kaiMay 29, 20151min96422
ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ US-Myanmar Exchange Gala Dinner မှာPanel Discussion မှာပါဝင်ဖို့ မြန်မာပြည်ကနေရောက်ရှိလာတဲ့ ဒေါ်ခိုင်ခိုင်နွယ် Joint Secretary UMFCCI (The Union of Myanmar Federation of Chambers of Commerce and Industry) နဲ့စကားပြောဖြစ်ခဲ့ပါတယ်။ ♠ ဒေါ်ခိုင်ခိုင်နွယ်ရဲ့ ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။ ကျမကမော်လမြိုင်ဇာတိ။ ၁၉၇၄ မှာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က B.Sc(Zoology) ဘွဲ့ကို ရတယ်။ ၁၉၇၉ မှာ မဟာသိပ္ပံဘွဲ့ကိုရတယ်။ ဆေးဝါးသုတေသနမှာ အလုပ်လုပ်ခဲ့တယ်။ ပါရဂူဘွဲ့ Plan အတွက် ဒေဝူးအထည်ချုပ်ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်။ Assumption University of Thailand မှာ Business English ဆရာမအဖြစ် […]


kaiMay 18, 20152min5648
လောကကြီး၌ အဖြူနှင့်အမည်း ၊ နှစ်ရောင်သာ ရှိမည်ဆိုလျှင် သဘာဝလောကကြီးသည် ယခုလို လှပနေမည် မဟုတ်ပါ။ ဖြူနီပြာဝါစိမ်း စသည့် ရောင်စုံများကြောင့်သာ သဘာဝ လောကကြီးသည် လှပနေရပါသည်။ ထို့အတူ အင်္ဂလိပ်စကားပြောဆိုရာ၌လည်းကောင်း၊ ရေးသားရာ၌လည်းကောင်း အရောင်နှင့် ပတ်သက်သည့် စကားစုလေးများကို ပိုင်နိုင်စွာသုံးတတ်လျှင် မိမိ၏ အပြောအဆိုများ အရေးအသားများသည် လှပခန့်ညားနေပါလိမ့်မည်။ ဆိုကြပါစို့။ အဖြုဆိုလျှင် White ဟု ခေါ်ကြောင်း အားလုံးသိကြပါသည်။ သို့သော် A white lie ဟူသည့် စကားစုလေး၏ အဓိပ္ပာယ်ကိုအားလုံး သိချင်မှသိပါလိမ့်မည်။ စင်စစ် A white lie ဆိုသည်မှာ တဖက်သား စိတ်ချမ်းသာအောင် လိမ်ညာရသည့်အခါမျိုး၌ သုံးစွဲနိုင်ပါသည်။ ဥပမာ – သူငယ်ချင်းတယောက်က စွယ်တာအသစ်လေးကို ဝတ်ပြပြီး “ […]


kaiApril 19, 20152min6319
အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသူများသိသင့်သိထိုက်တဲ့ Idiom လေးများအကြောင်း အရင်လကအတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ ယခုတပတ်မှာ နံပါတ်နဲ့ပတ်သက်တဲ့ idiom လေးများအကြောင်းလေ့လာကြရအောင်။ အင်္ဂလိပ်စာလေ့လာနေသူတယောက်ကို အင်္ဂလိပ်လိုနံပါတ်လေးတွေသုံးတတ်ရဲ့လားလို့မေးရင် စိတ်ဆိုးမှာတောင် စိုးရတယ်။ ဒီ one, two, three, four လောက်တော့ လူတိုင်းတတ်တာပေါ့လို့ ထင်ကြမှာပါ။ ဒါပေမယ့် in seventh heaven ဆိုတဲ့ idiom လေးကို သုံးတတ်ရဲ့လားလို့မေးရင်တော့ လူတိုင်းသုံးတတ်ကြမှာမဟုတ်ပါ။ ဥပမာ- ” Getting the opportunity to go to school has put me in seventh heaven”. လို့သုံးလို့ရပါတယ်။ အဓိပ္ပာယ်ကတော့ ကျောင်းတက်ခွင့်ရတဲ့အတွက် အရမ်းကိုပျော်သွားတယ်ဆိုတဲ့သဘောပါ။ ဒီမှာ UCLA, Standford, Harvard တို့လို နာမည်ကြီးကျောင်းတွေတက်ခွင့်ရလိုက်လို့ […]


kaiMarch 21, 20151min76413
2015 International Women of Courage Award ကို မြန်မာပြည်မှ ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူ ကရရှိပြီး ၂၀၁၅၊ မတ်လ(၆)ရက်နေ့က DC U.S. Department of State, Washington, D.C တွင် ဆုကိုလက်ခံရယူခဲ့သည်။ International Women of Courage Award ကို  လူ့အခွင့်အရေး၊ အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေး နှင့် လူမှုဘဝ တိုးတက်မြင့်မားရေး တို့အတွက်  မိမိတို့အပေါ် ဘေးအန္တရာယ်ကျရောက်နိုင်သော်ငြားလည်းထောက်ခံ ပြောဆိုခြင်း၊ သူမတူသော ရဲစွမ်းသတိ္တ နှင့် ဦးဆောင်မှုပေးခြင်းအားဖြင့် စံနမူနာ ပြသနိုင်သော ကမာ္ဘတဝှမ်းရှိ အမျိုးသမီး များအနက် ၁ဝဦးကို ၂၀၀ရမှစတင်ကာ US Department of State မှနှစ်စဉ်ချီးမြှင့် ခဲ့သောဆုဖြစ်သည်။ ၂၀၁၂ခုနှစ်ကလည်း […]


kaiMarch 18, 20152min90114
အင်္ဂလိပ်စကားကို လှလှပပ ထိထိမိမိ ရေးတတ် ပြောတတ်လိုလျှင် Phrasal verbs လေးများ တတ်ကျွမ်းထားဖို့ လိုကြောင်း တင်ပြခဲ့ဖူးပါသည်။ ယခု ထို Phrasal verbs လေးများ Look out, Look up to, and get off စသည်တို့ဖြင့် ဆက်နွယ်နေသည့် idioms လေးများအကြောင်း တင်ပြလိုပါသည်။ idioms လေးတွေဟာ အမြင်မှာ လွယ်သလောက် တကယ့်ကို နားလည်ဖို့ ၊ သုံးတတ်ဖို့ ခက်ခဲပါတယ်။ တိမ်မယောင်နဲ့ တကယ့်ကို နက်နဲပါတယ်။ Idioms လေးတွေရဲ့ Literal meaning နဲ့ Idiomatic meaning တို့ကို ကွဲပြားခြားနားစွာ မသိသူများကို ဒုက္ခလှလှ ပေးတတ်ပါတယ်။ Japan မှာ […]


kaiFebruary 3, 20151min68111
အရင်တပတ်က ဗမာပြည်က ဆရာဝန်ကလေး ၂ ယောက် ကျုပ်နေတဲ့မြိုကိုရောက်လာလည်ကြရင်းနဲ့ လမ်းကြုံ ကျုပ်ကို လာတွေ့တယ်။ အကြောင်းထူး မရှိပါဘူး ။ America မှာ ရောက်နှင့်နေတာကြာပြီး သမ္ဘာရင့်နေပြီဖြစ်တဲ့ ဗမာဆရာဝန်မကြီးတယောက်က Guide လုပ် ဦးဆောင် ခေါ်လာတာပါ ။ ကျုပ်တို့မြို့ကလဲUS မှာတော့ Fun City အပျော်အပါးမြို့၊ Sin City ဒုစရိုက်မြို့၊ Entertainment City ဖျော်ဖြေရေးမြို့အဖြစ် ထင်ရှားတာကို…။ American တွေကိုယ်တိုင်ကလဲ  အနည်းဆုံး တခေါက်မှ မရောက်ဖူးရင် American မပီသသေးဘူးလို့ ယူဆတတ်ကြတာကို…။ သည်မှာ ဆရာမကြီးက တောသားဆရာဝန်ကလေး ၂ ယောက်ကို ကြွားခေါ်လာဟန် တူပါရဲ့။ ဗမာ ဗုဒ္ဓဘာသာ ဓမ္မစစ် ဖြစ်မဖြစ်တော့ မသိ။ ဗုဒ္ဓဘာသာဆိုရင် […]


kaiJanuary 18, 20151min3193
ကဗျာရဲ့အသက် မေတ္တာ၊ သစ္စာ ဂရုဏာ၊ မုဒိတာ သဒ္ဓါ ။ ။ စေတနာ ဝေဒနာ ကဗျာ။ ။ တခုခုမပါရင်၊ ကဗျာမမြောက်ဘူး။ တခုခုခမ်းရင်၊ ကဗျာမလန်းဘူး တခုခုမရွှင်ပြန်လဲ၊တခုမှမရှင်သန်လူး။ တခုခုရွံ့ရင်၊ကဗျာလဲဆွံ့၊မကွန့်နိုင်တော့။ တခုခုညံ့ရင်၊ကဗျာလဲမသန့်၊မခန့်တော့။ တခုမှမထက်ရင်၊ကဗျာမသွက်၊ မထက်မျက်။ အသက်မပါ၊ကဗျာပျက်ပါလေရော။  ။ မောင်စွမ်းရည် ၂၀၁၅ ဇန်နဝါရီ ၆ မှတ်ချက်။  ။ မြန်မာ့ဂဇက်ဖေဖော်ဝါရီလထုတ်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။


kaiJanuary 18, 20151min4599
အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင်အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်းအပေါ်တွင် တည်မှီသည်မဟုတ်။ နှစ်ဘက်ခေါင်းဆောင်များ၏ Strategic Interaction ပေါ်တွင် မူတည်သည်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြရာတွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေးသမားများဘက်မှ အားနည်းသူ (weak actor) အဖြစ်သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များ ကို မှန်မှန်ကန်ကန် သုံးသပ်ချမှတ်နိုင်မည် ဖြစ်သည်။ အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူဘက်က စစ်တပ်၊ ရဲ အပါအဝင် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေးသမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် […]


kaiJanuary 17, 20151min2953
HOMAGE TO OUR FATHER ဗိုလ်ချုပ်အောင်ဆန်းအဲချင်းသစ် အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ရှင်သူတို ့လွမ်း၊ တမ်းတဆွေးမြဲ သူ ့သွေးနံ ့က၊ ပျံ ့သင်းထုံဆဲ သူ ့ဂုဏ်ရည်နဲ ့၊ တစ်ပြည်လုံးစွဲ မိုးစုံးချုပ်မှောင်၊ ကျဉ်းလှောင်ညထဲ လမ်းပြကြယ်ဦး၊ အရုဏ်ခူးဆဲ နွေဦးမတ်လ၊ ကိုယ်ထင်ပြဆဲ မကျဆုံးသော၊ နှလုံးသားထဲ တရားမွန်လတ်၊ သေအောင်သတ်လည်း သတ်တိုင်းမသေ အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ——————- ———————– ———————- ေ အ ာ င် ေ ဝ း ဒီဇင်ဘာ ၂၂- ၂၀၁၄။     မှတ်ချက်။  ။ […]


kaiJanuary 17, 20151min3132
သွားနှင့်ပေဦးတော့ သူငယ်ချင်းရေလို့ပဲ နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်။ ဒေါက်တာအောင်ခင်နဲ့ကျနော် (မောင်စွမ်းရည်)တို့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပေါင်းသင်းလာခဲ့ကြတာဟာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပါပြီ။  ၁၉၅၃ ခုနှစ်က ၂၀၁၅ အထိ။ မန္တလေးမြို့ ၊ အမှတ်(၁) အစိုးရ အထက်တန်းကျောင်းမှာ စတင်ပြီး တွေ့ဆုံရင်းနှီးခဲ့ကြပါတယ်။ အတူတတန်းတည်း စာသင်ရုံမျှမက ကျောင်းသားဆောင်တခုမှာလည်း အတူနေခဲ့ကြဖူးပါတယ်။ ကျနော်တို့ အတူ စာသင်ခဲ့ကြရတဲ့အတန်းက ရှစ်တန်း(အဌမတန်း)ပါ။ သတ္တမတန်းအောင်ပြီးမှ တက်ရလို့ အဌမတန်းလို့ ခေါ်ရပေမယ့် တကယ်က အကြို ဆယ်တန်းပထမနှစ်ပါ။ ပထမနှစ်နဲ့ ဒုတိယနှစ် ၊ ပေါင်း ၂ နှစ်တက်ပြီးလို့ အောင်ရင် ဆေးတက္ကသိုလ် ပထမနှစ်ကို ကျော်ပြီး ဒုတိယနှစ်က အစပြုတက်ရပါတယ်။ အဲဒီ သင်တန်းမှာ ဇီဝဗေဒ ၊ ဓါတုဗေဒ ၊ ရူပဗေဒ […]


kaiDecember 23, 20141min4337
မြန်မာပြည်ကို တော်လှန်ရေးကောင်စီ စစ်အစိုးရ ပထမအုပ်ချုပ်ပြီး ၊ ဒုတိယသက်တမ်းရှည် အသက်ဆက်ဖို့လက်ရှိ ဝတ်ထားကြတဲ့ စစ်ဝတ်စုံယူနီဖောင်းတွေကို ချွတ်ရင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုတဲ့ နာမည်နဲ့ အရပ်ဝတ် ပြောင်းဝတ်ပြီး အုပ်ချုပ်ခဲ့တဲ့ကာလအထိ ၊ ဌာနဆိုင်ရာတချို့မှာ ဝန်ထမ်းမိသားစုတွေ နေထိုင်ဖို့ ပေးထားတဲ့ လိုင်းခန်း ပြဿနာတွေဟာ ရှိနေတုန်းပါပဲ။ ဝန်ထမ်းမိသားစုတိုင်းလည်း နေအိမ်လိုင်းခန်း မရကြပါဘူး ။ ဌာနဆိုင်ရာတိုင်းမှာ ရှိတဲ့ ဝန်ထမ်းနဲ့ လိုင်းခန်းအရေအတွက်က မမျှတလို့ပါပဲ။ ဝန်ထမ်းတွေ ရတဲ့ နေအိမ်လိုင်းခန်းတော်တော်များများကျပြန်တော့လည်း၊ မြန်မာပြည်ကို နှစ်ပေါင်းရှည်ကြာ အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ်အစိုးရလက်ထက်က ဆောက်ပေးသွားခဲ့တဲ့ လိုင်းခန်းတွေပဲ ဖြစ်ပါတယ်။ အမိုးတွေက အုတ်ကျွပ်မိုးတွေပါ။ အကာနဲ့ အခင်းရယ် တိုင်ရယ်ကတော့ သစ်သားပေါ့ ။ အရာရှိတွေနေတဲ့လိုင်းခန်း မဟုတ်ဘဲ ရိုးရိုးအောက်ခြေဝန်ထမ်းတွေနေဖို့ ဆောက်ထားတဲ့ လိုင်းခန်းတွေမှာ […]


kaiNovember 17, 20141min5357
” စာဟောဆရာ ၊ စာရေးဆရာ ဦးအောင်သင်းကို နှုတ်ဆက်ပါတယ်။ ” အမေရိကပြည်ထောင်စုမှာ ၂၀၁၄ ၊ အောက်တိုဘာ ၊ ၂၅ ၊ စနေနေ့က RFA (လွတ်လပ်တဲ့ အာရှအသံ)က  နေရှိန်ကျော် ၊ နံနက်စောစောကြီး ဖုန်းခေါ်ပါတယ်။ ခေါ်ရိုးခေါ်စဉ် အချိန်မဟုတ်လို့ ခပ်လန့်လန့်နဲ့ပဲ ဖုန်းကို ကောက်ကိုင်လိုက်တော့ ”ဆရာရေ ၊ ဦးအောင်သင်းကြီး ဆုံးပြီ ” လို့ သတင်းလာပါတယ်။ သူ ဆေးရုံတင်ထားရတဲ့ သတင်းကို ကြားထားပြီးသားပါ ။ အသက်က ရှစ်ဆယ့်ရှစ် (၈၈) ဆိုတော့ ၉ဝ – ၁၀ဝ တွင်းကိုး ။ စိုးရိမ်ရမှန်း သိထားပါတယ်။  ထင်တဲ့အတိုင်း ကြားရတာပါပဲ ။ ”ဆရာတို့နဲ့ ဦးအောင်သင်းတို့က […]


kaiOctober 14, 20142min51413
အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)   အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုလျှင် မိမိနှင့် ရင်းနှီးပြီးသား လွယ်ကူသည့် စကားလုံးလေးများကို ထိထိမိမိ လှလှပပ သုံးတတ်အောင် လေ့လာထားသင့်ကြောင်း အတော်အသင့် တင်ပြခဲ့ပြီးပါပြီ။ ယခု မိမိနှင့် ရင်းနှီးပြီးသား စကားလုံးလေးများကို အခြေခံပြီး ၎င်းဝေါဟာရလေးများနှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် ” synonyms ” ခေါ် စကားလုံးလေးများကို လေ့လာသင့်ကြောင်း တင်ပြလိုပါသည်။ ” synonym ” ဟု လူသိများသည့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့် ဝေါဟာရလေးများသည် စကားပြောဆိုရာ၌လည်းကောင်း ၊ စာရေးသားရာ၌လည်းကောင်း အထူး အဖိုးတန်လှပါသည်။ သုံးတတ်လျှင် လှလှပပ ခန့်ခန့်ညားညား ရေးနိုင် ပြောနိုင်သလို ၊ မသုံးတတ်လျှင် လည်း ဒုက္ခလှလှ တွေ့ရမည်မှာ […]