မိမိတို့၏ သွားများကိုဂရုမစိုက်ဘဲ သွားကျန်းမာရေးကိုလျစ်လျှူရှုထားပါက တနေ့တွင် သွားနှင့်ပါတ်သက်၍ ဝေဒနာမုချခံစားနိုင်ပါသည်။ အထူးသဖြင့် အစပိုင်းတွင် သွားပိုးပေါက်သေးသေးမှ ကြီးကြီးသို့ပြောင်းသွားကာ သွားကိုက် သွားနာဖြစ်စေနိုင်ပါသည်။ အချို့လူများတွင် ကွမ်းစားပြီး သွားရောဂါဘာမှမဖြစ်ဟုဆိုကာ အသက်လေးဆယ် ကျော်လာလျှင် သွားများယိုင်နဲ့လာ၍ သွားများတချောင်းပြီး တချောင်း ဆုံးရှုံးနိုင်ပါသည်။ သွားကိုက်သွားနာဖြစ်ပြီဆိုလျှင် သွားပိုးပေါက်တွင်းသို့ ဆေးမျိုးစုံထည့်တတ်ကြပါသည်။ လေးညှင်းပွင့်၊ ဆော်ဒါမှုန့်၊ အရက်၊ အက်စပရင်မှုန့်၊ ပါရာစီတမောမှုန့်၊ ငရုတ်ကောင်းမှုန့် စသည်ဖြင့် ဆေးနည်းတိုများ ထည့်တတ်ကြပါသည်။ သွားနာပြီး မျက်နှာရောင်လာလျှင် မောရိယမန်းဆေးနှင့် အခြားမြန်မာမန်းဆေး ငန်းဆေးများအပြင်မှာ လိမ်းကြပါသည်။ မည်သည့်ဆေးများသုံးသုံး ရောဂါကိုသေချာစွာ စစ်ဆေးကုသမှုမရှိဘဲ မည်သည့်ရောဂါမှ မပျောက်ဆုံးနိုင်ပါ။ ခဏတာ ဝေဒနာသက်သာနိုင်သော်လည်း အမြဲမပျောက်ပါ။ သွားပိုးပေါက်ဖြစ်ရသည့်အကြောင်းရင်းကို ရှင်းပါမည်။ ကျွန်ုပ်တို့၏သွားတွင် အပြင်လွှာကိုကြွေသွားလွှာ (Enamel) ကိုခေါ်ပါသည်။ အလယ်လွှာကို […]