ….။ ကျုပ် ကဲ့သို့သော ဒီလို ကောက်ရိုးမီးလို လူစားမျိုးဟာလည်း အထက်ကလို အားပေးတတ်ကြတဲ့ လူအများရှိနေတတ်တဲ့ ဟောဒီ မန်းဂဇက်ဆိုတဲ့ အွန်လိုင်း ရွာကြီးထဲမှာ ကာလအားဖြင့် ကြာရှည်စွာ နေတတ်လာခဲ့တယ် ….။ ဒီအတွက် မန်းဂဇက် ရွာသူား အားလုံးကို ကျေးဇူးအထူး တင်မိပါတယ် ….။ အစ ပထမကတော့ဖြင့် ညီငယ် တစ်ယောက်ရဲ့ အတင်း နားပူနားဆာ လုပ်မှုကြောင့်ပဲ ဟောဒီ နေရာကို ခဏတစ်ဖြုတ်တာ ဝင်ရောက်တတ်ခဲ့ပါရဲ့ ….။ နောက်များအခါ ဘော်ဒါ ပေါက်ဖော်ရဲ့ ဆွဲခေါ်မှုနဲ့ ရွာထဲ အခြေချလာခဲ့ […]


မန်းဂဇက်ဆိုတဲ့ရွာကြီး က ဒီရက်ပိုင်းအတွင်းထူးထူးခြားခြား လှုပ်လှုပ်ရွရွ နဲ့ တစ်ရွာလုံး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့…ဘယ်သူမှငြိမ်နေတာမတွေ့ရပဲ တောင်ကလူမြောက်သွား..မြောက်ကလူတောင်ကူးနဲ့..တကဲ့ကို တစ်ခုခုအတွက် အားကြိုးမန်တက်လှုပ်ရှားနေကြတာကလား…အကြောင်းကလည်းရှိပေတာကိုး….ဒါနဲ့ မန်းဂဇက်ရွာ ဆိုလို့ လူတော်တော်များများက သိပ်တိတိပပသိသေးကြပုံမရဘူး… ဒီတော့ ရွာအကြောင်းမြင်သာအောင်သရုပ်ဖေါ်ရရင်..အင်း..အဲ..အဲ..ကျုပ်လည်း သိပ်သရုပ်ပေါ်အောင်မပြောတတ်ဘူးဗျ…နေအုံး..နေအုံး..ရွာထဲ အပ်ကျတာတောင်သိတဲ့ ကာလသားဂေါင်း..ကျုပ်က အမြဲ `နီပေပါ´လို့ ချစ်စနိုး ခေါ်လေ့ရှိတဲ့. .`မောင်ရဲစည်´ကိုခေါ်ပီးပြောခိုင်းမယ်..ဟဲဟဲဟဲ…သူပြောတဲ့..မန်းဂဇက်ဆိုတဲ့ရွာကြီးဆိုတာ…. ဒီလိုပါတဲ့ဗျာ…သူ့လေသံမူရင်းအတိုင်းသာ နားထောင်ကြည့်ကြပါကုန်…….  ကျွှန်တော်တို့ ရွာကြီးတွင် ……. စနစ်ဆိုး အုပ်ချုပ်သူဆိုး မရှိပါ။ တောတောင်ရေမြေ သဘာဝ သယံဇာတများကို နည်းမလည်ပါးမလည်ဖြင့် လက်ညှိုးထိုး ရောင်းစားသူမရှိပါ။ လယ်ယာမြေတွေ အသိမ်းမခံရပါ။ စစ်ပွဲများ ကလေးစစ်သားများ မြေမြုပ်မိုင်းများ မရှိပါ။ ဘူဇွာ၊ အရင်းရှင်၊ ခရိုနီ များမရှိပါ ဈေးမီးရှို့သူများမရှိပါ။ ကလေးလုပ်သားများ ပြောင်းရွှေ့အလုပ်သမားများ ဆင်းရဲမွဲတေသူများမရှိပါ။ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားဆက်ဆံမှုများမရှိပါ။ နိူင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံအကျဉ်းသားများ ယုံကြည်ချက် အကျဉ်းသားများမရှိပါ။ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး၊ ကပ်ဘေးဒုက္ခများ မရှိပါ။ စသဖြင့် […]


+++++++++++++++++++++++++++++++++++++++++++++++++ ပျောက်နေတာ ကြာပြီဖြစ်တဲ့ … ဘော်ဘော်ကြီး ပေါက်ဖော် (စိန်ဗိုက်ဗိုက်) ကို လွမ်းတယ် …. ဟိုတောင်မ ဗြဲမ ကိုလည်း လွမ်းတယ် … တစ်ခါတစ်ခါမှ ပေါ်လာတတ်တဲ့ ဘဲဥမ ကိုလည်း လွမ်းတယ် … မာမီခိုင် ကိုလည်း လွမ်းတယ် …. ကိုသူရဇော်ဂျီး ကိုလည်း လွမ်းတယ် …. ရှမ်းပြည် တောင်ပိုင်းသား ကိုလည်း လွမ်းတယ် …. ကိုကမ်းကြီး ကိုလည်း လွမ်းတယ် … ဦးစိန်သော့ကြီး ကိုလည်း လွမ်းတယ် … အရီးလတ် ကိုလည်း လွမ်းတယ် …. ဆြာသစ် ကိုလည်း လွမ်းတယ် …. ဦးစံလှကြီး ကိုလည်း လွမ်းတယ် …. လွမ်းတယ် […]


weiweiFebruary 7, 20134min874111
ကျွန်မတို့လူသားအားလုံး အာရုံ ၆ ပါးနှင့် မကင်းနိုင်ကြပါဘူး။ ကောင်းတဲ့အာရုံတွေ ခံစားချင်ကြတာလဲ လူ့သဘာဝပဲဖြစ်ပါတယ်။ မျက်စိဖြင့် ခံစားသိရှိနိုင်သော ရူပအရသာ၊ နားဖြင့်ခံစားနိုင်သော သောတအရသာ၊ နှာခေါင်းဖြင့် ခံစားနိုင်သော ဂန္ဓာအရသာ၊ လျှာဖြင့် ခံစားသိရှိနိုင်သော ဇိဝှာအရသာ၊ ကိုယ်ခန္ဓာဖြင့် ခံစားနိုင်သော ဖောဌဗ္ဗာအရသာတို့ကို နေ့စဉ်ခံစားရင်း ရှင်သန်လှုပ်ရှားနေကြပါတယ်။ နေ့စဉ် အသက်ရှင်ဖို့ စားသုံးနေကြသည့် အစားအသောက်များအတွက်လဲ ချို၊ ချဉ်၊ ဖန်၊ ငံ၊ စပ်၊ ခါး စသည့် အရသာမျိုးစုံကို မျှတအောင် စီမံချက်ပြုတ်ပြီး အရသာခံကာ စားသောက်ကြပါတယ်။ အများအားဖြင့် ရိုးရာအစဉ်အလာအတိုင်း ချက်ပြုတ်စားသောက်ခြင်းကို နှစ်သက်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ ပြင်ပအစားအစာများကို မြည်းစမ်း စားကြည့်ရင်း ကြိုက်နှစ်သက်တာရှိသလို မနှစ်သက်တာလဲ ရှိကြပါတယ်။ ကျန်းမာရေးအတွက် ကြိုက်တာကိုမစားရပဲ မကြိုက်တာကို ဇွတ်မှိတ်စားရတာမျိုးလဲ […]


+++++++++++++++++++++++++++++ အတွေးတွေ တောင်လို ပုံနေတယ် … စောင်ခြုံပြီး အိပ်တာလည်း မရဘူး … ခဏ ခဏ ပြန်ပြန် နိုးတယ် … တကယ် … တကယ် … လူအများစုရဲ့ ဘဝမှာလို့ ထင်ပါတယ် …. တစ်ခါတစ်ခါ မီးစင်ကြည့် ကပြရတဲ့ အခါတွေလည်း ရှိတယ် … ဒါပေမယ့် …. ဘဝ တစ်ခုလုံးနဲ့ သက်ဆိုင်လောက်တဲ့ အဖြစ်မျိုးမှာတော့ … မီးစင်ကြည့် ကရမယ့် အဖြစ်ဟာ မလွယ်ရေးချ မလွယ် …. “အချစ်” ဆိုတာ တစ်ခုတည်းနဲ့လည်း ဘဝ တစ်ခုကို တည်ဆောက်လို့ မရဘူးဆိုတာလည်း မှန်နိုင်လောက်ပါတယ် … ဖျာစုတ်လေးပေါ်မှာ ထိန်ထိန်သာနေတဲ့ လမင်းကို ကြည့်ရင်းနဲ့ ထမင်းရေ […]


– – – – – – – – – – – ဂဇက်ပွဲ ကတော့ ပြီးမြောက်တာ တစ်ပါတ်တိတိ ရှိသွားပါပြီ.. ဒါပေမယ့် ကျုပ်တို့ရဲ့ ရင်ထဲမှာ ခံစားခဲ့ရတဲ့ အပျော်လေးတွေ၊ ကြည်နူးမှုလေးတွေကတော့ အခုထိ ရှိနေကြဆဲပါ.. ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးခဲ့တဲ့ အတွက် စီစဉ်သူများကို လာရောက်ကြသူများ အားလုံးက ကျေးဇူး အထူးတင်ရှိနေမှာ ပါ.. ဒီဂဇက်ပွဲ ဟာ ကျုပ်ကို တော်တော် လေး အကျိုးပြုသွားပါတယ်.. ဘာလို့လဲဆိုတော့.. ဂဇက်ပွဲ မတိုင်ခင် တစ်ပါတ်အလိုက စတင်ခဲ့တဲ့ ကျုပ်ရဲ့ ပို့်စ်လေးတွေဟာ ဂဇက်မန်ဘာတွေအတွက် အသုံးဝင်တဲ့ ပို့စ်လေးတွေ ဖြစ်ခဲ့ ပြီးတော့ ကျုပ်ကိုလဲ ဂန္ဓာရီ ဆြာအုပ် အဖြစ် […]


– – – – – – – – movie ထဲကပုံတွေပါ.. နောက်ဆုံး ဓာတ်ပုံပိုစ်ပါ. တစ်ချို့ပုံတွေမှာ resolution မကောင်းတာ တွေပါနေပါတယ်..  ဖြစ်ပုံက ဒီလိုပါ.. အိမ်က ထွက်လာကတည်းက ဪ ဓာတ်ပုံပဲရိုက်မှာ ပါလေ .. ပြီးတော့ ဂဇက် လူဂျီးတွေကလဲ ပရိုက်ဗက်စီ ကို မထိခိုက်အောင် သတိပေးထားတော့ သိပ်ရိုက်ဖြစ်မယ်မထင်လို့ တမင်တကာကို ကင်မလာထဲပ 32Gb ကတ်ကိုထုတ်ပြီး 4GB နဲ့လဲလိုပ်ပါလေရော. .အလုပ်ရှုပ်ခံပီးတော့ကို တမင်တကာလဲလိုက်တာ.. ဒါပေမယ့် တွက်ကိန်းကတော့မမှာဘူးဗျ.. သိပ်လဲမရိုက်ဖြစ်ဖူး.. အဲဒီလိုရိုက်နေတုန်း movie ရိုက်ဖို့ သွားသတိရလိုက် လို့ ရိုက်လိုက်တဲ့ အခါ.. ပြဿနာ က movies setting မှာ movies quality ကို ချိန်မထားတော့ […]


မိတ်ဆက်စကားပြောခန်း က ပုံလေးတွေတင်ပေးလိုပ်ပါတယ်.. movie ကယူထားတာမို့လို့ ကွာလတီ သိပ်မကောင်းတာ ကို ခွေးလွှတ်ပါ..  movie  လိုချင်ရင် တောင်းနိုင်ပါတယ်..