အချိန်ကာလတာနှစ်လ မရှိတရှိအတွင်း ကျင်းပတော့မည့် အမေရိကနိုင်ငံသမ္မတ ရွေးကောက်ပွဲကြီးကား အကြိတ်အနယ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ ယခုရွေး ကောက်ပွဲကြီး၏ ထူးခြားချက်ကား လျာထားမျှော် လင့်ချက် အကောင်းဆုံးအမျိုး သမီးတစ်ဦးလည်းဖြစ်၊ သမ္မတကတော်တစ်ဦးဖြစ်ယုံမက၊ အုပ်ချုုပ်ရေး နယ်ပယ် တွင် အတွေ့အကြုံများစွာရှိသည့် Hillary Clinton နှင့် နိုင်ငံရေးနယ်ပယ်အဝန်း အဝိုက်အတွင်း၊ ဆက်စပ်အ တွေ့အကြုံမရှိသော်လည်း၊ ဝါရှင်တန်အုပ်ချုပ်ရေးစနစ်ကြီးနှင့်ဥပဒေပြုလွှတ် တော်ကြီးတို့၏ချို့ယွင်း အားနည်းမှု၊ လူထုအတွက်အရေးကြီးသောကိစ္စရပ်များအပါအဝင် နိုင်ငံရေးမှားယွင်းမှုများကိုပြစ်ပြစ်ခါခါဝေဖန်တတ်ပြီး၊ နေရင်းဒေသဖွားအမေရိကနိုင်ငံသားမဟုတ်သူများ၏လွှမ်းမိုးနေရာယူလာမှုတို့ကိုမရှူစိမ့်နိုင် သော လူအချို့တို့၏ ထောက်ခံမှု ရနေသော စီးပွားရေးလုပ်ငန်းရှင်ကြီး Donald Trump တို့၏၊ မကြုံစဖူးသော ယှဉ်ပြိုင်ကြမှုတို့ ကြောင့်အမေရိက ကသာမက၊ ကမ္ဘာကစိတ်ဝင်တစားလေ့လာနေကြသည်ကိုတွေ့ရသည်။ မကြာမှီရက်များအတွင်းမဲဆန္ဒရှင်လက်ထဲသို့ရောက်ရှိလာမည့် ဆန္ဒမဲကတ် (ballots) တို့ကိုဖြည့်သွင်းရာတွင်၊ “သူများပြောလို့သူ့ကိုမဲထည့်လိုက်ရတာ”ဟူသောအဖြစ်မျိုးသို့မရောက်ရှိရလေအောင် နိုင်ငံတွင်းစောင့်ကြည့်ပညာ ရှင်များ၏ သုတေသနပြန်တမ်းများကိုစုစည်းတင်ပြလိုက်ရပါသည်။ Trump သည် UPenn […]