kaiApril 14, 20181min4853
ဧပြီလ၁၅ရက် ကဆုန်လဆန်းတရက်နေ့ကစတဲ့… တထောင့်သုံးရာ့ရှစ်ဆယ် မြန်မာနှစ်သစ်ဝယ်… မြန်မာ့ဂဇက်စာဖတ်သူအပေါင်း၊ မိတ်ဆွေတသောင်း ရွှင်လန်းချမ်းမြေ့ကြစေကြောင်း ဆုမွန်မေတ္တာပို့သပါ၏။ ပြက္ခဒိန်မှာတော့.. ဧပြီ၁၇။ ကဆုန်လဆန်း ၃ရက်နေ့က နှစ်ဆန်းတရက်နေ့တဲ့..။ (ထုံးစံအတိုင်း)မတိမကျ ကောက်တွက်ထားကြတဲ့ မြန်မာပြက္ခဒိန်နဲ့ ဟိန္ဒူတွေရဲ့ ဝေဒကတွက်တဲ့မဟာသင်္ကြန်ရက်နဲ့ ထိပ်တိုက်တွေ့တာလား.. ကမ္ဘာမြေကမော့ကြည့်ပြီး နက္ခတ်အပြောင်းအရွေ့ကိုယူတဲ့ ဝေဒနက္ခတ်ပညာနဲ့ သိပ္ပံနည်းပညာအရ မှန်ပြောင်းနဲ့ကြည့်ချတွက်တဲ့ နာဆာပညာနဲ့ ပဋိပက္ခဖြစ်တာလား.. မြန်မာ့အုပ်ချုပ်သူအာဏာရှင်တွေကပဲ.. ဖြစ်ချင်တာဖြစ်.. လုပ်ချင်တာလုပ်မဟေ့ဆိုပြီး.. ခရစ်သက္ကရာဇ်အတည်ယူလို့.. ဧပြီ၁ရမှာ… နှစ်ဆန်းတရက်စေသတည်းလုပ်ထားတာလား..။ ပုဂံခေတ်ကစတဲ့ ဟိန္ဒူယဉ်ကျေးမှုသင်္ကြန်.. ကာလရွေ့လျောလို့.. မြန်မာမှုအပြုလွန်ပြီး.. ဖြစ်ချင်တာဖြစ်လို့..လုပ်ချင်တာလုပ်ကြတာလား..။ ဖြစ်ချင်တာဖြစ်ကြစေ… အဲဒီရက်ကနေစပြီး..မြန်မာတွေ.. မဖြစ်ချင်တာတွေ.. မဖြစ်စေတည်းလို့လည်း..ဆုတောင်းကို..ထပ်ဖြည့်ပေးလိုက်ပါတယ်..။ ကျန်းမာလို့ ချမ်းသာကာ လန်းဖြာခြင်းမှာ.. စွမ်းလို့သာပါစေ..။ 😛


kaiMarch 30, 20182min4472
ယခင်လက စတင်လေ့လာခဲ့ကြတဲ့ Prepositions လေးတွေအကြောင်းကို ဆက်လက်မှတ်သားကြရအောင်။ တလုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခုတွဲပြီး သုံးရတဲ့ Prepositions လေးတွေကို ကြည့်ကြရအောင်။ ဥပမာ – in front of , in the front of, in back of, in the back of ဒီနေရာမှာ the လေးထည့်ပေးထားတာနဲ့ the မပါတာ ဘယ်လိုကွာခြားသလည်းဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ အောက်ပါဝါကျလေးခု ကို ကြည့်ပါ။ -the dog in front of the car -the dog is in the front of the car […]


kaiMarch 2, 20182min4702
ယခုလမှာ ခက်ခဲနက်နဲတဲ့ Adj clause ကို adv clause တို့ကို ခဏမေ့ထားပြီး လွယ်သလိုလိုနဲ့ ဒုက္ခပေးတတ်တဲ့ ၊တိမ်မလိုနဲ့ နက်တဲ့ prepositions လေးတွေကို လေ့လာကြပါစို့။ ဒီနှစ်က year of the dog ဆိုတော့ ခွေးလိမ္မာလေးတွေလိုပဲ ချစ်စရာကောင်းသလောက်နားနားလည်ဖို့ခက်တဲ့ prepositions လေးတွေအကြောင်း တင်ပြပေးပါမယ်။ ဦးစွာပထမ Time လို့ခေါ်တဲ့ “အချိန်” နဲ့ ပတ်သတ်တဲ့ prepositions လေး တွေကို ကြည့်ကြရအောင်။ “on” ဆိုရင် နေ့နဲ့သုံးရတယ် “in” ကိုလနဲ့သုံးရတယ် “in”ကို နှစ် နဲ့သုံးရတယ်။ ဥပမာ “He was born on the first Monday in February […]


kaiJanuary 28, 20182min5161
နှစ်ဆန်းကာလ မှာ စာဖတ်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဦးစွာပထမဆုတောင်းလိုက်ပါတယ်။ ယခင်လက Negative adverbs လေးတွေအကြောင်း အစဖော်ခဲ့ပါတယ်။ ယခုလမှာဆက်လက်ပြီး ပြည့်ပြည့်စုံစုံဖော်ပြပေးပါမယ်။ ပထမဆုံးဖော်ပြလိုတာက လေ့လာသူတော်တော်များများ မှားယွင်းစွာသုံးစွဲတတ်တဲ့ hardly ဆိုတဲ့ adverbs လေးဖြစ်ပါတယ်။ “He works hardly, so he got a promotion.” လို့သုံးစွဲတာမျိုး ကိုတွေ့ဖူးကြပါလိမ်မယ် ။ ဒီနေရာမှာ Hard က adjective ဆိုးတော့ adverbs ဖြစ်အောင် –ly လေးထည့်လိုက်ရင် ပြီးတာပဲဆိုပြီးသုံးတော့ မှားကုန်တာပေါ့ ။မှတ်မိ ကြတယ်နော်။ Hard ကို adjective လိုရော adverbs လိုပါ သုံးလို့ ရပါတယ်။–ly ထည့်ပြီး hardly လို့ ပြောင်းသုံးစရာမလိုပါ။ […]


kaiDecember 31, 20172min4123
ယခုလမှာ Clauses လေးတွေ phrases လေးတွေ အကြောင်း ခေတ္တရပ်နားပြီး လွန်စွာအသုံးဝင်တဲ့ adverb လေးတွေအကြောင်း လေ့လာကြရအောင်။ adverb လေးတွေဟာ ကြိယာလေးတွေ၊ adjective လေးတွေအပြင် အခြားadverb လေးတွေကိုပါ အထူးပြုနိုင်တဲ့အတွက် သုံးတတ်ရင် သုံးတတ်သလို အလွန်လှပတဲ့ ဝါကျလေးတွေ ဖွဲ့စည်းလို့ရအောင် ထောက်ကူပေးတက်ပါတယ်။ adverb လေးတွေရဲ့ အသုံးဝင်ပုံကို သဘောပေါက်နားလည်သွားအောင် only ဆိုတဲ့ adverb လေးနဲ့ သက်သေပြလိုပါတယ်။ ဒီနေရာမှာ နမူနာလေးဟာ အဓိပ္ပါယ်အနည်းငယ် ကြမ်းတမ်းတဲ့အတွက် ရိုင်းပြတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်လိုပါတယ်။ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းလေး အသုံးပြုလိုက်ရတာက ဗိုလ်ချုပ်အောင်ဆန်း တခါကပြောခဲ့ဘူးသလို ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း လေးဆိုရင် လူတွေက မှတ်မိတတ်လို့ပါ။ ကဲ အောက်ပါဝါကျလေးကို ကြည့်ကြရအောင်။ “I […]


kaiNovember 28, 20172min4362
အရင်လက Noun clause လေးတွေအကြောင်းစတင်ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် if/whether တို့နဲ့စတဲ့ noun clause ရယ် wh question များနဲ့စတဲ့ noun clause တို့ကို ဦးစားပေးဖော်ပြခဲ့ပါတယ်။ ယခုလမှာတော့ လူသုံးများတဲ့ That နဲ့စတဲ့ noun clause လေးတွေအကြောင်းကို ဖော်ပြပေးပါ့မယ်။ ဖော်ပြပါ chart လေးကို လေ့လာကြပါစို့။ ဒီ chart လေးကိုကြည့်လိုက်ရင် that clause လေးမျိုးလေးစားရှိတာကို တွေ့နိုင်ပါတယ်။ ပထမဆုံးအုပ်စုကတော့ indirect object လုံးဝမပါတဲ့အုပ်စုပါ။ ဖော်ပြထားတဲ့ ကြိယာတွေကို အလွတ်ရအောင် ကျက်မှတ်ထားပါ။ ဥပမာ ဝါကျလေးတွေကို ကြည့်လိုက်ပါအုံး။ I agree that Myanmar should be a democratic […]


kaiOctober 26, 20173min4542
ယခင်လတွေက Adjective Clause နဲ့ adverb clause လေးတွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ noun clauses လေးတွေအကြောင်း ဖော်ပြလိုပါ တယ်။noun clause လို့ခေါ်ရတာက ဒီစကားစုလေးတွေမှာ ကြိယာလည်းပါတယ်။ သာမာန်အားဖြင့် noun နာမ်လေးတွေနဲ့သာသုံးလို့ရတဲ့ ကတ္တားsubject နေရာနဲ့ ကံobject နေရာတို့မှာ သုံးလို့ဖြစ်ပါတယ်။noun clause အမျိုးအစား ၃ မျိုးကို ဖော်ပြလိုပါတယ်။လူသိများတဲ့ that clause လို့ခေါ်တဲ့ That နဲ့စတဲ့ စကားစုလေးတွေရှိသလို wh-clause လို့ခေါ်တဲ့ wh-question တနည်းအားဖြင့် what, when, where,why,how စတဲ့ wh-question လေးတွေနဲ့စတဲ့ စကားစုလေးတွေရယ်၊ နောက်ဆုံး ။ သို့မဟုတ် whether နဲ့စတဲ့ noun clause […]


kaiSeptember 27, 20173min4302
အရင်လက Time clauses လေးတွေအကြောင်း အတော်လေးပြည့်ပြည်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ဒီလမှာတော့ အခြား adverb clauses လေးတွေအကြောင်း လေ့လာကြပါဦးစို့။ ဦးစွာပထမ contrast clause လို့ခေါ်တဲ့ even though တို့ although တို့နဲ့စတဲ့ clause လေးတွေအကြောင်း ကို လေ့လာကြရအောင်။ contrast clause ဆိုတာ မထင်မှတ်တဲ့ရလဒ်မျိုး၊ ဆန့်ကျင်ဘက်သဘောမျိုးကို ဖော်ပြတတ်တဲ့ clause လေးတွေကို ဆိုလိုပါတယ်။ ဥပမာ – “Although he had no money at the beginning today he is a multi-millionaire in th US.” “အမေရိကနိုင်ငံကို ရောက်ခါစက ပိုက်ဆံလုံးဝမရှိခဲ့ပေမဲ့၊ ယနေ့သူဟာ […]


kaiSeptember 5, 20171min523815
➩ U.S. ပြည်နယ်များမှာက ျင်းပခဲ့တဲ့ စာရေးဆရာချစ်ဦးညို၊ ဂ ျုး၊ ထင်လင်းဦးတို့ရဲ့ စာပေဟောပြောပွဲ။ ➩ ရခိုင်ပြည်နယ်ရန်ပုံငွေအတွက် ရခိုင်တေးရေးနဲ့တေးသံရှင်ဦးသန်းမောင်၊ မိုင်၊ ရတနာမိုင်၊ စိန်လင်း(Aroma) တို့ရဲ့ U.S. ပြည်နယ်အသီးသီးလှည်လည်ဖျော်ဖြေပွဲများ။ ➩ မောင်စွမ်းရည်ရဲ့ ချစ်ဦးညီနဲ့တင်မိုး။ ➩ ဝင့်ပြုံးမြင့်ရဲ့ မူပိုင်ခွင့်နှင့် မူပွားခွင့်။ ➩ မော်ဒယ်လ်မိခင်တင်မိုးလွင်နဲ့ တွေ့ဆုံခြင်း။ ➩ ဒေါက်တာအောင်ဇော်ထိုက်ရဲ့ Allergy တခုခုနဲ့မတည့်ခြင်း။ ➩ စက်တင်ဘာအလှပန်း Thinn Eai Thu Tun ➩ လစဉ်ဖော်ပြနေက ျ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံဆောင်းပါး၊ ဗေဒင်ကဏ္ဍများ၊ ဓာတ်ပုံဝေဝေဆာဆာ၊ သုတ၊ ရသ စုံလင်စွာဖြင့် စက်တင်ဘာလထုတ် မြန်မာ့ဂဇက် ထွကေ်နပါပြီ။ အမြို့မြို့အနယ်နယ် မြန်မာဆိုင်များ၊ […]


kaiAugust 28, 20173min27584
ယခုလမှာ Adverb clause လေးတွေအကြောင်းကို တင်ပြလိုပါတယ်။ ဦးစွာပထမ time clause လို့ခေါ်တဲ့ adverb clause လေးတွေအကြောင်းကို လေ့လာကြရအောင်။ clause နဲ့ sentence မတူတဲ့ အကြောင်းဖော်ပြခဲ့ဘူးပေမဲ့ ပိုပြီးသေချာသွားအောင် ထပ်မံပြောပြပါရစေ။ Sentence ဆိုတာ ကတ္တား subject ရော ကြိယာ verb ပါပါတဲ့ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုကိုဆိုလိုပါတယ်။ ဥပမာ – “A monk should focus on a monk’s job.” “ဘုန်းကြီးဆိုရင် ဘုန်းကြီးအလုပ်ကို ဦးစားပေးလုပ်သင့်တယ်ပေါ့ ” ဒီစကားစုလေးမှာ ကတ္တား subject လည်းပါတယ်။ ကြိယာ verb လည်းပါတယ်။ အဓိပ္ပါယ်ကလည်း ပြီးပြည့်စုံတယ်။ ဒီတော့ sentence […]


kaiAugust 12, 20171min4764
ဒီလအတွက် မြန်မာပြည်ကအနုပညာရှင် အင်တာဗျူးကဏ္ဍကို ခိုင်ထူးနဲ့ လုပ်ဖြစ်ပါတယ်။ ကြားနေဖတ်နေကျမဟုတ်တဲ့ ဖွင့်ပြောခြင်းတွေကိုတွေ့ရမှာပါ။ ခိုင်ထူး နှင့် စကားပြောခွင့်ရဖို့ ကူညီပေးခဲ့သော ပါမောက္ခ ဒေါ်နီလာမြင့်ထူး နှင့်သူငယ်ချင်း ကျော်စန်းဦး တို့ကို ကျေးဇူး အထူးပါ ခင်ဗျာ…။ Q – တူးတူး သီဆိုခဲ့တဲ့ အဆင်သင့်ပဲဟေ့ စီးရီးစ် ကိစ္စ နဲ့ စလိုက်ချင်ပါတယ်။ အဆင်သင့်ပဲဟေ့ ကို ကိုခိုင်ထူး ဆိုဖို့ သေသေချာချာ ပြင်ဆင်ထားပြီးမှ ဘာဖြစ်လို့ တူးတူး ကို ပေးဆိုလိုက်ရတာပါလဲ…။ အဲဒါ ကို ကျွန်တော် စိတ်ဝင်စားပါတယ်…။ KH = အရင်က Aces နဲ့ သီချင်း မလုပ်ဖူးသေးဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် သိတ်စိမ်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် သဘောမပေါက်နိုင်ဘူး […]


kaiJuly 26, 20173min4344
ယခုလမှာ Structure လေးတွေကို ခဏမေ့ထားပြီး punctuation လို့ခေါ်တဲ့ comma, period , semi – colon တို့အကြောင်း လေ့လာကြရအောင်။ အထူးသဖြင့် အင်္ဂလိပ်စာပေလေ့လာသူတိုင်း စိတ်ဝင်စား ကြတဲ့၊ သုံးလိုကြတဲ့ comma လေးကို ကြည့်ကြရအောင်။ comma လေးဟာ တခါတရံမှာ အမှန်တကယ်အရေးပါပါတယ်။ အရင်လက ဖော်ပြခံရတဲ့ adjective phrases လေးတွေကို ကြည့်လေ။ တခါတရံမှာ comma လေးနဲ့ သုံးပြီး တခါတရံမှာ comma လေးတွေ မပါမှ မှန်ပါတယ်။ ဥပမာ – “Peter, living with his parents, works for Cisco .” ” The man […]


kaiJune 26, 20172min3852
Adjective clauses လေးတွေအကြောင်း အတော်စုံစုံလင်လင်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာ adjective clauses လေးတွေနဲ့ ဆက်နွယ်နေတဲ့ adjective phrases လေးတွေအကြောင်းဖော်ပြလိုပါတယ်။ ဦးစွာပထမ Sentence, Clause, phrase တို့ ကွာခြားချက်ကို နားလည်သဘောပေါက်သွားအောင် ရှင်းပြလိုပါတယ်။ sentence ဆိုတာကြိယာပါတဲ့၊ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုတခုပေါ့နော်။ ဥပမာ-“I am an NLD supporter.”ဆိုတဲ့ စကားစုလေးမှာ “be”ကြိယာလည်း ပါတယ်။ အဓိပ္ပါယ်ကလဲ ပြီးပြည့်စုံနေတာဖြစ်သည့်အတွက် ဝါကျတခု တနည်းအားဖြင့် sentence လို့ သတ်မှတ်နိုင်ပါတယ်။ အဲ although I am an NLD supporter ဆိုတဲ့ စကားစုလေး ကြတော့ ကြိယာ “be”ပါနေသော်လည်း အဓိကမပြည့်စုံတော့ sentence လို့သတ်မှတ်လို့မရပါ။ မြန်မာလို […]